MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
SQL Server Timeout Expired
  • Vote Up0Vote Down eunice25eunice25
    Posts: 27Registered Users
    ကျွန်တော်တို.ရုံးကသုံးနေတဲ. Software Package မှာ သုံးတဲ.အခါ "Microsoft ODBC SQL Server Timeout Expired" ဆိုပြီး ရပ်ရပ်သွားတာရှိတယ် ။ အဲဒါဘယ်လိုဖြေရှင်းရမလဲဆိုတာ ပြောပြပေးပါရှင်.
  • 7 မှတ်ချက်များ sorted by
  • Vote Up0Vote Down CalmHillCalmHill
    Posts: 1,177Super Moderators
    အမြဲတော့ ဖြစ်တာမဟုတ်လောက်ဘူးထင်ပါတယ် ဘယ်လိုအချိန်မှာဖြစ်တတ်သလဲ နောက်ပြီးတော့ ရုံးက Local Network ထဲမှာပဲ Databasae Server ကရှိနေတာလား တစ်ခြားမှာရှိတာကို အင်တာနက်ကနေ Access လုပ်နေတာလား Server Computer Hardware ကရောအခြေအနေဘယ်လိုလဲ Client ဘယ်နှစ်လုံးလောက်တစ်ပြိုင်ထဲ လှမ်းသုံးနေသလဲ အဲလိုဟာတွေ ပြည့်ပြည့်စုံစုံပြောမှ အကြံပေးလို့ရမယ်ဗျ။
  • Vote Up0Vote Down eunice25eunice25
    Posts: 27Registered Users
    အမြဲတော.မဟုတ်ဘူးရှင်.။Sale Control ဘက်မှာသွငး်တဲ.အချိန်ဖြစ်တာများတယ်။ Network ထဲမှာပဲ Database Server ကရှိနေတာပါ။ Client က ပုံမှန် ၅ လုံးက Server ကိုလှမ်းချိတ်ပီးသုံးပါတယ် ။ Memory : 512MB ပဲရှိပါတယ် ။ Server စက်မှာလဲ တခါတလေ အသုံးပြုတာလဲရှိပါတယ်။
  • Vote Up0Vote Down CalmHillCalmHill
    Posts: 1,177Super Moderators
    အင်းဗျ ဒီကိစ္စက နည်းနည်း အကြံပေးရတာ ခပ်ကြပ်ကြပ်ပဲ Timeout ဆိုတာက Error မဟုတ်ဘူး Network ကြောင့် Server ကို Connection လုပ်လို့မရတဲ့အချိန်မှာ သတ်မှတ်ချိန်ကျော်တာ။ ဖြစ်နိုင်တာက နှစ်ခုပဲရှိတယ် Network နှေးနေလို့ရယ် နောက်တစ်ခုက Server အလုပ်အရမ်းများနေလို့ရယ် ဒါပဲဖြစ်နိုင်တယ်။ အခုဟာက Internal Network နဲ့ Local Server နောက်ပြီးတော့ 5 လုံးတည်းသုံးတာဆိုတော့ ဘယ်လိုအကြံပေးရမှန်းမသိဘူး။ ဒီတော့ Network Speed ကိုတစ်ချက်ကြည့်ပါ အဲဒါလည်းပြဿနာမရှိဘူးဆိုရင်တော့ Sale Control သွင်းတဲ့အပိုင်း ဖြစ်လေ့ရှိတာဆိုတော့ အဲဒီ့ Application ရေးတဲ့လူက Resource တွေကို Efficient ဖြစ်အောင် မသုံးလို့လည်းဖြစ်နိုင်တာပဲ တစ်ချို့ Programmer တွေက သိပ်မကျွမ်းကျင်ဘူး Application တစ်ခုတည်းနဲ့ Connection အများကြီးတစ်ပြိုင်ထဲဖွင့်လိုဖွင့်နဲ့ အလုပ်လုပ်ရင် ပြီးတာပဲဆိုသလို ရေးတတ်တယ်။ သူဘယ်လိုရေးထားသလဲ မသိရင်တော့ Sale Control ကိုသုံးတဲ့အချိန်မှာ SQL Server Profiler ကိုဖွင့်ပြီး သူသုံးတဲ့ Query တွေကိုဖတ်ကြည့်ပါ အချိန်တိုတစ်ခုအတွင်းမှာ Query ဘယ်နှစ်ခုဝင်သလဲ Connection ဘယ်နှစ်ခုရှိသလဲ အဲဒါမျိုးတွေ စစ်ကြည့်မှပဲ ဘယ်အပိုင်းက ဖြစ်တယ်ဆိုတာသိတော့မယ်ဗျ။
  • Vote Up0Vote Down eunice25eunice25
    Posts: 27Registered Users
    ဟုတ်တယ် အကိုရေ။ Server စက်က သိပ်ပြီးတော.မကောင်းချင်ဘူးဖြစ်နေပြီ။ စက်အသစ်လဲရတော.မှာ။ Server စက်ချိန်းရင်ဘယ်လိုလုပ်ရမလဲဆိုတာပါ ပြောပြပေးပါဦးနော်။
  • Vote Up0Vote Down CalmHillCalmHill
    Posts: 1,177Super Moderators
    ဆာဗာအသစ် ပြန်တင်မယ်ဆိုရင်တော့ အခုဆာဗာရဲ့ နာမည်ကိုမှတ်ထားပါ။ နောက်ပြီးတော့ အခုသုံးနေတဲ့ SQL Server က Authentication ဘာသုံးသလဲ SQL Server Authentication or Mixed Mode ဘယ်ဟာလဲ အသေအချာကြည့်ထားပါဦး။ ပြီးရင်တော့ User Name တွေနဲ့ Permission ဘယ်လိုပေးထားတယ်တွေကို အသေအချာပြန်ကြည့်ရပါမယ်။ ပြီးရင်တော့ SQL Server ကို Stop လုပ်ပြီး Data Files တွေကို Backup လုပ်ရပါတယ်။ Data Files တွေက C:\Program Files\Microsoft SQL Server\MSSQL.????\MSSQL\Data အောက်မှာရှိတတ်ပါတယ်။ အကုန်တော့ကူးစရာမလိုဘူး ကိုယ်သုံးတဲ့ Database ရဲ့ဖိုင်တွေကိုတော့ ကူးရပါမယ်။ ဖိုင်တွေက နှစ်မျိုး သို့မဟုတ် သုံးမျိုးရှိတတ်ပါတယ်။ .mdf, .ldf, .ndf ဆိုပြီး Extension တွေရှိပါတယ်။ စနစ်တစ်ကျရှိတဲ့ DBA တစ်ယောက် လုပ်ထားတာ မဟုတ်ရင်တော့ .ndf ဖိုင်တွေရှိမှာမဟုတ်ပါဘူး။ ပြီးရင် စက်အသစ်မှာ ဝင်းဒိုးတင်ပြီး ဆာဗာနာမည်ကို အရင်ဆာဗာအဟောင်းရဲ့ နာမည်ကိုပြောင်းပါ။ အရေးကြီးတာက SQL Server တင်ပြီးမှ ဆာဗာနာမည်ကို ပြောင်းလို့မရပါ။ ပြီးရင် SQL Server ကို အရင်အဟောင်းသုံးထားတဲ့ Authentication Mode နဲ့ပြန်ပြီးတော့ Insall လုပ်ပါ။ Backup လုပ်ထားတဲ့ဖိုင်တွေကို သူ့နေရာကို ပြန်ကူးထည့်ပြီးတော့ Enterprise Mangager ဒါမှမဟုတ် Management Studio ထဲကနေ Database Attache ပြန်လုပ်လိုက်ပါ။ ပြီးရင်တော့ နောက်ဆုံးအနေနဲ့ အရင်အတိုင်း Permission တွေကို ပြန်ပေးလိုက်ရင် ရသွားပါပြီ။ အဲဒီ့အတိုင်း လုပ်နိုင်ရင်တော့ သုံးလက်စ Application တွေကို ဘာမှပြန်ပြီး Configure လုပ်စရာမလိုပဲ ဆာဗာအသစ်ကို အစားထိုးလို့ရပါလိမ့်မယ်။ မဟုတ်ရင်တော့ အနည်းဆုံးတော့ User Account တွေတော့ ပြန်ပြီး Configure လုပ်ရမယ်ထင်တယ် အဲဒါကတော့ ရေးထားတဲ့ Application အပေါ်ပဲမူတည်ပါလိမ့်မယ်။
  • Vote Up0Vote Down eunice25eunice25
    Posts: 27Registered Users
    ဟုတ် အကို။ ကျွန်တော် စမ်းကြည်.လိုက်ဦးမယ်။ Detach Database လုပ်တယ်ဆိုတာ ဘာကိုပြောတာလဲ အကို
  • Vote Up0Vote Down CalmHillCalmHill
    Posts: 1,177Super Moderators
    Attach လုပ်တယ်ဆိုတာက Database ရဲ့ Physical Files တွေကိုကူးလာတဲ့အခါမှာ ကိုယ်သုံးချင်တဲ့ Database Server မှာ Configure လုပ်တာကိုခေါ်ပါတယ်။ SQL Server 7.0 နဲ့သူ့ထက်စောတဲ့ Version တွေဆိုရင် System Stored Procedure တစ်ခုကို Execute လုပ်ပေးရတယ်။ 2000 နဲ့အထက်ကတော့ Graphically ပဲ Enterprise Manager or Management Studio ထဲမှာပဲ Attach လုပ်လို့ရတယ်။
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion