မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Buying Domain Name

edited January 2010 in ဖတ်စရာ
online user တစ်ယောက်က Domain Name ၀ယ်ယူခြင်း ၊ ဘယ်လို၀ယ်ယူရမလဲ မေးမြန်းလာလို့ ဒီစာကို ရေးလိုက်ပါတယ် ။

www.register.com မှာ Domain Name ၀ယ်ယူပုံကို ဥပမာ အနေဖြင့် ဖော်ပြလိုက်ပါတယ် ။

website တစ်ခုဖွင့်မယ်ဆိုရင် ပထမဦးဆုံး ကိုယ့် website ရဲ.လိပ်စာ (address) အတွက် Domain Name လိုပါတယ်။ www.register.com မှာ Domain Name အတွက် သက်ဆိုင်ရာ Hosting Company တွေကို နှစ်စဉ်ကြေးပေးပြီး ၀ယ်ယူနိုင်ပါတယ်။

register.com ကို ရောက်ရင် Get Started ကို တွေ့လိမ့်မယ် ။ အဲဒိ Box မှာ သင်လိုချင်သော Domain Name ကို ရိုက်ထည့်ပါ ။ .com , .net , .org စသဖြင့် သင်ရွေးချင်နိုင်ပါတယ် ။ ပြီးရင် Find it ကို click လုပ်ပါ ။

သင် ၀ယ်ချင်သော Domain Name ဟာ Available ဖြစ်တယ် , မဖြစ်ဘူးကို ဖော်ပြပါလိမ့်မယ် ။
Availabel ဖြစ်တယ် ဆိုရင် ဘယ်နှစ်နှစ် ၀ယ်မှာလဲ ၊ တစ်နှစ်လား ၊ နှစ်နှစ်လား ။ တစ်နှစ်ဆိုရင် $35 ,
နှစ်နှစ်ဆိုရင် ဘယ်လောက် စသဖြင့် တွက်ချက်ပေးထားပါတယ် ။ ပြီးရင် Add to Cart ကို click လုပ်ပါ ။

register.com မှာ Domain Name အပြင် အောက်ပါတို့ကိုပါ တစ်ခါတည်း လိုချင်တယ် ဆိုရင် ၀ယ်ယူနိုင်ပါတယ် ။

- Private Domain Registration
- Professional Email
- Do-It-Myself Standard Website
- Do-It-Myself Website + eCommerce
- Essential Web Hosting
- SEO Advanced Tools

Domain တစ်ခုပဲ ၀ယ်ချင်တယ်ဆိုရင်တော့ .com ကို တစ်နှစ် $35 ဒေါ်လာ ပေးရပါမယ် ။

register.com မှ Domain Name ၀ယ်မယ်ဆိုရင် သင်မှာ Account ရှိဖို့လိုပါတယ် ။ မရှိဘူးဆိုရင်
Create New Account လုပ်ပြီး Registration လုပ်ရပါမယ် ။

Zip / Postal Code
ဆိုတာ မြို့နယ် သင်္ကေတ တွေကို ပြောတာပါ ။ လွယ်လွယ် ပြောရရင် စာတိုက်သေတ္တာအမှတ်တို့လိုပေါ့ ။
မြို့နယ်တိုင်း ၊ နိုင်ငံတိုင်းမှာ Zip or Post Code ရှိပါတယ် ။

မြန်မာနိုင်ငံရဲ့ Zip / Postal Code က 095 ပါ ။

မော်လမြိုင်မှာလည်း Zip / Post Code ရှိမှာပါ ။ စာတိုက်က ၀န်ထမ်းတွေကို မေးကြည့်ပါ ။

Payment Details
Online က ၀ယ်ယူချင်တယ်ဆိုရင် Credit Card ရှိဖို့လိုပါတယ် ။ Card Type က :
Vista လား ၊ MasterCard လား ၊ American Express လား ၊ Discover လား ။

ကိုယ် သုံးတဲ့ Card အမျိုးအစားကို ရွေးချင်ပြီး Card Number , Expiration Month , Expiration Year ,
Security code တို့ကို ရိုက်ထည့်ပေးရတယ် ။

သင့်မှာ PayPal Account ရှိတယ် ဆိုရင် PayPal ကနေလည်း ငွေချေ နိုင်ပါတယ် ။

Billing Contact

ဒီမှာ Card ပိုင်ရှင်ရဲ့ Name , Phone , Address , Email စသဖြင့် ဖြည့်ပေးဖို့လိုတယ် ။

ပြီးရင် Service Agreement မှာ သဘောတူပါတယ် ဆိုတဲ့ Box လေးကို အမှန်ခြစ်လေးလုပ်ပြီး
Submit Order ကို click လုပ်ကာ ၀ယ်ယူနိုုင်ပါသည် ။

ဒါဆိုရင် သူတို့က သင့်ရဲ့ email စီသို့ သင်၀ယ်ယူထားသော Domain Name , Password , Price , Help
တို့ပါ၀င်သော email တစ်ဆောင်ပို့ပါလိမ့်မည် ။

Credit Card သုံးပြီး online က ၀ယ်ယူသည့် ပုံစံက ဒီ အတိုင်းပါပဲ ။ ဘယ် websites မှာ ပဲ ၀ယ်ယူပါစေ
ဒီအတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ် ။

အကောင်းဆုံး Hosting သုံးခုကို ဖော်ပြပေးလိုက်ပါတယ် :
1.http://www.justhost.com/
ဒီ site မှာ hosting ၀ယ်ရင် Domain ကို free ပေးပါတယ် ။
hosting price : တစ်လ $5.95 ၊ တစ်နှစ် $71.40

2.http://www.ipage.com/ipage/lp/special.bml?LinkName=No_Name
ဒီမှာလည်း Domain အလကားပေးပါတယ် ။ Domain သိးသန့် ၀ယ်စရာ မလိုပါဘူး ။
hosting price : တစ်လ $3.50 ၊ တစ်နှစ် $ 42

3.http://www.bluehost.com/
hosting price : တစ်လ $4.95

ဒီ hosting တွေ အားလုံးဟာ Domain Transfer လုပ်ခြင်းကို လက်ခံပါတယ် ။ ဆိုလိုတာက သင်ဟာ
တခြားတနေရာကနေ Domain ၀ယ်ထားတယ် ။ သင့်မှာ Domain Name တစ်ခုရှိတယ် ။ ဒါဆို ဒီ Hosting မှာ
အဲဒိ Domain ကို အသုံးပြုနိုင်ပါတယ် ။ နောက်ထပ် Domain ၀ယ် စရာ မလိုတော့ဘူး ပေါ့ ။

ဘယ် Hosting Website မှာ ပဲ ၀ယ်၀ယ် နှစ်နှစ် ၊ သုံးနှစ် စာ ၀ယ်မည်ဆိုပါက စျေးသက်သာပါသည် ။

ဒီ hosting site တွေက တခြား services တွေ အများကြီး ထပ်ပေးထားပါသေးသည် ။
မ၀ယ်ခင် ကြိုတင် အသေးစိတ် သေချာစွာ ဖတ်ကြည့်ပါ ။
နားမလည်ပါက သူတို့စီ email နဲ့ဖြစ်စေ ၊ သူတို့ရဲ့ website မှ Live Chat ကို အသုံးပြုပြီး ဆက်သွယ် မေးမြန်းနိုင်ပါသည် ။


ကျေးဇူးတင်ပါသည်...
Sign In or Register to comment.