မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

C++မှာ ရေးထားတဲ့ Exe ဖိုင်လေးတွေကို ယခု စော့လ&

C++ မှာ ရေးထားတဲ့ .exe ဖိုင်လေးတွေကို computer မှာ C++ မရမ်းထားပဲနဲ့ ဖွင့်လို့ရချင်ပါတရ်
ဥပမာ ကိုယ်က ကာကူလိပ်တာလေးကို C နဲ့ ရေးထားတရ်ဆိုပါစို့ အဲ့ဒါလေးကို C စော့လ်၀ဲ မရမ်းထားပဲနဲ့
run ဖိုင်လေး အဖြစ် စက်တိုင်းမှာ သုံးချင်ပါတရ် ဘရ်လိုလုပ်ရတရ်ဆိုတာကို သိသူများပြောပေးကြပါအုံး
စော့လ်၀ဲသုံးရတရ်ဆိုရင်လဲ ဘာစော့လ်၀ဲကို ထပ်သုံးရတရ်ဆိုတာလေးကိုပါ ပြောပြပေးစေလိုပါတရ်
အားလုံးကိုကျေးဇူးတင်ပါသည်

မှတ်ချက်များ

  • edited January 2010 Registered Users
    C++ မှာ ရေးထားတဲ့ .exe ဖိုင်လေးတွေကို computer မှာ C++ မရမ်းထားပဲနဲ့ ဖွင့်လို့ရချင်ပါတရ်
    ဥပမာ ကိုယ်က ကာကူလိပ်တာလေးကို C နဲ့ ရေးထားတရ်ဆိုပါစို့ အဲ့ဒါလေးကို C စော့လ်၀ဲ မရမ်းထားပဲနဲ့
    run ဖိုင်လေး အဖြစ် စက်တိုင်းမှာ သုံးချင်ပါတရ် ဘရ်လိုလုပ်ရတရ်ဆိုတာကို သိသူများပြောပေးကြပါအုံး
    စော့လ်၀ဲသုံးရတရ်ဆိုရင်လဲ ဘာစော့လ်၀ဲကို ထပ်သုံးရတရ်ဆိုတာလေးကိုပါ ပြောပြပေးစေလိုပါတရ်
    အားလုံးကိုကျေးဇူးတင်ပါသည်

    C ဒါမှမဟုတ် C++ နဲ့ရေးထားတဲ့ အဲဒီ ကာကူလိပ်တာ program source file လေးရှိရင် (ဥပမာ အဲဒီ source file name က C နဲ့ရေးထားရင် calculator.c ) အဲဒီ source file ကို build လုပ်ပြီး exe program ရအောင် ပြောင်းရမယ်။ Building process မှာ Compiling & Linking ပါတယ်။ အဲဒီ compiling & linking အတွက် Compiler လိုတယ်၊ compiler တွေက အများကြီးရယ်။ GCC, CC, TCC, BCC စသည်ဖြင့် ထင်ရှားတဲ့ compiler တွေရှိတယ်။ ခုနောက်ပိုင်း compiler တွေက compiling ရော linking ရောလုပ်ပေးကြတယ်။ နောက်တမျိုးသုံးနိုင်သေးတာက IDE (Integrated Development Environment) ဥပမာ Microsoft Visual C++, Turbo C++, Borland C++, Dev-C++, Emacs အစရှိတဲ့ IDEs တွေနဲ့ C/C++ programs ကို build နိုင်တယ်။ အဲဒီ IDE တွေမှာ source file ရေးဖို့ Text editors, Compiler, Project Managers အစရှိသဖြင့် ပူးတွဲပါရှိတယ်။ အဲဒီ IDE တွေသုံးတက်အောင်လဲ နည်းနည်းပါးပါးလေ့လာရတက်တယ်။ အဲဒီ IDE တွေမှ မသုံးချင်ဘူး ကိုယ့် program ငယ်လေးကို build လုပ်ချင်ရတော့ Notepad++ Text editor ရယ် MinGW tools ရယ် ကိုယ့်စက်မှာရှိရင်လုံလောက်တယ်။ MinGW မှာ GCC, G++, make စတဲ့ build essential tools တွေပါတယ်။ ပေါ့လဲပေါ့ပါးတယ်။ အဲဒီ MinGW ကို install လုပ်ပြီးဆိုရင်တော့ ကဲ ခုနကပြောတဲ့ calculator.c ကို compile လုပ်ကြည့်ရအောင် console ထဲ၀င်ပြီး အောက်က command ကို ရိုက်ထည့်လိုက်ရင် လိုချင်တဲ့ calculator.exe ထွက်လာမယ်။

    compiling your program on Windows
    C:\> gcc -o calculator calculator.c
    

    running your program
    C:\> calculator
    

    P.S: compilers ချင်း ကွဲပြားကြသလို သူ့အသုံး သူ့ commands နဲ့ရှိကြတာမို့ ကိုယ်သုံးတဲ့ compiler နဲ့ IDE ပေါ်အခြေခံပြီး compile လုပ်ပါ၊

    good luck, bro
Sign In or Register to comment.