MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
For Job Vacancy ( hardware and network သီးသန့်)
  • Vote Up0Vote Down skyblue.sterskyblue.ster
    Posts: 329Registered Users
    ခုတလော အလုပ်ရှာနေသူများ (ကွန်ပျူတာ Hardware and Network) အလုပ်တွေရှားပါးပြီး ခေါ်တဲ့အလုပ်တွေကလဲ အနညး်ဆုံး အတွေ့အကြုံ ၁ နှစ် ၂ နှစ်ဆိုတာတွေချည်းပါပဲ။ ပြီးတော့ MCSA, MCSE, CCNA Would be advantage ဆိုတာတွေချည်းပါပဲ။ :106:ဒီတော့ ခုမှအလုပ်လုပ်ချင်တဲ့ ကျွန်တော်တို့လို လူငယ်တွေအတွက် အခွင့်အလမ်းတွေ အ၇မ်းနညး်ပါးနေပါတယ်။ ဒီတော့ ဒီခေါင်းစဉ်လေးအောက်မှာ ဘယ် Company က ဘယ် position ( hardware and network သီးသန့်) တွေခေါ်နေတယ်ဆိုတာ ရေးပေးကြစေလိုပါတယ်။ http://www.myanmarhotjobs.com/hotjobs/ မှာလဲသွားကြည့်လို့ရပါတယ်။ အဲမှာပါတဲ့ဟာတွေကော .. မပါတဲ့အလုပ်တွေပါ အလုပ်ရှာနေတဲ့ ကျွန်တော်တို့လိုလူတွေသိအောင် ဖော်ပြပေးစေလိုပါတယ်။ တချို့အလုပ်တွေက ဂျာနယ် ၊ သတင်းစာတွေထဲမှာမကြေငြာပဲ လက်လှမ်းမှီရာတွေခေါ်သွားတတ်ပါတယ် ။ ဒီတော့မသိလိုက်သူများအတွက်နစ်နာစေပါနယ်။ ကျွန်တော်ဆို အလုပ်ရှာနေတာ ၃လ လောက်ရှိပါပြီ။ မရသေးပါ။ ဒီတော့ ကိုယ့်အရည်အချင်လဲ ကိုတော်တော်သိနေပါပြီ။ :D ကျေးဇူးပြုပြီး ၀ိုင်း၀န်းရေးပေးကြပါ။ :)

    စာကြွင်း ... အလုပ်ခေါ်လိုသော လုပ်ငန်းရှင်များလဲ ဒီ ပို့စ်ထဲမှာကြော်ငြာလိုက လျှောက်ထားရမည့်လိပ်စာ email address များပေးပြီး ကြော်ငြာနိုင်ပါတယ်။
  • 16 မှတ်ချက်များ sorted by
  • Vote Up0Vote Down yuparyupar
    Posts: 41Registered Users
    အခွင့်အလမ်း ဂျာနယ်က ကူးထားတာပါ
    Micro Computer Co., Ltd
    No.143, 46th street, between Anawrahtar & BogyokeAungSan Road,
    Phone: 202453, 721688

    - Diploma, Bachelor in Computer Science of Technology or any graduate with certification in MCSA, MCSE and CCNA would be an advantage
    - Knowledge of server administration
    -Good communication skills
    -Age between 25-30 years with good personality
    -At least 2 years experience in the administration and maintenance of Windows Server and Networking
  • Vote Up0Vote Down 050654050654
    Posts: 0Registered Users
    သူတို့ခေါ်တဲ့ Skill တွေပြည့်စုံနေရင်တော့ ဘယ်သူမှ ဒီမှာလုပ်မနေပါဘူး .. ( လူများစုကိုပြောတာပါ .. ) အမှန်က ကွန်ပြူတာကိုအမှန်တစ်ကယ်စိတ်၀င်စားပြီး စိတ်ရှည်လက်ရှည်နဲ့ ဇွဲဘယ်လောက်ကောင်းလဲဆိုတာကို အဓိကထားပြီး ခေါ်သင့်ပါတယ် .. အိုင်တီအလုပ်ဆိုတာက စိတ်၀င်စားမှူရယ် .. ဇွဲသန်မှူရယ်အပေါ်မှာမူတည်ပြီးတော့ Professional တွေဖြစ်လာတာပါ .. တစ်ခြားအလုပ်တွေ (ဥပမာ အကောင့်တို့ .. အင်ဂျင်နီယာတို့ .. ဆရာ၀န်တိုဆိုတာက ရတဲ့ဘွဲ့ရယ် .. လုပ်ငန်းအတွေ့အကြုံရယ် မူတည်ပြီး Professional ဖြစ်လာတာပါ ..) .. ဒီကလူငယ်တွေအတွက် ကဘယ်လိုဖြစ်လဲဆိုတော့ အတွေ့အကြုံမရှိလို့ အလုပ်မရ .. အလုပ်မရလို့ အတွေ့အကြုံဆိုတာမရှိ .. ဒါနဲ့ပဲ လုံးလယ်ချာလပတ်လိုက်နေကြတာပါပဲ .. ဒါကြောင့် ဒီက အိုင်တီကုမဏီတွေအနေနဲ့ ပိုက်ဆံတစ်ခုထဲထက် မျိုးဆက်သစ်တွေအပေါ် အားသစ်လောင်းပြီး တွဲခေါ်စေချင်ပါတယ်ဗျာ ..
  • Vote Up0Vote Down emoemo
    Posts: 336Registered Users
    အလုပ်ရှင် က တော့ အဲဒီလို တွေ ရေးပြီး ခေါ်ကြတာများပါတယ် လူရှိန်တာပေါ့ဗျာ . ကုမဏီ သွားကြည့်တော့ မှ ခပ်သေးသေးတွေများပါတယ် . ဒီလိုပဲ ဒီမှာ ကတော့ အဲဒီလို ပေါက်ကတွေရေးပြီး ခေါ်ကြတာပါပဲ ဒါပေမယ့် အလယ်အလတ် ကုမဏီတစ်ခု ရဲ့ hardware သမား network သမားတွေ ကြည့်လိုက် ရင် ဒီက သင်တန်းဆင်း လက်မှတ် လေး တစ်ခုနှစ်ခုနဲ့ အတွေ့ အကြုံ လေးနည်းနည်းရှိ ရင် တဲ့ သူတွေများပါတယ် .. MCSE CCNA တွေ ရတဲ့ သူတွေကတော့ ဒီမှာ ဘယ်နေမလဲ ဗျာ . ေ**ာက်ရူးမှ မဟုတ်တာ .. ရတော့ တစ်ပဲ ခြောက်ပြား ကိုယ်ဖြေထားရတာတွေက သိန်းချီတယ် .. ဟုတ်ဘူးလား .
  • Vote Up0Vote Down minthawthaminthawtha
    Posts: 67Registered Users
    ကျနော် လဲ ထောက် ခံပါတယ် အပြည်အ၀ ကို ထောက်ခံပါတယ်
  • Vote Up0Vote Down yuparyupar
    Posts: 41Registered Users
    hardware/network အလုပ်ခေါ်တာသိရင်ရေးဆို လို့ သိတာလေးကို ရေးပြီး တင်လိုက်တာလေ.....
    အီး..ဟီး.....ပြောလိုက်ကျတာများ ဘာဆက်တင်ရမှန်းတောင်မသိတော့ဘူး
    ခေါ်ချင်သလိုခေါ်ကြ လျှောက်ချင်တဲ့သူမှလဲလျှောက်ကြပေါ့လို့:106:
  • Vote Up0Vote Down skyblue.sterskyblue.ster
    Posts: 329Registered Users
    ဟုတ်တယ်ဗျာ .. ဟိုတလောကကျွန်တော့်သူငယ်ချင်းတယောက် Red Link မှာလျှောက်တယ် .. CCNA ရပြီးသားဆိုတော့ ၅၀၀၀၀ ပေးမယ်တဲ့ .. ဒါနဲ့ စိတ်ပျက်ပြီးပြန်လာတယ်တဲ့ .. ကောင်းရော။
    Alpha Channel က စလုပ်တဲ့Technician တွေသုံးသောင်းတဲ့။
  • Vote Up0Vote Down zanhtetzanhtet
    Posts: 143Registered Users
    ရသွားတဲ့ကုမ္မဏီတွေက မျိုးမျိုးမြက်မြက်ရပြီးတော့ တစ်ကယ်လုပ်ရတဲ့ Technician တွေက တစ်ပဲခြောက်ပြားပဲရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်လောက်ပဲ IT ကို၀ါသနာပါပါ ပိုက်ဆံမရှိရင် လိုက်လို့မ၇သလိုဖြစ်နေပြီ
  • Vote Up0Vote Down emoemo
    Posts: 336Registered Users
    သုည တစ်လုံး ပြုတ်နေသလား ဗျာ . Ccna ရပြီးသားကို အဲဒီလောက်ပဲပေးတာ .. မြန်မာ ပြည်မှာလူဖြစ်ရတာ စိတ်လေတယ်
  • Vote Up0Vote Down xoperxoper
    Posts: 31Registered Users
    ကွန်ပျူတာ သမားတစ်ယောက် တစ်လ ရတဲ့ လခဟာ ( အများစု ကိုပြောတာနော်) .. ဆိုက်ကားသမားတစ်ယောက် ၀င်ငွေရဲ့ လေးပုံပုံ တစ်ပုံတောင် မရှိလောက်ဘူးခင်ဗျ။ ဆိုက်ကားသမားတစ်ယောက်ရဲ့ တစ်ရက် ၀င်ငွေဟာ ၁၀၀၀၀ နီးပါး ရှိတယ် .... .... ....... မြန်မာပြည်မှာ ကွန်ပျူတာ နဲ့ အသက်မွေးခြင်တဲ့ လူတွေ အတွက်တော့ အားတက်စရာဘဲနော်။
  • Vote Up0Vote Down tanugpawthartanugpawthar
    Posts: 172Registered Users
    သေချာပြန်စဉ်းစားကြည့်တော့လဲ IT ကို keyboard ပေါ်ပြန်ကြည့်တော့ ငအ တဲ့ အဲဒီလိုဖြစ်နေပြီလားမသိဘူး။ဒါပေမယ့် ကွန်ဗျူတာသမားတွေ အားလုံးက ၀ါသနာပါလို့လုပ်နေတဲ့သူတွေချည်းပဲမဟုတ်လား
    ဒီအတွက် ထောက်ပ့ံပေးမယ့်သူရှိရင် သိပ်ကောင်းမှာပဲနော်... စိတ်ကူးယဉ်ကြည့်တာပါ.....
  • Vote Up0Vote Down hninmoeehninmoee
    Posts: 5Registered Users
    ဟုတ်ပါရဲ့...ဘာဆက်လုပ်ရမှန်းတောင်မသိတော့ပါဘူး...:rolleyes:
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,599Administrators
    tanugpawthar said:
    သေချာပြန်စဉ်းစားကြည့်တော့လဲ IT ကို keyboard ပေါ်ပြန်ကြည့်တော့ ငအ တဲ့ အဲဒီလိုဖြစ်နေပြီလားမသိဘူး။ဒါပေမယ့် ကွန်ဗျူတာသမားတွေ အားလုံးက ၀ါသနာပါလို့လုပ်နေတဲ့သူတွေချည်းပဲမဟုတ်လား
    ဒီအတွက် ထောက်ပ့ံပေးမယ့်သူရှိရင် သိပ်ကောင်းမှာပဲနော်... စိတ်ကူးယဉ်ကြည့်တာပါ.....

    ထောက်ပံ့ပေးမယ့်သူဆိုလို့ မိသားစုပဲ ရှိပါတယ်။ ကိုယ် ယုံကြည်ရာ ကိုယ်လုပ်ကြတာပဲလေ။ ဘယ်သူ့ကိုမှ အပြစ်တင်နေလို့ မရဘူးဗျ။ အဓိက ယုံကြည်ချက်ရှိပါ။ Network နဲ့ Hardware အလုပ်က ရန်ကုန်မှာ ရှားတယ်။ နောက်ပြီး အများအားဖြင့် အင်တာနက်ဆိုင်မှာ network သွယ်တာ။ ရုံးတွေမှာ network သွယ်တာလောက်ပဲရှိပါတယ်။ server ပိုင်းတွေကတော့ ISP တွေ မှာ အလုပ်လုပ်မှပဲကောင်းကောင်း သုံးတတ်မှာပါ။ Hardware ဆိုတဲ့ အလုပ်ကတော့ မြန်မာနိုင်ငံမှာ ကြားကို မကြားဘူးတာ။ တခြားနိုင်ငံမှာတွေလည်း hardware ဆိုပြီး အလုပ်ခေါ်တာ မရှိဘူးဗျ။ Hardware ပိုင်းမှာ မြန်မာနိုင်ငံမှာ မရှိတဲ့ လိုင်းတွေက အများကြီးပဲ။ hardware နဲ့ အလုပ်လုပ်ဖို့ထက် network ကို ပိုဦးစားပေးပြီး ရှာစေချင်ပါတယ်။ အလုပ်ကတော့ စိတ်ရှည်ပြီး ရှာပါ။ နောက်ပြီး အင်တာဗျူးမှာ ကိုယ်တကယ်လုပ်လို့ကြောင်း ကိုယ်တကယ်လုပ်နိုင်ကြောင်း ပြဿနိုင်ဖို့လိုပါတယ်။
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,599Administrators
    zanhtet said:
    ရသွားတဲ့ကုမ္မဏီတွေက မျိုးမျိုးမြက်မြက်ရပြီးတော့ တစ်ကယ်လုပ်ရတဲ့ Technician တွေက တစ်ပဲခြောက်ပြားပဲရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်လောက်ပဲ IT ကို၀ါသနာပါပါ ပိုက်ဆံမရှိရင် လိုက်လို့မ၇သလိုဖြစ်နေပြီ

    ဒါကတော့ နိုင်ငံတကာမှာပဲ။ မြန်မာနိုင်ငံတစ်ခုထဲမဟုတ်ပါဘူး။ ကိုယ်ပိုင် လုပ်ငန်းတစ်ခု ပိုင်ဆိုင်လာတဲ့အခါမှာ နားလည်လာပါလိမ့်မယ်။
  • Vote Up0Vote Down winaingsowinaingso
    Posts: 94Registered Users
    saturngod said:
    ထောက်ပံ့ပေးမယ့်သူဆိုလို့ မိသားစုပဲ ရှိပါတယ်။ ကိုယ် ယုံကြည်ရာ ကိုယ်လုပ်ကြတာပဲလေ။ ဘယ်သူ့ကိုမှ အပြစ်တင်နေလို့ မရဘူးဗျ။ အဓိက ယုံကြည်ချက်ရှိပါ။ Network နဲ့ Hardware အလုပ်က ရန်ကုန်မှာ ရှားတယ်။ နောက်ပြီး အများအားဖြင့် အင်တာနက်ဆိုင်မှာ network သွယ်တာ။ ရုံးတွေမှာ network သွယ်တာလောက်ပဲရှိပါတယ်။ server ပိုင်းတွေကတော့ ISP တွေ မှာ အလုပ်လုပ်မှပဲကောင်းကောင်း သုံးတတ်မှာပါ။ Hardware ဆိုတဲ့ အလုပ်ကတော့ မြန်မာနိုင်ငံမှာ ကြားကို မကြားဘူးတာ။ တခြားနိုင်ငံမှာတွေလည်း hardware ဆိုပြီး အလုပ်ခေါ်တာ မရှိဘူးဗျ။ Hardware ပိုင်းမှာ မြန်မာနိုင်ငံမှာ မရှိတဲ့ လိုင်းတွေက အများကြီးပဲ။ hardware နဲ့ အလုပ်လုပ်ဖို့ထက် network ကို ပိုဦးစားပေးပြီး ရှာစေချင်ပါတယ်။ အလုပ်ကတော့ စိတ်ရှည်ပြီး ရှာပါ။ နောက်ပြီး အင်တာဗျူးမှာ ကိုယ်တကယ်လုပ်လို့ကြောင်း ကိုယ်တကယ်လုပ်နိုင်ကြောင်း ပြဿနိုင်ဖို့လိုပါတယ်။

    ခုလို ရှင်းပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ..
    hardware ပိုင်းထက် network သမားတစ်ယောက်ဖြစ်ဖို့ network သမားတစ်ယောက်လို့ သတ်မှတ်နိုင်ဖို့ ဘယ်လိုလက်မှတ်မျိုးတွေ နဲ့ ဘယ်လို အပိုင်းတွေ လေ့လာသင့်တယ်၊ သင်ယူသင့်တယ်ဆိုတာပါ knowledge share ပေးပါအုံးဗျာ
  • Vote Up0Vote Down yarzarmyarzarm
    Posts: 0Registered Users
    ကိုယ့်ဘာသာကိုယ်နည်းလမ်းတခုလောက်ရှာကြည့်ဖို့ စိတ်ကူးမကြည့်ဘူးလားဗျာ။
    သူတို့ကလဲ ကို်ယ့်ကို certificate သာရှိစေချင်ကြတာဗျ။ လခကတော့ general worker လောက်ပဲပေးချင်ကြတာခင်ဗျားလဲအသိပဲ။
  • Vote Up0Vote Down gwasargwasar
    Posts: 0Registered Users
    တကယ်တော့ လူရှိုန်အောင် လျောက်ရေးတာရယ်ပါ.. အလကားပါ..
    လျောက်မဲ့သူတွေကလည်း အဲ့တာတွေကို ကြောက်ပြီး အလုပ်လက်မဲ့ ဖြစ်နေတဲ့သူတွေ အများကြီး..

    မြန်မာက အလုပ်ရှင်တစ်ယောက်အနေနဲ့ ရိုးရိုးပဲ စဉ်းစားကြည့်လေ.. အဲ့လိုနေရာလေးအတွက်.. ဒီလောက် အတွေ့အကြုံ ရှိတဲ့သူ တကယ်လိုလား မလိုလား.. အတွေ့အကြုံ ရှိပြီးသားပဲ ပေးတော့မယ် ထားတော့ အဲ့ကောင်က လစာ အများကြီး တောင်းတော့မှာ.. သူဖက်က ရတာနဲ့ စီးပွားရေးသမား ထုံးစံအတိုင်း ချိန်ကိုက်မှာ ထုံးစံပဲ။ ကဲ ဒီတော့ မပေးနိုင်သေးဘူး..။ အတွေ့အကြုံ မရှိသေးတဲ့သူ.. တကယ်စိတ်ဝင်စားတဲ့သူကို လစာနည်းနည်းအရင်ပေးပြီး ကျန်တာ အလုပ်က သင်ပေးသွားရင် ရတာပါပဲ.. interview ခေါ်တာက စကားပြောနိုင်စွမ်းရည်ကိုပဲ စစ်တာ များပါတယ်။

    ခြွင်းချက် ။ ။ မန်နေဂျာ လို ရာထူးမျိုးခေါ်တာက တကန့်ပေါ့။

    လျောက်တဲ့သူတွေကလည်း ကိုယ်တကယ် တတ်နေတယ်ဆိုရင် ဘာလို့ ဒီမှာ ရှာနေဦးမှာလဲ ရှင်းပါတယ်.. ပိုကောင်းတဲ့ဆီ သွားကြတာပေါ့ ဟုတ်ဖူးလား ?
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion