မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ဖလင်ဆိုဒ်လေးများသိချင်ပါတယ်။

edited December 2009 in Photoshop
ဒီဇိုင်းဆွဲပြီးရင် ဖလင်ဘယ်လိုခွဲရလဲ သိချင်ပါတယ်ရှင့်။

ဒီဇိုင်းမှာ ဓါးဘောင်လုပ်တယ်ဆိုတာ ဘာကိုပြောတာပါလဲရှင်။

Menual ရေးထားတဲ့စာအုပ်လေးများရှိရင် Share ပေးကြပါဦးရှင့်။

ကျေးဇူးတင်ပါတယ်နော်။

မှတ်ချက်များ

  • edited December 2009 Registered Users
    winwin wrote: »
    ဒီဇိုင်းဆွဲပြီးရင် ဖလင်ဘယ်လိုခွဲရလဲ သိချင်ပါတယ်ရှင့်။

    ဒီဇိုင်းမှာ ဓါးဘောင်လုပ်တယ်ဆိုတာ ဘာကိုပြောတာပါလဲရှင်။

    Menual ရေးထားတဲ့စာအုပ်လေးများရှိရင် Share ပေးကြပါဦးရှင့်။

    ကျေးဇူးတင်ပါတယ်နော်။
    4 ကာလာ သုံးထားရင်တော့ ကာလာ အထူးခွဲဖို့မလိုဘူးဗျ ဖလင်ထုတ်တဲ့ဆီ
    Photoshop, Pagemaker, CorelDraw, PDF နှစ်သက်ရာ ဖိုင်အမျိုးအစားနဲ့ ပို့လိုက်ရင်ရပါတယ်
    ဒါးဘောင်ဆိုတာ ဘာကိုပြောတာလည်းခင်ဗျ? Pamphlet, Booklet, စာဖောင် စတာတွေအတွက်ဆိုရင် ကိုယ် Layout ချထားတာသာ မှန်ပလေ့စေ ဓားစက်ကလူ ဘယ်လိုဖြတ်ရမယ်ဆိုတာ နားလည်ပြီးသား/
    ဓားဖြတ်ဖို့ အရာပေးထားခြင်း(လိုင်းအပါးတစ်ခုထည့်ခြင်း)ဟာ ဓားဖြတ်ပြီးသွားရင် အဲဒီလိုင်းတွေကျန်နေတဲ့အတွက် ရုပ်ဆိုးပါတယ် မထည့်တာကောင်းပါတယ်
    နောက်ဓားဘောင်တစ်မျိုးက ဆေးဘူးခွံ ဂျပ်ဘူးခွံ ဖိတ်စာ အစရှိသည်တို့အတွက်ပါ
    အဲဒီအတွက်ဆိုရင်တော့ ပေါ့စတစ် ဖလင်ကို ဓားဘောင်ရိုက်တဲ့စက်ကိုပေးလိုက်ရင် ရပါတယ် အဲဒီဖလင်မှာ ဒီဇိုင်းပါဖို့မလိုပါဘူး ကိုယ့်ထုတ်ထားတဲ့ ဒီဇိုင်းဖလင်အတိုင်း ဓားနဲ့ဖြတ်ချင်တဲ့ အနားသတ်လိုင်းတွေချည့်ပဲပါရင် ရပါတယ် အဲဒါကိုမှ ဓားဆရာက ငါးထပ်သားလိုအပြားပေါ်မှာ ဖလင်ထဲက လိုင်းအတိုင်း ဓားဖြစ်အောင် အကွေးအကောက်တွေ ဖြတ်ရမယ့်နေရာ ဖိရမယ့်နေရာ ချိုးရမယ့်နေရာ အားလုံးကို ဖန်တီးပေးလိုက်ပါတယ်

    ၊၊၊၊၊၊ နားလည်သလိုပြောပြလိုက်တာပါ အပြောမကောင်းတော့ နားမလည်ရင် နားမလည်တဲ့နေရာ ပြန်မေးနိုင်ပါတယ် သိသလောက် ပြန်ပြောပြပါ့မယ်
  • edited December 2009 Registered Users
    winwin wrote: »
    ဒီဇိုင်းဆွဲပြီးရင် ဖလင်ဘယ်လိုခွဲရလဲ သိချင်ပါတယ်ရှင့်။

    ဒီဇိုင်းမှာ ဓါးဘောင်လုပ်တယ်ဆိုတာ ဘာကိုပြောတာပါလဲရှင်။

    menual ရေးထားတဲ့စာအုပ်လေးများရှိရင် share ပေးကြပါဦးရှင့်။

    ကျေးဇူးတင်ပါတယ်နော်။

    ဒါးဘောင်ဆိုတာ က ကိတ်မုန့်ဘူး တွေ ဆေးဘူးခွံ တွေ စက္ကူဘူးခွံ တွေ ကိုဗျာ အဲဒီ ဒါးဘောင်ဆိုတာနဲ့
    စက်ပေါတင်ပြီး ဖြတ်ရပါတယ်။ ဒါမှလဲ ဒီဇိုင်းဆွဲထားတဲ့ အတိုင်း (ကိုယ်လိုချင်တဲ့အတိုင်း) အချိုးကျကျ
    ဘူးပုံစံလေး ဖြစ်လာမှာပါ။ ဒီဘူးဆိုဒ်အတွက် လုပ်ထားတဲ့ ဒါးဘောင်ကလဲ ဒီဘူးအတွက်ပါပဲ။
    နောက်ဘူးအတွက် ဒီဒါဘောင်ပြန်သုံးဖို့ ဆိုရင် နည်းနည်းခက်ခဲပါလိမ့်မယ်။
    ဒါးဘောင် လုပ်ရတာလဲ တော်တော်ကို ခက်ခဲသလို လုပ်ရတဲ့လက်ကွက်ပေါ် ကြည့်ပြီး စျေးလဲ ကြီးနိုင်ပါတယ်။ ကျွန်တော်တို့ရန်ကုန်မှာ ဒါးဘောင် လုပ်တဲ့ လူ ဆိုရင် လက်ချိုးရီလို့ ရပါတယ်။
    ညီမ က မီဒီယာမှာ လုပ်နေလို့လား။ စပ်စုတယ်လို့တော့မထင်ပါနဲ့နော် ။။။ :p
  • edited December 2009 Registered Users
  • edited December 2009 Registered Users
Sign In or Register to comment.