မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Invitation for Seminar organized by MCPA

Dear All Members,



“Good Practices in Software Development”
ဟောပြောပွဲကျင်းပမည်


သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းမှကြီးမှူး၍ Oracle Corporation , Development ၏ Vice-President ဖြစ်သူ Raiful Ahad မြန်မာနိုင်ငံသို့ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် အလည်အပတ်ရောက်ရှိစဉ်(Personal Visit) မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ ဖိတ်ကြား မှုဖြင့် ကမ္ဘာကျော် Software ကုမ္ပဏီကြီးတစ်ခု ဖြစ်သော Oracle Corporation ၏ ကောင်းမွန်သော Software Development အတွေ့အကြုံကောင်းများ၊ အလေ့အကျင့်ကောင်းများအား မြန်မာနိုင်ငံရှိ Software Engineer များလေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ “Good Practices in Software Development” ခေါင်းစဉ်ဖြင့် Oracle Corporation, Development ၏ Vice-President ဖြစ်သူ Raiful Ahad မှ နိုဝင်ဘာလ(၁၃)ရက် သောကြာနေ့ နေ့လည်(၂း၀၀)နာရီ မှ (၅း၀၀)နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ် အခန်း(၂၀၅)တွင် ဆွေးနွေးဟောပြောမည်ဖြစ်ပါသည်။
ယင်းဟောပြောပွဲသို့ Software Development လုပ်ငန်းများကိုလက်ရှိဆောင်ရွက်နေသူများ မဖြစ်မနေ တက်ရောက် သင့်ပြီး Software Engineer ဖြစ်ရန် ကြိုးစားနေသော ကျောင်းသားလူငယ်များ၊ ကွန်ပျူတာပညာရှင်အသင်းဝင်များ နှင့် စိတ်ပါ ဝင်စားသူမည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်- ၆၅၂၂၇၆ သို့ဆက်သွယ်စုံစမ်းနိုင်သည်။






Best Regards,
Su Su
MCPA Office

မှတ်ချက်များ

Sign In or Register to comment.