မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

C++ gui

edited March 2011 in C++
MZ အဖွဲ၀င်များခင်ဗျား

ကျွန်တော်ကအခုမှ C++ ကိုလေ့လာနေသူတစ်ဦးပါ

သိချင်တာတစ်ခုက program ကို run ရင် cmd command နဲ့ run ပါတယ်

အဲဒါကို GUI အနေနဲ့ ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုပါသိိချင်ပါတယ်

ပြီးတော့ မြန်မာလို့ run လို့ရလားဆိုတာသိချင်ပါတယ်

vb.net တွေမှာဆိုမြန်မာလိုသူများရေးထားတာကိုတွေ့ဘူးလို့ပါ
နည်းနည်းလောက်ရှင်းပြပေးပါလားအစ်ကိုအစ်မတို့ရေ

မြန်မြန် reply ပြန်နိုင်ကြပါစေ:D:D

မှတ်ချက်များ

  • edited October 2009 Administrators
    GUI လိုချင်ရင်တော့ C# ဒါမှမဟုတ် VB.NET သုံးလိုက်ပါ။

    C++ မှ လိုချင်တယ်ဆိုရင်တော့
    http://www.daniweb.com/forums/thread5652.html#
    
    ကို ဖတ်ကြည့်လိုက်ပါ။
  • edited October 2009 Registered Users
    ဒါဆိုအစ်ကိုရေ

    သူများတွေရေးထားတဲ့ C++ progarm တွေလိုမျိုးဖြစ်အောင်

    ကုတ်ထဲမှာတစ်ခါတည်းရေးလို့မရဘူးပေါ့ဟုတ်လား

    software သုံးရဦးမှာလား
  • edited October 2009 Administrators
    Api တွေ သုံးရမှာပါ။ API သုံးပြီးရေးရင် form လေးတစ်ခုရဖို့ အရမ်းအချိန်ကုန်သွားမယ်။ C++ ကိုနောက်ပိုင်းမှာတော့ processing အပိုင်းအတွက်ပဲ အဓိကအသုံးပြုမယ်။ memory management တွေ hardware level တွေကိုတော့ C++ နဲ့ ရေးနေဆဲပဲ။ Windows GUI တွေနဲ့ဆိုရင်တော့ C# ဒါမှမဟုတ် VB.NET ပြောင်းလိုက်ပေါ့။
  • edited October 2009 Registered Users
    saturngod wrote: »

    Api ဆိုတာဘာလဲဟင် ပြီးတော့ form ရေးရင်အချိန်ကုန်မယ်ဆိုတာဘာကိုပြောတာလဲ

    နားမလည်ဘူးခင်ဗျာနည်းနည်းလောက်ထပ်ရှင်းပြပါလားအစ်ကိုအားမှပါရပါတယ်
  • edited October 2009 Administrators
    ဘာခက်တာမှတ်လို့ C++ ပဲသုံးချင်တယ်ဆိုရင် Visual C++ မှာရေးပေါ့ခင်ဗျ။ VC နဲ့သာရေးမယ်ဆိုရင် Window ပေါ်မှာ အပ်ကနေ ဒုံးပျံအထိ အကုန်လုပ်လို့ရပါတယ်။ VC ဆိုတာ အခုခေတ်မှာ Traditional Win32 Programming လိုရေးတဲ့ခေတ်မှ မဟုတ်တော့တာပဲ C#, VB တို့လိုပဲ တော်တော်လေးလွယ်သွားပါပြီဗျ။
  • edited October 2009 Administrators
    မှန်ပါ့။ VC ကိုမေ့နေတာ။ VC ကို မသုံးတာ ကြာတော့ မေ့သွားပြီ။ C++ မသုံးပဲ VC စသုံးကြည့်ပါ။ programming စလေ့လာကာစဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် API ကို မသိသေးတာပါ။ နောက်ပိုင်း သိလာပါမယ်။ API , Active X တွေသုံးတတ်လာမှာပါ။ VC ကို စမ်းသုံးကြည့်စေချင်ပါတယ်။
  • edited October 2009 Registered Users
    Vc ဆိုတာ vb c++ ကိုပြောတာလားဟင်
  • edited October 2009 Administrators
    question wrote: »
    Vc ဆိုတာ vb c++ ကိုပြောတာလားဟင်

    VB C++ ဆိုတာမရှိပါဘူးဗျ Visual C++ လုပ်ပါ။ :D အဲဒီ့မှာကြည့်ဗျာ
    http://msdn.microsoft.com/en-us/visualc/default.aspx
    
  • edited October 2009 Registered Users
    အစ်ကိုရေ အဲဒီ Visual C++ 2008 ကအင်တာနက်ရှိမှရတယ်မဟုတ်ဘူးလားဟင်

    ကျွန်တော်ကအိမ်မှာသုံးတယ်ဆိုတော့အဆင်မပြေဘူး

    အရင်ကတော့အဲဒါဒေါင်းဖူးတယ်

    အင်တာနက်နဲ့ချိန်မရမယ်ထင်လို့ ပြန်လွတ်ထားတာ

    နည်းနည်းရှင်းပြပေးပါဦးနော်
    ကျေးဇူးပါ
  • edited October 2009 Administrators
    မဟုတ်ပါဘူးဗျ ရပါတယ် အင်တာနက်ရှိရင်တော့ Help ကို Online MSDN သုံးလို့ရမယ် မရှိလည်း Off Line MSDN ပါလာပြီးသားပါ။ ပရိုဂရမ် ရေးတာကတော့ အင်တာနက်ရှိစရာမလိုပါဘူး ရေးလို့ရပါတယ်ဗျ ဒေါင်းရမှာပျင်းရင်တော့ ဆိုင်ကနေသာ Visual Studio ကိုဝယ်လိုက်ပေါ့ အဆင်ပြေမှာပါ။ ဒေါင်းရင်တော့ Express Edition ကိုပဲဒေါင်းလို့ရမယ် ဆိုင်ကနေဝယ်လိုက်တာက ပိုအဆင်ပြေပါလိမ့်မယ် ရှာလို့မခက်ပါဘူး ပေါပါလိမ့်မယ်။

    ကျွန်တော် install လုပ်ရင်ဒီလိုပေါ်လာပြီးဆက်မတက်တော့ဘူးဗျာ

    2009-110.gif
  • edited October 2009 Administrators
    ရန်ကုန်မှာ နေတာမဟုတ်လား။ national က ဖြစ်ဖြစ် active ကဖြစ်ဖြစ်ဝယ်လိုက်။ professional edition ရမယ်။ ၁ ခွေ မှ ၁ ထောင်ပဲ ပေးရတာ။ express edition သွင်းတော့ connection လိုတာပေါ့ဗျ။ professional အခွေသာ ဝယ်ပြီးသွင်းလိုက်။
  • edited October 2009 Registered Users
    အခုလိုရှင်းပြတာကျေးဇူးတင်ပါတယ်

    ကျွန်တော်ကနယ်မှနေတာဆိုတောရှာလိုက်ပါဦးမယ်ဗျာ

    အခုလိုရှင်းပြပေးတာကျေးဇူးပါ
  • edited October 2009 Registered Users
    QB လဲ သုံးလို့ရတယ်။ သူက Linux အတွက်။ ၀င်းဒိုး Form တွေမှ လိုချင်ရင်တော့ Visual C++ ကို သုံး။
  • edited February 2011 Registered Users
    question wrote: »
    Api ဆိုတာဘာလဲဟင် ပြီးတော့ form ရေးရင်အချိန်ကုန်မယ်ဆိုတာဘာကိုပြောတာလဲ

    နားမလည်ဘူးခင်ဗျာနည်းနည်းလောက်ထပ်ရှင်းပြပါလားအစ်ကိုအားမှပါရပါတယ်

    အားတာကိုစောင့်နေတုန်း google မှာ api wiki လို့ရိုက်ထည့်ပြီး နည်းနည်းလေ့လာထားလို့ရမလား?
  • edited March 2011 Registered Users
    Windows, Linux, Mac အားလုံးမှာလဲ ရေးချင်တယ်။ GUI လဲ ဖြစ်ရမယ်။ လိုအပ်ရင်လဲ အခြေခံကျကျ ပြန်ပြင်လို့ရ ရမယ် ဆိုရင်တော့ Qt C++

    http://qt.nokia.com/downloads
    ဖိုင် ဆိုဒ်နည်းနည်းကြီးတယ်။ မြန်မာနိုင်ငံကဆိုရင် ၂ ခါ ၊ လောက်ခွဲပီး ဆွဲမှ အဆင်ပြေလိမ့်မယ်

    တစ်ခုမေ့သွားလို့ Symbian & Nokia Phone တွေမှာလဲ ရတယ်..(ကျွန်တော်လုပ်တာတော့ ရွာလည်တုန်း.. )
  • edited March 2011 Registered Users
    saturngod wrote: »
    Api တွေ သုံးရမှာပါ။ API သုံးပြီးရေးရင် form လေးတစ်ခုရဖို့ အရမ်းအချိန်ကုန်သွားမယ်။ C++ ကိုနောက်ပိုင်းမှာတော့ processing အပိုင်းအတွက်ပဲ အဓိကအသုံးပြုမယ်။ memory management တွေ hardware level တွေကိုတော့ C++ နဲ့ ရေးနေဆဲပဲ။ Windows GUI တွေနဲ့ဆိုရင်တော့ C# ဒါမှမဟုတ် VB.NET ပြောင်းလိုက်ပေါ့။

    Not really! Implementing GUI is not that difficult. Qt works well with native C++. It depends on target platform. For windows, we can use MFC API (Application Programming Interface). windows form framework from .Net in Visual C++. Mozilla Firefox is written in C++, for instance. Visual C++ is not actually platform independent.
Sign In or Register to comment.