မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ကုညီကြပါ

edited September 2010 in DTP
Pagemarker နဲ့ လိပ်စာကဒ်လုပ်နည်းနဲ့့ မင်္ဂလာဆောင်ဖိတ်စာလုပ်နည်းလေး သိချင်ပါတယ်
:6:

မှတ်ချက်များ

  • edited September 2010 Registered Users
    အရင်ဆုံ းလိပ်စာကဒ်ကို ဘယ် page size နဲ့ထုတ်မှာလဲ စဉ်းစားလေ . ဒါမှ File - new
    မှာ လိုချင်တဲ့ size ကိုယူလိုက်ပါ
    ပြီးရင် Ruler bar ၂ ခု ဆုံတဲ့နေရာက နေ
    စာမျက်နှာ အတွင်းထဲ က လိုင်း ၂ ခု ဆုံတဲ့နေရာ အထိ ဆွဲလိုက်ပါ
    ဒါကို zero lock ယူတယ်လို့ ပြောပါတယ်
    Ruler Bar က ၂ ခု၇ှိတယ်နော်
    X and Y ဆိုပြီး
    X Ruler bar က နေ Selection Tool နဲ့လိုချင်တဲ့ အမြင့် ကိုယူပါ eg ... ( 2')
    Y Ruler bar ကနေ Selection Tool နဲ့ လိုချင်တဲ့ အကျယ် ကိုယူပါ eg... (3')
    ပြီးရင် Tool Box ထဲကနေ Rectangle Tool ကိုယူပြီး ဆွဲထားတဲ့ 2-3 အကွက်ထဲမှာ Rectangle တခုဆွဲံလိုက်ပါ
    လိုချင်တဲ့ စာသားကိုရိုက်ပေါ့
    ပြီးရင် အားလုံးကို Select မှတ်လိုက်ပါ Group ဖွဲ့လိုက်ပါ
    ွGroup ဖွဲ့နည်းက အားလုံးကို Select မှတ် Ctrl+ G ကိုနှိပ်လိုက်နော်
    အားလုံး Select ၀င်ဖို့အရေး ကြီးတယ်နော် Shift + Click ကိုသုံးပြီးမှတ်ပါ
    ဒီအဆင့်ထိ ရပြီ ထင်ပါတယ်
    ဒါဆိုနောက်တဆင့်ပေါ့
    ရလာတဲ့ ကဒ်တခုကို Select မှတ်ပါ
    Edit - copy
    Edit - Paste Multiple
    Box တခု ကျလာမယ်
    Paste မှာ ကိုလိုချင်တဲ့ ကဒ် အရေအတွက်ကိုပြောတာ . အခု တော့ 1 လို့ပဲ ထည့် လိုက်ပါနော်
    ံHorizontal offset ဆိုတာက ဘေးမှာ ဘယ်လောက်က နေစပြီးနောက်တကွက်ကိုထွက်စေချင်တာလဲလို့မေးတာပါ
    ဒါဆို 3 ယူထားတာဆိုတော့ 3.5 လို့ရိုက်ထည့်လိုက်ပါ
    Vertical offset ဆိုတာက အောက်မှာ ဘယ်လောက်ကနေစပြီး ထွက်မှာလဲ လို့မေးတာပါ
    အခု တော့ အောက်မှာ မလိုချင်ဘူးလေ အဲဒါကြောင့် 0 ပဲ ထားလိုက်ပါ
    ပြီး ရင် 0k နဲ့ ထွက်လိုက်ပါ
    ဒါဆို ကဒ်လေး ၂ ခု ရပြီပေါ့
    ဒီကဒ်လေး ၂ ခုကို select မှတ်ပြိး Group ဖွဲ့လိုက်ပါအုံး
    Edit - copy
    Edit - Paste Multiple
    paste - 4
    Horzional offset - 0 ( ဘေးမှာ ထွက်ချင်တာမဟုတ်တဲ့အတွက် ပါ )
    vertical offset - 2.2 ( 2 ယူထားတာဆိုတော့ 2.2 လောက်မှာ စထွက်စေချင်လို့ပါ )
    ok နဲ့ထွက်လိုက်ပါ
    ဒါဆို လိုချင်တဲ့ လိဒ်စာကဒ်လေးရပြိပေါ့နော်


    ဆရာလုပ်တာတော့မဟုတ်ပါဘူးနော်
    သိသလောက်လေးကိုမျှေ၀လိုက်တာပါ


    [IMG]file:///C:/DOCUME%7E1/Datalink/LOCALS%7E1/Temp/moz-screenshot-2.jpg[/IMG][IMG]file:///C:/DOCUME%7E1/Datalink/LOCALS%7E1/Temp/moz-screenshot-3.jpg[/IMG]
    [IMG]file:///C:/DOCUME%7E1/Datalink/LOCALS%7E1/Temp/moz-screenshot.jpg[/IMG][IMG]file:///C:/DOCUME%7E1/Datalink/LOCALS%7E1/Temp/moz-screenshot-1.jpg[/IMG]
Sign In or Register to comment.