မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ဟာသလေးတွေ..

edited October 2009 in Computer Humor
ကျွန်တော်ဟာသလေးတွေတင်မလို့ လိုက်ရှာတာ ရှာမတွေ့လို့ ဒီခေါင်းစဉ်အောက်မှာသာတင်လိုက်ပါတယ်. သက်ဆိုင်သူများ အမြင်မတော်က ရွှေ့ပေးကြပါကုန်.. :d:d

ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘ၀ကို ပျော်ရွှင်စွာ ကုန်ဆုံးနိုင်ဖို့ အရယ်အပြုံးတွေ လိုအပ်ပါတယ်.. မရယ်ရင် အသက်ရှင်နိုင်ဖို့တော်တော်ခဲယဉ်းသွားပါပြီ.. ဒါကြောင့် အရယ်အပြုံးတွေနဲ့ ဘ၀အမောကို ဖြေကြစို့လား.. ကျွန်တော် စတင်မယ်ဗျာ.. နည်းပညာနဲ့ပတ်သက်တာလေးတွေပေါ့.. ကိုယ်တိုင်ရေးလေးတွေရော.. ကော်ပီတွေရောပေါ့.. တခြားသူတွေလည်း ၀င်ရေးပေးကြပါလို့ တောင်းဆိုပါတယ်ဗျာ.. ၀င်ရေးပေးကြပါနော်.. တစ်ယောက်ထဲနဲ့ဆို ဘယ်လိုမှ မဖြစ်နိုင်လို့ပါ.. ဟာသဆိုတာ ဖတ်သူရယ်ရသလောက် ရေးသူဦးနှောက်ခြောက်ရသကိုးဗျ..:2::2:
မိုက်ကရိုဆော့ဖ်ကုမ္ပဏီဟာ သူ့ရဲ့ product အသစ်ဖြစ်တဲ့ ၀င်းဒိုးဆဲလ်ဗင်းကို ထုတ်လုပ်ဖြန့်ချိခဲ့ရာမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပါတယ်.. ဒါကြောင့် မိုက်ခရိုဆော့ဖ်ရဲ့ ယခင် ceo ဘီးလ်ဂိတ်က သတင်းစာရှင်းလင်းပွဲ တစ်ခုကို သူကိုယ်တိုင်တက်ရောက်မယ်လို့ ကြေညာလိုက်ပါတယ်.. သတင်းထူးရနိုင်မယ်ထင်လို့ မြန်မာနိုင်ငံက သတင်းထောက်တစ်ယောက်က သွားရောက် သတင်းရယူခဲ့ပါတယ်…. အဲဒီ့မှာ မြန်မာနိုင်ငံက သတင်းထောက်မေးလိုက်တဲ့ မေးခွန်းကြောင့် ဘီးလ်ဂိတ်ခမျာ ဘီးတောင် ကောင်းကောင်းမဖြီးနိုင်ရှာဘဲ သောကတွေ ပင်လယ်ေ၀သွားပါတယ်.. သူတို့ ပြောကြပုံကတော့…


ဘီးလ်ဂိတ်..။ ။ အခုဆို ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းသစ်ဟာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အောင်မြင်မှုတွေ ရရှိနေပါပြီ.. ဒါကြောင့် ဒီတစ်ပတ်က စပြီး ၀င်းဒိုးဆဲလ်ဗင်းကို ဒေါ်လာ 1,000 လို့ သတ်မှတ်လိုက်ပါပြီ…


သတင်းထောက်..။ ။ တစ်ခုလောက်မေးပါရစေခင်ဗျ.. အခုစျေးတိုးမြှင့်မှာ မူရင်းခွေတွေမလား…။


ဘီးလ်ဂိတ်..။ ။ အင်းလေ. ကျွန်တော်တို့ပစ္စည်း အစစ်အမှန်တွေပါ.. မူရင်းပါ.. အတုအပလုပ်ခွင့်မရှိပါဘူး..


သတင်းထောက်..။ ။ ဟူး……… တော်ပါသေးရဲ့ ခိုးကူးခွေ မပါလို့.. ဒီမှာ မစ္စတာ ဘီးလ်ဂိတ် ခင်ဗျားဘာသာ ဘယ်လောက်စျေးတက်တက် မြန်မာနိုင်ငံမှာတော့ ခင်ဗျား၀င်းဒိုးက ဒီဗီဒီအဖြစ်နဲ့ ဘန်းရလို့ တစ်ခွေ အလွန်ဆုံး မြန်မာငွေ 1,500 ကျပ်ပဲ.. ဒါမှမဟုတ်ရင် အဲဒီ့ အခွေရှိတဲ့ သူငယ်ချင်းဆီက ခဏငှားပြီး ကူးရင် ဒီဗီဒီ အချပ်လွတ် တစ်ချပ်ဖိုး 200 ကျပ်ပဲ ကုန်တယ်ခင်ဗျ..

တစ်ချက်ပြုံးရင် ကျွန်တော်ရေးရကြိုးနပ်ပြီဗျာ..:)
Sign In or Register to comment.