မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ကွန်ဖစ်ကာဗိုင်းရပ်စ် ရှင်းနည်း

edited September 2009 in Antivirus & Virus
ကွန်ဖစ်ကာဗိုင်းရပ်စ် ရှင်းနည်း

ကျွန်တော်မြန်မာတိုင်းထဲက ရတဲ့နည်းလေးကို ပြန်လည်မျှေ၀ပေးတာပါ။ လုပ်ဆောင်ပုံက အဆင့်လေးဆင့်ပါ ပါတယ်-
ပြည်တွင်းမှာပျံ့နှံ့နေတဲ့ W32.Downadup.B ကွန်ပျူတာဗိုင်းရပ်စ် တိုက်ဖျက်တဲ့ နည်းကို တင်ပြချင်ပါတယ်။ ဒီဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကွန်ပျူတာသာမက ချိတ်ဆက်ထားတဲ့ Network တစ်ခုလုံးပါ Traffic တွေတက်ပြီး Network ကျသွားတတ်ပါတယ်။ နောက်ပြီး ကူးစက်ခံရတဲ့ ကွန်ပျူတာကနေ တစ်ဆင့် တခြားကွန်ပျူတာတွေကို အလိုလျောက် ဆက်လက်ကူးစက်နိုင်တာမို့ ဒီဗိုင်းရပ်စ်ကို ရှင်းထုတ်ပစ်ဖို့ အရေးကြီးပါတယ်။ အဲဒီတော့ သူကိုတိုက်ဖျက် ဖို့အတွက် လုပ်ကိုင်ရမယ့် နည်းလမ်း အဆင့်ဆင့် ကိုတင်ပြလိုက်ပါတယ်။
အဆင့်(၁)
ပထမဦးဆုံးအနေနဲ့ Microsoft website ကနေ Security Patch MS08-067နဲ့ Downadupဗိုင်းရပ်စ် ကိုသတ်ဖို့အတွက် Malicious Software Removal Tool တို့ကို ဆွဲယူရမှာပါ။
အဆင့်(၂)
ကိုယ့်ကွန်ပျူတာတွေအားလုံးမှာ ခုနက ဖော်ပြထားတဲ့ ဖိုင်တွေကို ကူးထည့်လိုက်ပါ။ အားလုံးပြီးသွားပြီးဆိုရင် ချိတ်ဆက်ထားတဲ့ Network Switch ကိုပိတ်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ Networkကနေ ဗိုင်းရပ်စ် ပြန်ပြီးမ၀င်အောင် ကာကွယ်ထားဖို့ အတွက်ပါ။
အဆင့်(၃)
ဒီအဆင့်က ဗိုင်းရပ်စ်ကို ရှာပြီး ဖျက်ပစ်မဲ့ အဆင့်ပါ။ ပထမဆုံး ကွန်ပျူတာကို Administrator အနေနဲ့ Login လုပ်ပါ။ ပြီးရင် Malicious Software Removal Tool ကို Runပြီး Quick Scan လုပ်လိုက်ပါ။ Virus တွေ့ပြီဆိုရင် ကွန်ပျူတာကို Restartလုပ်ပြီး Full Scanပြန် Run ရမှာပါ။ ဒီလို Scanလုပ်တဲ့အခါမှာ Network ထဲမှာရှိတဲ့ ကွန်ပျူတာတွေ အားလုံးကို တစ်လုံးမကျန် ပြုလုပ်ပေးဖို့လိုပါတယ်။ ဒါမှလည်း ဗိုင်းရပ်စ်ပြန်ကူးစက်ခံရတဲ့ အန္တရာယ်ကနေ ကင်းေ၀းနိုင်မှာပါ။
အဆင့်(၄)
ဗိုင်းရပ်စ်ကို ဖယ်ရှားပြီးပြီိဆိုရင် Netapi ရဲ့ ဟာကွက်ကို ပိတ်ဖို့ လိုအပ်ပါတယ်။ အွန်လိုင်းကနေ ဆွဲယူသုံးစွဲထားတဲ့ MS08-067 Security Path ကို Runပြီး Updateလုပ်ပါ။ ဒီလိုဆိုရင် Networkကနေ ဗိုင်းရပ်စ်မကူးစက် နိုင်အောင် ကာကွယ်ပြီးသား ဖြစ်သွားပါပြီ။
ဒီဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့နေရာမှာ ကိုယ့် Networkမှာ ရှိတဲ့ စက်တွေအားလုံးကနေ ဗိုင်းရပ်စ်ရှင်းပြီး မှသာ Networkကို ပြန်ဖွင့်သင့်ပါတယ်။ ဒါမှလည်း ဗိုင်းရပ်စ်ပြန်ကူစက်မယ့် အန္တရာယ်ကိုကာကွယ်နိုင်မှပါ။
Sign In or Register to comment.