MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
Speech at Harvard by Bill Gates -1
  • Vote Up0Vote Down mgpyonemgpyone
    Posts: 953Moderators
    MMITP မှာ ကနေ့ မနက် မခင်လတ် ရေးထားတာ အရမ်းကောင်းလို့ ပြန်လည်ဝေမျှလိုက်ပါတယ်ခင်ဗျာ .. ကျနော်ကတော့ အရမ်းကြိုက်ပါတယ်ခင်ဗျာ.. :D

    မူရင်းပို့စ်ကတော့ ဒီမှာပါ

    http://myanmaritpros.com/forum/topics/speech-at-harvard-by-bill

    တကယ့် မူရင်းပို့စ်မှာက ဒီမှာပါ

    http://www.smh.com.au/news/technology/speech-at-harvard-by-bill-gates/2007/06/08/1181089292159.html

    ========================================================

    Microsoft ဥက္ကဋ္ဌ Bill Gates ဇွန်လ ရှစ်ရက်၂၀၀၇ နေ့ Harvard တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဂုဏ်ထူးဆောင် L.L.D. ဘွဲ့ကို လက်ခံရယူပြီး ပြောကြားခဲ့သော မိန့်ခွန်း

    တက္ကသိုလ် အဓိပတိကြီး Bok ၊ အဓိပတိဟောင်း Rudenstine ၊ အဓိပတိသစ် Faust ၊ Harvard Corporation အဖွဲ့ဝင်များ၊ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်များ၊ သင်ကြားရေးအဖွဲ့ဝင်များ၊ မိဘများနှင့် အရေးအကြီးဆုံး ဖြစ်တဲ့ ဘွဲ့ရမောင်မယ်များ ခင်ဗျား -

    ဒီစကားကိုပြောဖို့ ကျွန်တော် နှစ်ပေါင်းသုံးဆယ်ကျော် ကြာအောင် စောင့်ခဲ့ရတာပါ။

    "အဖေ၊ အဖေ့ကို ကျွန်တော် အမြဲတန်း ပြောခဲ့တယ်၊ ကျွန်တော် Harvard ပြန်တက်ပြီး ဘွဲ့ရအောင်ယူပါ့မယ် လို့"

    ခုလို အချိန်မှီ ဂုဏ်ပြုတဲ့အတွက်ကြောင့်လဲ Harvard တက္ကသိုလ်ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ကျွန်တော်ရှေ့နှစ်မှာ အလုပ်ပြောင်းတော့မှာမို့ အလုပ်မပြောင်းခင် CV ပေါ်မှာ ဘွဲ့တစ်ခုတင်နိုင်တယ်ဆိုတော့ အတော်ဟန်ကျပန်ကျ ဖြစ်သွားပါတယ်။

    ဘွဲ့ရမောင်မယ်များကိုလဲ ကျွန်တော့ထက်ပိုပြီး လိုရင်းတိုရှင်း ဖြစ်တဲ့နည်းနဲ့ ဘွဲ့ရအောင် ယူခဲ့တာကို ချီးကျူးပါတယ်။ ကျွန်တော့ အနေနဲ့ကတော့ အမိတက္ကသိုလ်က "Harvard ရဲ့ အအောင်မြင်ဆုံး ကျောင်းမပြီးသူ" လို့ အခေါ်ခံရတာကိုဘဲ ဝမ်းမြောက်မိပါတယ်။ ဒီလိုအခေါ်ခံရတာကိုဘဲ တက္ကသိုလ်ရဲ့ အထူးစပယ်ရှယ် ဂုဏ်ထူးဆောင်ကျောင်းထွက်ဆု တစ်မျိုးလို့ ယူဆပါတယ် … တက္ကသိုလ်ကကျရှုံးခဲ့တဲ့ သူများထဲမှာတော့ ကျွန်တော်ဟာ အကောင်းဆုံးကျရှုံးသူဖြစ်ခဲ့ပါတယ်။

    ဒါပေမဲ့ ကျွန်တော်ဟာ Steve Ballmer ကို Harvard Business School ကနေ ကျောင်းတစ်ပိုင်းတစ်စနဲ့ ထွက်ရအောင်လုပ်ခဲ့သူ အဖြစ်လဲ အသိအမှတ်ပြု ခံချင်ပါသေးတယ်။ ကျွန်တော်ဟာ မပေါင်းသင်းထိုက်တဲ့ သူပါ။ ဒါကြောင့်မို့လို့လဲ ဒီဘွဲ့နှင်းသဘင်မှာ ကျွန်တော့ကိုစကားပြောဖို့ ဖိတ်ခဲ့တာပါ။ တကယ်လို့ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာသာ ကျွန်တော်စကားပြောခဲ့ရင် ဒီဘွဲ့နှင်းသဘင်မှာ ဘွဲ့ယူသူ နဲသွားနိုင်ိပါတယ်။

    Harvard ဟာ ကျွန်တော့အတွက်တော့ အင်မတန်ထူးခြားဆန်းကြယ်တဲ့ အတွေ့အကြုံ တစ်ခုပါဘဲ။ ပညာသင် ကျောင်းသားဘဝဟာ စွဲမက်စရာကောင်းပါတယ်။ တက္ကသိုလ်မှာ ကျွန်တော့ရဲ့ဘွဲ့နဲ့မဆိုင်တဲ့ အတန်းတွေ အများကြီးထဲမှာ ဝင်ထိုင်ခဲ့ပါတယ်။ ပြီးတော့ အဆောင်နေ ကျောင်းသားဘဝဟာလည်း အလွန်ပျော်စရာ ကောင်း ပါတယ်။ ကျွန်တော် Currier ဆောင်ရဲ့ Radcliffe အဆောင်ခွဲမှာ နေခဲ့ပါတယ်။ ကျွန်တော့ အခန်းမှာတော့ ညဉ့်နက်သန်းခေါင် စကားလာပြောတဲ့သူတွေနဲ့ အပြည့်ပါဘဲ။ ဘာလို့လဲဆိုတော့ ကျွန်တော် မနက်စောစော ထတတ်တဲ့သူ မဟုတ်ဘူးဆိုတာ လူတိုင်းသိနေလို့ပါ။ အဲဒီအတွက်ကြောင့်လဲ တက္ကသိုလ်က လူတောမတိုးတဲ့ သူတွေရဲ့အုပ်စုမှာ ကျွန်တော်ဟာ ခေါင်းဆောင်ကြီး ဖြစ်ခဲ့ပါတယ်။ လူချစ်လူခင် များသူတွေကို ကျွန်တော်တို့ အဖွဲ့က အပေါင်းအသင်းမလုပ်ဘဲ လူတောမတိုးတဲ့သူ အချင်းချင်းဘဲ အပေါင်းအသင်း လုပ်ခဲ့ ကြပါတယ်။

    Radcliffe အဆောင်ကတော့ အလွန်နေလို့ကောင်းတဲ့ အဆောင်ပါ။ အဲဒီ အဆောင်မှာ အခြား အဆောင် တွေထက် အမျိုးသမီး ပိုများပြီး အဆောင်နေ အမျိုးသားတွေကလဲ သိပ္ပံနဲ့သချာင်္ကျောင်းသား မျိုးတွေပါ။ ဒီနှစ်ချက်ပေါင်းလိုက်တော့ ကျွန်တော့အတွက်တော့ အင်မတန်အခွင့်ကောင်းပေါ့။ သဘောပေါက်တယ်နော်။ ဒါပေမဲ့ အဲဒီကနေပြီးတော့ အခွင့်အလမ်းသာတိုင်းလဲ အောင်မြင်မှုမရနိုင် ဆိုတဲ့ ဝမ်းနည်းစရာ သင်ခန်းစာကို ရခဲ့ ပါတယ်။

    ကျွန်တော့အတွက် Harvard တက္ကသိုလ် ကို အကြီးအကျယ် အမှတ်ရစရာတွေအများကြီးထဲက အမှတ်ရစရာအဖြစ်တစ်ခု ၁၉၇၅ ခု ဇန်နဝါရီလ မှာ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် Currier ဆောင်ကနေပြီး Albuquerque က ကမ္ဘာ့ပထမဆုံး PC တွေကို စတင်ပြီး ထုတ်လုပ် နေပြီ ဖြစ်တဲ့ ကုမ္ပဏီတစ်ခု ကို ဖုန်းဆက်ခဲ့ တာပါ။ ကျွန်တော်သူတို့ကို Software ရောင်းဖို့ ကမ်းလှမ်းခဲ့ ပါတယ်။

    ကျွန်တော်ဟာ အဲဒီအချိန်က အဆောင်မှာနေတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဆိုတာကို သူတို့တွေ ရိပ်မိပြီး ဖုန်းချသွားမှာ စိုးရိမ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုဖုန်းချမဲ့အစား "ငါတို့တွေ အဆင်သင့် မဖြစ်သေးလို့ နောက်တစ်လကြာမှ လာတွေ့ပါ” လို့ပြောပါတယ်။ အဲဒီလို ပြောခဲ့တာလဲ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ Software ကလဲ မရေးရသေးလို့ပါ။ အဲဒီအချိန်ကစပြီး ကျွန်တော်လဲ ကျောင်းစာထတ် အမှတ်ပိုရမဲ့ အဲဒီ Project ကလေးကို နေ့ရောညပါ လုပ်ခဲ့ ပါတယ်။ ဒီ Project ကလေးကဘဲ ကျွန်တော့ရဲ့ တက္ကသိုလ်ပညာရေး ကိုအဆုံးသတ်ပေးပြီး ကျွန်တော်နဲ့ Microsoft ရဲ့ ပြောစမှတ်ဖြစ်စရာခရီးစဉ်ကို စတင်ပေးခဲ့ ပါတယ်။

    Harvard အကြောင်း အမှတ်ရစရာတွေထဲမှာ အားလုံးထက်ပိုပြီး အမှတ်ရစရာကတော့ Harvard က ခွန်အားတွေနဲ့ ဉာဏ်ပညာတွေရဲ့ကြားထဲမှာ နေခဲ့ရခြင်းပါဘဲ။ ဒီအရာတွေဟာ ပျော်စရာကောင်းသလို ကြောက််စရာလဲကောင်းပါတယ်။ တခါတလေမှာ စိတ်ပျက်အားငယ်စရာ ဖြစ်ပေမဲ့ ဒီီအရာတွေဟာ အမြဲတမ်း ကျွန်တော့ ကို စိမ်ခေါ်နေခဲ့ပါတယ် ။ ဒါတွေဟာ ကျွန်တော့အတွက် အင်မတန်ကောင်းတဲ့ အခွင့်အလမ်း များပါ။ ကျွန်တော် Harvard က စောစောထွက်ခဲ့ပေမဲ့ ကျောင်းမှာနေခဲ့ရတဲ့ နှစ်တွေ၊ ရခဲ့တဲ့သူငယ်ချင်းတွေနဲ့ စခဲ့တဲ့ အကြံဉာဏ် တွေဟာ ကျွန်တော့ ကိုပြောင်းလဲ စေခဲ့ ပါတယ်။

    အဲဒီကာလကို အလေးအနက်ထားပြီး ပြန်ကြည့်တဲ့အခါမှာတော့ … ကျွန်တော် အကြီးအကျယ် နောင်တရတာ တစ်ခုရှိပါတယ်။

    Harvard ကကျွန်တော်ထွက်ခဲ့စဉ်က ဒီကမ္ဘာပေါ်မှာ ကြောက်စရာကောင်း လောက်အောင် မတရားမှုတွေ ရှိနေတာကို အမှန် သတိ မထားခဲ့ မိပါဘူး။ ကျန်းမာရေး၊ ချမ်းသာကြွယ်ဝမှု နဲ့ အခွင့်အလမ်း တွေမှာ စက်ဆုပ် ရွံ့ရှာဖွယ်ရာ ကွာဟချက်တွေ ကြောင့် သန်း ပေါင်း များစွာသော လူများရဲ့ ဘဝ ဟာ ဒုက္ခတွေနဲ့ ပြည့်နှက်လျှတ် ရှိနေ တာတွေ ကိုလဲ တကယ်ဘဲ သတိမထား ခဲ့မိပါဘူး။

    အဲဒီတုန်း က ဒီနိုင်ငံမှာ သန်းပေါင်း များစွာ သော လူငယ် များဟာ သူတို့ရဲ့ ပညာရေး အခွင့်အလမ်း တွေကို မတရားအလိမ်ခံရပြီး ဆုံးရှုံး နေကြတာကို တစွန်းတစသာသိခဲ့ ပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက သန်းပေါင်း များစွာသော လူသား တွေဟာ ဖော်မပြနိုင်လောက်တဲ့ ဆင်းရဲမှု၊ ရောဂါဘယ များနဲ့ အသက်ရှင် နေကြ တယ် ဆိုတာ ကျွန်တော် လုံးဝမသိခဲ့ပါ။

    ဒါတွေကိုသိလာဖို့ ဆယ်စုနှစ်ပေါင်းများစွာ ကျွန်တော် အချိန်ယူ ခဲ့ ရပါတယ်။

    ယခု ဘွဲ့ရမောင်မယ် တို့ Harvard ကိုရောက်လာ တဲ့အခါ မှာတော့ အရင် အချိန်တွေကနဲ့မတူ တော့ပါဘူး။ မောင်မယ်တို့ဟာ ဟိုးအရင် အတန်းက လူတွေ ထက်စာရင် ဒီကမ္ဘာကြီး ရဲ့ မတရားမှုတွေကို ပိုပြီးသိကြ ပါတယ်။ ဒီမှာ ကျောင်းတက် နေရင်း ကလဲ အရှိန်အဟုန် နဲ့တိုးတက်နေတဲ့ နည်းပညာခေတ် ကြီးထဲမှာ ဒီ မတရားမှု တွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမယ်ဆိုတာ ကြံဆဖို့ အခွင့်အရေးလဲရခဲ့ကြမယ်လို့ ကျွန်တော် မျှော်လင့် ပါတယ်။

    ဒီမှာစကားအဖြစ်နဲ့ ဆွေးနွေးဖို့ တစ်ခုစဉ်းစားကြည့်ကြရအောင်။ ခင်ဗျားတို့မှာ တစ်ပါတ်ကို နာရီအနည်းငယ် နဲ့ တစ်လကို ဒေါ်လာအနည်းငယ် လှူဒါန်းစရာ ရှိတယ်ဆိုပါတော့။ ဒါတွေကိုလဲ တကဲ့ကို ထိထိရောက်ရောက် လူ့အသက်တွေကို ကယ်နိုင်တဲ့ လူ့ဘဝတွေ ကို မြှင့်တင်ပေးနိုင်တဲ့ နေရာတွေမှာ လှူချင်တယ်ဆိုပါစို့။ ဘွဲ့ရမောင်မယ်တို့ ဘယ်နေရာ မှာ လှူကြမလဲ။

    ကျွန်တော်နဲ့ ကျွန်တော့ဇနီး Melinda တို့ကို စိမ်ခေါ်တာဟာလဲ ဒီအချက်ပါဘဲ။ ကျွန်တော်တို့မှာရှိတဲ့ အင်အားနဲ့ လူများနိုင်သမျှများများကို အကျိုးအရှိဆုံး ဖြစ်အောင် ဘယ်လိုလုပ်ပေးနိုင်မလဲ။

    ဒီမေးခွန်းကို ကျွန်တော်တို့နှစ်ယောက် ဆွေးနွေး ခဲ့ပါတယ်။ ဆွေးနွေး နေတုံး မှာဘဲ ကျွန်တော်တို့ ဆောင်းပါး တစ်ပုဒ် ဖတ်ခဲ့ရပါတယ်။ ဒီဆောင်းပါး မှာ ဆင်းရဲတဲ့ နိုင်ငံက ကလေး သန်းပေါင်းများ စွာ ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကထဲ က ဒီနိုင်ငံမှာ အန္တရာယ် မပေးနိုင်တော့တဲ့ ရောဂါတွေ ကြောင့် နှစ်စဉ် သေဆုံး နေကြ ရကြောင်း ရေးထားပါတယ်။ ဒီရောဂါတွေက တော့ "ဝက်သက်၊ ငှက်ဖျား၊ အဆုပ်အအေးမိ၊ အသည်း ရောင် အသားဝါ B ပိုးနဲ့ Yellow Fever တွေပါ။ Rotavirus ဆိုတဲ့ ကျွန်တော် တစ်ခါမှမကြားဘူးတဲ့ ရောဂါတစ်ခုကြောင့် ကမ္ဘာမှာ ကလေးငယ် ငါးသိန်းလောက် နှစ်စဉ် သေဆုံးနေကြပါတယ်။ အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စု က ကလေးငယ် တစ်ယောက်မှ မပါပါ။

    ကျွန်တော်တို့ အကြီးအကျယ် တုန်လှုပ်သွားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ကလေးငယ် သန်းပေါင်းများစွာဟာ ကယ်တင်လို့ ဖြစ်နိုင်တဲ့ ရောဂါဆိုးတွေကြောင့် သေကြေပျက်စီးနေရတယ် ဆိုရင် တကမ္ဘာလုံးက ဒီရောဂါတွေကို ကုစားနိုင်တဲ့ ဆေးတွေရှာဖွေကြမယ်။ ဒီဆေးတွေနဲ့ ကလေးတွေရဲ့အသက်ကို ကယ်တင်ကြလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်သူမှ လုပ်မပေးခဲ့ကြပါဘူး။ အမေရိကန် တစ်ဒေါ်လာ တောင်မှမကုန်ဘဲနဲ့ အသက်တစ်ချောင်းကို ကယ်လို့ရတဲ့ နည်းတွေရှိပေမဲ့ ဒီနည်းတွေကို ဘယ်သူကမှ ဝေငှ ပေးခြင်း မရှိခဲ့ကြပါဘူး။

    ဘွဲ့ရမောင်မယ်တို့ဟာ အသက်တစ်ချောင်းချင်း တန်ဖိုးအတူတူ ပါဘဲလို့ ယူဆတယ်ဆိုရင်တော့ တစ်ချို့ အသက်တွေကတော့ ကယ်တင်ဖို့ထိုက်တန်ပြီး တစ်ချို့အသက်တွေကတော့ ကယ်ဖို့မထိုက်တန် ဘူးလို့ မြင်ကြ တာကို အင်မတန်စက်ဆုပ်ရွံ့ရှာ မိကြမှာပါ။ ဒီတော့ ကျွန်တော်တို့အချင်းချင်း ပြောခဲ့ကြပါတယ်။ "ဒါဟာ တကယ်မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တကယ်ဖြစ်ခဲ့တယ်ဆိုရင်တော့ အဲဒီနေရာကို ဦးစားပေးပြီး ဒါနပြုထိုက်တယ်" လို့ပါ။

    ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်ကိုလဲ ဟောဒီပရိတ်သတ်ထဲက လူတိုင်းစသလိုဘဲ စခဲ့ပါတယ်။ ကျွန်တော်တို့ မေးခွန်း ထုတ်ခဲ့ပါတယ်။ "ကလေးငယ်တွေ အသက်ဆုံးနေတာကို တစ်ကမ္ဘာလုံးကဘာလို့ ဒီအတိုင်း ကြည့် နေကြသလဲ"။

    အဖြေကတော့ ရှင်းပါတယ်၊ ရက်လဲရက်စက်တဲ့အဖြေပါ။ ဒီကလေးငယ် တွေကို ကယ်တင်ခြင်းဖြင့် စျေးကွက်စီးပွါးရေးမှာ အမြတ်မရခဲ့ကြလို့ပါ။ နိုင်ငံတစ်ကာက အစိုးရတွေကလဲ ဒီအသက်ကယ်မှုကို ငွေကြေး မထောက်ပံ့ခဲ့ ကြလို့ပါ။ ဒီကလေးတွေဘာကြောင့် အသက်ဆုံးရှုံးခဲ့ကြသလဲဆိုရင် သူတို့ရဲ့ မိခင်၊ ဖခင် တွေဟာ စျေးကွက်စီးပွါးရေးထဲမှာ အင်အားမရှိ၊ အဲဒီစနစ်ထဲမှာလဲ ပြောရေးဆိုခွင့် မရှိကြလို့ပါ။

    ဒါပေမဲ့ ဘွဲ့ရမောင်မယ်များနဲ့ ကျွန်တော်တို့မှာတော့ ဒီအခွင့်အရေး နှစ်မျိုးလုံးရှိ ပါတယ်။

    ကျွန်တော်တို့တတွေ အရင်းရှင်စနစ်ကို ဖန်တီးနိုင်စွမ်းပိုပြီးရှိလာအောင် လုပ်နိုင်ရင် ဆင်းရဲသား တွေကို ပိုပြီး အကျိုးရှိစေမဲ့ စျေးကွက်အင်အား တွေလုပ်ပေးနိုင်မှာပါ။ ပိုပြီးဖန်တီး နိုင်စွမ်းရှိတဲ့ အရင်းရှင်စနစ် ဆိုတာကတော့ စျေးကွက်ရဲ့ အင်အား တွေ ကို ချဲ့ထွင်ပြီး လူများသထက်များများ အကျိုးအမြတ်ရှိအောင်၊ အနဲဆုံး စားဝတ်နေရေး ချောင်လယ်အောင်၊ မတရားမှုကြောင့် အင်မတန်ဆင်းရဲကြပ်တည်းနေကြတဲ့ သူတွေကို အကျိုးရှိအောင်လုပ်ပေးမဲ့စနစ်ကိုဆိုလိုတာပါ။ ပြီးတော့လဲကမ္ဘာပေါ်က အစိုးရတွေကို အခွန်ထမ်းပြည်သူတွေရဲ့ အခွန်ငွေတွေကိုသုံးရာမှာ ပြည်သူ၊ပြည်သားများ တန်ဖိုးထားတဲ့နေရာတွေမှာ ပိုပြီးသုံးဖို့ ကျွန်တော်တို့တတွေ ဖိ အား ပေးနိုင်ပါတယ်။

    ဆင်းရဲသားတွေရဲ့ လိုအပ်ချက်ကိုလဲ ဖြည့်ဆီးပေးနိုင်၊ လုပ်ငန်းရှင်တွေလဲ အမြတ်ထွက်ပြီး နိုင်ငံရေးသမားတွေ လဲ မဲရနိုင်မဲ့ နည်းလမ်းတွေကို ကျွန်တော်တို့ ရှာနိုင်မယ် ဆိုရင်တော့ အဲဒီတွေ့ရှိခြင်းဟာ ကမ္ဘာပေါ်မှာ မတရားမှုကို လျော့နည်းသွားစေပြီး ရေရှည်အလုပ်ဖြစ်မဲ့နည်းကို ရှာဖွေတွေ့ရှိခြင်းဘဲ ဖြစ်ပါလိမ့်မယ်။ ဒီလုပ်ငန်းစဉ် ဟာ ပြီးဆုံးပြီလို့ မရှိနိုင်တဲ့လုပ်ငန်းမျိုးပါ။ ဒါပေမဲ့ ဒီစိမ်ခေါ်မှုကို ဖြေရှင်းဖို့ အသိစိတ်အပြည့်နဲ့ ကြိုးစားခြင်းက ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲစေပါလိမ့်မယ်။

    ဒီကိစ္စကို ကျွန်တော်တို့ ဖြေရှင်းနိုင်မယ်လို့ အကောင်းဖက်က ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြေရှင်းနိုင်ဖို့ လုံးဝ မျှော်လင့်ချက်မရှိဘူး ဆိုတဲ့ အဆိုးမြင်ဝါဒီတွေနဲ့လဲ ကျွန်တော် စကားပြောပါတယ်။ သူတို့တွေက "ဒီ မတရားမှုတွေဟာ ကမ္ဘာဦးကထဲက ရှိခဲ့တယ်၊ နောက်ကမ္ဘာဆုံးသည်ထိလဲ ရှိနေမှာဘဲ၊ ဘာလို့လဲဆိုတော့ လူတွေက … လုံးဝ….ဂရု …… မစိုက်ကြလို့ဘဲ" လို့ပြောပါ တယ်။ ကျွန်တော် လုံးဝ သဘောမတူ ပါဘူး။

    ကျွန်တော်တို့ ဂရုစိုက်တာမှ လိုတာထက်တောင် ပိုနေပါသေးတယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။

    ဟောဒီ မြက်ခင်းပြင် ထဲမှာရှိ နေတဲ့ သူတွေအားလုံးဟာ တစ်ချိန်မဟုတ်တစ်ချိန်မှာ လူတွေရဲ့ ကြေကွဲဝမ်းနည်းစရာ ဖြစ်ရပ်ဆိုးတွေကြောင့် အသဲနင့်အောင် ခံစားခဲ့ရဘူးမှာပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေမှာ ဘာမှ ပါဝင်ဆောင်ရွက် ပေးခဲ့ကြဘူးမှာ မဟုတ်ပါ။ ဒီလိုလုပ်မပေးခဲ့တာဟာ ကျွန်တော်တို့တွေ ဂရုမစိုက်လို့၊ အရေးမထား လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ဘာလုပ်ပေးရမယ်မှန်း မသိခဲ့ကြလို့ပါ။ တကယ်လို့ ဘယ်လို ကူရမယ် ဆိုတာသာ သိခဲ့ရင် ကျွန်တော်တို့ ကူခဲ့ကြမှာပေါ့ ။

    ဒီလို အကူအညီပေးလာအောင် ပြောင်းလဲလာဖို့ ဟန့်တားနေတာ လူတွေရဲ့ဂရုစိုက်မှုအလွန်နဲခြင်း မဟုတ်ပါ။ အကူအညီပေးဖို့ အင်မတန် ရှုပ်ထွေးခက်ခဲခြင်းကသာ ဟန့်တားနေတာ ဖြစ်ပါတယ်။

    ဒီလို ဂရုစိုက်ခြင်း ကနေပြီး တကယ်လုပ်ဆောင်ချက် ဖြစ်လာဖို့အတွက် ပြဿနာကိုမြင်ဖို့လိုပါတယ်။ အဖြေ ကို မြင်ဖို့လိုပါတယ်။ ပြီးတော့မှ အကျိုးရလဒ်ကို မြင်ဖို့လိုပါတယ်။ ဒါပေမဲ့ ရှုပ်ထွေးခက်ခဲခြင်းက ဒီအဆင့် သုံးဆင့်စလုံး ကို ပိတ်ဆို့ ထားပါတယ်။

    Internet နဲ့ ၂၄-နာရီ သတင်းဌာနတွေ ထွန်းကားတဲ့ခေတ်မှာတောင်မှ ဒီပြဿနာတွေကို လူအများ အမှန်တကယ် နားလည်သဘောပေါက်လာအောင် လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ အလုပ်ကြီးတစ်ခုပါ။ လေယာဉ်ပျံတစ်စီး ပျက်ကျတဲ့အခါမှာ တာဝန်ရှိသူအရာရှိတွေက သတင်းစာရှင်းလင်းပွဲ အလျင်အမြန် လုပ်ပါတယ်။ ဒီအရာရှိတွေက "အခု လေယာဉ်ပျံပျက်ကျမှုကို စုံစမ်း စစ်ဆေးပါမယ်၊ ဘာကြောင့် ပျက်ကျတယ်ဆိုတာကို ဖော်ထုတ်ပါမယ်၊ ဒီလို လေယာဉ်ပျက်ကျမှုမျိုး ထပ်မဖြစ်အောင် ကာကွယ်ပါမယ်" လို့ ကတိပေးကြပါလိမ့်မယ်။

    ဒါပေမဲ့လို့ ဒီအရာရှိတွေဟာ အမှန်ကိုအမှန်အတိုင်း ရက်ရက်စက်စက်ပြောမယ် ဆိုရင်တော့ " ကမ္ဘာပေါ်မှာ ကာကွယ်တားဆီးလို့ရတဲ့ ရောဂါကြောင့် နေ့စဉ် သေဆုံးနေသူဦးရေရဲ့ ရာနှုန်းဝက် (၀.၅ %) နဲ့ညီမျှတဲ့ အရေအတွက်ဟာ ဒီ လေယာဉ်ပျက်ကျတဲ့အထဲမှာ ပါသွားပါတယ်။ ဒီ ရာနှုန်းဝက် သောလူဦးရေ သေဆုံးရ တဲ့ပြဿနာကို အဖြေရှာဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါ့ မယ်လို့ ဆုံးဖြက်ချက် ချထား ပါတယ်" လို့ပြောရပါလိမ့်မယ်။

    ကမ္ဘာပေါ်မှာ လူသန်းပေါင်း များစွာ မသေသင့်ဘဲ သေကြေနေရတဲ ့ပြဿနာက လေယာဉ်ပျံ ပျက်ကျတဲ့ ပြဿနာ ထက် အများကြီးပိုကြီးတဲ့့ ပြဿနာပါ။

    ဒီ မသေသင့်ဘဲ သေကြေနေရတဲ ့ပြဿနာအကြောင်းကိုတော့ သတင်းထဲမှာ များများစားစား မတွေ့ရပါ ဘူး။ သတင်းဌာန တွေက သတင်းဦး မှကြေငြာ တာပါ။ လူသန်းပေါင်းများစွာ သေကြေ နေတာဟာ သတင်းဦး မဟုတ်ပါဘူး။ ဒီသတင်းဟာ အလွယ်တစ်ကူ လစ်လျူရှုထားလို့ရတဲ့ နောက်ကွယ်မှာဘဲရှိနေတဲ့ သတင်းမျိုးပါ။ တကယ်လို့ ဒီသတင်းပါလာလို့ ကြည့်ရ၊ဖတ်ရရင်တောင်မှ ဒီပြဿနာကြီးကို စောင့်ကြည့် အကဲခတ်နေဖို့ ခက်ပါတယ်။ ဒီသတင်းထဲက အခြေအနေတွေဟာ အင်မတန် ရှုပ်ထွေးခက်ခဲနေပြီး အဲဒါကို ဘယ်လိုအကူအညီ ပေးရမယ်ဆိုတာကိုမသိရင် ဒီအတိုင်းထိုင်ကြည့်နေဖို့ အလွန်ခက်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့တွေ ဒီသတင်းကို ကြည့်မနေဘဲ မျက်နှာလွှဲနေလိုက်ကြတာပေါ့။

    ပထမအဆင့်အဖြစ် ပြဿနာတစ်ရပ်ရှိတယ်ဆိုတာသိမြင်လာပြီးရင်တော့ ကျွန်တော်တို့ ဒုတိယ အဆင့် ကိုရောက်ပါပြီ။ ဒုတိယအဆင့်က ရှုပ်ထွေးခက်ခဲနေတာတွေကို ဖယ်ရှားပြီး အဖြေကိုတွေ့အောင်ရှာဖို့ပါ။

    ကျွန်တော်တို့ ဂရုတစိုက်ကူညီတာတွေကို တကယ်ထိထိရောက်ရောက် အကျိုးရှိစေချင်တယ် ဆိုရင်တော့ ဒီပြဿနာ ရဲ့အဖြေကို မဖြစ်မနေရှာဖို့ လိုအပ်ပါတယ်။

    အဖွဲ့အစည်းတစ်ခု ကဘဲဖြစ်ဖြစ်၊ လူတစ်ယောက်ကဘဲ ဖြစ်ဖြစ် "ဘယ်လိုအကူအညီ ပေးရမလဲ" မေးတဲ့အခါမှာ ရှင်းလင်းပြတ်သားပြီး တကယ်အလုပ်ဖြစ်တဲ့အဖြေမျိုး ကျွန်တော်တို့ပေးနိုင်မယ်ဆိုရင် တကယ်ဝိုင်းကူကြမှာပါ။ ပြီးတော့ကမ္ဘာကြီးပေါ်ကဂရုစိုက်ကူညီမှုတွေ အလဟဿ ဖြစ်မသွားအောင်လဲ လုပ်ပေးနိုင်မှာပါ။ ဒါပေမဲ့ အကူအညီပေးဖို့ ရှုပ်ထွေးခက်ခဲခြင်းဟာ ကူညီလိုသူအားလုံးရဲ့ လုပ်ငန်းလမ်းကြောင်း ဖော်ဆောင်ရာပေါ်မှာ အဟန့်အတား တွေဖြစ်နေပါတယ်။ ပြီးတော့ ဒီအကူအညီတွေ တကယ်ထိရောက်လာဖို့လဲ အခက်အခဲ ဖြစ်စေပါတယ်။

    ပြဿနာတစ်ခုကို အဖြေရှာဖို့အတွက် အရှုပ်အထွေးအခက်အခဲတွေကို ဖြတ်သန်းရာမှာ ကြိုပြီး ဟောကိန်း ထုတ်ထားလို့ ရတဲ့ အဆင့်လေးဆင့်ကို ဖြတ်သန်းရပါမယ်။ ဒါတွေကတော့- ပန်းတိုင်ဘာလဲဆိုတာ ဆုံးဖြတ်ပါ။
    အလွယ်ကူ အကျိုးရှိဆုံးနည်းလမ်းကို ရှာပါ။ ဒီနည်းလမ်း အတွက် အသင့်တော်ဆုံး နည်းပညာ တွေကို တီထွင်ပါ။ ဒီလို တီထွင်နေစဉ်မှာတော့ ရှိပြီးသားနည်းပညာကို ဉာဏ်နဲ့ယှဉ်ပြီး အကောင်းဆုံးဖြစ်အောင် သုံးပါ။ ရှိပြီးသား နည်းပညာဆိုတာ ခေတ်မှီဆန်းပြားတဲ့ ဆေးဝါးဖြစ်နိုင်သလို ပိုပြီးလွယ်ကူတဲ့ ခြင်ထောင်လိုဟာမျိုး လဲ ဖြစ်နိုင်ပါတယ်။
  • 8 မှတ်ချက်များ sorted by
  • Vote Up0Vote Down mgpyonemgpyone
    Posts: 953Moderators
    “AIDS” ကူးစက် ရောဂါဟာ ဥပမာ တစ်ခုပါ။ ဒီရောဂါ လုံးဝ ပပျောက်ရေးဟာ ကျွန်တော်တို့ရဲ့ ယေဘုယျ ရည်မှန်းချက်ပါ။ အလွယ်ဆုံးနဲ့အကျိုးဖြစ်နိုင်မဲ့နည်းလမ်း ကတော့ ဒီရောဂါကာကွယ်ရေးပါ။ အကောင်းဆုံး စံချိန်အဖြစ် ထားရမည့် နည်းပညာကတော့ ဆေးတစ်ခါထိုးရုံနဲ့ တသက်လုံးကာကွယ်ပြီးသားဖြစ်မဲ့ ကာကွယ် ဆေးပါ။ ဒါကြောင့်မို့ အစိုးရတွေ၊ ဆေးကုမ္ပဏီတွေ၊ အလှူရှင် အဖွဲ့အစည်း တွေက ကာကွယ်ဆေး သုတေသန ကို ငွေကြေး ထောက်ပံ့ကြပါတယ်။ ဒါပေမဲ့ ဒီဆေးသုတေသနက နောက် ၁၀နှစ် ကျော်ကြာမယ် ဆိုတော့ ဒီအချိန်အတွင်းမှာတော့ ကျွန်တောတို့လက်ဝယ်မှာ ရှိပြီးသားနည်းလမ်းကိုဘဲ သုံးကြရမှာပါဘဲဲ။ အဲဒီ လက်ဝယ်မှာရှိပြီးသား အကောင်းဆုံးနည်းလမ်းကတော့ လူထုကို ရောဂါအန္တရာယ်ရှိတဲ့ အပြုအမူတွေကို ရှောင်ကြဉ်စေဖို့ပါဘဲ။

    ဒီပန်းတိုင်ကိုသွားဖို့ကလဲ စောစောကပြောခဲ့တဲ့ အဆင့်လေးဆင့်နဲ့ဘဲ သွားရပါမယ်။ ဒီ အဆင့်လေးဆင့် ဟာ နမူနာပုံစံပါ။ အရေးအကြီး ဆုံးကတော့ ကာယအား၊ ဉာဏအား စိုက်ထုတ်တာကို ဘယ်တော့မှ မရပ်ဖို့ပါဘဲ။ နှစ်ဆယ်ရာစုထဲမှာ ငှက်ဖျား နဲ့ တီဘီရောဂါတွေကို အရှုံးပေးခဲ့မိသလို အခက်အခဲကို လက်မြှောက်ပြီး အရှုံးမပေးမိဖို့ပါဘဲ။

    ပြဿနာဘာလဲဆိုတာ မြင်ပြီ၊ ချဉ်းကပ်ရမဲ့ နည်းလမ်းလဲ ရှာတွေ့ပြီးပြီ ဆိုရင်တော့ နောက်ဆုံးအဆင့်က ကိုယ်အလုပ်လုပ်တာ ဘယ်လောက်ထိရောက်မှုရှိတယ်ဆိုတာကို တိုင်းတာပြီး ကိုယ့်ရဲ့အောင်မြင်မှု တွေကိုရော၊ ဆုံးရှုံးမှုတွေကိုပါ အခြားသူတွေကို ပြောပြဝေငှဖို့ပါ။ ဒီလို လုပ်ခြင်းဖြင့် အခြားသူများဟာ မိမိရဲ့ကြိုးစား အားထုတ်မှုမှ သင်ခန်းစာယူစရာ ရပါမယ်။

    အလုပ်လုပ်ရာမှာ စာရင်းဇယားတွေထားဖို့လဲ လိုအပ်ပါတယ်။ ဟုတ်ပါတယ်။ မောင်မယ်တို့ရဲ့ လုပ်ငန်းစဉ်က ကလေးငယ် သန်းပေါင်းများစွာပိုပြီး ကာကွယ်ဆေးထိုးပေးနေတယ် ဆိုတာကို ပြနိုင်ဖို့လိုပါတယ်။ မောင်မယ်တို့ရဲ့ လုပ်ငန်းစဉ်ကြောင့် ရောဂါနဲ့သေဆုံးရတဲ့ ကလေးငယ်အရေအတွက် ကျဆင်းလာတယ်ဆိုတာ ပြနိုင်ဖို့လိုပါတယ်။ လုပ်ငန်းစဉ်ကိုတိုးတက်စေဖို့သာ စာရင်းဇယားတွေ မရှိမဖြစ်လိုတာ မဟုတ်ပါဘူး။ စီးပွါးရေးလုပ်ငန်းတွေနဲ့ အစိုးရတွေဆီက ငွေကြေးထောက်ပံ့မှုတွေကို ဆွဲဆောင်ဖို့လဲ စာရင်းဇယားတွေဟာ မရှိမဖြစ် လိုအပ် ပါတယ်။

    ဒါပေမဲ့ လူတွေ စိတ်ဝင်စား အားကျလာအောင်၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက် လာအောင်ကတော့ ကိန်းဂဏန်း တွေနဲ့မလုံလောက်တော့ ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်က လူသားတွေကို တကယ်အကျိုးဖြစ်စေတယ်ဆိုတာ ကိုပြရပါမယ်။ ဒါမှလဲ အသက်တစ်ချောင်းကိုကယ်ခြင်းဆိုတာ ကယ်တင်ခံရသူဒုက္ခသည်မိသားစုတွေ အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိသလဲဆိုတာကို ပြည်သူအများ ရင်ထဲကခံစားနိုင်မှာ ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ နှစ်အတော်ကြာက Davos, Switzerland ကိုသွားပြီး ကမ္ဘာ့ကျန်းမာရေးအကြံပေးအဖွဲ့တစ်ခုရဲ့ အစည်းအဝေးကို သွားတက်ခဲ့တာကို သတိရပါတယ်။ ဒီအစည်းအဝေးက လူသန်းပေါင်းများစွာရဲ့ အသက် ကယ်ဖို့နည်းလမ်းတွေကို ဆွေးနွေးကြဖို့ပါ။ အသက်သန်းပေါင်းများစွာကို ကယ်မှာပါ။ လူ့အသက် တစ်ချောင်းကို ကယ်တင်ရတယ်ဆိုတာ ဘယ်လောက် ပီတိဖြစ်စရာ ရင်ခုန်စရာ ကောင်းသလဲ။ စဉ်းစားကြည့်ပါ။ အဲဒါကို အဆသန်းပေါင်းများစွာ ချဲ့ထွင်ကြည့်ပါ။ ဘယ်လောက်များ စိတ်လှုပ်ရှားစရာ၊ ရင်ခုန်စရာ ကောင်းလိုက် မလဲ။ ဒါပေမဲ့ ……. ဒီဆွေးနွေးပွဲဟာ ကျွန်တော့တစ်သက်လုံး တက်ခဲ့ရတဲ့ ဆွေးနွေးပွဲတွေ အားလုံးထဲမှာ……. ပျင်းစရာ အကောင်းဆုံး……. တစ်သက်လုံးရဲ့ ပျင်းစရာ အကောင်းဆုံး ဆွေးနွေး ပွဲ ပါ။ ကျွန်တော်လိုလူမျိုးတောင်မှ သည်းမခံနိုင်အောင် ပျင်းစရာကောင်းပါတယ်။

    ဒီအတွေ့အကြုံဟာ ဘာကြောင့် ဒါလောက်ထင်းထင်းကြီး ပေါ်နေသလဲဆိုတော့ အဲဒီဆွေးနွေးပွဲကို ကျွန်တော် အခြားပွဲ တစ်ခုကလာခဲ့လို့ပါ။ ဘာပွဲလဲဆိုတော့ ကျွန်တော်တို့ Software တစ်ခုရဲ့ Version 13 ကို စတင်ဖြန့်ချီ တဲ့ပွဲပါ။ အဲဒီပွဲမှာ လူတွေဟာ စိတ်ဓာတ်တက်ကြွပြီး အော်ဟစ်ခုန်ပေါက်နေခဲ့ကြတာပါ။ Software တစ်ခုကြောင့် လူတွေ စိတ်အားတက်ကြွတယ်ဆိုတာ ကျွန်တော်ကြိုက်ပါတယ်။ ဒါပေမဲ့ လူ့အသက်ပေါင်းများစွာ ကယ်တင်ရာမှာ ဘာလို့ပိုပြီးတော့ စိတ်အား မတက်ကြွနိုင်ရမှာလဲ။

    အကျိုးသက်ရောက်မှုတစ်ခုကို တကယ်မျက်ဝါးထင်ထင်မြင်ရ၊ ခံစားလို့ရအောင် လုပ်မပေးနိုင်ရင် လူတွေကို စိတ်အားတက်ကြွအောင် လုပ်လို့မရနိုင်ပါ။ ဒါကို ဘယ်လိုလုပ်ရပါ့မလဲ။ ဒါဟာ ခက်ခဲတဲ့ မေးခွန်းပါ။

    ကျွန်တော် အကောင်းမြင်နိုင်ပါသေးတယ်။ ဟုတ်ပါတယ်။ မတရားမှုဆိုတာ အမြဲတန်းရှိနေခဲ့တာပါ။ ဒါပေမဲ့ အခုကျွန်တော်တို့မှာရှိတဲ့ ရှုပ်ထွေးခက်ခဲမှုကို ဖြတ်သန်းကျော်လွှားနိုင်တဲ့ နည်းလမ်းသစ်၊ ကိရိယာသစ်တွေ က တော့ အရင်ထဲက မရှိခဲ့ပါဘူး။ ဒီနည်းလမ်းသစ် တွေဟာ ကျွန်တောတို့ရဲ့ အကူအညီတွေကို ပိုပြီး အရာရောက်အောင် လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်လဲ အနာဂါတ်ဟာ အတိတ်နဲ့ မတူနိုင်တာပါ။

    ဒီကနေ့ခေတ်ရဲ့ ပြယုဂ်တွေဖြစ်ပြီး တိုးတက်ထွန်းကားနေဆဲ ဖြစ်တဲ့ Biotechnology, Computer နဲ့ Internet တွေက အလွန်အမင်း ဆင်းရဲမွဲတေမှုနဲ့ ကာကွယ်ကုသနိုင်တဲ့ ရောဂါတွေကသေဆုံးမှုတွေကို ပပျောက်အောင် ဆောင်ရွက်ရာမှာ ကျွန်တောတို့တစ်တွေကို ဘယ်တုန်းကမှ မရဘူးခဲ့တဲ့ အခွင့်အလမ်းတွေနဲ့ ပံ့ပိုးပေး နေပါတယ်။

    လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် က George Marshall ဟောဒီ Harvard ဘွဲ့နှင်းသဘင် အခမ်းအနားကို လာပြီး ဒုတိယကမ္ဘာစစ်ပြီးစ ဥရောပနိုင်ငံတွေကို ထောက်ပံ့ကူညီဖို့ စီမံကိန်းကို ကြေညာခဲ့ပါတယ်။ သူက "ကျွန်တော့ အထင်တော့ အခက်အခဲက လက်ရှိပြဿနာရဲ့ ပမာဏ အင်မတန်ကြီးမားမှုနဲ့ နက်ရှိုင်းရှုပ်ထွေးမှုပါ။ ဒီဧရာမ ပြဿနာကြီးကို ရေဒီယိုတွေနဲ့ သတင်းစာတွေက အချက်အလက်တွေ အလုံးအရင်း နဲ့ ပြည်သူတွေကို တင်ပြနေတဲ့အတွက် သာမာန် ပြည်သူတစ်ယောက်အနေနဲ့ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း အကဲဖြတ် သုံးသပ်ဖို့ အလွန်ဘဲခက်ခဲပါတယ်။ လက်ရှိအခြေအနေရဲ့ အမှန်တကယ်အရေးပါမှုကို အဝေးကြည့်အမြင်နဲ့ ခြုံငုံ သုံးသပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။"

    Marshall ဒီမိန့်ခွန်းပြောပြီးလို့ နောက်နှစ်ပေါင်းသုံးဆယ်ကြာပြီး ကျွန်တော့အတန်းက ကျွန်တော်မပါဘဲ ဘွဲ့ယူကြတဲ့နှစ်မှာတော့ ကမ္ဘာကြီးကို ပိုပြီးသေးငယ်သွားအောင်၊ ပိုပြီးပွင့်လင်းလာအောင်၊ ပိုပြီးတော့ မြင် နိုင်အောင်၊ ခရီးတာတိုသွားအောင် လုပ်ပေးမဲ့ နည်းပညာတွေ စတင်ထွန်းကားလာခဲ့ပါတယ်။

    စျေးနှုန်း ချိုသာတဲ့ Personal Computer တွေ ပေါ်ပေါက်လာခြင်းက နေပြီး ပညာသင်ယူရေးနဲ့ ဆက်သွယ်ရေး ဆိုင်ရာ အခွင့်အလမ်းတွေကို ပြောင်းလဲပေးခဲ့တဲ့ အင်အားကောင်းတဲ့ Network တစ်ခုလဲ ပေါ်ပေါက်လာပါတယ်။

    ဒီ Network ရဲ့ မျက်လှည့်ဆန်တဲ့ အချက်က မြေကြော ရှုံ့ပြီးလူတိုင်းကို မောင်မယ်တို့ရဲ့ အိမ်နီးချင်း ဖြစ်အောင် လုပ်ပေးနိုင်ရုံမကပါ။ ဒီ Network ကဘဲ ပြဿနာ တစ်ခုကို ဖြေရှင်း ဖို့အတွက် ဝိုင်းကူပြီးစဉ်းစားပေးနိုင်တဲ့ ဉာဏ်ကြီးရှင် အရေအတွက်ကိုလဲ မျက်လှည့်ပမာ တိုးပွါးစေခဲ့ပါတယ်။ ဒီအချက်ကြောင့်ဘဲ တီထွင်မှု အသစ်အဆန်း ပေါ်ထွက်မှုနှုန်းဟာ အံ့ဩစရာထိုးတက် သွားခဲ့ပါတယ်။

    အဲဒီလို တိုးတက်နေတဲ့အချိန်မှာ ဒီနည်းပညာတွေကို အသုံးပြုခွင့်ရသူ တစ်ယောက်ရှိတိုင်း၊ ကမ္ဘာပေါ်မှာ အဲဒီလို သုံးဖို့ အခွင့်မသာတဲ့သူငါးယောက် ရှိနေပါတယ်။ အဓိပ္ပါယ်ကတော့ ဖန်တီးနိုင်စွမ်းရှိသူ အများအပြားဟာ ပြဿနာဆွေးနွေးပွဲတွေမှာ မပါဝင်နိုင်ဘဲ ကျန်နေသေးတယ် ဆိုတာပါဘဲ။ ဒီကျန်နေတဲ့သူတွေထဲမှာ တကယ် ထက်မြက်တဲ့ လက်တွေ့ဖြတ်ထိုးဉာဏ်နဲ့ တကယ်အသုံးဝင်တဲ့ အတွေ့အကြုံတွေရှိပေမဲ့ နည်းပညာ အခက်အခဲကြောင့် အစွမ်းအစကိုမြှင့်တင်ခွင့်မရသူတွေ၊ သူတို့တွေရဲ့ အကြံအစည်ကို ကမ္ဘာကိုတင်ပြခွင့် မရတဲ့သူတွေ ပါပါတယ်။

    လူများနိုင်သမျှများများ ဒီနည်းပညာကို သုံးခွင့်ရဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီအဆင့်မြင့်နည်းပညာတွေ ကနေပြီး လူသားတစ်ဦးကတစ်ဦးကို အကူအညီပေးရာမှာ ခုန်ပျံကျော်လွှားတိုးတက်မှုကြီး တွေ ဖြစ်အောင် လှုံ့ဆော် ပေးနေလို့ ပါဘဲ။ ဒီတိုးတက်မှုတွေဟာ နိုင်ငံတကာက အစိုးရတွေကိုသာမက တက္ကသိုလ်တွေ၊ ကော်ပိုရေးရှင်းကြီးတွေ၊ အဖွဲ့အစည်းငယ်လေးတွေ နဲ့ လူတစ်ဦးချင်းကိုပါ ပြဿနာတွေကို မြင်နိုင်အောင်၊ ချဉ်းကပ်အဖြေရှာနိုင်အောင်၊ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲမွဲတေမှု နဲ့ လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်က George Marshall ပြောခဲ့တဲ့ အလွန်ဆိုးဝါးတဲ့အခြေအနေမျိုးကို ဖြေရှင်းရာမှာ ဘယ်လောက်ထိရောက်မှုရှိသလဲ တိုင်းတာနိုင်အောင် ကူညီပေးနေကြပါတယ်။

    ဟောဒီမြက်ခင်းပြင် ပေါ်မှာရှိကြ တဲ့ Harvard မိသားစုဝင်တွေဟာ ကမ္ဘာ့ ဉာဏ်ရည် အကောင်းဆုံးလူ အစု အဝေးတွေထဲမှာ တစ်စု အပါအဝင်ပါ။

    ဒီလူစုဟာ ဘာလုပ်ဖို့လူစုလဲ။

    Harvard တက္ကသိုလ်က သင်ကြားရေးအဖွဲ့ဝင်တွေ၊ Harvard ကျောင်းထွက်တွေ၊ Harvard ကျောင်းသားတွေနဲ့ Harvard တက္ကသိုလ်ကို ငွေကြေးလှူဒါန်းကြသူတွေဟာ သူတို့ရဲ့စွမ်းအားကိုသုံးပြီး ဟောဒီနိုင်ငံကိုရော၊ ကမ္ဘာ အဝှမ်းကသူတွေကိုပါ ကူညီပေးခဲ့ကြတယ်ဆိုတာ လူအများသိပြီးဖြစ်ပါတယ်။ သို့သော် ကျွန်တော် တို့ ဒီထက်ပိုပြီး လုပ်ပေးနိုင်ပါသေး သလား။ Harvard ရဲ့ ဉာဏ်ရည်တွေကို Harvard ဆိုတဲ့နာမည်ကိုတောင် ကြားဖူး မှာမဟုတ်တဲ့ လူတွေရဲ့အသက်ကိုကယ်ဖို့ ရည်စူးနိုင်မလား။

    Harvard ရဲ့ ဉာဏ်စွမ်းရည် တွေကို ဦးစီး ခေါင်းဆောင် ပြုကြတဲ့ ဌာန ကြီးမှူး များနဲ့ ပါမောက္ခကြီးများကို ကျွန်တော် မေတ္တာရပ်ခံပါရစေ။ ဆရာအသစ်တွေ၊ ပညာရှင်တွေ ခန့်ထားတဲ့အခါမှာ၊ သင်ရိုးတွေကိုပြန်လည် သုံးသပ်ရာမှာ၊ ဘွဲ့တစ်ခုအတွက် လိုအပ်တဲ့အရည်အချင်းတွေကို ဆုံးဖြက်ရာမှာ ကိုယ့်ကိုယ်ကိုမေးခွန်း ထုတ်ကြပါ။

    ငါတို့ရဲ့ အတော်ဆုံးဦးဏှောက်တွေကို ငါတို့ရဲ့ အကြီးမားဆုံးသော ပြဿနာတွေကိုဖြေရှင်းဖို့ ရည်စူးသင့် ပါသလား။

    Harvard သည်သူ့ရဲ့ သင်ကြားရေးအဖွဲ့တွေကို ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးသော မတရားမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အားပေးသင့်ပါသလား။ Harvard ကျောင်းသူ၊ ကျောင်းသား တွေဟာ ကမ္ဘာအဝှမ်း ဆင်းရဲမွဲတေမှုရဲ့ နက်ရှိုင်းပုံအကြောင်း၊ ကမ္ဘာအနှံ့က ငတ်မွတ်ခေါင်းပါးမှုတွေရဲ့ အကြောင်း၊ သန့်ရှင်းတဲ့ရေ ရှားပါးမှု အကြောင်း၊ ကျောင်းနေခွင့်မရတဲ့ မိန်းကလေးတွေရဲ့ အကြောင်း၊ ကုသနိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးနေရတဲ့ ကလေးငယ်တွေ အကြောင်းတွေကို သင်ယူကြဖို့ သင့်ပါသလား။

    ကမ္ဘာပေါ်မှာ အခွင့်အရေးအရဆုံးသူတွေဟာ ကမ္ဘာပေါ်မှာ အခွင့်အရေးမရဆုံး လူတွေရဲ့အကြောင်းကို သိသင့် ပါသလား။

    ဒါတွေဟာ တကယ်ဖြေကြားဖို့သင့်တဲ့ မေးခွန်းတွေပါ။ ဒါတွေကို Harvard ရဲ့မူဝါဒတွေနဲ့ ဖြေကြားပေးပါလိမ့် မယ်။

    ကျွန်တော့ အမေဟာ ကျွန်တော် Harvard ကို ဝင်ခွင့်ရတဲ့နေ့က အင်မတန်ဂုဏ်ယူခဲ့ပါတယ်။ လူအများကို ပိုပြီး အကူအညီပေးဖို့ ကျွန်တော့ကို အမြဲတိုက်တွန်းခဲ့ပါတယ်။ ကျွန်တော့ရဲ့ မင်္ဂလာဆောင်မတိုင်ခင်လေးမှာ အမေက သတို့သမီး အတွက် ဧည့်ခံပွဲတစ်ခု လုပ်ပေးခဲ့ပါတယ်။ အဲဒီပွဲမှာ သတို့သမီး Melinda အတွက် အိမ်ထောင်မှု အကြောင်း သူရေးထားတဲ့စာကို အားလုံးကြားအောင် ဖတ်ပြခဲ့ပါတယ်။ အမေဟာ အဲဒီအချိန်က ကင်ဆာရောဂါ အပြင်းအထန် ခံစားနေခဲ့ရတဲ့ အချိန်ပါ။ ဒါပေမဲ့ သူပြောချင်တဲ့စကားကို ပြောဖို့အတွက်အခွင့်အရေးကို သူတွေ့ခဲ့ပါတယ်။ Melinda အတွက်စာရဲ့ နိဂုံးမှာ သူရေးခဲ့တာက "အများအပြား လက်ခံရရှိထားသူများ ထံမှ အများအပြား မျှော်လင့်ထားကြသည်" တဲ့။

    ဒီမြက်ခင်းပြင် ထဲမှာရှိတဲ့ကျွန်တော်တို့အားလုံး ကျွန်တော်တို့ရရှိထားကြတဲ့ "အစွမ်းအစတွေ၊ အခွင့်အရေးတွေ နဲ့ အခွင့်အလမ်းတွေ" ကိုစဉ်းစားကြည့်ရင် ကမ္ဘာကြီးက ကျွန်တော်တို့ဆီက ပြန်ပြီး မျှော်လင့်နိုင်တဲ့ ပမာဏဟာ အကန့်အသတ်တောင် မရှိလောက်အောင် ပါဘဲ။

    ဒီနေ့ခေတ်ရဲ့ ရှေ့အလားအလာတွေနဲ့အညီ ဟောဒီကဘွဲ့ရမောင်မယ် တစ်ယောက်ချင်းကို တိုက်တွန်းချင် ပါတယ်။ ကမ္ဘာကြီးမှာရှိတဲ့ ပြဿနာတွေ ထဲကပြဿနာတစ်ရပ် ကိုယူပါ။ တကယ်ခက်ခဲတဲ့ ပြဿနာ၊ နက်ရှိုင်းတဲ့ မတရားမှုတစ်ခုကို အထူးပြုလေ့လာပါ။ တကယ်လို့ အဲဒီပြဿနာကို မိမိအသက်မွေးဝမ်းကျောင်းမှုရဲ့ ဦးတည်ချက်အဖြစ် ထားနိုင်မယ်ဆိုရင်တော့ တကယ် ထူးခြားအံ့ဩဖွယ်ဖြစ်အောင် ကိုလုပ်နိုင်မှာပါ။ ဒါပေမဲ့ အဲဒီလောက် မလုပ်ဘူးဆိုရင်တောင်မှ တကယ်အကျိုးဖြစ်အောင် လုပ်လို့ရပါတယ်။ တစ်ပါတ်ကို နာရီအနည်းငယ်လောက်သုံးပြီး တိုးတက်သထက်တိုးတက်လာတဲ့ Internet ရဲ့ အစွမ်းနဲ့ အချက်အလက်တွေ ရှာဖွေပါ။ ဝါသနာတူသူများကို ရှာပါ။ အတားအဆီးများကို မြင်အောင်ကြည့်ပါ။ အဲဒီအတားအဆီး တွေကို ဖြတ်ကျော်ဖို့နည်းလမ်းတွေကို ရှာပါ။

    ရှုပ်ထွေးခက်ခဲမှုက မောင်မယ်တို့ကို မဟန့်တားပါစေနဲ့။ လှုပ်ရှားတက်ကြွသူများ ဖြစ်ပါစေ။ တကယ်ကြီးမားတဲ့ မတရားမှုကို ကိုင်တွယ်ပါ။ ဒါတွေဟာမောင်မယ်တို့ဘဝရဲ့ ဧရာမအတွေ့အကြုံကြီးတွေ ဖြစ်လာပါလိမ့်မယ်။

    ဘွဲ့ရမောင်မယ်တို့ဟာ အံ့ဩစရာကောင်းတဲ့ ခေတ်ကြီးမှာ အရွယ်ရောက်လာကြသူတွေပါ။ မောင်မယ်တို့ Harvard က ထွက်တဲ့အချိန်မှာ ကျွန်တော်နဲ့အတန်းတူသူငယ်ချင်းတွေမှာ မရှိခဲ့ဘူးတဲ့ နည်းပညာ တွေ မောင်မယ်တို့မှာရှိပါတယ်။ ကျွန်တော်တို့တုန်းကမသိခဲ့ကြ တဲ့ ကမ္ဘာအဝှန်းက မတရားမှုတွေကို မောင်မယ်တို့ သိကြပါတယ်။ အလွယ်တကူကယ်လို့ရတဲ့ လူ့အသက်ပေါင်းများစွာကို မောင်မယ်တို့ မျက်ကွယ်ပြုထား မယ်ဆိုရင်တော့ ဒီအသိကြောင့် မောင်မယ်တို့ကို ပြန်ပြီးနှိပ်စက်မဲ့အသိစိတ်မျိုး မောင်မယ်တို့မှာ ရှိကောင်းရှိပါလိမ့်မယ်။ ကျွန်တော်တို့တုန်းက ရှိခဲ့တာတွေထက်ပိုပြီး ပိုင်ဆိုင်ထားတဲ့ မောင်မယ်တို့ဟာ ကျွန်တော်တို့ထက်ပိုပြီး အလုပ်စောစော စလုပ်ရပါမယ်။ ကျွန်တော်တို့ထက် ပိုပြီးကြာကြာ အလုပ်လုပ်ပေးကြရ ပါလိမ့်မယ်။

    မောင်မယ်တို့ အခုသိနေတဲ့ အသိကြောင့် လုပ်မပေးဘဲရော နေနိုင်ပါ့မလား။

    ့နောင် နှစ်ပေါင်း ၃၀ အကြာမှာ မောင်မယ်တို့ဟာ Harvard ကိုပြန်လာပြီးတော့ မောင်မယ်တို့ရဲ့ အစွမ်းအစတွေ၊ စွမ်းအင်တွေနဲ့ ဘာတွေလုပ်ပေးခဲ့တယ် ဆိုတာကို ပြန်ပြောင်းပြောပြကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့် ပါတယ်။ ကိုယ့်ကိုကိုယ်ပြန်ပြီး အကဲဖြတ်ရာမှာလည်း မိမိရဲ့ အသက်မွေးပညာရပ်မှာ အောင်မြင်မှုတွေသာမက ကမ္ဘာပေါ်က အနက်ရှိုင်းဆုံး မတရားမှုတွေအတွက် ဘယ်လောက်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီးပြီလဲ၊ ကမ္ဘာ့တစ်ဖက်ခြမ်းက ကိုယ်နဲ့လူချင်းသာတူပြီး ကျန်တဲ့နေရာတွေမှာ လုံးဝကွဲပြားခြားနားနေတဲ့ လူသားတွေကို ဘာတွေလုပ်ပေးခဲ့သလဲ ဆိုတာတွေကိုပါ ထဲ့ပြီးအကဲဖြတ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    အားလုံးကံကောင်းကြပါစေ။

    ========================================================

    Bill Gates ပြောသွားတဲ့စကားတွေထဲမှာ "Harvard ရဲ့ အအောင်မြင်ဆုံး ကျောင်းမပြီးသူ" ဆိုတဲ့ စကားကို အရမ်းကြိုက်ပါတယ်.. :D

    ကဲ.. စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ကြရအောင်လား..

  • Vote Up0Vote Down sai kyaw swar waisai kyaw swar wai
    Posts: 495Registered Users
    ကျေးဇူးတင်ပါတယ်.. ပထမတစ်ခုကို ဖတ်ပြီး နှစ်ခု စလုံးကို ကူးယူသွားပါတယ်....
  • Vote Up0Vote Down Moe Zatt KoMoe Zatt Ko
    Posts: 638Registered Users
    ပထမပို့စ်တစ်ခုကိုဘဲ..ကောင်းကောင်းဖတ်လိုက်တယ် .. ကျန်တာတွေကတော့ နောက်မှဆက်ဖတ်ရဦးမယ် ..ကျွန်တော့်စိတ်ထဲမှာ ဘီလ်ထက်ပိုပြီး.. အားကျတဲ့သူရှိသေးလားလို့မေးလာရင် .. steve job လို့ဘဲပြောမိမှာပါ.. ကျွန်တော်...သူ့အကြောင်းစာအုပ်တွေဘဲ များသောအားဖြင့်ဖတ်ဖြစ်လို့လားမသိဘူး.. စိတ်ထဲမှာသူ့ကို တစ်ခြားသူတွေထက်ပိုပြီးအမှတ်ရနေတယ်.. ဘီလ်ဟာလည်း အရမ်းတော်တဲ့ပုဂ္ဂိုလ်ကြီး တစ်ယောက်ဆိုတာ အကြွင်းမဲ့ယုံပါတယ် .. သူ့ရဲ့ Desktop စီမံကိန်းကြီးဟာ မစတင်ခဲ့ဘူးဆိုရင် .. ဒီနေ့ IT ခေတ်ဟာ လူတိုင်းဒီလောက်တိုးတက်လာစရာအကြောင်းမရှိဘူး..ဘီလ်အကြောင်း ပြောရမယ်ဆိုရင်တော့ အများကြီးပါဘဲ..ခြင်္သေ့လိုရဲ့ရင့်တဲ့သူလို့တောင် တင်စားကြပါတယ်... job ကိုတော့ မိုက်ရူးရဲဆန်တဲ့သူရဲကောင်းကြီးတဲ့ဗျာ..
  • Vote Up0Vote Down MorrisMorris
    Posts: 1,740Moderators
    ဖတ်လို ့တော်တော်ကောင်းပါတယ် ဒါနဲ ့အောက်ကပိုစ်ကနှစ်ခုထပ်နေသလိုပဲ :)
  • Vote Up0Vote Down Ko Ko WinKo Ko Win
    Posts: 1,122Registered Users
    မောင်ပြုံးရေ.. ဖတ်ရတာ သိပ်ကောင်းပါတယ်ဗျာ.. ကျွန်တော်က ဘီးလ်ဂိတ်ကို လေးစားတဲ့လူဗျ.. Apple ရဲ့ CEO စတိဂျော့ရှ်ကိုတော့ သူ့အကြောင်းသိပ်မဖတ်ရလို့လားမသိ သိပ်တော့မသိဘူး.. ဒါပေမယ့် ဘီးလ်ဂိတ်ကိုတော့ တကယ်လေးစားပါတယ်.. လေးစားဖို့လည်း ထိုက်တယ်ထင်ပါတယ်. ဘာလို့လဲဆိုတော့ ၀င်းဒိုးထွက်လာပြီးတော့ User Friendly ဖြစ်လာအောင် GUI တွေ ကောင်းအောင်လုပ်နိုင်ခဲ့လို့ လူတွေဟာ ကွန်ပြူတာကို ပိုစိတ်၀င်စားလာတယ်.. ကွန်ပြူတာသုံးတတ်ဖို့ သိပ်မခက်ခဲတော့ဘူး. ပုံလေးတွေကြည့်လုပ်လို့ရမယ်. ပြီးတော့ စျေးနှုန်းလေးတွေကလည်း ပြောရမယ်ဆိုရင် open source ကို မယှဉ်နိုင်ပေမယ့် Apple လောက်တော့ မကြီးဘူးရယ်. လူတိုင်းသုံးနိုင်အောင် စိတ်၀င်စားလာအောင် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့သူဆိုရင် မှားမယ်မထင်ဘူး..

    Mr.Bill Gates, Thanks a lot. :) :) လို့ပဲ ပြောလိုက်ချင်ပါတော့တယ်.. :D

    ကူးသွားတယ်နော်.. အနော့်ဘလော့ခ်ကို..
  • အရမ်းကျေးဇူးတင်ပါတယ် ခင်ဗျာ
    [quote=mgpyone;57365] ရှိပြီးသား နည်းပညာဆိုတာ ခေတ်မှီဆန်းပြားတဲ့ ဆေးဝါးဖြစ်နိုင်သလို ပိုပြီးလွယ်ကူတဲ့ ခြင်ထောင်လိုဟာမျိုး လဲ ဖြစ်နိုင်ပါတယ်။
  • Vote Up0Vote Down Mgmg(Violinist)Mgmg(Violinist)
    Posts: 26Registered Users
    အရမ်းကောင်းပါတယ်
    ဘယ်site ကနေ ယူပြီးဘာသာပြန်ထားတာလဲဗျ
    Original English Version လေးပါဖတ်ရရင်ကောင်းမယ်
  • Vote Up0Vote Down missyoyamissyoya
    Posts: 1Registered Users
    အရမ်းကြိုက်လို့သူငယ်ချင်းတွေ ဗဟုသုတရအောင် သုံးနေကျဆိုဒ်လေးတစ်ခုမှာ စာရေးသူနာမည်နဲ့တကွ ကူးယူဖော်ပြထားပါတယ် :d:d:d:d
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion