မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

modx cms

2»

မှတ်ချက်များ

  • emoemo
    edited January 2011 Registered Users
    Fantisco , auto install script သုံးမရလို့ လက်လျှော့လိုက်တာလား .
    နောက်တစ်ခု ပြောချင်တာက fantisco ကို မသုံးစေချင်ပါ .
    ရေရှည် maintain လုပ်ရင် ပြသနာရှိပါတယ်
    hosting အလိုက် install လုပ်ရတာ ကွဲပြားနိုင်ပေမယ့် ကျွန်တော် လေ့လာကြည့်သလောက် အတော်များများ တူပါတယ်
    ပြသနာ က database name ကို auto increment လုပ်ပြီး တိုးတိုးပေးတာ ပါ .
    ဥပမာ ပထမ လုပ်တဲ့ ဆိုက်က wp001 ဆိုရင် နောက်ဟာကို wp002 လုပ်လိုက်ပါတယ်
    နောက် ကိုယ်က phpmyadmin ကနေ offline က ဟာကို auto drop လုပ်ပြီး တင်မယ်လဲ ဆိုရော ဘယ်ဟာတင်ရမှန်းမသိ ဖြစ်တတ်ပါတယ် .
    ဒါကြောင့် ကျွန်တော် ကတော့ ကိုယ့် hosting ထဲမှာ CMS မှန်သမျှကို တင်ထားပါတယ်
    သက်ဆိုင်ရာ နောက်ဆုံးထွက်တဲ့ cms တွေကိုပါ .
    zip ဖိုင်တွေ နဲ့ဆိုတော့ 3 MB က အများဆုံးပါ ပဲ . နောက် အဲဒါကို ဖြည်ချပြီး rename လုပ် . domain နဲ့ ချိတ် နောက် . ကိုယ် create လုပ်ထားတဲ့ dbname ကို ဖြည့်ပြီး install လိုက်ရုံပါပဲ . လွယ်လဲလွယ် မြန်လဲမြန်ပါတယ်

    အကယ်လို့ အဲဒီ auto increment လုပ်လုပ်ပေးနေတာ ကို ဖြေရှင်းနိုင်မယ့် ဟာရှိရင် လဲ ဖြေပေးကြပါ အုံး
  • edited January 2011 Registered Users
    ကျွန်တော်ဆိုလိုတာအဲ့ဒါမဟုတ်ဘူးခင်ဗျာ
    Free host တော်တော်များများ က file type အချို ့ကို Data base ထဲ မှာ Run ဖို ့ခွင့်မပြုပါဘူးခင်ဗျာ။
    တက်လာတဲ့အဲရာကတော့ Package တင်ရင် .. တစ်ချို ့ဖိုင်တွေကျန်ခဲ့တာပါ။

    FTP ကနေတင်နေရင်းနဲ ့ ကွန်ကရမ်းတော့ တစ်ခါတစ်လေ ကိုယ်လဲသတိမထားမိတတ်တာတွေလဲရှိလို ့ပါခင်ဗျ။
    ပြီးတော့ အစ်ကိုကြီးပြောတဲ့ unzip ဆိုတဲ့ဖန်ရှင် က ကျွန်တော့်ဟိုစ့်ထဲမှာမရှိပါဘူးခင်ဗျာ။ :)

    ကျေးဇူးတင်တယ်နော်
    အဲ့ဘက်ရောက်ဖြစ်ဦးမယ်ထင်၀ူး
    SMF RC4 ထဲနစ်နေလို ့
  • emoemo
    edited January 2011 Registered Users
    Cpanel >> File Manager >> ထဲမှာ Extract , Compress ရှိပါတယ်
    အဲ Cpanel file manager ကနေ မတင်ချင်ရင် လဲ
    ကိုယ့် ဆာဗာထဲမှာ net2ftp တင်လိုက်ပါ . အဲဒီမှာ zip တွေတင်လို့ ရတဲ့ file upload field ပါပါတယ် zip တင်ပြီး ဟိုဘက်မှာ auto ဖြန့်ပေးတဲ့ field လဲပါပါတယ်
  • edited January 2011 Registered Users
    အစ်ကိုကြီးပြောတာ ကောင်းပါတယ်
    net2ftp နဲ ့လုပ်ကြည့်တော့ unzip ဖြည်လို ့ရသွားတယ်ခင်ဗျ။

    ထပ်ပြီးနဲနဲ လျှာရှည်ကြည့်ဦးခင်ဗျာ

    ကျွန်တော်သူတို ့ဆိုက်ကနေ သွားဒေါင်းတော့ Register လုပ်ခိုင်းတယ်
    ကျွန်တော့်မေလ်းကို spam ဖြစ်နေတယ်တဲ့။ :)
    ဘာမေလ်းနဲ ့လုပ်လုပ် အဲ့ message ပဲလာတယ်

    ဘာလို ့ လဲမသိဘူး အဲ့တော့တခြားနေရာကနေ လဲဒေါင်းလို ့ရလားခင်ဗျ

    သံယောဇဉ်မင်း
  • emoemo
    edited February 2011 Registered Users
    modx - ditto . . . က အတော် powerfull ဖြစ်ပါတယ် . joomla က promote front page , Wp က Blog system စတာတွေ ကို စိတ်ကူးရှိသလို ဖန်တီးလို့ ရပါတယ် .
    ကို်ယ် က Ditto နဲ့ Blog တစ်ခု ဖန်တီးရင် . အဲဒီ ထဲ မှာ နောက်ထပ် blog တွေ ကို ထပ်ဖန်တီးလို့ ရပါတယ် .
    WP မှာ category တွေ ထပ်ခွဲ သလို လဲလုပ်လို့ ရပါတယ်
    ဥပမာ
    Blog - >
    post ( tag : ပြည်တွင်းသတင်း ၊ category : သတင်း )
    Blog - >
    Blog ( သတင်း )
    > post ( category : ပြည်တွင်းသတင်း : tag : စီးပွားရေး )
    အဲဒီ အပေါ်က နှစ်မျိုးလုံးကို support လုပ်ပါတယ် . အဲဒီ ထက် ကျယ်ပြန့်စွာလဲ သုံးလို့ ရပါတယ် .
    အဲဒီလ ို လုပ်လို့ ရတဲ့ အခါ Blog တင် မက ပဲ Directory အတွက် လဲ အသုံး၀င်ပါတယ် .
    Blog ထဲ post တွေ ကို A to Z စီပြီး Result ပြတယ် . အဲဒီ ထဲမှာ category အလိုက် ခွဲမယ် .
    နောက် Ajax search နဲ့ category အလိုက် Dropdown နဲ့ result ရှာမယ် .
    ဆိုရရင် yangon directory ဆိုက်အတိုင်းလုပ်လို့ ရပါတယ် .
    အလုပ်အကိုင် ရှာဖွေ ရေး အေဂျင်စီ . နောက် အိမ်ခြံမြေ . ကား အေ၇ာင်းအ၀ယ် စတာတွေကို လွယ်ကူစွာ လုပ်နိုင်ပါတယ် .

    အားလုံး . . အဆင်ပြေကြပါစေ . . .
    ( ကျွန်တော့် ဆီ PM ပို့ထားတဲ့ သူ တွေ အတွက် သာမက အားလုံးပါ သိအောင် ရေးလိုက်ရတာပါ .
    Ditto ရဲ့ parameter အသေးစိတ်ကို တော့ modx forum မှာ အားလုံးရှိပါတယ် .
    နောက် multi blog system ကို လေ့လာချင်တယ် ဆိုရင်တော့ swesonemedia.org မှာ multi blog နဲ့ ရေးထားတဲ့ဟာရှိပါတယ်
    ထပ်ပြီး ပြောရရင် . . ကျွန်တော် ဟာ Modx ၀ါဒ ဖြန့်သမား မဟုတ်ရပါကြောင်းနဲ့ . . . အဲဒီလို Cms တစ်ခုကို အသေဖက်တွယ် ထားတဲ့ သူလဲ မဟုတ်ကြောင်း ထပ်ပြီး ပြောလိုက်ရပါတယ် .
    ( အတော်များများ ကပြော တယ် ။ အစ်ကို့ ဟာ ကြီး က ပြောသလောက်လဲမဟုတ်ပါဘူး . အဲဒါ က ထင်သလောက်လဲ မကောင်းပါဘူး ဆိုပြီး တော့ )
    နောက် modX ဟာ CMF . content management framework ဖြစ်လို့ . . developer များ အတွက် သာ ပိုအဆင်ပြေမယ် . parameters usage တွေများလို့ customer ဆီ user panel လွှဲလိုက်တဲ့ အခါ developer အတွက် အတွင်း ကုတ်တွေ ပိုရေးရတာဖြစ်တာကြောင့် . WP လို user friendly မဖြစ်ပါ ( Post နဲ့ Page ချည်းပဲ သီးသန့် update ပေးလုပ်မယ် ဆိုရင်တော့ တူတူပါပဲ ) . ဒါပေမယ့် mutli blog နဲ့multi template , multi site တွေ ထပ်ထည့် ရင် တော့ . တခြား Cms နဲ့စာရင် လူကြိုက်နညး် ရတာဖြစ်ပါတယ် , menu system အစ . . အစဦးဆုံးသုံးတဲ့ သူတွေ အတွက် ရှုပ်ထွေးပါတယ် ,

    သိချင်တာများရှိရင် PM ပို့နိုင်ပါတယ် ခင်ဗျာ .
  • edited February 2011 Moderators
    ဦးနှောက်ဖောက်စားတာတော့မဟုတ်ပါဘူး ကျန်တဲ့ CMS တွေ နည်းနည်းပါးပါးစမ်းလို ့ရသေးတယ်။ Modx ကြမှ ဘာလုပ်လို ့ဘာကိုင်ရမှန်းကိုမသိတာ။ ကို emo အချိန်ရရင် tutorial လိုမျိုးရေးပေးရင်ကောင်းမလားမသိဘူးခင်ဗျ။
  • edited February 2011 Registered Users
    modx ကမသုံးတတ်သေးရင်တော့ ရှုပ်ပါတယ်..ကျွန်တော်လည်းသိပ်မသုံးတတ်ပါဘူး...ဟီး လုပ်ကိုမလုပ်ဖြစ်တာခင်ဗျ
    အခြား drupal ရောပေါ့..နောက်ဒီမှာကျ အဲ့ဒါကိုသိပ်မသိကြတာလည်းပါတယ်..CMS ဆို Joomla,WP ပဲလူသိများကြတာလေ......ဆရာ ရေ ကျွန်တော်လည်းတောင်းဆိုပါတယ်ခင်ဗျာ...ကျူတိုရီယယ်လေးရေးပေးပါဦး :)
  • Registered Users
    ကျွန်တော်လည်း wordpress ပဲ သုံးဖူးသေးတယ်။ အဲဖိုရမ်အတွက်ဆိုရင်ကျတော့ phpbb, smf ဒါတွေ ကျတော့အနည်းအကျဉ်းလေ့လာဖူးပါတယ်ဗျာ ဒီ modx ကိုတော့ တစ်ခါမှမသုံးဖူးသေးမှ နောက်မှ စမ်းသုံး ကြည့်အုံးမယ်
  • emoemo
    edited August 2011 Registered Users
    sorry everybody , Modx Evolution is just end at version 1.5 and now Modx Revolution is released . But i don't use Revolution version , bcause it is not compitable with our connection . Now i used Wordpress , Modx Evo ( Code Base Modx ) . If you interested to write plugins ,or php , i recommend Modx Evo is very userful . Because modx evo is Code Base CMF ( content management frame work ) . It is not CMS and different with WP, Joomla , Drupal .
  • Bro.,
    I'm beginner .
    Could I know it can be create a Social Network ?
    I was just downloaded & installed in my local server but I don't know how to install module
    on this MODx . Thank !
Sign In or Register to comment.