မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Deep Freeze

edited October 2009 in Help Desk
Deep Freeze မှာ ဘယ်Drives တွေကို freeze လုပ်ထားလဲဆိုတာ ဘယ်လိုပြန်ကြည်.ရလဲမသိလို.ပါ။ ကူညီပေးကြပါခင်ဗျာ။ C ကိုပဲ freeze လုပ်မိတာလား၊ Drives အားလုံးကိုပဲ freeze လုပ်မိတာလား မသဲကွဲတော့လို.ပါ။

မှတ်ချက်များ

  • edited September 2009 Registered Users
    များသောအာဖြင့်c ကိုပဲလုပ်တာပါအစ်ကို
    Deep Freeze အသုံးပြုနည်း
    [URL]http://www.mediafire.com/file/hykjwnyjirf/Deep[/URL]

    :)
  • edited September 2009 Registered Users
    8vilboy;53844 said:
    Deep Freeze မှာ ဘယ်Drives တွေကို freeze လုပ်ထားလဲဆိုတာ ဘယ်လိုပြန်ကြည်.ရလဲမသိလို.ပါ။ ကူညီပေးကြပါခင်ဗျာ။ C ကိုပဲ freeze လုပ်မိတာလား၊ Drives အားလုံးကိုပဲ freeze လုပ်မိတာလား မသဲကွဲတော့လို.ပါ။
    Deepfreeze က အင်စတောလုပ်ချိန်မှာ drive နှစ်ခုလုံးကို အုပ်ထားပါတယ် ကိုကသာ ရွေးပေးရတာပါ ဘယ်မှာ အုပ်ထားလဲ သိချင်ရင် သိချင်တဲ့ အပိုင်းမှာ ဖိုင်တစ်ခုလောက် ဆောက်ကြည့်ပါ ပြီးရင် restart ချကြည့်လိုက်ပါ အဲ့ဒီနေရာကို ပြန်ကြည့်လိုက်ပါ ကိုယ်ဆောက်တဲ့ဖိုင်ရှိသေးတယ်ဆိုရင် အဲ့ဒီအပိုင်းမှာ အုပ်မထားဘူးဆိုတာ သိနိုင်ပါတယ် အကယ်၍ မရှိတော့ဘူးဆိုရင်တော့ Deepfreeze နယ်ထဲမှာ သူရှိတယ်လို့သာမှတ်ပါ အဲ့ဒါဆိုရင် ဘယ်အပိုင်းမှာ အုပ်ထားလဲ မအုပ်ထားလညး်ဆိုတာ သိနိုင်ပါတယ် . C:\ ကိုပဲ အုပ်ချင်ပြီး D:\ကိုပြန်ဖြုတ်ချင်ရင်တော့ ဆော့၀ဲ တစ်ခုလုံးပြန်အင်စတောလုပ်မှရမယ်နဲ့တူပါတယ် စမး်တော့ မကြည့်ရသေးပါဘူး .:103::103:
  • edited September 2009 Registered Users
    Deepfreeze ကို ဖြုတ်ချင်ရင်တော ့ Undeepfreeze ဆိုတဲ ့software ရှိတယ်ခင်ဗျ
    အခု ဆိုရင်တော ့ version 6 လောက် ထိ ထွက်နေပါပြီ
    အရင်တုန်းက တော ့လက်ဝယ်ပိုင်ဆိုင်ဖူးတယ်ခင်ဗျ.အခုတော ့ Virus ကိုက်လို ့လစ်ကုန်ပြီ
    ကို ဂေလ်းဖင်ကားဆီမှာတော ့ကျန်သေးတယ်ထင်တယ်..
    လိုအပ်ရင်တောင်းလိုက်ပါ ခင်ဗျ...ကိုဂေလ်းဖင်ကားကို

    ပျော်ရွှင်ပါစေ
  • edited September 2009 Registered Users
    Deep Freeze ကို install လုပ်တဲ့အခါမှာ C ကိုဘဲလုပ်မှာလား C/D ကိုလုပ်မှာလားလို့ရွေးလို့ရတယ်လေ။
  • edited September 2009 Registered Users
    Zarni aung;53895 said:
    Deepfreeze ကို ဖြုတ်ချင်ရင်တော ့ Undeepfreeze ဆိုတဲ ့software ရှိတယ်ခင်ဗျ
    အခု ဆိုရင်တော ့ version 6 လောက် ထိ ထွက်နေပါပြီ
    အရင်တုန်းက တော ့လက်ဝယ်ပိုင်ဆိုင်ဖူးတယ်ခင်ဗျ.အခုတော ့ Virus ကိုက်လို ့လစ်ကုန်ပြီ
    ကို ဂေလ်းဖင်ကားဆီမှာတော ့ကျန်သေးတယ်ထင်တယ်..
    လိုအပ်ရင်တောင်းလိုက်ပါ ခင်ဗျ...ကိုဂေလ်းဖင်ကားကို

    ပျော်ရွှင်ပါစေ
    deepfreeze လိုချင်ရင်တော့
    ဒီမှာ . http://www.4shared.com/file/130642369/e9019f9d/Deepfreeze_fullrar.html
    deepfreeze ကော undeepfreeze ကော ပါ သုံးချင်တယ်ဆိုရင်ပေါ့ Guide file လေးကောပါပါတယ် စမ်းကြည့်ပေါ့ ဖြုတ်ချင်ရင်လည်း သုံးကြည့်ပေါ့ဗျာ အဆင်ပြေကြမယ်ထင်ပါတယ်
  • edited September 2009 Registered Users
    ပြန်ဖြုတ်ရတာလွယ်ပါတယ်။ Install လုပ်တဲ့ exe file ကိုပဲပြန် Run ရင် Uninstall လုပ်လို့ရပါတယ်......။
  • edited September 2009 Registered Users
    Defreez နဲ့ HD Guard ဘယ်ဟာ ပိုကောင်းမယ်ထင်လဲ........?
    ပြောကြပါအုံး။
  • edited September 2009 Registered Users
    sirdway;54093 said:
    Defreez နဲ့ HD Guard ဘယ်ဟာ ပိုကောင်းမယ်ထင်လဲ........?
    ပြောကြပါအုံး။
    defreez ကပိုကောင်းတယ်ကျွန်တော်ထင်တာနော်
    ့HD Guard ကvirus မ၀င်ဘူသေဘူ
    Defeezeကတော့၀င်ဘူတယ်
    သုံးလို့ကောင်းတာကတော့Defreeze ပါ:P
    ကျွန်တော်ကြိုက်တာနော်:D
  • edited September 2009 Registered Users
    ဆက်တင်တွေမပျောက်စေမယ့် Deep Freeze ဆော့ ဖ်၀ဲ
    [CENTER][CENTER][/CENTER][/CENTER]
    ကိုယ့် ရဲ့ ကွန်ပျူတာမှာရှိတဲ့ ကိုယ်ပိုင် ဆက်တင်တွေကို တစ်စုံတစ်ယောက် က စရင်းနောက်ရင်း ပြင်သွားတဲ့ အခါမျိုး ၊ တခြားဆော့ဖ်၀ဲတွေကို install လုပ်သွားတဲ့ အခါမျိုးတွေမှာ ကိုယ့်ရဲ့ စက်ကို ထားခဲတဲ့ အခြေအနေတိုင်း ပြန်ပြီးရှိစေချင်တယ်ဆိုရင်တော့ Deep Freeze ဆိုတဲ့ ဆော့ဖ်၀ဲလေးက ကူညီပေးနိုင်ပါမယ်...
    Deep Freeze
    ဆိုတာ ကွန်ပျူတာထဲမှာ တခြားသူတွေ ဘယ်လိုဘဲ ၀င်ရောက်ပြင်ဆင်လိုက်ပေမယ့် restart ချလိုက်လို့ စက်ပြန်တက်လာတဲ့အခါမူလရှိတဲ့ ၀င်းဒိုးရဲ့ အခြေအနေတိုင်း ကိုယ့်ရဲ့ စက်တင်တွေကို မပျောက်မပျက်ရှိနေအောင် ကာကွယ်ပေးနိုင်တဲ့ ဆော့ဖ်၀ဲတမျိုးပါ Deep Freeze မှာ Frozen နဲ့ Thawed ဆိုပြီး အဆင့် နှစ်ဆင့် ရှိပါတယ်။ Frozen ကိုရွေးထားရင် စက်ကို restart ပြန်လုပ်လိုက်တဲ့အခါ ပြင်ဆင်ထားခဲ့ သမျှတွေအားလုံး Deep Freeze ကဖျက်လိုက်ပြီး မူလအခြေအနေကိုပြန်ရောက် သွားစေပါတယ် Thawed ကိုရွေးထားမယ်ဆိုရင်တော့ ကိုယ့်စိ်တ်ကြိုက် ဆက်တင်တွေကို ပြင်ဆင်နိုင် install လုပ်နိုင်ပါတယ်...
    ဒါပေမယ့် စက်ထဲမှာရှိတဲ့ ဆော့ဖ်၀ဲ တွေကို update လုပ်မယ်ဆိုရင်တော့ Thawed အနေ ကို ရွေးထားဖို့ လိုပါတယ်။ DF6Std.exe ဖိုင်ကို ကလစ် နှစ်ချက်လောက် ခေါက်လိုက်ရင် installation dialog ပေါ်လာပါလိမ့်မယ်...
    ကိုယ်ကြိုက်တဲ့ Drive ကို Freeze လုပ်နိုင်ပေမယ့် Drive အားလုံးကို လုပ်ထားရင်ပိုကောင်းပါတယ်....
    Deep Freeze
    ကို install လုပ်နေစဉ်တွင် antivirus ဆော့ဖ်၀ဲ နဲ့ အခြား program တွေကို ပိတ်ထားဖို့ လိုပါတယ် ထုံးစံအတိုင်း ပေါ်လာတဲ့ အဆင့် တိုင်း install လုပ်ပါ..စက်ပြန်တက်လာတဲ့ အခါမှာ Deep Freeze program ထဲ ၀င်နိုင်ဖို့ password တောင်းတဲ့ screen တစ်ခုပေါ်လာပါမယ် ဒါပေမယ့် အဲဒီ screen ဟာ 10 seconds ပေါ်ပြီးပြန်ပျောက်သွားမှာပါ..10 seconds အတွင်း password ရိုက်မထည့်ခဲရင်လည်း နောက်ပြန်ပြီး password ထည့်လို့ရပါတယ်...
    Deep Freeze program
    ကို ကိုယ့် ရဲ့ စက်ကနေ ပြန်ပြီး ဖြုတ်မယ်ဆိုရင်တော့ Thawed ကိုပြန်ရွေးထားရပါမယ်..
    Deep Freeze program
    ကို လိုအပ်သလို ပြောင်းလဲနိုင် ဖို့ နည်းလမ်းနှစ်မျိုးရှိပါသည်..SHIFT ကီးကို ဖိထားပြီး Deep Freeze icon လေးကို ကလစ် နှစ်ချက်ခေါ်က်လိုက်ပါ...
    ဒါမှမဟုတ် ကီးဘုတ်က CTRL+SHIFT+ATL နဲ့ F6 ကို တွဲနှိပ်လိုက်ရင် password တောင်းတဲ့ dialog box ပေါ်လာမယ်..ကိုယ့်ရဲ့ password ကိုရိုက်ထဲ့ ပါ..
    Password
    သတ်မှတ်မထားခဲ့ရင် ဘာမှမရိုက်ဘဲ ok ကို နှိပ်လိုက်ပါ..Boot Control, Password, Clone ဆိုတဲ့ tabs သုံးခုနဲ့ Deep Freeze dialog box ပေါ်လာမယ်...
    Boot Control tab
    ကတော့ Deep Freeze ကို အသုံးပြု ဖို့ ဖြစ်ပြီး password tab ကတော့ Deep Freeze program ထဲ ကို သူများတွေ မ၀င်နိုင် မပြောင်းနိုင်ဖို့ အတွက်ပါ....Clone tab ကတော့ registry setting file ကို ကော်ပီပွားနိုင်ဖို့ အတွက်ပါ...
    Deep Freeze program
    အလုပ်လုပ်နေတယ်ဆိုရင် start menu bar ရဲ့ နာရီဘေးမှာ Frozen icon လေးပေါ်နေမှာပါ..program ကို အလုပ်မလုပ်အောင် ရပ်ထားတယ်..Thawed ကိုရွေးထားတယ်ဆိုရင်တော့ Frozen icon ပေါ်မှာ အနီရောင် ကြက်ခြေခတ် တစ်ခုပေါ်နေမယ်...
    4MB
    နီးပါးသာ ရှိပါတယ်..Deep Freeze ဆော့ဖ်၀ဲ ကို အင်တာနက်ဆိုင်တွေ ၊ ကွန်ပျူတာသင်တန်းတွေ အပြင် IT စိတ်၀င်စားတဲ့ သူတွေတော့ သိပြီး ၊ ရင်းနှီးပြီးသားဖြစ်မှာပါ အခု ကျွန်တော် ပြန်တင်ပေးလိုက်တာ ကလဲ မသိသေးသူများအတွက်ပါဗျာ..ဘာဘဲဖြစ်ဖြစ် ကိုယ်ရဲ့ စက်တင်တွေကို စိတ်ချနိုင်ဖို့ အတွက်ဆိုရင် Deep Freeze ဆော့ဖ်၀ဲ က တစ်ဖက်တစ်လှမ်းကနေ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်

    program ကို disable အရင်မလုပ်ပဲ uninstall လုပ်လို့ပါ။
    အရင်ဆုံးအဲဒီ program ကို disable လုပ်ပါ။ DF က အလုပ် လုပ်နေရင် icon tray အနေနဲ့ရှိနေပါတယ် ။ shift ကိုနှိပ်ထားပြီး icon ကို double click ပါ။ box တစ်ခုပေါ်လာပါလိမ့်မယ်၊။ အဲဒီမှာ Thawed ဆိုတဲ့ mode ကိုပြောင်းလိုက်ပါ ။ ပြီးရင် ကျွန်တော်ပြောသလိုuninstall လုပ်ကြည့်ပါ
    ရေးထားတာတော်တော်ကောင်းလို့ ပြန်လည်မျှေ၀ပေးလိုက်တာပါ
    myanmarfamily မှကူးယူဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်
  • edited September 2009 Registered Users
    ဘယ် Drive တွေကို ချုပ်ထားလဲ ဆိုတာဒီလိုလေးစမ်းကြည့်လိုက်ပါလား
    ကွန်ပျူတာဖွင့်ပီးပီးချင်း ရှိသမျှ Drive တွေထဲမှာ New Folder တွေဆောက်ပီးရင် Restart ချကြည့်လိုက်ပါ။
    အဲ Deepfreeze ကိုတော့ Froozen လုပ်ပီးမှစမ်းရမှာနော်
    အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးပါ
  • edited September 2009 Registered Users
    Deep Freeze Standard 6.00.020.1523.exe uninstrall လေးရှိရင်တင်ပေးစေလိုပါတယ်
    ကျေးဇူးပါ။
  • edited September 2009 Registered Users
    thaung.mdy;55903 said:
    Deep Freeze Standard 6.00.020.1523.exe uninstrall လေးရှိရင်တင်ပေးစေလိုပါတယ်
    ကျေးဇူးပါ။
    Deep Unfreezer 1.6 ပါ သုံးတတ်လိမ့်မယ်ထင်ပါတယ် ..

    အဲဒါကို Run ပြီး .. Boot Thawed ကိုရွေးပြီး save status ကို ရွေးပေးလိုက်ပါ.. ပြန်တက်လာရင် ..Task Manager ရဲ့ Process Tab ကိုသွားပြီး .. deep freeze ကို End Process လုပ်ပြီး .. ဖိုင် location ကို သွားဖျက်လို့ရပါပြီ.. Restart လုပ်လိုက်ရင် .. Deep Freeze ပျက်သွားပါပြီ..

    image


    http://www.mediafire.com/?w0tnmcmhjk2

    http://www.mediafire.com/?22p92jjezz0
  • edited October 2009 Registered Users
    Moe Zatt Ko;55910 said:
    Deep Unfreezer 1.6 ပါ သုံးတတ်လိမ့်မယ်ထင်ပါတယ် ..

    အဲဒါကို Run ပြီး .. Boot Thawed ကိုရွေးပြီး save status ကို ရွေးပေးလိုက်ပါ.. ပြန်တက်လာရင် ..Task Manager ရဲ့ Process Tab ကိုသွားပြီး .. deep freeze ကို End Process လုပ်ပြီး .. ဖိုင် location ကို သွားဖျက်လို့ရပါပြီ.. Restart လုပ်လိုက်ရင် .. Deep Freeze ပျက်သွားပါပြီ..

    image


    http://www.mediafire.com/?w0tnmcmhjk2

    http://www.mediafire.com/?22p92jjezz0

    deep freeze not detected လို့ပြနေပါတယ်........
    ပြန်ပြီး Thaw လုပ်လို့မရပါခင်ဗျာ.......................
    ကူညီပါအုံး...password မေ့သွားလို့ပါ.................
    version ကတော့ 6.30.050.1818 ဖြစ်ပါတယ်......
    :103::103::103::103::103::103::103::103::103::103:
Sign In or Register to comment.