မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

အင်ဒီဇိုင်း စသုံးမယ့် သူတွေအတွက်

edited January 2011 in DTP
မင်္ဂလာပါ
အင်ဒီဇိုင်းကို တချိန်ချိန်မှာတော့ မဖြစ်မနေ ပြောင်းကြရတော့မှာပါ။ အများဆုံး နောက် ၂နှစ် ၃နှစ်လောက်မှာပေါ့။ ပေ့ချ်မေ့ကာက ဗားရှင်း ၇ မှာဘဲ ရပ်သွားပြီမဟုတ်လား။
ဒီတော့ အခုကတည်းက စလေ့လာချင်သူတွေအတွက် နည်းနည်းလောက် အာပေါဦးမယ်ဗျာ။
InDesign vs PageMaker ဘာကွာသလဲ မေးရင် ဒက်စတော့ ပတ်ဗလစ်ရှင်းအတွက် တူတူအလုပ်လုပ်တာပါဘဲ။ သို့သော် အင်ဒီဇိုင်းက အားသာချက်တွေအများကြီးရှိတယ်ဆိုတာ တွေ့လာရမှာပါ။

ဥပမာ...
၁။ Table တည်ဆောက်တာ (Table သက်သက်တည်ဆောက်နိုင်သလို Tab ကိုလည်းသုံးနိုင်ပါတယ်။ အင်ဒီဇိုင်း Tab က ပေ့ချ်မေ့ကာ Tab နဲ့ ဘာမှမဆိုင်၊ မဆိုင်ရေးချမဆိုင်။ ပိုကောင်းပါတယ်ခင်ဗျာ။)
၂။ နောက်တော့ မာတိကာတည်ဆောက်ပေးတာ (အော်တိုပါဘဲ။ ဘာမှလုပ်စရာမလိုဘူး။ စာကိုယ်ထဲမှာ ပြင်ဆင်ထားတာရှိရင်လည်း update Table of Contact လုပ်လိုက်ရင် စာမျက်နှာနံပါတ်ကအစ အားလုံးအော်တို ပြောင်းပေးပါမယ်။)
၃။ အရောင်ပြေးတွေ ကစားနိုင်မယ်။ (object မှာရော text မှာပါ ကစားနိုင်ပါမယ်။)
၄။ ခေါင်းစဉ်တွေ၊ bodytext တွေအားလုံးကို ထိန်းချုပ်ထားနိုင်မယ်။
၅။ နောက်ထပ် File > Package ကလည်း အများကြီး အဆင်ပြေစေပါတယ်။ (PageMaker မှာတုန်းက ဖိုင်တခုကို ပုံနှိပ်စက်ယူသွားမယ်ဆိုရင် ဖောင့်၊ ရုပ်ပုံစတာတွေ အားလုံးကို တခုစီပြန်စုဆောင်းပြီး အားလုံးစုံအောင်ယူသွားခဲ့ရတယ်။ အင်ဒီဇိုင်းမှာကတော့ Package လုပ်လိုက်ရင် လိုတဲ့ ဖောင့်တွေ၊ ရုပ်ပုံတွေအားလုံး သူ့ဘာသာသူ စုပေးပါမယ်။)

အများကြီးပါဘဲ။ ထားပါ။ အခုဒီမှာ ကျနော် အစကနေ ရေးကြည့်ပါမယ်။ ရှင်း/မရှင်း။ အဆင်ပြေ/မပြေ ပြန်စာလေးတွေ ရေးပေးပါခင်ဗျား။
ခင်မင်စွာဖြင့်
ဇူးလူး

မှတ်ချက်များ

  • edited March 2008 Registered Users
    မင်္ဂလာပါ
    အင်ဒီဇိုင်း ဖိုင်အသစ်တခုရယူဖို့အတွက် File > New > Document (Ctrl N) ဆိုရင် box တခုပေါ်လာပါမယ်။
    အဲဒီမှာ ကိုယ်လိုချင်တဲ့ စာရွက်အရွယ်အစားရွေးပါ။ A4, Legal စသဖြင့်ပေါ့။
    အဲ ... Margin မှာကျတော့ Inches နဲ့ မပြတဲ့အတွက် နည်းနည်း ဒုက္ခရောက်ပါမယ်။ အဲဒီမှာ inches နဲ့ မြင်ချင်တယ်ဆိုရင် Edit > Preference > Units & Increments ကိုဖွင့်ပြီး Ruler units မှာ Picas ဖြစ်နေတာတွေကို inches ပြောင်းပေးဖို့လိုပါမယ်။
    ပြင်ဆင်ပြီးလို့ရှိရင် စာရွက်အလွတ်ပေါ်လာပါမယ်။ အင်ဒီဇိုင်းစာရွက်ဖွဲ့စည်းပုံက MS Word လို အပေါ်အောက် ဆက်သွားတာဖြစ်ပါတယ်။
    စာရွက်ထပ်ထည့်ချင်ရင် Layout > Insert Page
    စာရွက်ဖျက်ချင်ရင် Layout > Move Page
    စာရွက် တရွက်ကနေတရွက်ကိုရွှေ့ဖို့အတွက် Hand tool ကိုသုံးနိုင်သလို Scroll bar ကိုလည်းသုံးနိုင်ပါတယ်။
    ဒါမှမဟုတ် ညာဘက်အပေါ်ဒေါင့်နားရှိတဲ့ Page ထဲမှာ ကိုယ်သွားချင်တဲ့စာမျက်နှာကို double click လုပ်ပြီးသွားနိုင်ပါတယ်။
    ဒါမှမဟုတ် အောက်ဘက်နားရှိတဲ့ စာမျက်နှာတွေကိုဖွင့်ပြီးလည်း သွားနိုင်ပါတယ်။
    အိုကေမယ် ထင်ပါတယ်နော။
    ပြောင်းသွားပုံကလေးတွေ မျက်စိလည်သွားမှာစိုးလို့ ဒါကိုအရင်ရှင်းပြတာပါ။
    ဆက်ရန် ရှိသေးသည် ...

    အဆင်ပြေပါစေဗျာ။ မေးခွန်းများကြိုဆိုလျှက်
    ခင်မင်စွာဖြင့်
    ဇူးလူး
    1AuvQr-6d934519903664cd8f3a9a0d7890d4e5.jpg
  • edited March 2008 Moderators
    အစ်ကိုကြီး ကျွန်တော်လဲ ပြောင်းနိုင်အောင်ကြိုးစားနေတယ်..
  • edited March 2008 Registered Users
    မင်္ဂလာပါ
    www.youtube.com ကိုသွားပြီး Search ကနေ InDesign လို့ရှာလိုက်မယ်ဆိုရင် အင်ဒီဇိုင်း ကျူတိုရီရယ်တွေ တပုံကြီးထွက်လာတာတွေ့ရပါလိမ့်မယ်။ အဲဒီထဲကမှ ကိုယ်ပိုသိချင်တာကိုရွေးပြီးတခုပြီးတခုဖွင့်ကြည့်ပေါ့ဗျာ။

    အင်တာနက်ထဲ တိုက်ရိုက်ကြည့်ရတာ နှေးတယ်ဆိုရင်တော့ စက်ထဲအရင်ဆွဲချပြီးမှ ကြည့်ပေါ့ဗျာ။ youtube ဗီဒီယိုတွေ (ဒေါင်းလုတ်မတတ်သေးသူတွေအတွက်) ဘယ်လိုဒေါင်းလုတ်သလဲဆိုတာ တနေရာမှာ ပြန်ဖော်ပြပေးပါမယ်။

    ဒါက youtube မှာ search လုပ်ထားတဲ့ စာမျက်နှာပါ ...
    http://www.youtube.com/results?search_query=indesign&search_type=

    ခင်မင်စွာဖြင့်
    ဇူးလူး
  • edited March 2008 Registered Users
    မင်္ဂလာပါ
    စောစောက အင်ဒီဇိုင်းကျူတိုရီရယ်တွေ ဒေါင်းလုတ်ဖို့က အောက်ကလင့် စာမျက်နှာမှာ ကိုဒီဘီအေ ပြောထားပြီးသားဖြစ်နေလို့ အဲဒီမှာဘဲ ကြည့်လိုက်ကြပါဗျာ။
    http://www.mysteryzillion.com/forums/showthread.php?t=331
    ဖိုင်းယားဖောက်စ်ရဲ့ Video download helper ကိုသုံးထားတာပါ။
    ပြန်ဖွင့်ကြည့်ဖို့အတွက်ကတော့ GOM Player နဲ့ဆို ဘာဖော်မတ်မှ ပြောင်းစရာမလို။ တိုက်ရိုက်ဖွင့်နိုင်ပါတယ်။
    ခင်မင်စွာဖြင့်
    ဇူးလူး
  • edited March 2008 Registered Users
    မင်္ဂလာပါ
    အင်ဒီဇိုင်းမှာ စာဘယ်လိုစရိုက်သလဲ ကြည့်ရအောင် ...
    ပေ့ချ်မေ့ကာမှာတုန်းကတော့ cursor ချပြီး ရိုက်လို့ရပြီပေါ့နော။
    အင်ဒီဇိုင်းမှာကျတော့ text frame အရင်သတ်မှတ်ပေးရပါမယ်။ (စာဧရိယာကို drag ဆွဲပြီးသတ်မှတ်ပေးတာပါ။)
    text frame ချပြီးမှ စာရိုက်လို့ရမယ်။ table တွေ၊ ရုပ်ပုံတွေ ထည့်ပေးလို့ရပါမယ်။
    ကိုယ်လိုချင်သလောက် အတိအကျရဖို့ကိုတော့ မြားပုံ (selection tool) (tool box ဘယ်ဘက်အပေါ်ဒေါင့်ဆုံးမှာရှိတယ်။) နဲ့ ပြန်ညိပေးပေါ့ဗျာ။
    နောက်မှဆက်ရေးဦးမယ်ဗျာ။ ဒီမှာ ဟက်ပီးဘတ်ဒေးစက်အသစ်တွေ ထပ်ရောက်လာလို့။
    ခင်မင်စွာ
    ဇူးလူး
  • edited March 2008 Registered Users
    ကို Zuluရေ..
    သိပ်ကိုကျေးဇူးတင်ပါတယ်.. ကျွန်တော်ကအခု PageMaker 7 ကနေ INDesign ကိုပြောင်းသုံးဖို့ကြိုးစားနေတဲ့သူပါ.. လေ့လာပေမယ့်လည်း ပါရမီက မပါတဲ့အတွက် အခက်အခဲတွေ နဲ့ ရင် ဆိုင်နေရပါတယ်..
    ဥပမာ ပေါ့ဗျာ... စာအုပ်တစ်အုပ်ထုပ်ဖို့ ဘယ်လိုပြန်လုပ်ရမယ်ဆိုတာကို မသိတာပါ။ A3 စာရွက်နဲ့ ထုတ်ချင်တာ ထွက်လာရင် စာအုပ်သေးသေးလေး ( A4 တစ်၀က် )ဖြစ်ချင်တာ ဘယ်လိုသတ်မှတ်ရမယ်ဆိုတာ မသိလို့ မေးလိုက်တာပါ။ အခုမှ စာအုပ်စစ ထုတ်မှာမို့လို့ ကူညီနို်င်ရင် ကူညီပေးပါဦး..

    စာအုပ်တစ်အုပ်လုံးရဲ့ ထုတ်ပုံထုတ်နည်းလေးပေါ့..

    စောင့်မျှော်နေမယ်နော်.. ကျေူဇူးတင်ပါတယ်ဗျာ....
    :77:
  • edited March 2008 Registered Users
    သည် တော့ပစ်လေးကို စတင်ပေးတဲ့ ကိုဇူလူးကို ကျေးဇူးတင်ပါတယ်ဗျို ့။ ကျွန်တော်လည်း အခုမှ
    အင်ဒီဇိုင်းကို စတင်လေ့လာနေတဲ့သူပါ။ များများလေး အတွေ့အကြုံတွေကို ေ၀မျှဖို့ တောင်းဆိုပါရစေ။
    ကျွန်တော်ကတော့ ဘာမှသိပ်မသိဘူး။ လူများတွေ ေ၀မျှတဲ့ဟာကို စောင့်လေ့လာနေရတယ်ဗျို ့။

    အထူးအားပေးလျှက်
    ဖိုးချစ် :d
  • edited March 2008 Registered Users
    သားကအဲဒါသိ၀ူး
    :d
  • edited March 2008 Registered Users
    မင်္ဂလာပါ
    အင်ဒီဇိုင်း စာရွက်အရွယ်ချိန်တာက PM နဲ့ မကွာလှပါဘူး။

    File > Document Setup မှာ သွားချိန်ပေးရပါမယ်။ (ဖိုင်အသစ်တခုယူရင် အဲဒီ Document Setup box အရင်ပွင့်လာပါမယ်။ PM နဲ့ တူပါတယ်။) Paper Size နေရာမှာ ကိုယ်လိုချင်တဲ့ စာရွက်အရွယ်ကိုရွေးပေးပြီး OK လုပ်ရုံပါဘဲ။

    စာရွက်အရွယ်တွေတော့ သိထားဖို့လိုပါလိမ့်မယ်။ စာရွက်တွေမှာ A series, B series ဆိုပြီး ရှိပါတယ်။
    A series မှာ A 0 (zero) က စပါတယ်။
    အကြီးဆုံးက A0
    သူ့တ၀က်က A1
    နောက်တ၀က်က A2
    စသဖြင့် တ၀က်စီတိုင်းကို နံပါတ်တခုချင်းပြောင်းသွားပါတယ်။
    A4 ရဲ့ တ၀က်အရွယ်ဆို A5 ပေါ့လေ။

    ဆိုတော့က ၀တ္ထုစာအုပ်လိုအရွယ်မျိုးဆိုရင် A5 ပေါ့။
    ကျုရှင်ကျောင်းတွေမှာသုံးတဲ့ စာအုပ်မျိုးက A4 စသဖြင့်ပေါ့လေ။ ကိုယ့်စာအုပ်ဘယ်အရွယ်ထုတ်မှာလဲဆိုတာကို သိထားမှ စာရွက်အရွယ်သတ်မှတ်နိုင်မှာပါ။

    မာဂျင်(Margin)ကတော့ PM နဲ့မတူတော့ပါ။ မာဂျင်အတွက် Layout > Margins and Columns မှာ သွားချိန်ပေးရပါမယ်။

    မာဂျင်ဆိုတာက စာရွက်ဘေးသား အဖြူအလွတ်နေရာပါ။ နေရာလွတ်ကို ဘယ်လောက်ထားမလဲဆိုတာလည်း သတ်မှတ်ပေးဖို့လိုပါတယ်။ အများအားဖြင့်တော့ မာဂျင်ကို အနည်းဆုံး 0.60 inches - 0.75 inches ထားလေ့ရှိကြပါတယ်။ ဒါမှ စာအုပ်ချုပ်ပြီး ဒါးစက်နဲ့ဖြတ်ဖို့ ဖြတ်သားအတွက်ပါ ချန်ပြီးသားဖြစ်ပါလိမ့်မယ်။ နဂိုကတည်းက 0.5 inches လောက်ဘဲချန်ထားရင် ဒါးဖြတ်ပြီးတဲ့အခါ 0.3-0.4 inches လောက်ဘဲကျန်ရင် စာအုပ်က ကြည့်ရတာ အချိုးမပြေဘူး ဖြစ်တတ်ပါတယ်။

    နောက်ပို့စ်မှာ စာအုပ်တအုပ်လုံး ထုတ်ပုံအဆင့်ဆင့်ကို ကျနော်ကြိုးစားပြီးရေးကြည့်ပေးပါမယ်။
    ခုလောလောဆယ် First Aid Manual တခု လာလောနေလို့ ... အဲဒါလေး အရင်လုပ်လိုက်ဦးမယ်ဗျာ။

    အားလုံးရွှင်ပြုံးကြပါစေ
    ဇူးလူး
  • edited April 2008 Registered Users
    အခုလိုလေ... အကိုတို့က ရှင်းပြထားတာ ကျနော့်တို့လို အခုမှ Adobe InDesign ကို စတင်လေ့လာသူတွေအတွက်
    တန်ဖိုးမဖြတ်နို်င်ပါဘူး... နောက်လညး် တင်ပေးဦးနော်... မသိလို့မေးရင်လညး် စိတ်မဆိုးကျေးနော်.... :77:
  • edited April 2008 Registered Users
    အကို ဇူလူးရေ... Adobe InDesign အကြောင်းကို အကို လုပ်ထားတာလေးတွေ ရှိရင် ပြောပြပေးပါနော်... ဒီထက်စုံစုံလင်လင်လေးပေါ့... နော် ကိုကိုနော်... ဟိဟိ....:77:
  • edited October 2008 Registered Users
    ကိုဇူးလူး ခင်ဗျား
    အင်ဒီဇိုင်းအကြောင်းပြည့်ပြည့်စုံစုံရေးထားတဲ့ ပီဒီအက်ဖ်ဖိုင်လ်ကလေးများရှိရင် သနားတော်မူပါဦး ခင်ဗျာ့။ :6:အော်တိုကတ်၂၀၀၅ အကြောင်းရေးထားတဲ့ ဦးအောင်လင်း လိုမျိုးစာအုပ်လေးမျိုးဆိုရင် ကျွန်တော်တို့အတွက် ပိုပြီးတော့ အစဉ်ပြေနိုင်မှာပါ ခင်ဗျာ့။:p
  • edited October 2008 Registered Users
    ကိုဇူးလူးခင်ဗျား
    အင်ဒီဇိုင်း ပီဒီအက်ဖ်လေးများရှိရင် မစတော်မူပါဦးခင်ဗျာ့။ :6:Class room in a book မြန်မာပြန်လိုမျိုးလေးပဲဖြစ်ဖြစ် ရှိခဲ့ရင် ကူညီပါဦးခင်ဗျာ့။:P
  • edited October 2008 Registered Users
    ကျွန်တော်လည်း indesign ကိုပြောင်းသုံးတော့မယ်။

    clear
  • edited October 2008 Registered Users
    မင်္ဂလာပါ
    ဇူးလူးလည်း ကိုယ့်ဘာသာကိုယ် ရွာတွေလည်နေတော့ကာ MZ မြို့ဘက်ကို မရောက်ဖြစ်ဘူးဖြစ်နေတယ်။ တယောက်ကတောင် မေးသေးတယ်။ ဇူးလူး MZ မှာ ဘယ်သူနဲ့ စကားများထားလဲတဲ့ ... ဘာလို့လဲ မေးတော့ ... တခါမှ မလာတော့လို့တဲ့ ... ဟီးးးးးးးးးးးးးး ... ကောင်းရော
    ဒီနေ့ အင်ဒီဇိုင်းအကြောင်း ဘာညာဆိုပြီး မက်ဆေ့ပို့လာတဲ့ ကိုညိုမင်းလူကိုလည်း ကျေးဇူးတင်ပါတယ်။

    ခုလောလောဆယ် ဒီလိုလုပ်လို့ရမလား။ မေးခွန်းတွေ မေးပါ။ ကျနော်သိတာတွေ ဖြေပါမယ်။ ဘာလို့ဆို သင်ခန်းစာပုံစံလုပ်ဖို့ ခုလောလောဆယ် ကျနော့်အတွက်အဆင်မပြေလို့ပါ။

    ဥပမာ- PageMaker သုံးနေဆဲသူတွေ PM မှာသုံးခဲ့တဲ့ လုပ်ဆောင်ချက်တွေ အင်ဒီဇိုင်းမှာ ဘယ်လိုယူရလဲပေါ့။ (Master page, Table, Table of Contact, Build Booklet စသဖြင့်ပေါ့လေ။) အဲဒါမျိုး သီးသန့်မေးခွန်းတွေ လာမယ်ဆိုရင် ကျနော့်အတွက်လည်း အဆင်ပြေမယ်ထင်ပါတယ်။ Class room in a book လိုမျိုးကျတော့ (ဟီးးးးးးးးးး) ဂုရုကြီးတွေ အုပ်စုလိုက်ကြီး လုပ်ကြတာ (ချော်မတွေးနဲ့နော)။

    အားလုံးကို ခင်မင်ပါသည်ခင်ဗျာ
    ဇူးလူး
  • edited November 2008 Registered Users
    ကိုzulu ပြောမှာ အင်ဒီဇိုင်းကို စိတ်၀င်စားလာပြီ။ pagemaker မှာကျတော့ စာရိုက်ကတာလွယ်ပင်မဲ့ ပုံတွေကိုပြင်ပြီထည့်ရပြန်တော့ photoshop ကိုပြန်၀င်နဲ့ဆိုတော့ နည်းနည်းအချိန်ကြာသွားတာပေါ့ လေ့လာအောင်လို့ post တွေတင်ပေးတဲ့ ကို zulu ကိုလဲ ကျေးဇူးတွေအများကြီးတင်ပါတယ်
  • edited November 2008 Registered Users
    မေ့နေမှာစိုးလို့ပါ။

    ဒီပို့စ်လေးကို MZ Edu မှာ တင်ထားသေးလားဟင်။ သင်ယူချင်တဲ့သူတွေ တစ်စုတစ်စည်းတည်းလိုက်လုပ်ကြည့်လို့ရအောင်ပါ။
  • edited November 2008 Registered Users
    အရမ်းကောင်းတယ်ဗျ ... ကျွန်တော်လည်းသုံးရင်းတန်းလန်း ... ၀ုိင်း၀န်းဆွေးနွေးကြတာပေါ့ဗျာ ....
  • edited December 2008 Registered Users
    အင်ဒီဇိုင်းကို သင်ခန်းစာတစ်ခုပုံစံမျိုးတင်ပေးပါလား
    စလုံးရေ စ ပြီးတော့ပေါ့:77::77:
  • edited October 2009 Registered Users
    အင်ဒီဇိုင်း မှာ လိပ်စာကဒ်လုပ်လို့ရလား ..........
    သိရင် ပြောပြပေးပါနော်
  • edited January 2010 Registered Users
    InDesign မှာ မြန်မာလိုရိုက်ရတာအဆင်မပြေဘူး... စာတွေကျဲကုန်တယ်... PageMaker လောက် စာရိုက်ရတာအဆင်မပြေဘူး... အဆင်ပြေမဲ့နည်းလေးများရှိရင် ပြောကြပါဦး... အင်္ဂလိပ်လိုအတွက်ဆိုရင်တော့ အရမ်းကိုလွယ်ကူပါတယ်...
  • edited January 2010 Registered Users
    ကျေးဇူးအထူးအထူးတင်ရှိပါကြောင်းဒီနေရာကနေပြောကြားအပ်ပါတယ်....Thz ပေးရမှာအားမရလို့ရေးလိုက်တာပါ.... :D
  • InDesign ရဲဲ့ မြန်မာလို e-book လေးလိုချင်ပါတယ်။ ရှိတဲ့သူများ မျှကြပါဦးဗျို့။
  • edited January 2010 Registered Users
    indesign ရဲဲ့ မြန်မာလို e-book လေးလိုချင်ပါတယ်။ ရှိတဲ့သူများ မျှကြပါဦးဗျို့။
    ရှေ့ က ကိုဇူးလူး ရေးသွားတာတွေ ပေါင်းပြီး pdf လုပ်လိုက် ဘာလိုသေးလည်း
    ကိုယ့် တိုင် ၁ ပါတ် လောက် အချိန်ပေးပြီး လေ့လာလိုက်
    ကောင်းကောင်း သိသွားနိုင်ပါတယ်
  • edited January 2010 Registered Users
    ဟုတ်ကဲ့ ဒီ သရက် ကိုတင်တဲ့ ကိုဇူးလူး ကို အရမ်းကျေးဇူးတင်ပါတယ်
    စိတ်၀င်စားဖို့လည်းကောင်းတယ် ဗဟုသုတလည်းရပါတယ်
    ကျွန်တော်လည်း DTP ကို ကောင်းကောင်းလေ့လာ ချင်တဲ့ သူတစ်ယောက်ပါ
    အကိုယ်ပြောသလိုသာဆို Pagemaker ကို အသင်ပဲနဲ့ Indesign ကို စသင်ရတော့မှာပေါ့
  • edited January 2011 Registered Users
    Indesign အကြောင်း ပြောပြပေးနိုင်ရင်ကျေးဇူးတင်ပါတယ်။
    အခုလေ မိုးဇက်တို့ Microsoft Word မှာ ဇော်ဂျီ၀မ်း Font နဲ့ ရိုက်ထားတဲ့စာတွေ Indesign ပေါ်တင်လို့မရဘူး။
    ှQuestion mark တွေပဲ ပေါ်နေတယ်။
    အဲဒါ ဘယ်လိုလုပ်ရမလဲ မသိဘူးနော်။
    သိတဲ့လူများ စေတနာထားပြီး ဖြေပေးကြပါဦး။
Sign In or Register to comment.