MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
AI (Artifical Intelligent) field
  • Vote Up0Vote Down mathsxeromathsxero
    Posts: 0Registered Users
    We want to discuss about AI ! It is a large field! there are many brenchs of AI! SO, please, create a main post for AI ! AI is composed of mathematics, computer science and electonics, etc !
  • 9 မှတ်ချက်များ sorted by
  • Vote Up1Vote Down akhtetakhtet
    Posts: 19Registered Users
    Hi,

    Glad to know that you're interested in AI.
    If you didn't notice already, Artificial Intelligence is one of the rarely discussed topics in Myanmar Forums.

    What kinds of AI fields are you interested in?
    For me, I'm interested especially in NLP and Robotics. I'm quite a fan of Machine Learning and Evolutionary Methods.

    AKH
  • Vote Up1Vote Down saturngodsaturngod
    Posts: 4,599Administrators
    AI ကတော့ အခုအခါမှာ ကျောင်းစာအနေနဲ့ပဲ တည်ရှိသေးတယ်ဗျ... အဲ physics ဌာနမှာတော့ လက်တွေ့အသုံးပြုနေတယ်နဲ့တူတယ်.. သေသေချာချာတော့ မသိဘူး.. မြန်မာနိုင်ငံက Computer University တွေက theory ပဲ သင်ပေးထားတယ်။ အဲဒါကလည်း လိုပေမယ့်... ဘယ်မှာသွားသုံးရမလ မသိကြတော့ ခက်နေတာ... ဒီလိုဗျာ.. စက်ရုပ်တစ်ခု ဘယ်ကစရမလဲဆိုတာတောင် မသိဘူး.. :D
    AI ကိုတော့ programming logic တွေနဲ့ပဲ ပေါင်းပြီးရေးဖြစ်ကြတာများတာပေါ့...
    AI ပိုင်းမှာ Fuzzy logic ပိုင်းကို သဘောအကျဆုံးပါ... search engine တွေအနေနဲ့ အဲဒီ technology ကိုပါ ထည့်သွင်းသင့်တယ်လို့ ကျွန်တော် ထင်တာပဲ...
  • Vote Up1Vote Down akhtetakhtet
    Posts: 19Registered Users
    According to my understanding, an agent is close to an object (as in OOP concept) having some intelligent / autonomous behavior. Let me explain with an example.

    You have a system that takes in your speech command "Read my new emails".
    And then it will read out the contents of your email via the Speaker.

    In this scenario,

    1) The Speech Recognition Agent takes in the audio speech from microphone and convert it Text. And then it passes that Text to Natural Language Understanding Agent.

    2) The NLU Agent analyzes your command, and realized that you want to read your email, so sends that command to Email Agent.

    3) The Email Agent accesses your email account, gets the Text from your new Emails and pass it to Text-To-Speech Agent.

    4) when Text to speech Agent receives the Text, it will convert it to audio using Speech Synthesis. And it will pass it to your Speaker.

    In the above system, all these agents can stay individually, without needing external support (at least in concept) And they don't really have know the existence of other agents. For example, Speech Recognition Agent in 1 don't need to know about the Email agent in 3.

    However, they all collaborate in order to achieve a result, which is taking your speech, and reading out your email. A system that has multiple agents collaborating with each other is called a multi-agent system.
  • Vote Up1Vote Down isteinistein
    Posts: 1,121Registered Users
    AI ဆိုတာ ဘာမှန်း မသိသေးတဲ့ ဘော်ဘော်တို့အတွက် (ကိုယ်တိုင်ဘာသာပြန်ရင်မိုးလင်းမှာစိးုလို့ မြန်မာမိသားစုက users တွေ ဂတုံးပေါ်ထိပ်ကွက်ထားတာကို Istein က ထိပ်ကွက်ပေါ်ဒက်ပေါက်ပြလိုက်ပြီ)

    Artificial Intelligence (AI) (အသိဉာဏ်အတု)

    Generations Of Programming Languages ကိုတော့ ကွန်ပျူတာ စိတ်၀င်စားတဲ့ သူ ကွန်ပျူတာသမားတွေ အားလုံး သိကြမှာပါ... လက်ရှိ ကျွန်တော်တို့ ရောက် နေတဲ့ Generations က တော့ 5th Generation -Natural language ပေါ့ဗျာ...
    AI ဟာ Computer Science ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါ..AI ဖန်တီးရန်အတွက် Program ရေးသားရာတွင် ကျွမ်းကျင်သော Programmer တွေ ၊ Hardware ဆိုင်ရာကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူပညာရှင်များပေါင်းစပ်၍
    တည်ဆောက်ယူ ရပါတယ်. AI ဟာ သိပ္ပံနည်းပညာ Field တစ်ခုဖြစ်ပါသည် ၊ AI ကို အောက်ဖော်ပြပါ အဓိကအစိတ်အပိုင်းများအဖြစ်ထပ်မံခွဲခြားနိုင်ပါသည်...

    (က) Expert System ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Expert များ၏ အတွေးအခေါ် အတွေ့အကြုံ ဗဟုသုတများကို Computer ပညာရှင်များ၏ အကူအညီဖြင့် Program များရေးသားခြင်းနှင့် Hardwear ဆိုင်ရာနည်းပညာများပေါင်းစပ်ရန် တည်ဆောက်ထားချင်းဖြစ်ပါသည်..ဤ Expert များ၏ နေရာတွင် အစားထိုးရန်မဟုတ်ပါ...Expert များ၏ အတွေ့အကြုံ ဗဟုသုတများကို လူ့ ပတ်၀န်းကျင်တွင် ကျယ်ပြန့်စွာ အသုံးချ နိုင်ရန် ဖြစ်ပါသည်...

    (ခ) Natural Language Processing (NLP) Computer အသုံးပြုသူများ၏ တတ်ကျွမ်းနားလည်သော ဘာသာစကားဖြင့် Keyboard မှ အမိန့်ပေး ၍ Computer အား ခိုင်းစေချင်း Computer နှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခြင်းကို စွမ်းဆောင် နိုင်သည့် နည်းပညာဖြစ်ပါသည်၊ ၎င်းနည်းပညာကို နယ်ပယ်(၂) ခု အဖြစ် ခွဲခြားနိုင်ပါတယ်....
    (၁) Natural Language Understanding
    (2) Natural Language Generation

    (ဂ) Speed(voice) Understanding(SU) ။ Computer အား အသံဖြင့် အမိန့် ပေးလုပ်ဆောင်စေခြင်း -အပြန်အလှန်ဆက်သွယ်ခြင်း နည်းပညာဖြစ်ပါသည်၊

    (ဃ) Robotic and Sensory System ၊ အာရုံခံမူ နည်းပညာ နှင့် စက်ရုပ်နည်းပညာများကို ပေါင်းစပ်အသုံးပြုသည့် နည်းပညာ ဖြစ်ပါသည်-

    (၁) Robotic System ။ စက်ရုပ်တွင် Electrical နှင့် Electronic ဆိုင်ရာပစ္ဓည်းများ Mechanical ဆိုင်ရာပစ္ဓည်းများ ပေါင်းစပ် ပါ၀င်တည်ဆောက်ထားသော Electro Mechanical Device ဖြစ်ပါသည်၊ ၎င်း Robot အား Program များထည့်တွင်း၍ သတ်မှတ်ထားသည့် ဘောင်အတွင်း ၌ အမျိုးမျိုးလုပ်ဆောင်နိုင်ပါသည်...

    (၂) Sensory System ။ အမြင်ကို အာရုံခံခြင်း ၊ ကြားခံနယ်၏ ပြောင်းလဲမူကို အာရုံခံခြင်း အသံကို အာရုံခံ ခြင်း စသည့် စနစ်များ အဖြစ် အမျိုးမျိုး ရှိပါတယ်..Intelligence Robot များသည် ပတ်၀န်းကျင် အခြေအနေများအား အာရုံခံ၍ သူ့ အလိုအလျောက်လုပ်ဆောင်ခြင်းဖြင့် Information ဆိုင်ရာ အဖြေကို ရရှိအောင် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်...အဲဒီ အချက်ကတော့ Automatic Machine တွေနဲ့ ကွဲပြားခြားနားချက်ဖြစ်ပါတယ်။။။

    (၃) Computer Vision and Scene Recognition ။ Machine Sensor တစ်ခု မှ ရရှိသော အချက်အလက်များကို Digitized လုပ်ထားခြင်းဖြစ်သည်။ အမြင်ဆိုင်ရာ သတင်း အချက်အလက်များကို Computer တွင်ထည့် သွင်းထားသော ဗဟုသုတအခြေခံ သည့် Program များ (KnowLedge Base)ဖြင့် ပေါင်းစပ်ထားသည့် နည်းပညာပင်ဖြစ်သည်။ ၎င်းမှ ရရှိသော Result သည် စက်ရုပ်မှ အစ စက်မူဆိုင်ရာလူပ်ရှားမူများ Quality Control ဆိုင်ရာများအထိ ထိန်းချုပ်လုပ်ဆောင်နိုင်သည်၊

    (၄) Intelligence Computer Aided Instruction (ICAI)၊ လူများကို နည်းပညာတစ်ခု နှင့် ပတ်သက်၍ နည်းပြဆရာ တစ်ယောက်လို သင်ပြနိုင်သည့် နည်းပညာဖြစ်သည် ၊ ယခု ICAI Program များမှာ အသုံးပြုသူနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ဖြေကြားနိုင်သည့် အဆင့်သို့ ရောက်ရှိနေခြင်းမှာ AI ဆိုင်ရာနည်းပညာများ( ဥပမာ -Natural Language Interface ) နှင့် ဗဟုသုတ ဆိုင်ရာ အခြေခံ (Knowledge Base) ပေါင်းစပ်၍ တည်ဆောက်ထားခြင်းကြောင့် ဖြစ်ပါသည်...
    ညီအစ်ကို မောင်နှမတွေ အားလုံး သိပြီးသာဆိုရင်လဲ မသိသေးသောသူ၊ စိတ်၀င်စားသူ တွေကို ဗဟုသုတ တစ်စိတ် တစ်ပိုင်းပေါ့ ဗျာ....
    Future of AI ကို ကျွန်တော် ဆက်ရေးသွားပါမယ်....ပြောလက်စနဲ့ဗျာ...AI နည်းပညာ ဘာလို့ ဒီလောက်အောင်မြင်သွားလဲ ဆိုတာ Fuzzy နည်းပညာ ကြောင့်ပါ...................

    အေအိုင်၏ အသက်(သို့မဟုတ်) Fuzzy Logic

    ၁) Fuzzy Logic နှင့် Set Theory သမိုင်း

    Fuzzy Logic ခေါ်မရှင်းလင်းသော ယုတ္တိဗေဒ နှင့် Fuzzy Set Theory ခေါ် မရှင်းလင်းသော အစုသီအိုရီတို့ကို The revoluntionary computer ,technology that is changing the world ကမ္ဘာမြေကြီးကို ပြောင်းလဲနေစေသော ကွန်ပျူတာနည်းပညာဟူ၍ ခေါ်ကြသည်။ ၎င်းနှင့့်ပတ်သက်၍ လည်းဤသို့ဆိုကြသည်။

    ဤမျှလောက် အပြောကြီးသော Fuzzy Logic နှင့် Fuzzy Set Theory သည် အဘယ်နည်း မည်သူက စ တီထွင်၍ ယနေ့ကွန်ပျူတာနည်းပညာထဲတွင် မည်သို့၀င်လာသနည်း။
    Fuzzy ဟူသောေ၀ါဟာရကို မရှင်းလင်းသော မပြတ်သားသော မှုန်း၀ါး၀ါးမရေမရာ ဖြစ်သောဟူ၍ အဘိဓါန်များထဲတွင် အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ ဤကဲ့သို့သော အရည်အချင်းများရှိသော ပညာရပ်သည်၊ အလွန်တိကျပြတ်သားသော သင်္ချာနှင့် သိပ္ပံပညာတို့တွင်မည်ကဲ့သို့ နေရာရလာသနည်း။

    အားလုံးကလက်ခံထားသော ယုတ္တိဗေဒ(Logic) တွင်၊ အမှန်(true) နှင့်အမှား(False) ဟူ၍ နှစ်မျိုးသာရှိ၏။ မမှန်လျှင်မှား၏။ မမှားလျှင်မှန်သည်ဟူ၍ တိတိကျကျ ဆုံးဖြတ်ပေးသည်။
    Fuzzy Logic သည်အမှန်နှင့်အမှား ပြိုင်တူဖြစ်နေခြင်းကို လက်ခံသော၀ါဒဖြစ်သည်။ ဤဘာသာရပ် ၏ အခြေခံသဘော မှာအမှန်နှင့်အမှား အပါအ၀င် အရာရာတိုင်းသည် အပြည့်အ၀မဟုတ်ဘဲ ၊သူ့အဆင့်နှင့်သူ ရှိနိုင်သည်ဟူသော အချက်ဖြစ်သည်။ အချို့သောအဆိုများသည် တစ်၀က်မှန် တစ်၀က်မှားနိုင်၏ သုံးပုံတစ်ပုံ သာမှန်ပြီး သုံးပုံတစ်ပုံ မှားနိုင်၏။ နာမ၀ိသေသန များဖြစ်ကြသော လှခြင်း၊ အကျည်းတန်ခြင်း၊ကောင်းခြင်း၊ ဆိုးခြင်း၊ပူခြင်း၊ အေးခြင်း၊ ပျော်ခြင်း၊ စိတ်ညစ်ခြင်း၊ စသည်တို့သည် လုံး၀ဥဿုံ မဖြစ်ဘဲ အဆင့်လိုက်ဖြစ်နိုင်သည်။

    အချို့သောအရာများသည် အဓိပ္ပါယ်သတ်မှတ်ချက် (definition) ပင်မရှိနိုင်ချေ။ ဥပမာ အချိန်၊ နေရာလှုပ်ရှားခြင်း ရပ်နေခြင်း၊ အလင်းရောင်၊ အသံ၊အပူ၊စွမ်းအင် စသောအရာများကို ကျေနပ်လောက်သော အဓိပ္ပါယ်သတ်မှတ်ချက် မပေးနိုင်သေးချေ။
    ဤအချက်အားလုံးကို Fuzzy Logic နှင့် Set Theory ထည့်သွင်းစဉ်းစားပေးသည်။
    Fuzzy Logic ၏အမှန်းအမှား ပေါ်တွင် ထားသော သဘောထားသည် အလွန်ရှေးကျသော အတွေးအခေါ်တစ်ခု ဖြစ်သည် လွန်ခဲ့သော နှစ်ပေါင်းငါးထောင်လောက်က ပေါ်ပေါက်ခဲ့သော မျက်မမြင်လေးယောက်နှင့်ဆင်အကြောင်း ပုံပြင်သည် ဤ အချက်ကိုကောင်းစွာဖော်ပြပါသည်။
    မျက်မမြင်လေးယောက်တို့သည် ဆင်တစ်ကောင်ကို စမ်းကြည့်ပြီး နားရွက်ကိုစမ်းမိသူက ဆင်ဟူသည် ယပ်တောင်ဖြစ်သည်ဟု ဆို၏။ တစ်ယောက်က ခြေထောက်ကို စမ်းမိပြီး ဆင်ဟူသည်မှာ တိုင်ကြီးဖြစ်သည်ဟု ဆိုသည်။ ဆင်၏ခန္ဓာ ကိုယ်ကိုစမ်းမိသူက ဆင်သည်နံရံကြီးဖြစ်၏။ အမြီးကိုဆွဲမိသူက ဆင်ဟူသည်မှာ ကြိုးဖြစ်၏ဟုဆို၏။
    ဤ ပုံပြင်၏သင်ခန်းစာမှာ လောကတွင် အရာရာသည် အတိုင်းအတာတစ်ခု အထိမှန်ပြီး အတိုင်းအတာတစ်ခုအထိမှား၏။ သေချာသောအရာ သည်အလွန်ရှားပါး၏။ လူတိုင်းသည် အမှန်တရား၏ အပိုင်းတစ်ပိုင်းကို သိသော်လည်း ၊တကယ့်အမှန်ဖြင့်တော်တော်အလှမ်းေ၀း ပါသည်။ သို့သော်လည်း စုစည်းပေါင်းစပ်ခြင်း ကြောင့်ပိုမိုကျယ်ပြန့်သော အမှန်တရားတစ်ခုပေါ်လာနိုင်၏။

    သင်္ချာပညာရှင်၊ အင်ဂျင်နီယာနှင့်သိပ္ပံ၀တ္ထုရေးဆရာ ဘတ်ကော့စကို(Bart Kosko) က၊ Fuzzy Logic အတွေးအခေါ်သည် မူလအားဖြင့် အနောက်တိုင်းအတွေး အခေါ်မဟုတ် အရှေ့တိုင်းကစတင်ခဲ့သည်ဟုဆိုပါသည်။
  • Vote Up0Vote Down akhtetakhtet
    Posts: 19Registered Users
    As far as I know, next generation search engines don't focus much on Fuzzy Logics. Instead, they are focusing on Natural Language Understanding / Semantics. You can just enter a question and get an instant answer, instead of browsing the documents.

    By the way, I'd like to get in touch with you to talk about the plans for the meeting.
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,599Administrators
    Semantics Search က တော်တော်ကောင်းတဲ့ idea နဲ့ နည်းပညာပါ... Semantics Web ပိုင်းကိုလည်း သဘောကျတယ်... ဒါပေမယ့် သေသေချာချာနားမလည်ဘူး.. AI တွေကလည်း စာတွေ့ပဲသိတယ်.. ဘယ်မှာ သုံးလို့သုံးရမှန်းမသိဘူး... ဖြစ်နိုင်ရင် တခြားလူတွေ အတွက်ပါ.. AI ဘယ်မှာ ဘယ်လိုသုံးလဲဆိုတာ တချက်လောက်ပြောပြစေချင်တယ်.. နောက်ပြီး Multi-Agent ဆိုတာ အခုထက်ထိ နားမလည်ဘူး.. ဘာကိုဆိုလိုမှန်းကို မသိပါ... ဖြစ်နိုင်ရင် နည်းနည်းရှင်းစေချင်ပါတယ်..
  • Vote Up0Vote Down theKingtheKing
    Posts: 8Registered Users
    [quote=saturngod;4348]AI ကတော့ အခုအခါမှာ ကျောင်းစာအနေနဲ့ပဲ တည်ရှိသေးတယ်ဗျ... အဲ physics ဌာနမှာတော့ လက်တွေ့အသုံးပြုနေတယ်နဲ့တူတယ်.. သေသေချာချာတော့ မသိဘူး.. မြန်မာနိုင်ငံက Computer University တွေက theory ပဲ သင်ပေးထားတယ်။ အဲဒါကလည်း လိုပေမယ့်... ဘယ်မှာသွားသုံးရမလ မသိကြတော့ ခက်နေတာ... ဒီလိုဗျာ.. စက်ရုပ်တစ်ခု ဘယ်ကစရမလဲဆိုတာတောင် မသိဘူး.. :D
    AI ကိုတော့ programming logic တွေနဲ့ပဲ ပေါင်းပြီးရေးဖြစ်ကြတာများတာပေါ့...
    AI ပိုင်းမှာ Fuzzy logic ပိုင်းကို သဘောအကျဆုံးပါ... search engine တွေအနေနဲ့ အဲဒီ technology ကိုပါ ထည့်သွင်းသင့်တယ်လို့ ကျွန်တော် ထင်တာပဲ...

    I wrong Key- But I can Say " I must littel knowladge in FUZZY Logic ant Fuzzy Set Theory" . In school time I had write fuzzy base washing machine structure.
  • Vote Up0Vote Down theKingtheKing
    Posts: 8Registered Users
    [quote=saturngod;4348]AI ကတော့ အခုအခါမှာ ကျောင်းစာအနေနဲ့ပဲ တည်ရှိသေးတယ်ဗျ... အဲ physics ဌာနမှာတော့ လက်တွေ့အသုံးပြုနေတယ်နဲ့တူတယ်.. သေသေချာချာတော့ မသိဘူး.. မြန်မာနိုင်ငံက Computer University တွေက theory ပဲ သင်ပေးထားတယ်။ အဲဒါကလည်း လိုပေမယ့်... ဘယ်မှာသွားသုံးရမလ မသိကြတော့ ခက်နေတာ... ဒီလိုဗျာ.. စက်ရုပ်တစ်ခု ဘယ်ကစရမလဲဆိုတာတောင် မသိဘူး.. :D
    AI ကိုတော့ programming logic တွေနဲ့ပဲ ပေါင်းပြီးရေးဖြစ်ကြတာများတာပေါ့...
    AI ပိုင်းမှာ Fuzzy logic ပိုင်းကို သဘောအကျဆုံးပါ... search engine တွေအနေနဲ့ အဲဒီ technology ကိုပါ ထည့်သွင်းသင့်တယ်လို့ ကျွန်တော် ထင်တာပဲ...

    I can Say " I must littel knowladge in FUZZY Logic ant Fuzzy Set Theory" . In school time I had write fuzzy base washing machine structure.Use in multitask or multifunction problem field.One In Building Air-con system . Many Aircon In
    Many room . Some room are not human or anything at some time But some time comein human . So close and open of air-con are auto-controally.more are tthen next time i come!!!!
  • Vote Up0Vote Down leonidasleonidas
    Posts: 0Registered Users
    THANKS and welcome all the discussions in this topic:6:, I am going to study AI next year in my engineering course and so, looking forwards to your discussions to gain some knowledge about it.
  • Vote Up0Vote Down theKingtheKing
    Posts: 8Registered Users
    [quote=istein;17460]AI ဆိုတာ ဘာမှန်း မသိသေးတဲ့ ဘော်ဘော်တို့အတွက် (ကိုယ်တိုင်ဘာသာပြန်ရင်မိုးလင်းမှာစိးုလို့ မြန်မာမိသားစုက users တွေ ဂတုံးပေါ်ထိပ်ကွက်ထားတာကို Istein က ထိပ်ကွက်ပေါ်ဒက်ပေါက်ပြလိုက်ပြီ)

    Artificial Intelligence (AI) (အသိဉာဏ်အတု)

    Generations Of Programming Languages ကိုတော့ ကွန်ပျူတာ စိတ်၀င်စားတဲ့ သူ ကွန်ပျူတာသမားတွေ အားလုံး သိကြမှာပါ... လက်ရှိ ကျွန်တော်တို့ ရောက် နေတဲ့ Generations က တော့ 5th Generation -Natural language ပေါ့ဗျာ...
    AI ဟာ Computer Science ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါ..AI ဖန်တီးရန်အတွက် Program ရေးသားရာတွင် ကျွမ်းကျင်သော Programmer တွေ ၊ Hardware ဆိုင်ရာကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူပညာရှင်များပေါင်းစပ်၍
    တည်ဆောက်ယူ ရပါတယ်. AI ဟာ သိပ္ပံနည်းပညာ Field တစ်ခုဖြစ်ပါသည် ၊ AI ကို အောက်ဖော်ပြပါ အဓိကအစိတ်အပိုင်းများအဖြစ်ထပ်မံခွဲခြားနိုင်ပါသည်...

    (က) Expert System ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Expert များ၏ အတွေးအခေါ် အတွေ့အကြုံ ဗဟုသုတများကို Computer ပညာရှင်များ၏ အကူအညီဖြင့် Program များရေးသားခြင်းနှင့် Hardwear ဆိုင်ရာနည်းပညာများပေါင်းစပ်ရန် တည်ဆောက်ထားချင်းဖြစ်ပါသည်..ဤ Expert များ၏ နေရာတွင် အစားထိုးရန်မဟုတ်ပါ...Expert များ၏ အတွေ့အကြုံ ဗဟုသုတများကို လူ့ ပတ်၀န်းကျင်တွင် ကျယ်ပြန့်စွာ အသုံးချ နိုင်ရန် ဖြစ်ပါသည်...

    (ခ) Natural Language Processing (NLP) Computer အသုံးပြုသူများ၏ တတ်ကျွမ်းနားလည်သော ဘာသာစကားဖြင့် Keyboard မှ အမိန့်ပေး ၍ Computer အား ခိုင်းစေချင်း Computer နှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခြင်းကို စွမ်းဆောင် နိုင်သည့် နည်းပညာဖြစ်ပါသည်၊ ၎င်းနည်းပညာကို နယ်ပယ်(၂) ခု အဖြစ် ခွဲခြားနိုင်ပါတယ်....
    (၁) Natural Language Understanding
    (2) Natural Language Generation

    (ဂ) Speed(voice) Understanding(SU) ။ Computer အား အသံဖြင့် အမိန့် ပေးလုပ်ဆောင်စေခြင်း -အပြန်အလှန်ဆက်သွယ်ခြင်း နည်းပညာဖြစ်ပါသည်၊

    (ဃ) Robotic and Sensory System ၊ အာရုံခံမူ နည်းပညာ နှင့် စက်ရုပ်နည်းပညာများကို ပေါင်းစပ်အသုံးပြုသည့် နည်းပညာ ဖြစ်ပါသည်-

    (၁) Robotic System ။ စက်ရုပ်တွင် Electrical နှင့် Electronic ဆိုင်ရာပစ္ဓည်းများ Mechanical ဆိုင်ရာပစ္ဓည်းများ ပေါင်းစပ် ပါ၀င်တည်ဆောက်ထားသော Electro Mechanical Device ဖြစ်ပါသည်၊ ၎င်း Robot အား Program များထည့်တွင်း၍ သတ်မှတ်ထားသည့် ဘောင်အတွင်း ၌ အမျိုးမျိုးလုပ်ဆောင်နိုင်ပါသည်...

    (၂) Sensory System ။ အမြင်ကို အာရုံခံခြင်း ၊ ကြားခံနယ်၏ ပြောင်းလဲမူကို အာရုံခံခြင်း အသံကို အာရုံခံ ခြင်း စသည့် စနစ်များ အဖြစ် အမျိုးမျိုး ရှိပါတယ်..Intelligence Robot များသည် ပတ်၀န်းကျင် အခြေအနေများအား အာရုံခံ၍ သူ့ အလိုအလျောက်လုပ်ဆောင်ခြင်းဖြင့် Information ဆိုင်ရာ အဖြေကို ရရှိအောင် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်...အဲဒီ အချက်ကတော့ Automatic Machine တွေနဲ့ ကွဲပြားခြားနားချက်ဖြစ်ပါတယ်။။။

    (၃) Computer Vision and Scene Recognition ။ Machine Sensor တစ်ခု မှ ရရှိသော အချက်အလက်များကို Digitized လုပ်ထားခြင်းဖြစ်သည်။ အမြင်ဆိုင်ရာ သတင်း အချက်အလက်များကို Computer တွင်ထည့် သွင်းထားသော ဗဟုသုတအခြေခံ သည့် Program များ (KnowLedge Base)ဖြင့် ပေါင်းစပ်ထားသည့် နည်းပညာပင်ဖြစ်သည်။ ၎င်းမှ ရရှိသော Result သည် စက်ရုပ်မှ အစ စက်မူဆိုင်ရာလူပ်ရှားမူများ Quality Control ဆိုင်ရာများအထိ ထိန်းချုပ်လုပ်ဆောင်နိုင်သည်၊

    (၄) Intelligence Computer Aided Instruction (ICAI)၊ လူများကို နည်းပညာတစ်ခု နှင့် ပတ်သက်၍ နည်းပြဆရာ တစ်ယောက်လို သင်ပြနိုင်သည့် နည်းပညာဖြစ်သည် ၊ ယခု ICAI Program များမှာ အသုံးပြုသူနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ဖြေကြားနိုင်သည့် အဆင့်သို့ ရောက်ရှိနေခြင်းမှာ AI ဆိုင်ရာနည်းပညာများ( ဥပမာ -Natural Language Interface ) နှင့် ဗဟုသုတ ဆိုင်ရာ အခြေခံ (Knowledge Base) ပေါင်းစပ်၍ တည်ဆောက်ထားခြင်းကြောင့် ဖြစ်ပါသည်...
    ညီအစ်ကို မောင်နှမတွေ အားလုံး သိပြီးသာဆိုရင်လဲ မသိသေးသောသူ၊ စိတ်၀င်စားသူ တွေကို ဗဟုသုတ တစ်စိတ် တစ်ပိုင်းပေါ့ ဗျာ....
    Future of AI ကို ကျွန်တော် ဆက်ရေးသွားပါမယ်....ပြောလက်စနဲ့ဗျာ...AI နည်းပညာ ဘာလို့ ဒီလောက်အောင်မြင်သွားလဲ ဆိုတာ Fuzzy နည်းပညာ ကြောင့်ပါ...................

    အေအိုင်၏ အသက်(သို့မဟုတ်) Fuzzy Logic

    ၁) Fuzzy Logic နှင့် Set Theory သမိုင်း

    Fuzzy Logic ခေါ်မရှင်းလင်းသော ယုတ္တိဗေဒ နှင့် Fuzzy Set Theory ခေါ် မရှင်းလင်းသော အစုသီအိုရီတို့ကို The revoluntionary computer ,technology that is changing the world ကမ္ဘာမြေကြီးကို ပြောင်းလဲနေစေသော ကွန်ပျူတာနည်းပညာဟူ၍ ခေါ်ကြသည်။ ၎င်းနှင့့်ပတ်သက်၍ လည်းဤသို့ဆိုကြသည်။

    ဤမျှလောက် အပြောကြီးသော Fuzzy Logic နှင့် Fuzzy Set Theory သည် အဘယ်နည်း မည်သူက စ တီထွင်၍ ယနေ့ကွန်ပျူတာနည်းပညာထဲတွင် မည်သို့၀င်လာသနည်း။
    Fuzzy ဟူသောေ၀ါဟာရကို မရှင်းလင်းသော မပြတ်သားသော မှုန်း၀ါး၀ါးမရေမရာ ဖြစ်သောဟူ၍ အဘိဓါန်များထဲတွင် အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ ဤကဲ့သို့သော အရည်အချင်းများရှိသော ပညာရပ်သည်၊ အလွန်တိကျပြတ်သားသော သင်္ချာနှင့် သိပ္ပံပညာတို့တွင်မည်ကဲ့သို့ နေရာရလာသနည်း။

    အားလုံးကလက်ခံထားသော ယုတ္တိဗေဒ(Logic) တွင်၊ အမှန်(true) နှင့်အမှား(False) ဟူ၍ နှစ်မျိုးသာရှိ၏။ မမှန်လျှင်မှား၏။ မမှားလျှင်မှန်သည်ဟူ၍ တိတိကျကျ ဆုံးဖြတ်ပေးသည်။
    Fuzzy Logic သည်အမှန်နှင့်အမှား ပြိုင်တူဖြစ်နေခြင်းကို လက်ခံသော၀ါဒဖြစ်သည်။ ဤဘာသာရပ် ၏ အခြေခံသဘော မှာအမှန်နှင့်အမှား အပါအ၀င် အရာရာတိုင်းသည် အပြည့်အ၀မဟုတ်ဘဲ ၊သူ့အဆင့်နှင့်သူ ရှိနိုင်သည်ဟူသော အချက်ဖြစ်သည်။ အချို့သောအဆိုများသည် တစ်၀က်မှန် တစ်၀က်မှားနိုင်၏ သုံးပုံတစ်ပုံ သာမှန်ပြီး သုံးပုံတစ်ပုံ မှားနိုင်၏။ နာမ၀ိသေသန များဖြစ်ကြသော လှခြင်း၊ အကျည်းတန်ခြင်း၊ကောင်းခြင်း၊ ဆိုးခြင်း၊ပူခြင်း၊ အေးခြင်း၊ ပျော်ခြင်း၊ စိတ်ညစ်ခြင်း၊ စသည်တို့သည် လုံး၀ဥဿုံ မဖြစ်ဘဲ အဆင့်လိုက်ဖြစ်နိုင်သည်။

    အချို့သောအရာများသည် အဓိပ္ပါယ်သတ်မှတ်ချက် (definition) ပင်မရှိနိုင်ချေ။ ဥပမာ အချိန်၊ နေရာလှုပ်ရှားခြင်း ရပ်နေခြင်း၊ အလင်းရောင်၊ အသံ၊အပူ၊စွမ်းအင် စသောအရာများကို ကျေနပ်လောက်သော အဓိပ္ပါယ်သတ်မှတ်ချက် မပေးနိုင်သေးချေ။
    ဤအချက်အားလုံးကို Fuzzy Logic နှင့် Set Theory ထည့်သွင်းစဉ်းစားပေးသည်။
    Fuzzy Logic ၏အမှန်းအမှား ပေါ်တွင် ထားသော သဘောထားသည် အလွန်ရှေးကျသော အတွေးအခေါ်တစ်ခု ဖြစ်သည် လွန်ခဲ့သော နှစ်ပေါင်းငါးထောင်လောက်က ပေါ်ပေါက်ခဲ့သော မျက်မမြင်လေးယောက်နှင့်ဆင်အကြောင်း ပုံပြင်သည် ဤ အချက်ကိုကောင်းစွာဖော်ပြပါသည်။
    မျက်မမြင်လေးယောက်တို့သည် ဆင်တစ်ကောင်ကို စမ်းကြည့်ပြီး နားရွက်ကိုစမ်းမိသူက ဆင်ဟူသည် ယပ်တောင်ဖြစ်သည်ဟု ဆို၏။ တစ်ယောက်က ခြေထောက်ကို စမ်းမိပြီး ဆင်ဟူသည်မှာ တိုင်ကြီးဖြစ်သည်ဟု ဆိုသည်။ ဆင်၏ခန္ဓာ ကိုယ်ကိုစမ်းမိသူက ဆင်သည်နံရံကြီးဖြစ်၏။ အမြီးကိုဆွဲမိသူက ဆင်ဟူသည်မှာ ကြိုးဖြစ်၏ဟုဆို၏။
    ဤ ပုံပြင်၏သင်ခန်းစာမှာ လောကတွင် အရာရာသည် အတိုင်းအတာတစ်ခု အထိမှန်ပြီး အတိုင်းအတာတစ်ခုအထိမှား၏။ သေချာသောအရာ သည်အလွန်ရှားပါး၏။ လူတိုင်းသည် အမှန်တရား၏ အပိုင်းတစ်ပိုင်းကို သိသော်လည်း ၊တကယ့်အမှန်ဖြင့်တော်တော်အလှမ်းေ၀း ပါသည်။ သို့သော်လည်း စုစည်းပေါင်းစပ်ခြင်း ကြောင့်ပိုမိုကျယ်ပြန့်သော အမှန်တရားတစ်ခုပေါ်လာနိုင်၏။

    သင်္ချာပညာရှင်၊ အင်ဂျင်နီယာနှင့်သိပ္ပံ၀တ္ထုရေးဆရာ ဘတ်ကော့စကို(Bart Kosko) က၊ Fuzzy Logic အတွေးအခေါ်သည် မူလအားဖြင့် အနောက်တိုင်းအတွေး အခေါ်မဟုတ် အရှေ့တိုင်းကစတင်ခဲ့သည်ဟုဆိုပါသည်။

    Yes First of fuzzy logic are base of buddha? Pahtan tayar
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion