မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Php ကို မြန်မာဘာသာပြန်စာအုပ် ဘာလို့ မထုတ်&#422

edited June 2009 in PHP
ရန်ကုန်က စာအုပ်ဆိုင်တွေမှာရော မန်လေးက စာအုပ်ဆိုင် တော်တော်များများမှာပါ PHP ကိုမြန်မာလိုရေးထားတဲ့ စာအုပ် ကျွန်တော် ရှာကြည့်ပါတယ် . . .
တစ်အုပ်တလေမှ မတွေ့ဘူးဗျာ . . .:O ( မိတ်ဆွေတို့ တွေ့မိရင်လဲ ဘယ်ဆိုင်မှာ ရတယ်ဆိုတာလေး ပြောပေးပါအုံးနော် . . . )
ဘာလို့ မရှိတာလဲ . . . ဘာလို့ မရေးကြတာလဲဗျာ . . .
မြန်မာနိုင်ငံမှာ PHP ကျွမ်းကျင်တဲ့သူတွေ အများကြီးရှိကြတာပဲလေ. . .
တစ်ဦးတလေကများ မြန်မာလိုရေးလိုက်ရင် စပြီးလေ့လာသူတွေအတွက်တော့ သိပ်ကောငး်မှာပဲ . . . သိပ်ပြီးတန်ဖိုးရှိမှာပဲလို့ ထင်ပါတယ် . . .
ဒီလောက် ပေါ်ပြူလာဖြစ်နေတဲ့ Lauguage ကို ဘာလို့ မထုတ်လဲ ဆိုတာ စဉ်းစားလို့ မရဘူးဗျာ . . .
ဘာကြောင့်လဲ ဆိုတာ ဆွေးနွေးပေးကြပါအုံး . . .
အားလုံးကို ခင်မင်လျှက် . . .idea.gif

မှတ်ချက်များ

  • edited June 2009 Registered Users
    စာအုပ်တော ့ရှိ၀ူး လူတော့ရှိတယ်ဗျ..
    ကိုစေတန်လေ.... တူ ့ကိုမေးကြည့် တူ php တော်တော်ကျွမ်းတယ်လို ့ကြားသဗျ..
    ဟိဟိ (အချွန်နဲ ့မလိုက်ပြီဟေ ့) :d
  • edited June 2009 Registered Users
    အင်္ဂလိပ်လို လေး..ကျတော ့..ပိုမိုက်မလားလို ့ပါ...
    ဖတ်ရတာလဲ...တိုင်ပတ်မယ်...တိုင်ပတ်တော ့... Dictionaryလေးလှန်မယ်
    လှန်ဖတ်တော ့..ဉာဏ်တိုးမယ်...အဟဲ ...
    အင်္ဂလိ်ပ်လို လေး သာ..လေ ့လာကြည် ့ပါဂျာ..အကျိုးရှိတာပေါ ့..
    တစ်ချက်ခုတ်..နှစ်ချက် ပြတ်..ဟုတ်တယ်ဟုတ်...PHP လည်းတတ်မယ်..အင်္ဂလိပ်ဝေါဟာရလည်း.
    တိုးတာပေါ ့..မြန်မာလို ဆိုရင်တော ့လည်း..အတိုင်းထက်အလွန်ပေါ ့ဂျာ
  • edited June 2009 Administrators
    မြန်မာလို စာအုပ်တစ်အုပ်ရေးဖို့ အချိန်ပေးရတယ်ဗျ... အဲဒီအတွက် အချိန်ပေးရတယ်... အဲ.. စာအုပ်ထုတ်စားဖို့ဆိုတာကလည်း အခုခေတ်မှာ ebook တွေ ဖြစ်ကုန်တယ်လေ... :D အချိန်တစ်ခုပေါ်မှာ ပေးဆပ်ပြီး ပေးဆပ်တဲ့အပေါ် ပြန်ရဖို့က သိပ်မဖြစ်နိုင်ဘူး... ဒါကြောင့် စာအုပ်တွေ ရှားနေတာပါ.. ဒါပေမယ့် သင်တန်းတွေ ရှိတာပဲ... English လိုမဖတ်တတ်ရင် ရန်ကုန်မှာ သင်တန်းတွေ တက်လို့ရပါတယ်..
  • edited June 2009 Moderators
    ဖြစ်နိုင်ရင် မြန်မာလိုဖတ်မယ်ဆိုတာထက်.. အင်္ဂလိပ်လို ဖတ်ရမယ်ဆိုတဲ့ အတွေးလေး ထားသင့်ပါတယ်..

    ကိုလူပျိုကြီးစကားကိုပဲ ယူသုံးလိုက်ပါဦးမယ်..
    field တစ်ခုကိုလေ့လာမယ်ဆိုရင်တော့ အင်္ဂလိပ်လိုဖတ်မှပဲ တတ်သိနားလည်မယ်လို့ထင်ပါတယ်.. မြန်မာလို စာအုပ်ဖတ်ပြီး ဂုရုတွေ ဖြစ်သွားတဲ့လူ မတွေ့ဘူးပါကြောင်း :D

    အပြစ်တင်တာမဟုတ်ပါခင်ဗျာ..

    php နဲ့ ပါတ်သတ်တဲ့ စာအုပ်တွေ အများကြီးရှိပါတယ်.. Online ကနေ လေ့လာစရာတွေလည်းများပါတယ်..
    www.books-hive.com
    
    မှာ လည်း php လို့ဆိုပြီးရှာလိုက်ပါ.. အများကြီးရှိပါတယ်..

    အဆင်ပြေပါစေခင်ဗျာ..
  • edited June 2009 Registered Users
    saturngod wrote: »
    မြန်မာလို စာအုပ်တစ်အုပ်ရေးဖို့ အချိန်ပေးရတယ်ဗျ... အဲဒီအတွက် အချိန်ပေးရတယ်... အဲ.. စာအုပ်ထုတ်စားဖို့ဆိုတာကလည်း အခုခေတ်မှာ ebook တွေ ဖြစ်ကုန်တယ်လေ... :d အချိန်တစ်ခုပေါ်မှာ ပေးဆပ်ပြီး ပေးဆပ်တဲ့အပေါ် ပြန်ရဖို့က သိပ်မဖြစ်နိုင်ဘူး... ဒါကြောင့် စာအုပ်တွေ ရှားနေတာပါ.. ဒါပေမယ့် သင်တန်းတွေ ရှိတာပဲ... English လိုမဖတ်တတ်ရင် ရန်ကုန်မှာ သင်တန်းတွေ တက်လို့ရပါတယ်..
    ကျွန်တော်တို့လို နယ်မှာနေတဲ့လူတွေအတွက်ကသင်တန်းလည်းတော်တော်ရှားတယ်ဗျ:d
  • edited June 2009 Registered Users
    ဟုတ် .
    ကျွန်တော်လဲ English ebook တွေကိုပဲ ဖတ်ပြီးလေ့လာခဲ့တာပါပဲ . . .
    ဒါပေမယ့်ဗျာ . . . internet ကို အမြဲမသုံးနိုင်တဲ့ လူငယ်တွေ ကျတော့ php ကိ်ုလေ့လာဖို့ကျတော့ မလွယ်ပြန်တော့ဘူးလေ . . .
    အဲဒါကြောင့်ပါ . . . မြန်မာလိုလေး ပြည့်ပြည့်စုံစုံဖတ်လိုက်ရတော့ အတော်လေးတော့ ခရီးရောက်သွားမှာပေါ့ဗျာ . . . အဲလိုပြီမှ တဆင့် english ebook တွေဖတ်တာတို့ လိုတာတွေကို internet မှာ ရှာဖတ်တာတို့လုပ်မယ်ဆိုရင် အချိန်တိုအတွင်း ခရီးအများကြီးပေါက်သွားမှာပေါ့ဗျာ . . . ကျွန်တော့် အမြင်ကို ပြောကြည်တာပါ . . .
    ဘယ်သူမဆို အစဆုံးလေ့လာမယ်ဆိုရင် မြန်မာလိုအရင် ဖတ်လိုက်ရတော့ ပိုပြီးနားလည်လွယ်တာပေါ့ . . . english စာအားနည်းတဲ့သူတွေဆို ပိုပြီးတောင် အစဉ်ပြေစေတာပေါ့ဗျာ . . .
    ပြီးတော့ စာအုပ်ထုတ်မယ်ဆိုရင်လဲ ကုသိုလ်လဲရ ၀မ်းလဲ၀ပါတယ်ဗျာ . . .
    ဖြစ်နိုင်ရင်တော့ မြန်မာလိုစာအုပ်လေး ရှိစေချင်တယ် . . .
    အားလုံးကို ခင်မင်လျှက် . . .idea.gif
  • edited June 2009 Registered Users
    ဟုတ်ပါတယ်ခင်ဗျ..English လိုကျပြန်တော့လည်းအားနည်းတဲ့လူအတွက်ကျတော့ပြသနာဗျ..မြန်မာလိုလေးဆိုရင်ဘာဘဲဖြစ်ဖြစ်ဖတ်ဖြစ်
    ဦးမှာပေါ့..နော်..လွယ်ကူတာပေါ့
  • edited June 2009 Moderators
    ကျွန်တော်သိသလောက်တော့ Ebook မရှိပါဘူး ဒေါင်းချင်ရင်တော့
    www.phpmyanmar.com
    
    မှာရှာကြညိ့လိုက်ဗျား
  • edited June 2009 Registered Users
    php myanmar ကဖိုရမ်မဟုတ်ဘူးနော်...ဒါပေမယ့်သူလည်းကောင်းပါတယ်ခင်ဗျ...တခြားဖိုရမ်လေးတွေရှိရင်လည်းညွန်ပြပေးပါနော်
    တခြားမဟုတ်ပါဘူးခင်ဗျ..ဖိုရမ်ဆိုတော့အကူအညီတောင်းလို့ရတာပေါ့ခင်ဗျာ
  • edited June 2009 Moderators
    php ကိုလေ့လာရတာ.. လွယ်ကူပါတယ်... ကျွန့်တော့်အထင်ပေါ့လေ.
    ကျွန်တော်လည်း အခုမှ စာအုပ်ဖတ်ပြီးလုပ်နေရတာပါပဲ.. ..

    Logic တွေ အနည်းအပါး တီးမိခေါက်မိရင်ပေါ့လေ..
    Logic ဆိုတာလည်း ခက်ခက်ခဲခဲတွေမဟုတ်ပါဘူး.. Data type အကြောင်း.. Looping အကြောင်း.. Array အကြောင်း.. အစရှိသဖြင့် basic concept တွေကို ရေရေလည်လည် နားလည် သဘောပေါက်ထားရင်.. လွယ်ကူသွားမှာပါ..

    Syntax ကတော့ မှတ်ရပါမယ်. အဲဒီအပိုင်းလောက်ပဲ အထူးလေ့လာစရာလိုပါတယ်...

    အဲ.. ကျွန်တော်လည်း စလုပ်နေတာ.. တစ်ပါတ်ကျော်ကျော်ပဲ ရှိပါဦးမယ်.. error ပေါင်းစုံနဲ့.. လည်နေတာပါပဲ.. :D

    တတ်ချင်တော့လည်း ကိုယ့်ကိုယ့်ကိုယ်ပဲ အားပေးပြီး လုပ်ရတာပါပဲ.. error ရှာမတွေ့ရင် စိတ်တော့ပျက်ပါတယ်.. ဒါပေမဲ့ ဒီလိုမှမလုပ်ရင်. မတတ်ပဲ နေမှာပဲဆိုပြီးတော့ပဲ လုပ်နေရတာပါ.. :D

    အမှားပါရင်ခွင့်လွှတ်ပါခင်ဗျာ..
  • edited June 2009 Administrators
    bluerays wrote: »
    php myanmar ကဖိုရမ်မဟုတ်ဘူးနော်...ဒါပေမယ့်သူလည်းကောင်းပါတယ်ခင်ဗျ...တခြားဖိုရမ်လေးတွေရှိရင်လည်းညွန်ပြပေးပါနော်
    တခြားမဟုတ်ပါဘူးခင်ဗျ..ဖိုရမ်ဆိုတော့အကူအညီတောင်းလို့ရတာပေါ့ခင်ဗျာ
    PHP နဲ့ ပတ်သက်ပြီး MZ မှာ မေးနိုင်ပါတယ်... ကျွန်တော် ကူညီနိုင်ပါတယ်.... စာအုပ်ကိစ္စတွေတော့ မလုပ်အားသေးဘူး.. CSS , Wordpress အပြင် အခြား ရေးလက်စ တန်းလန်းတွေ အရမ်းများနေတယ်.. အခုတော့ စာပဲ ဖိဖတ်နေတော့ မအားသေးဘူးဗျာ.. :(
  • edited June 2009 Registered Users
    bluerays wrote: »
    php myanmar ကဖိုရမ်မဟုတ်ဘူးနော်...ဒါပေမယ့်သူလည်းကောင်းပါတယ်ခင်ဗျ...တခြားဖိုရမ်လေးတွေရှိရင်လည်းညွန်ပြပေးပါနော်
    တခြားမဟုတ်ပါဘူးခင်ဗျ..ဖိုရမ်ဆိုတော့အကူအညီတောင်းလို့ရတာပေါ့ခင်ဗျာ

    PHPmyanmar.com forum က ဒီမှာ ရှိပါတယ်။
    http://www.mmgeeks.org/forum/viewforum.php?f=54
    
  • edited June 2009 Registered Users
    ကျွှန်တော် တတ်သလောက်တော့ php ကို ဘာသာပြန်ပေးပါမရ်....အခြေခံလောက်ပေါ့ :d

    ၁ ပတ်လောက်တော့ စောင့်ပါဗျာ
  • edited June 2009 Registered Users
    မြန်မြန်လေးနဲ ့....တားတားတို ့နားလည်အောင်ရှင်းပြပေးနော်...:d
  • edited June 2009 Administrators
    Zend PHP စာအုပ်လေးဖတ်ကြည့်ပါလား.. အရမ်းကောင်းတယ်... လွယ်လည်း လွယ်တယ်.. Forum ထဲမှာ ဟိုးအရင်က ရေးထားတာ ရှိတယ်.. ရှာကြည့်လိုက်အုံးမယ်..
  • edited June 2009 Administrators
    http://www.mysteryzillion.org/forums/showthread.php?t=19
    
    မှာတော့ အနည်းအကျဉ်းဖတ်လို့ရမယ်လို့ထင်ပါတယ်..
  • edited June 2009 Registered Users
    ကျွန်တော်ဆိုလိုတာကဗျာ .
    အွန်လိုင်းမှာ မြန်မာလိုအီးဘုတ်တာ မရှိတာပါ . . . forum တွေ blog တွေမှာ မြန်မာလိုတွေရေးထားတာတွေ လေ့လာတွေ့ရှိရပါတယ် . .
    အွန်လိုင်းမှာ ရေးထားတာတွေထက်ဗျာ အပြင်မှာ စာအုပ်တအုပ်လောက် ရှိစေချင်တယ်ဗျာ . . .
    အကြောင်းအမျိုးမျိုးကြောင့် internet လဲ မသုံးနိုင်ဘူး . . . php ကိုလဲ ပေါ်ပြူလာဖြစ်နေတော့ အရမ်းလည်းလေ့လာချင်နေတဲ့သူတွေ internet ကိုအမြဲမသုံးနိုင်တဲ့ နယ်ကသူတွေ အတွက်ကျတော့ဗျာ စာအုပ်လေးကို ဆိုင်မှာ ပိုက်ပိုက်ပေး၀ယ်ပြီး အိမ်မှာပဲ စာအုပ်လေးကိုဖတ်ပြီး လေ့လာချင်ကြမှာပဲဗျ . . . ကျွန်တော့် အမြင်ကို ပြောတာပါဗျာ . . .
    စာအုပ်တအုပ်ကို ပိုက်ဆံ ၃၀၀၀ ဆိုလဲ မုန့်ဖိုးလေးထဲကဖယ်ပြီး ၀ယ်ဖတ်မှာပဲဗျ . . . ပိုက်ဆံကုန်ရကျိုးလဲ နပ်မှာပါ . . . စာအုပ်ကလဲ အရေးအသားကောင်းလေးနဲ့ ရှင်းရှင်းလင်းလင်း နားလည်အောင်လုပ်ထားမယ်ဆိုလို့ကတော့ဗျာ အတိုင်းထက်အလွန် ကောငး်ပေါ့ . . .
    internet ကိုအမြဲမသုံးနိုင်တဲ့သူတွေ အတွက် စဉ်းစာပေးကြည့်တာပါဗျာ . . .
    ကျွန်တော်ရေးတာ မှားတာရှိရင်လဲ ပြင်ပေးပါ . . .
    အားလုံးကို ခင်မင်လျှက် . . .
  • maxmax
    edited June 2009 Registered Users
    အင်း www.phpmyanmar.com တော့ရှိတယ်...။
    တကယ်လို့ စာအုပ်ဆိုရင်လည်း တစ်ယောက်ယောက်က စလိုက်ရင်သိပ်ကောင်းမှာပဲ။ အားလုံး၀ိုင်းရေးကြပေါ့။ :)
    ဒါမှမဟုတ်ရင်တော့ နောက်တစ်ခုရှိတယ်...။ ဟီဟီး... eng လိုရေးထားတာ အားလုံးကို မြန်မာလို ပြည့်ပြည့်စုံစုံ ဘာသာပြန်ပေးနိုင်မယ့် Application မျိုးကိုစောင့်လိုက်ဦး... (သက်သက် 'မ' တာ) :P
    mgyaykhae wrote: »
    ရန်ကုန်က စာအုပ်ဆိုင်တွေမှာရော မန်လေးက စာအုပ်ဆိုင် တော်တော်များများမှာပါ PHP ကိုမြန်မာလိုရေးထားတဲ့ စာအုပ် ကျွန်တော် ရှာကြည့်ပါတယ် . . .
    တစ်အုပ်တလေမှ မတွေ့ဘူးဗျာ . . .:O ( မိတ်ဆွေတို့ တွေ့မိရင်လဲ ဘယ်ဆိုင်မှာ ရတယ်ဆိုတာလေး ပြောပေးပါအုံးနော် . . . )
    ဘာလို့ မရှိတာလဲ . . . ဘာလို့ မရေးကြတာလဲဗျာ . . .
    မြန်မာနိုင်ငံမှာ PHP ကျွမ်းကျင်တဲ့သူတွေ အများကြီးရှိကြတာပဲလေ. . .
    တစ်ဦးတလေကများ မြန်မာလိုရေးလိုက်ရင် စပြီးလေ့လာသူတွေအတွက်တော့ သိပ်ကောငး်မှာပဲ . . . သိပ်ပြီးတန်ဖိုးရှိမှာပဲလို့ ထင်ပါတယ် . . .
    ဒီလောက် ပေါ်ပြူလာဖြစ်နေတဲ့ Lauguage ကို ဘာလို့ မထုတ်လဲ ဆိုတာ စဉ်းစားလို့ မရဘူးဗျာ . . .
    ဘာကြောင့်လဲ ဆိုတာ ဆွေးနွေးပေးကြပါအုံး . . .
    အားလုံးကို ခင်မင်လျှက် . . .idea.gif
Sign In or Register to comment.