မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

VB , C# နဲ့ C++(windows programming) တတ်ကျွမ်းသူတွေ ကူပါဦး

edited June 2009 in VB6
ကျွန်တော့်ကို ..ကူပါဦးဗျာ ..
1 . eg: VB EXE File တခုကို Import exe file အဖြစ်ထုတ်လိုက်သောအခါ form ပုံစံမဟုတ်ပဲ . Icon လေးနဲ့ လုပ်ချင်လို့ပါ ..
2 . Installation လုပ်လို့ရတဲ့ program ကို ဘယ်လိုရေးရမလဲမသိလို့ ပါ .. နောက်ပြီး
3. တခြား Program တွေလို .. set up file (၁ခုတည်း) ကို run/install လုပ်ရင် .. GUI တွေ sound တွေတခါတည်း ပေါ်လာအောင် ရေးပုံရေးနည်း Coding (VB) လေး ပြောပြပေးပါခင်ဗျာ..


{ google မှာရှာတာ အဆင်မပြေလို့ပါ }
အမှားပါရင်ခွင့်လွှတ်ပါ ..:77:

မှတ်ချက်များ

  • edited May 2009 Registered Users
    Microsoft Visual Studio 6.0 ရဲ့အောက်မှာ
    Microsoft Visual Studio 6.0 Tools ဆိုတာ ရှိတယ်လေ
    အဲဒိအထဲမှာ Package & Deployment Wizard ဆိုတာကိုသုံးရတယ်
    http://ifile.it/t8ild6p


    လုပ်နည်းအကြမ်းကတော့အပေါ်ကလင့်မှာ down ပါ
    ဒီနေရာမှာ Build in installer package ကိုသုံးတာကြောင့် လှလှပပမရပါဘူး

    လှလှပပ ရချင်ရင် Setup Factory ဒါမှမဟုတ် Wise Installer maker တွေကိုသုံးရပါမယ်
    Installer maker တွေလဲအများကြီးရှိဦးမှာပါ
  • edited May 2009 Registered Users
    Startup form ရဲ့ Properties မှာ icon ဆိုတဲ့ Propertiesရှိတယ် ကိုသုံးချင်တဲ့ iconကို ရွေးပြီး လို့ exe generate လုပ်လိုက်ရင် exe က iconလေးနဲ့ ဖြစ်သွားပါလိမ့်မယ်
  • edited May 2009 Registered Users
    EiEiYgn wrote: »
    microsoft visual studio 6.0 ရဲ့အောက်မှာ
    microsoft visual studio 6.0 tools ဆိုတာ ရှိတယ်လေ
    အဲဒိအထဲမှာ package & deployment wizard ဆိုတာကိုသုံးရတယ်
    http://ifile.it/t8ild6p


    လုပ်နည်းအကြမ်းကတော့အပေါ်ကလင့်မှာ down ပါ
    ဒီနေရာမှာ build in installer package ကိုသုံးတာကြောင့် လှလှပပမရပါဘူး

    လှလှပပ ရချင်ရင် setup factory ဒါမှမဟုတ် wise installer maker တွေကိုသုံးရပါမယ်
    installer maker တွေလဲအများကြီးရှိဦးမှာပါ

    ကျေးဇူးပါခင်ဗျာ .. :77: ကျွန်တော်လိုက်ရှာနေတာကြာပါပြီ ..
  • edited May 2009 Registered Users
    C++ အတွက်လည်း Turbo မှာရှာလိုက်ဦးမယ် .. မရရင် .. သိတဲ့ကိုကိုမမများ ကူပါဦးနော် ..:77:
  • edited May 2009 Administrators
    Installer ပြန်လုပ်တဲ့အထဲမှာ Install Shield လည်းကောင်းတယ်... မြန်မာနိုင်ငံမှာဆိုရင် Install Shield အခွေဝယ်လို့ရပါတယ်... ဒါပေမယ့် သူက သုံးရတာ တော်တော်တော့လေးတယ်.. function တွေလည်း တော်တော်များများပါတယ်... script တွေရေးတတ်ရင် တော်တော်ကောင်းတဲ့ Installer Maker ပါ..
  • edited May 2009 Registered Users
    saturngod wrote: »
    Installer ပြန်လုပ်တဲ့အထဲမှာ Install Shield လည်းကောင်းတယ်... မြန်မာနိုင်ငံမှာဆိုရင် Install Shield အခွေဝယ်လို့ရပါတယ်... ဒါပေမယ့် သူက သုံးရတာ တော်တော်တော့လေးတယ်.. function တွေလည်း တော်တော်များများပါတယ်... script တွေရေးတတ်ရင် တော်တော်ကောင်းတဲ့ Installer Maker ပါ..


    ကျေးဇူးပါ .. Sunday ကျရင် National ကို ပြေးလိုက်ဦးမယ် .:P
  • edited May 2009 Registered Users
    မပြေးနဲ့ဗျိုကျွန်တော်ဆိမှာရှိတယ်လာယူ..အကုန်ရှိတယ်ဗျို့ကိုwilly
  • edited June 2009 Registered Users
    VB6 မရေးတာကြာတော့ သိပ်တော့မမှတ်မိတော့ဘူး..
    ဒါပေမယ့် installer လုပ်ချင်ရင်တော့ NullSoft Scriptable Install System (NSIS) လို့ လူသိများတဲ့ install maker က တော်တော်ကောင်းပါတယ်.. ပြီးတော့ open source မို့လို့ pirate software လုပ်ပြီး သုံးစရာမလိုဘူး... NSIS script editor တွေလဲရှိပါတယ်.. google မှာ NSIS လို့သာ ရှာလိုက်... ထိပ်ဆုံးမှာတွေ့လိမ့်မယ်..
Sign In or Register to comment.