မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

အင်တာနက်ဆိုင်များဆက်လက်ရှိဦးမည်လော

edited May 2010 in My Article
"အင်တာနက်ဆိုင်များဆက်လက်ရှိဦးမည်လော (သို့)နည်းသွားမလား"
ဒီခေါင်းစဉ်ကိုတွေ့လိုက်လို့ အင်တာနဲ့ဆိုင်ဖွင့်ထားသူများလန့်သွားမလားတော့မသိပါဘူး။မလန့်ပါနဲ့လို့ကြိုတင်ပြီးစကားပုလ္လင်ခံထားပရစေ။
ပြောချင်တာလေးက ဒီလိုဗျာ........
တနေ့..ကျနော်ကားစီးပြီးအိမ်အပြန် ကာရာအိုကေ ဆိုင်လေးတစ်ဆိုင်ကိုတွေ့မိလို့စဉ်းစားမိတယ်။ သြော်.........ရန်ကုန်မြို့က အင်တာနက်ဆိုင်တွေလဲ တနေ့ ကာရာအိုကေဆိုင်တွေလိုဖြစ်လာမလားလို့စဉ်းစားမိပါတယ်။ ဟိုတချိန် နိုင်တီးဂွမ်တီးလောက်တုန်းက အောက်စက်တို့ ကတ်စက်တို့ဆိုရင် tape စနစ်ဘဲရှိခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ CD တွေ VCD တွေ DVD တွေဖြစ်ကုန်ကြပါပြီ။ Tape ခေတ်ကတည်းကစခဲ့တဲ့ ကာရာအိုကေဆိုင်တွေဟာဖြင့် အခု DVD တွေပေါ်ပေါက်လာတဲ့အထိရှိနေတုန်းပါဘဲ။ ဒါပေမယ့် အခုအချိန်မှာတော့ တော်တော်လေးနည်းပါးသွားပါပြီ (မှတ်ချက်။ ။ KTV မပါပါဘူး:D)။ Tape ခေတ်ကစပြီး VCD ခေတ်အထိ လမ်းတိုင်း.ရပ်ကွက်တိုင်းတွေမှာလိုလို ကာရာအိုကေဆိုင်တွေဟာဖြင့် မှိုလို ပေါ်ပေါက်ခဲ့ပါတယ်။ ယခု DVD ခေတ်မှာတော့ ဆိုင်တွေမရှိသလောက်နည်းပါးသွားပါပြီ။ ကိုယ့်အိမ်မှာကို သီဆိနေကြပါပြီ။ အင်တာနက်ဆိုင်တွေကိုလဲ ကျနော် အဲဒီလိုဘဲမြင်မိပါတယ်။ dail-up ကစခဲ့တာ Broadband ၊ IpStar ၊ WiMax စသည်ဖြင့် တိုးတက်လာခဲ့ပါပြီ။ အင်တာနက်ဆိုင်တွေဆိုရင်လဲ တစ်ဆိုင် နှစ်ဆိုင်မှ ယခုဆိုရင်တော်တော်လေးကိုများပြားလာခဲ့ပါပြီ။ နောက်ပိုင်း သူများနိုင်ငံက စနစ်တွေ(Wi-Fi)လိုမျိုးများရလာခဲ့ရင် အင်တာနက်ဆိုင်တွေဆက်လက်ရှိဦးမလား (သို့) နည်းသွားမလား မသိပါဘူးခင်ဗျ။ ကွန်ပျူတာတလုံးရှိရုံနဲ့ ဘယ်နေရာကမဆို အင်တာနက်သုံးလို့ရတာကိုး(wireless စနစ်ပါသော ကွန်ပျူတာများကိုရည်ညွန်းပါသည်)။ ကျနော်တို့နိုင်ငံမှာလဲ သုံးလို့တော့ရနေပါပြီ (တိုကျိုဒိုးနတ် တို့လိုပေါ့ဗျာ)။ ဒါပေမယ့်တခုခုသောက်မှကောင်းမှာပေါ့နော်:D။ တမြို့လုံးအနေနဲ့ ဒီလိုဖြစ်နိုင်ဖို့ဆိုတာကတောဖြင့် မကြာမီ လာမီမျှော် ဆိုသလိုပါဘဲပေါ့ဗျာ:D။ကျနော်ပြောတာရှည်လဲရှည်သွားပြီ..နိဂုံးအနေနဲ့ ကျနော်ပြောချင်တာကတော့ ဆက်လက်တော့ရှိနေဦးမည် (သို့) နည်းပါးသွားလိမ့်မည်လို့ထင်ပါတယ်။:D
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျနော့်အစ်ကိုကြီတွေရေးတာအားကျလို့ရေးကြည့်တာပါ
အမှားပါရင်လဲ ခွေးလွတ်ပေး ..အဲအဲ ခွင့်လွတ်ပေးစေချင်ပါတယ်:D

မှတ်ချက်များ

  • edited April 2009 Registered Users
    စည်းကမ်းလဲတင်းကျပ်မယ် အားလုံးကိုလဲသက်သက်သာသာရမယ်ဆိုရင်ဖြင့်နည်းသွားနိုင်ပါတယ်
    ခုလဲအရင်လိုမှအခြေနေမကောင်းတော့တာ:) တစ်ချို့တွေဆိုလုပ်ကြည့်ပြီးမှ မျော်လင့်သလိုမဖြစ်တော့
    ဆက်မလုပ်ကြတော့ဘူး
  • edited April 2009 Registered Users
    ဟုတ်ပါတယ် အခုဆိုရင် အင်တာနက်ဆိုင်တွေ ထင်သလောက် အလုပ်မဖြစ်တော ့ပါဘူး
    တစ်ချို ့တွေဆိုရင် Game ဘက်ကိုပြောင်းသွားကြတယ်။ တစ်ချို ့လူတွေကရှိတယ် မြို ့ထဲမှာ သိပ်
    မဖွင့်တော ့ဘူး။ အစွန်းအဖျားဘက်မှာ ဖွင့်လာကြတယ်။ အဲ ့ အဲဒီဘက်မှာတော ့အလုပ်ဖြစ်တယ်ဗျ။
    သုံးမည့်သူတွေ က စောင့်ပြီးတော ့သုံးရတယ်။ အနော်လဲ မပြောတတ်ဘူး။
    နောက်ပိုင်းတော ့အင်တာနက်ဆိုင်တွေ တစ်ဖြည်းဖြညး်လျှော ့နည်းလာမယ် လို ့တော ့ထင်ပါတယ်။
  • edited April 2009 Registered Users
    အစ်ကိုဒီကိုလဲလာအားပေးပါဦးနော်....

    [/URL][URL]http://www.mysteryzillion.org/forums/showthread.php?t=3793[/URL]
    
  • edited April 2009 Registered Users
    greyfindor wrote: »
    ဟုတ်ပါတယ် အခုဆိုရင် အင်တာနက်ဆိုင်တွေ ထင်သလောက် အလုပ်မဖြစ်တော ့ပါဘူး
    တစ်ချို ့တွေဆိုရင် Game ဘက်ကိုပြောင်းသွားကြတယ်။ တစ်ချို ့လူတွေကရှိတယ် မြို ့ထဲမှာ သိပ်
    မဖွင့်တော ့ဘူး။ အစွန်းအဖျားဘက်မှာ ဖွင့်လာကြတယ်။ အဲ ့ အဲဒီဘက်မှာတော ့အလုပ်ဖြစ်တယ်ဗျ။
    သုံးမည့်သူတွေ က စောင့်ပြီးတော ့သုံးရတယ်။ အနော်လဲ မပြောတတ်ဘူး။
    နောက်ပိုင်းတော ့အင်တာနက်ဆိုင်တွေ တစ်ဖြည်းဖြညး်လျှော ့နည်းလာမယ် လို ့တော ့ထင်ပါတယ်။

    အဲဒီလိုတော ့...မပြောပါနဲ ့..ကို Girl Finder ရဲ ့ ....ဘာလို ့လဲ ဆိုတော ့
    စင်ကာပူကို ကြည် ့ဗျာ..လုူတိုင်း...notebook ရှိတယ်...အဲဒါတောင်
    Internet shop တွေ ရှိတုန်းပဲ...ဟုတ်တယ်...မလား..
    ကျွန်တော်ထင်တယ်...နည်းသွားမယ်...
    ဒါပေ ့မယ်...Internet shop တွေ ရှိနေအုန်းမှာပါပဲ...
  • edited April 2009 Registered Users
    အင်တာနက်ဆိုင်တွေက ထပ်တော့ရှိအုံးမယ်ထင်တယ်။ ဘာလို့လည်းဆိုတော့ အင်တာနက်သုံးတဲ့သူ အများစုက gtalk သုံးတဲ့လူတွေပဲ များတာကိုး။ လူနည်းစုကတော့ အင်တာနက်ကို တကယ့်ကို အသုံးပြုတဲ့သူတွေပါ။ အဲ့တော့ gtalk သုံးတဲ့လူတွေအတွက် အင်တာနက်ဆိုင်တွေက လိုအပ်နေအုံးမှာ ပဲလေ။ အဲ့ဒီဆိုင်တွေက စျေးလည်းသက်သာမယ်။ connection ကလည်း သိပ်မနှေးဘူးဆိုရင်တော့ လူတိုင်းကဆက်ပြီးတော့ သုံးဖြစ်နေအုံးမယ်ထင်ပါတယ်။ တကယ်သုံးချင်တဲ့လူတွေကတော့ wi-fi တွေ ဘက် ရွှေ့သွားရင် ရွှေ့သွားမှာပေါ့လေ။

    p.s ကျွန်တော် ထင်မြင်ချက်သက်သက်ပါ။ :) :) :)
  • edited April 2009 Registered Users
    zarni aung wrote: »
    အဲဒီလိုတော ့...မပြောပါနဲ ့..ကို girl finder ရဲ ့ ....ဘာလို ့လဲ ဆိုတော ့
    စင်ကာပူကို ကြည် ့ဗျာ..လုူတိုင်း...notebook ရှိတယ်...အဲဒါတောင်
    internet shop တွေ ရှိတုန်းပဲ...ဟုတ်တယ်...မလား..
    ကျွန်တော်ထင်တယ်...နည်းသွားမယ်...
    ဒါပေ ့မယ်...internet shop တွေ ရှိနေအုန်းမှာပါပဲ...
    ကျွန်တော်က ဘာပြောမိလို ့တုန်း ကိုဇာနည်ရဲ ့ နည်းသွားမယ်ပြောတာလေ
    အကုန်လုံးပျောက်သွားမယ်လို ့မပြောမိပါဘူးဗျာ...
    တစ်လွဲမထင်ပါနဲ ့
  • edited April 2009 Registered Users
    ဘယ်လိုတွက်တွက် အိမ်မှာသီးသန့်သုံးကို dial-up လောက်နဲ့မကျေနပ်နိုင်ဘူးဆိုရင် စျေးသက်သာပြီး အဲကွန်းလဲရှိတဲ့ အင်တာနက်ဆိုင်များကိုသာဒိုးကြဦးမည်ဖြစ်သောကြောင့် ပျောက်ကွယ်သွားဦးမည်မဟုတ် (အချိန်အတိုင်းအတာတစ်ခုအထိ) ဟုမြင်ပါသည်.
  • edited April 2009 Registered Users
    Dial up နဲ ့ဆိုရင်တော ့Connection က အလွန်ဆိုးရွားပါတယ်။ (အခုလောလောဆယ် အခြေအနေနော်) နောက်ပိုင်း Dial up speed မြင့်လာရင်တော ့အင်တာနက်ဆိုင်သွားမယ် ့သူနည်းသွားပါမယ် ။ အခုအခြေနေကတော ့အင်တာနက်ဆိုင်က Dial up မှာ ပေးသုံးရတာထက် တန်ဖိုးနည်းပါးနေတာကိုတွေ ့ရပါတယ်။
  • edited April 2009 Registered Users
    အင်တာနက်ဆိုင်တွေကတော့ ဒီကမ္ဘာတည်နေသရွေ့ရှိနေအုန်းမှာပါကွယ်။
    ဘာလို့လည်းဆိုတော့ လူတန်းစားမညီမျှလို့ပါဘဲ။
    Wireless User, Dial-Up User တွေရှိနေသလို Cybercafe User တွေဆိုတာလည်း သူ့နေရာနဲ့သူတော့ ရှိနေမှာမို့ အင်တာနက်ဆိုင်တွေ ရှိနေအုန်းမှာပါလို့ တပ်အပ်ပြောရဲပါတယ်။
  • edited April 2009 Registered Users
    အင်တာနက်ဆိုင်တွေနည်းသွားနိုင်ပါတယ်။ပျောက်တော့မသွားနိုင်ပါဘူး
  • ကျွန်တော့်အမြင်ကတော့ တစ်မျိုးဗျ .... မြန်မာတွေက သိတဲ့အတိုင်း ဟိုလူက ဒါအလုပ်ဖြစ်တယ် ... အကုန်ဝိုင်းလုပ်တတ်ကြတယ်လေ ... ငါးကပွက်တာနည်းနည်း ငါးမျှားချိတ်တွေက များပါဘိ ... နောက်ပြီး စီးပွားရေး အခြေအနေ သိပ်မကောင်းကြတော့ အရင်လို အချိန်အကြာကြီး မထိုင်နိုင်ကြတော့တာလည်း ပါတယ်ဗျ ... အင်တာနက်ဆိုင်တွေ ပျောက်သွားနိုင်လားဆိုတာကတော့ မပျောက်သွား နိုင်ဘူးလို့ ပြောနိုင်ပါတယ်ဗျာ ... ဒါပေမယ့် မိုးဦးကျမှိုတွေ ပေါက်သလို အလျိုလျိုပေါက်လာကြရင်တော့ မိုးမရွာတဲ့အခါ မှိုတွေ မရှိတော့သလို ပြန်နည်းသွားမှာပေါ့ ...
  • edited April 2009 Registered Users
    ဆက်လက်ရှိမယ်လို့တော့ထင်ပါတယ်
    ကျနော့်စိတ်ထင်
    နောက်ပိုင်း အမာခံ အင်တာနက်ဆိုင်တွေပဲ ကျန်ခဲ့မှာပါ
    ကျနော်ပြောချင်တာက
    သူများဆိုင်တွေဆိုရင် တစ်နာရီ၃၀၀ ဆိုတာကိုက်ပါ့မလားဗျာ
    အလုံးများရင်တော့တစ်မျိုးပေါ့
    အလုံးနည်းရင်တော့ ကိုယ့်ဘေးကဆိုင်၃၀၀ ဆိုတာနဲ့ ကိုယ်လဲ၃၀၀ ဆိုရင်တော့မကိုက်တော့ဘူးဗျ
    ဟုတ်တယ်မလား
    ကိုယ်က ၀န်ထမ်းဖိုးရှိမယ်
    အခန်းငှားခ
    မီတာ
    ရေမီတာ
    pac
    စည်ပင်
    အို စုံလို့ စုံလို့
    အဲဒါတွေကိုတောင့်ခံနိုင်တဲ့ဆိုင်တွေပဲကျန်ခဲ့မယ်လို့တော့ထင်ပါတယ်
  • edited May 2009 Registered Users
    အဲဒါပြောတာပေါ့ဗျ
    ကျွန်တော့်သူငယ်ချင်းတယောက်တောင်မှ ဖွင့်ဖို့ကြိုးစားသေးတယ်......
    နေရာတွေလဲ လိုက်ကြည့်ပြိးပြီဗျ
    နောက်တော့ အကြောင်းအမျိုးမျိုးကြောင့်မဖွင့်ဖြစ်ဘူးဗျ.....သိပ်မကြာပါဘူးဗျာ
    သူငယ်ချင်းနှစ်ယောက်လိုက်ကြည့်လိုက်တဲ့ နေရာမှန်သမျှ အင်တာနက်ဆိုင်တွေ မှိုလိုပေါက်လာတော့တာပါပဲ
    အခုဆို မန္တလေးမှာ အင်တာနက်က connection ကျလိုက်တဲ့ဖြစ်ခြင်း
    စိတ်လေပါတယ်ဗျာ
    နောက်ဆိုရင် နိုင်ငံခြားလို wireless တွေရှိလာရင်တော့ကောင်းတာပေါ့ဗျာ
  • edited May 2009 Registered Users
    အင်တာနက်ဆိုင်တွေဟာ ဆက်လက်ပြီးတော့ တွင်ကျယ်နေဦးမှာပါ...အနည်းဆုံးတော့ နောက်3နှစ်လောက်အထိပေါ့...ဘာလို့လဲဆိုတော့ home use dial-up တွေဟာ သုံးလို့တော်တော့်ကို မကောင်းတာဗျ... ပြီးတော့ ADSL တပ်မယ်ဆိုရင်လဲ... လိုင်စင်ကြေးကြီးက မတရားများလွန်းနေသလိုပဲ.. တစ်လ 30,000 ပေးနိုင်ပေမယ့် 1,500,000 ကိုတော့ မတတ်နိုင်တာအမှန်ဗျ.... ဒါနဲ့ စီးပွားရေးလုပ်နေတာလဲ မဟုတ်ဘဲကိုး.. ပြီးတော့ အင်တာနက်ဆိုင်တွေဆိုတာ သမီးရည်းစား အတွဲတွေအတွက် chat ဖို့နဲ့ ချိန်းတွေ့ဖို့နေရာလို ဖြစ်နေတော့..............ဒါကြောင့် အင်တာနက်ဆိုင်တွေ ပျောက်ကွယ်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ chatting ကို တရားဥပဒေအရ ပိတ်ပင်မှသာ ဖြစ်နိုင်မည်ထင်ကြောင့်းပါ.... :( :(
  • edited May 2009 Registered Users
    ... ဒါပေမယ့် မိုးဦးကျမှိုတွေ ပေါက်သလို အလျိုလျိုပေါက်လာကြရင်တော့ မိုးမရွာတဲ့အခါ မှိုတွေ မရှိတော့သလို ပြန်နည်းသွားမှာပေါ့ ...

    ကိုပီဇီ ပြောသလို ဆိုရင် မိုးမရွာတဲ့အခါဆိုတာဘယ်အခြေအနေကိုပြောတာပါလဲ .. အင်တာနက်ကြီး မရှိတော့ရင်ပြောတာလား .. connection က google တောင်တက်မလာတော့တဲ့နေ့တွေနေ့တိုင်းဖြစ် သွားရင်ပြောတာလား ...:39:
  • edited May 2009 Registered Users
    အင်တာနက်ဆိုင်တွေ နောက်ထပ် အများကြီးပေါ်လာအုံးမှာပဲ....ကောင်းပါတယ် ဒါပင်မဲ့ တစ်ခုတော့ရှိတယ်..connections ကတော့.............:68:
  • edited May 2009 Registered Users
    အင်တာနက် ဆိုင်တွေ ဆက်ပြီး လုပ်စားလို့ ရအုန်းမှာပါ။ ကာရာအိုကေ ဆိုင်နဲ့ အင်တာနက် ဆိုင်က နှိူင်းဖို့ကို လိုင်းချင်းမှ မတူတာ။ ကာရာ အိုကေ သွားရင် Gain မရှိဘူး Loss ကြီးပဲ။ အရင် ပိုက်ဆံကုန်မယ်၊ အသံကုန်မယ်။ ပြီးတော့ ကာရာအိုကေ ဆိုတာ entertainment သီးသန့် အတွက်။ ပျော်စေ ပျက်စေ လူတွေပဲသွားမယ်။
    အင်တာနက်က တစ်ကမ္ဘာလုံး ဆိုင်ရာ ဆက်သွယ်ရေး ကြားခံ။ ပညာရေး အတွက် အပြည့်အစုံဆုံး စာကြည့်တိုက်ကြီး၊ နောက်ဆုံးသတင်း အချက် အလက် တွေ ရရှိနိုင်သောနေရာ။
    ကာရာ အိုကေ ထက်ကောင်းတဲ့ ဖျော်ဖြေရေး တွေ ရှိတဲ့နေရာ ကြီးလေ။ မိမိဝါသနာကို ပံ့ပိုးပေးတဲ့ နေရာ။ (ဝါသနာတူတွေနဲ့ ဆိုက်တွေမှာ တွေ့ပြီး ဆွေးနွေးနို်င်မယ်လေ။)
    အင်တာနက် ဆိုင်တွေ မရှိတော့တဲ့ နေ့က အိမ်တိုင်းမှာ ကိုယ်ပိုင် ADSL ကော်နက်ရှင် ရှိတဲ့နေ့ပဲ။
  • edited June 2009 Registered Users
    ကျွန်တော် ထင်တယ် မပြောက်တော့မပြောက်သွားဘူး... ဒါပေမဲ့ စီးပွားရေးတစ်ခုလို့ လုပ်နေရင် မကောင်းတဲ့အချက်ပဲ... စဉ်းစားကြည့်လေ ကျွန်တော်တို့ ငယ်ငယ်တုန်းက စာအုပ်ဆိုင်တွေလိုပဲ... နောက်ပိုင်း တဖြည်းဖြည်းနဲ့နည်းလာတယ်.... ကျွန်တော်ပတ်၀န်းကျင်ကို wifi ပေးထားတာ တစ်နှစ်နီးပါရှိပြီ ခင်ဗျားတို့ပြောသလို့ဆို ကျွန်တော် နက်ေ၀ါ့မှ wifi သုံးထားတာ ခေတ်ရှေ့ပြေးနေပြီ ဟီး... ကျွန်တော်လမ်းထဲက ရှိသမျှအိမ်တိုင်းပေးမယ်စိတ်ကူးတယ်... အခုတော့ ၇ လုံးလောက်ရှိတယ် မျှသုံးတာ အကုန်လုံး wifi ပဲ... တစ်ကယ်တော့ ခေတ်ကုန်တော့မယ်ဗျာ အင်တာနက်ဆိုင်က pfingo တို့ skype တို့ရှိလို့သာ ခံနေတာ... မဟုတ်ရင် မလွယ်ဘူး.. .နောက် အင်တာနက်ကို ကောင်းကောင်းအသုံးမချတတ်ကြသေးဘူး... အဲဒါအကြောင်းရင်းခံပဲ.... အင်တာနက်ဆိုင်ဖွင့်မယ်အစား ကွန်ပျူတာ ရောင်းတဲ့ဆိုင်ဖွင့်တာ အခြေအနေကောင်းတယ်... ကျွန်တော် မှ ပိုက်ပိုက် ရှိရင် ကွန်ပျူတာ ရောင်းတဲ့ဆိုင်အရင်ဖွင့်မယ် ဗျာ .....
  • edited June 2009 Registered Users
    dude wrote: »
    အင်တာနက် ဆိုင်တွေ မရှိတော့တဲ့ နေ့က အိမ်တိုင်းမှာ ကိုယ်ပိုင် adsl ကော်နက်ရှင် ရှိတဲ့နေ့ပဲ။

    စင်ကာပူနိုင်ငံမှာ ဒိုင်ယာအပ်တောင် မသုံးတော့တဲ့အထိ၊ စင်ကာပူရောက်မှ အင်တာနက် စသုံးဖူးတဲ့လူတွေအတွက် ဒိုင်ယာအပ်ဆိုတာ ချိုနဲ့လားမေးရတဲ့အထိ၊ လိုင်းကျပ်တယ်ဆိုတာ ဘာလဲဟင် ဆိုတာမျိုး ဖြစ်တဲ့အထိ ဖြစ်တာတောင်မှ အင်တာနက်ဆိုင် ရှိနေပါသေးတယ်။

    ၁။ အွန်လိုင်း ဂိမ်း
    ၂။ ကွန်ပျူတာ မ၀ယ်ရသေးသော အလည်လာသူ၊ အလုပ်ရှာသူ စသည်
    ၃။ အချိန်ဖြုန်းချင်သူများ

    အောင်မယ် ... အချိန်ဖြုန်းတာ ဆိုးတယ် မပြောနဲ့။ ဟိုတလောက ညီမတစ်ယောက် စာမေးပွဲဖြေတာ လိုက်စောင့်ပေးရတယ်။ ၂ နာရီလောက် ကြာမယ်ပြောတယ်။ (လိုက်စောင့်ပေးရခြင်း အကြောင်းရင်းကား စာမေးပွဲဖြေရာဌာနသည် နာမည်ကျော် စင်ကာပူ ကြက်တန်းဖြစ်ခြင်းကြောင့်) အဲဒီတော့ အင်တာနက်ဆိုင်၀င်၊ စာဖတ်၊ ဂိမ်းဆော့၊ ၀ီကီလှန်လုပ်နေလိုက်တယ်။ အဆင်ကိုချောလို့။
  • edited June 2009 Registered Users
    ့့မြန်မာပြည်အခြေအနေအရမိုးလေ၀သဆိုးရွားပါတယ်
    နောင်နှစ်ပေါင်းများစွာဆက်ရှိနေအုုံးမှာပါ
    တောင့်ခံနိုင်သူအသက်ဆက်ရှင်သန်သွားနိုင်ပါတယ်
    ပိတ်ထားသောမျက်လုံးများအများကြီးကျန်နေပါသေးတယ်
    နောင်လာမဲ့မျိုးဆက်များကြိုးမဲ့စနစ်အမြန်ဆုံးသုံးနိုင်ပါစေကြောင်းဆုမွန်တောင်းလိုက်ပါသည်။
    အပြောင်းအလဲတစ်ခုဖြစ်မလာမခြင်းကတော့ဒုံရင်းကဒုံရင်းပါပဲ
    ဘာကိုမှဆက်ပီးမမျှော်လင့်ပဲဒီအခြေအနေမှာအကောင်းဆုံးဖြစ်အောင်အင်တာနက်ဆိုင်များမှကြိုးစား
    ဆောင်ရွက်သင့်ပါတယ်။
    နောင်လာမဲ့နှစ်ပေါင်းများစွာအနဲဆုံး၅ နှစ်တော့အသာလေးပါကောင်းကောင်းလုပ်စားရင်
    ကောင်းကောင်းရပ်တည်ရမှာပါ။
    ရာသီဥတုအပေါ်မူတည်ပီးအကြောင်းအမျိုးမျိုးကြောင့်အင်တာနက်ဆိုင်အားလုံးပိတ်ခံရခြင်းအန္တရယ်ကိုသာ
    မြင်မိပါတယ်
    ဆိုင်တွေသိပ်လျှော့နဲသွားလိမ့်မယ်တော့ထင်ကိုမထင်မိပါဘူး
    မယုံရင်စောင့်ကြည့်ပေါ့
    ဟဲဟဲ
    မဟုတ်လဲစိတ်မဆိုးနဲ့နော်
    မြင်သလောက်ပြောကြည့်တာ
    မှားတာပါရင်အားလုံးပဲခွင့်လွတ်ပါ
  • edited May 2010 Registered Users
    သိပ်ကောင်းတဲ့မေးခွန်းပေါ့ဗျာ......သိပ်ကောင်းတဲ့အဖြေတစ်ခုပေးမယ်.....လုံးဝမှတ်သားထားရမယ်နော်.....
    စင်္ကာပူဆိုတဲ့ ကြီးကျယ်ခန်းနားတဲ့မြို့ကိုတော့ သင်ကြားဖူးမှာပေါ့......မြန်မာနိုင်ငံကလူတော်တော်များများ
    ကိုခေါ်ပြီးထမင်းကျွေးထားတာလေ..... အင်တာနက်မပြောနဲ့ အရာအားလုံးမြန်မာနဲ့ဘယ်လိုမှနှိုင်းယှဉ်စရာ
    မရှိအောင်ကိုတိုးတက်ထွန်းကားနေတာပေါ့ဗျာ......အဲ့ဒိလိုတိုင်းပြည်ရဲ့ မြို့လည်ဂေါင်မှာတောင် မြန်မာပိုင်
    ရှင်ဖွင့်ထားတဲ့ အင်တာနက်ဆိုင်ရှိတယ်ဗျ......ဆိုလိုချင်တဲ့အဓိပါယ်ကတော့ရှင်းပါတယ်.....သူများနိုင်ငံက
    ခေါင်းဆောင်တွေဟာ နိုင်ငံတွင်းကမည်သူ့ကိုမဆို ထမင်းဝအောင်ကျွေးထားပါတယ်.....မူချင်းမတူလို့တိုင်း
    ပြည်ကြီးအခုလိုဖြစ်နေတာပါ.....တိုးတက်လည်း အင်တာနက်ဆိုင်ကဆက်လက်ရှိနေအုံးမှာပါ..............
    လူချိန်းပေးရန်မလိုပါ.....မူချိန်းပေးဖို့ဘဲ ကျွန်တော်တို့အားလုံး မျော်လင့်ကြတာပေါ့ဗျာ......ဟုတ်ဘူးလား
Sign In or Register to comment.