မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Rails IDE ဘာတွသုံး

edited May 2008 in Ruby On Rail
Rails အတွက် ဘာ IDE Editor တွေ သုံးကြလဲ..
ကျွန်တော်က အခုတော့
http://www.plasmacode.com/ က Rad Rails ကို အသုံးပြုပါတယ်...
တခြားနာမည်ကြီး editor တွေရှိသေးတယ်...
www.radrails.org ကတော့ နာမည်ကြီးပဲ..
91 MB တောင်ရှိတယ်..
သူက ပိုကောင်းတယ်...

မှတ်ချက်များ

  • edited November 2007 Registered Users
    ဒီအကြောင်းလေးအသေးစိတ်သိချင်ပါတယ်။အချိန်ရရင်ရှင်းပြပါလားဗျာ..........
  • edited November 2007 Administrators
    ROR က IDE မရှိရင် ရေးရတာ feel သိပ်မရှိဘူး..
    စရေးရတာတော့ နည်းနည်း လက်ပေါက်ကပ်တယ်..
    နောက်ပိုင်းတော့ အဆင်ပြေလာပါမယ်...
    ROR ကတော့ ကျွန်တော်လည်း လေ့လာဆဲပါ..
    အခုတလော တောင် စာမဖတ်ဖြစ်ဘူး..
    နည်းနည်းရှုပ်နေတာနဲ့..
    အားရင် ROR ကို သေသေချာချာ ပြောပြပါအုံးမယ်..
  • edited January 2008 Administrators
    Aptana Studio 1.1 ထွက်ရှိပါပြီ။ RadRails လည်း 0.9 Plugin ထွက်ရှိပါပြီ။ ပိုပြီးတော့ ပြည့်စုံကောင်းမွန်လာတာကိုတွေ့ရပါတယ်။ Netbean 6.0 မှာလည်း ROR ကို support လုပ်ပါပြီ။
  • edited February 2008 Moderators
    Komodo Edit & IDE ကလည်း Ruby ကို Support လုပ်ပါတယ်။
    ဒါပေမယ့် RoRED နဲ့ယှဉ်ရင် လေးတယ်။

    http://www.activestate.com/Products/komodo_edit/edit_vs_ide.plex

    Regards,

    မာ့ခ်
  • edited May 2008 Registered Users
    ဒီအပိုင်း ကနည်းနည်း အေးနေလို့ဖွလိုက်ဦးမယ်။
    ကျွန်တော် ကတော့ NetBeans ကို ပဲသုံးပါတယ်။
    RadRails မှာ Features တွေပိုပါပေမယ့်၊ Netbeans ကို Java အတွက်သုံး
    ကတည်းက သုံးနေကျဖြစ်လို့ ShortCut တွေနဲ့ ပိုရင်းနှီးတာလည်းပါပါတယ်။
    RadRails မှာပါပြီး၊ NetBeans မှာ မပါတဲ့ တစ်ချို့ Features တွေက
    (ကျွန်တော့်အတွက်) သိပ်မသုံးဖြစ်ပါဘူး။

    Ruby On Rails ကို စတင်လေ့လာသူများ အနေနဲ့ ဘယ် IDE မှမသုံးဘဲ
    Command Line နဲ့၊ NotePad (သို့) GEdit နဲ့အရင် စသင့်ပါတယ်။
    ဒါမှသာ Rails ရဲ့ အလုပ်လုပ်ပုံ Controller, Model, View နဲ့ Folder Structure တွေ
    Generator Script တွေ အကြောင်း၊ Rake ရဲ့Migration အကြောင်းတွေကို
    ကောင်းကောင်း ကျက်မိ မှ သာ IDE ကို သုံးသင့်ပါတယ်။
    အဲဒီအခါ ပိုပြီး အလုပ်ဖြစ်တာကို တွေ့ရပါမယ်။

    IDE အကြောင်းပြောရင်းနဲ့ Topic ချော်သွားပြီး။ ချော်လက်စနဲ့ ဆက်ချော်လိုက်မယ်။
    RoR ဟာ .Net တို့ PHP တို့နဲ့ (လုံး၀) ကွဲပြားတဲ့ နည်းပညာ ပုံစံဖြစ်ပါတယ်။
    စာအုပ်ပေါင်းများစွာ ထွက်နေပေမယ့်၊ အမှန်တကယ် Beginner Friendly ဖြစ်တဲ့ စာအုပ်ရှားပါတယ်။
    နောက်တစ်ခုက စာအုပ်တွေက Rails Version တစ်ခုခုကိ Target လုပ်ပြီး ရေးထားတဲ့အတွက်၊
    ကိုယ်ကနောက်ဆုံးထွက် Rails နဲ့ အဲဒီစာအုပ်ကို လုပ်လို့မရပါဘူး။
    ဒါ့ပြင် Rails ကလည်းအချိန်နဲ့အမျှ ပြုပြင် ထုတ်လုပ်နေလို့၊ အဟောင်းကို လေ့လာမိရင်လည်း
    အခက်တွေ့ရပါတယ်။ ဥပမာ Scaffold လုပ်တဲ့နည်းဟာ Rails 2.0 နဲ့ အဟောင်း Version ကြားမှာ
    လုံး၀ ကွဲပြားတာကိုတွေ့ရပါတယ်။ Rake ရဲ့ Migrate command ဟာလည်း Version 2.0 မှာ
    ပြောင်းလဲသွားတာကို တွေ့ရပါတယ်။

    အဲဒီလိုပြောင်းတာတွေကို အတိအလင်း ရှင်းရှင်းလင်းလင်း ရေးမှတ်ထားတာမရှိဘဲ
    Beginner တွေအတွက် စိတ်ပျက်စရာကောင်းတဲ့ API Documentation မှာရှာမှသာ၊
    (သို့) Blogger တစ်ယောက်ယောက်ကရေးထားတာတွေ့မှ (သို့) Discussion Board
    မှာ မေးလို့ ပြောပြမှ သိရတာမျိုးပါ။ Rails ကကောင်းသလောက် Rails ရဲ့ Documentation
    က အရမ်းစုတ်ပါတယ်။ (လိုရင်းမရောက်၊ နားလည်ရခက်တာမျိုးပါ။)

    ဒီလိုပြောလို့ စာအုပ်တွေ၊ API doc တွေ လုံး၀ အသုံးမ၀င်ဘူးလို့ မဆိုလိုပါဘူး။
    စာအုပ်တွေထဲမှာ (CookBooks) တွေကလွဲရင် ကျွန်တော့်အတွက် စိ်တ်မတွေ့လို့ပါ။
    API doc ကတော့ ကြည့်ရင်းကြည့်ရင်း ရင်းနှီးလာပြီး၊ အဖြေရှာရပိုလွယ်လာပါတယ်။

    Rails ကိုလေ့လာဖို့ Ruby ကို အတတ်ကြီးတတ်စရာမလိုပါဘူး။ ဒါပေမယ့်
    Ruby ရဲ့ ရေးသားပုံလေးတွေကို ရင်းနှီးဖို့လိုပါတယ်။ ဒါ့ပြင် HTML ကိုလည်း
    သိနေမှဖြစ်မှာပါ။

    ကျွန်တော့်အမြင်မှာတော့ Rails ဟာ၊ အတန်အသင့် ကျွမ်းကျင်ပြီးသား Developer တွေအတွက်
    အချိန်ကုန်သက်သာစေတဲ့ Platform တစ်ခုသာဖြစ်ပါတယ်။ Rails ရဲ့ Architecture ကိုက
    Productivity ကို အဓိကထား ပုံစံထုတ်ထားတာဖြစ်ပါတယ်။ ဒါမှသာ Developer အနေနဲ့
    လိုရင်း ပြသနာကို စူးစိုက် စဉ်းစားဖို့ အချိန်ရပြီး၊ မလိုလားအပ်တဲ့ နည်းပညာ ရှုပ်ထွေးမှုတွေက
    ရှောင်ရင်း၊ အလုပ်တွင်ကျယ်စေဖို့ပါ။ (ဒါပေမယ့် ဒါက အတွေ့အကြုံရှိပြီးသားလူတွေအတွက်သီးသီးပါ။)

    အခုနောက်ဆုံးရရှိထားတဲ့ အကောင်းဆုံး Rails စာအုပ်ကို ညွှန်းရရင် Rails Ways ဆိုတဲ့ စာအုပ်ပါ။
    အဲဒီစာအုပ်အတွက် MrDBA ကျေးဇူးတင်ပါတယ်။ အခု API rDoc ထဲသွားသွားရှာစရာမလိုတော့ပါဘူး။

    ရိုးရှင်းတဲ့ Project လေးတွေကို ပုံစံထုတ်ပြီး၊ Rails နဲ့ဘယ်လိုရေးမယ်ဆိုတဲ့ Project Based
    စာအုပ်လေးမျိုးတွေ့ရင် လိုချင်ပါတယ်။ ဒါမှ သုံးလေ့သုံးထ ရှိတဲ့ Web App ပုံစံကို
    Rails မှဘယ်လိုလုပ်ရလဲသိပြီး၊ တစ်ခြား ASP တို့ PHP တို့နဲ့ ယှဉ်လေ့လာရရင်၊
    ပိုလွယ်မယ်ထင်ပါတယ်။ ခုထိတော့ မတွေ့သေးပါဘူး။ (CookBooks) တွေနဲ့ပဲ
    လုပ်နေရပါတယ်။

    စိတ်၀င်စားရင် ဆက်ပြောကြသေးတာပေါ့။
  • Administrators
    I use the IDE only when I have no choice. I use Vim for most of the programming languages.
  • Registered Users
    I am using rails with Aptana studio 1.5 because my company restrict to use those IDE. But I use Aptana Studio 3 which already support Ruby on Rails at my private time.
  • dayday
    Registered Users

    I used Sublime Text.

Sign In or Register to comment.