မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ကူညီကြပါဦး......လို့

edited January 2009 in Help Desk
ဒီလိုဗျာ.....ကျွန်တော့်ကွန်ပျူတာနဲ့ ဖုန်းကို အ၀င်ကော၊ အထွက်ကော တပ်ဆင်ချင်ပါတယ်။ ပြီးတော့ Fax လည်း ဒီအတိုင်းပဲ ဖုန်းနဲ့ အလုပ်မလုပ်ပဲ ကွန်ပျူတာနဲ့ အလုပ်လုပ်ချင်ပါတယ်။ အခု ကျွန်တော့်မှာ Modern တပ်ဆင်ပြီးလိုင်းလည်း ချိတ်ပြီးပါပြီ။ ဒါပေမယ့် ဘာဆော့၀ဲလ် သုံးမရလဲ ဆိုတာရယ်။ Mircrosoft မှာပါတဲ့ Hyper Terminal ကို ဘယ်လိုသုံးရမလဲ ဆိုတာကို သိတဲ့လူများ ညွှန်ကြားပေးစေလိုပါတယ်။

မှတ်ချက်များ

  • edited December 2008 Registered Users
    ဒီလိုဗျာ.....ကျွန်တော့်ကွန်ပျူတာနဲ့ ဖုန်းကို အ၀င်ကော၊ အထွက်ကော တပ်ဆင်ချင်ပါတယ်။ ပြီးတော့ Fax လည်း ဒီအတိုင်းပဲ ဖုန်းနဲ့ အလုပ်မလုပ်ပဲ ကွန်ပျူတာနဲ့ အလုပ်လုပ်ချင်ပါတယ်။ အခု ကျွန်တော့်မှာ Modern တပ်ဆင်ပြီးလိုင်းလည်း ချိတ်ပြီးပါပြီ။ ဒါပေမယ့် ဘာဆော့၀ဲလ် သုံးမရလဲ ဆိုတာရယ်။ Mircrosoft မှာပါတဲ့ Hyper Terminal ကို ဘယ်လိုသုံးရမလဲ ဆိုတာကို သိတဲ့လူများ ညွှန်ကြားပေးစေလိုပါတယ်။
    ကို ကျော်ဇင်ကိုကိုရေ၊ Windows XP နဲ့ Vista တို့မှာ Phone အတွက် Hardware and sound Option အောက်မှာ တွေ့နိုင်ပါတယ်။ သီးသန့် Software အနေနဲ့ကတော့ ကျွန်တော် သုံးဖူးသလောက် WinFax က Fax အ၀င်အထွက် နှစ်မျိုးစလုံးအတွက် ကွန်ပျူတာကနေပဲ လုပ်သွားတာပါ၊ အတော်လေး အဆင်ပြေပါတယ်။ :67:ရှာတော့ ရှာကြည့်လိုက်ပါဦးမယ်။ ရှာလို့ရရင် WinFax တင်ပေးပါ့မယ်။ ဒီအတိုင်းလည်း Printer and Fax အောက်မှာ Microsoft ရဲ့ Default ပါလာတဲ့ အတိုင်းသုံးလို့လည်း ရပါတယ်။ \:D/
    Hyper Terminal ကတော့ စမ်းကို မစမ်းလိုက်ဖူးဘူး ခင်ဗျ။ အဲဒါလေးတော့ ကိုကျော်ဇင် သုံးဖြစ်ရင် ကျွန်တော်တို့ကိုလည်း ပြန်မျှပါခင်ဗျာ။ :103:
  • edited December 2008 Registered Users
    .ကျွန်တော့်ကွန်ပျူတာနဲ့ ဖုန်းကို အ၀င်ကော၊ အထွက်ကော တပ်ဆင်ချင်ပါတယ်။
    Fax ကို ဖုန်းနဲ့ အလုပ်မလုပ်ပဲ ကွန်ပျူတာနဲ့ အလုပ်လုပ်ချင်ပါတယ်။
    Mircrosoft မှာပါတဲ့ Hyper Terminal ကို ဘယ်လိုသုံးရမလဲ ဆိုတာကို သိတဲ့လူများ ညွှန်ကြားပေးစေလိုပါတယ်။

    ဖုန်းအ၀င်/အထွက်ကို Computer နဲ ့သုံးချင်တယ်ဆိုရင် Dialup Connection တစ်ခုဆောက်ရပါ့မယ်
    - My Networkplace >ဘယ်ဘက် Pane တွင် Creat a new connection ကိုကလစ်
    - Welcome wizard ကျလာရင် Next
    - Connect to the network at my workplace ကို ရွေး Next
    - Dial up connection ကိုရွေး Next
    - Name ပေး Next
    - Phone Number တွင် ကွက်လပ်ထား Next
    - Desktop ပေါ်တွင် Shortcut ထားချင်ရင်တော့ Add a shortcut မှာ အမှန်ခြစ်ပေးပြီး Finish ဆိုရင် ပြီးပါပြီး

    Fax အ၀င်/အထွက်ကို Computer နဲ ့သုံးချင်တယ်ဆိုရင် Windows Boot CD ထဲက Fax Component ကို မိမိ Computer ထဲကို ထပ်ထည့်ပေးရပါ့မယ်
    - CD Rom ထဲကို Windows CD ထည့်
    - Control panel > Add and remove program >ဘယ်ဘက်အခြမ်းက Add/remove windows components ကို ကလစ်
    - Fax Services ကို အမှန်ခြစ်ပေး Next > a few minutes wait > finish
    ဒါဆို Start > Settings > Printers and Faxes ထဲမှာရှိတဲ ့Fax ဆိုတာကို ကလစ် Tool menu အောက်က Configuration Fax ကိုကလစ်ပြီး လိုအပ်တဲ့အချက်အလက်တွေဖြည့်လိုက်တာနဲ ့သုံးစွဲလို ့ရပါပြီဗျာ
    အခုပြောခဲ့တာတွေက ကျနော်သုံးဖြစ်နေတာတွေပါ အခြားနည်းလမ်းများရှိရင်လည်း သိပါရစေဗျာ
    အဆင်ပြေပါစေ
  • edited January 2009 Registered Users
    အားလုံး၀ိုင်း၀န်းကူညီပေးကြတဲ့အတွက် ကျေးဇူးပါ။
    အဲ..... ဖုန်းကို ကွန်ပျူတာနဲ့ တွဲသုံးတဲ့အခါ ဖုန်းကနေမခေါ်ပဲ၊ ကွန်ပျူတာကနေပဲ ခေါ်တာလေးကို အသေးစိတ်ရှင်းပြလို့ရမလား။ ကျွန်တော် တကယ်ပဲ အသုံးလိုနေလို့ပါ။

    Hyper terminal ကို တော့ အခုမှ စမ်းတုန်းအဆင့်ပဲရှိသေးလို့ စမ်းပြီးရင် ကျွန်တော် Post တင်ပေးပါ့မယ်။
Sign In or Register to comment.