မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Windows မှာ Rail သွင်းမယ်ဆိုရင်

edited December 2008 in Ruby On Rail
http://rubyforge.org/frs/?group_id=904

အဲဒီမှာ zip file ကို download ချလိုက်ပါ... ပြီးရင် C:\ အောက်မှာ ဖြည်လိုက်ပေါ့.. InstantRail.exe ကို double click လုပ်ပြီး run ရင်ရပါတယ်..
PHP 4 နဲ့ MYSQL 4 အပြင် Apache ပါ run လို့ရပါတယ်..
Size ကတော့ 55 MB လောက်ရှိပါတယ်..

မှတ်ချက်များ

  • edited May 2008 Registered Users
    မြန်ပြည်တွင်းမှ ညီနောင်များအဖို့ Instant Rails ဟာအကောင်းဆုံးပါပဲ။
    ဒါပေမယ့် Instant Rails ကိုသုံးရင်၊ IDE ကို ဘယ်လို Configure လုပ်သင့်သလည်းကို
    ရှာဖွေလိုက်ပါဦမယ်။ NetBeans မှာတော့ Options အောက်က Ruby Environment ရဲ့
    Configuration မှာ Ruby Intepreter နဲ့ Gems ကို Instant Rails Folder အောက်က
    Ruby နဲ့ Gems တွေကို Map လုပ်လိုက်ရင် ရမယ်ထင်ပါတယ်။ စမ်းတော့မစမ်းကြည့်ရသေးပါ။
  • edited December 2008 Registered Users
    မမေးတာကြာလှပြီ။
    window အတွက်တခြားသော instant rails ပုံစံမျိုူးတွေမရှိဘူးလား။ bitnami ကရော ဘာလုပ်တာလဲ။
    နောက်တစ်ခုသိချင်တာက ubuntu နဲ့ Suse တို့အတွက် ဘယ်လိုများ ror ကိုတင်ရသလဲ။ ubuntu မှာတော့ ror အတွက် package ပါတာမတွေ့ရဘူး။ suse မှာတော့ ပါတာတွေ့ရပါတယ်။ သူတို့ကို သုံးလို့ရအောင် ဘယ်လိုများ ပြင်ဆင်ရပါသေးသလဲ။ package သွင်းတာကိုပြောတာမဟုတ်ပါဘူး။ ပြင်ဆင်တာကို ပြောတာပါ။ suse 11.0 နဲ့ ubuntu မှာ သွင်းတာကို အဓိကသိချင်တာပါ။
  • edited December 2008 Registered Users
    မမေးတာကြာလှပြီ။
    window အတွက်တခြားသော instant rails ပုံစံမျိုူးတွေမရှိဘူးလား။ bitnami ကရော ဘာလုပ်တာလဲ။
    နောက်တစ်ခုသိချင်တာက ubuntu နဲ့ Suse တို့အတွက် ဘယ်လိုများ ror ကိုတင်ရသလဲ။ ubuntu မှာတော့ ror အတွက် package ပါတာမတွေ့ရဘူး။ suse မှာတော့ ပါတာတွေ့ရပါတယ်။ သူတို့ကို သုံးလို့ရအောင် ဘယ်လိုများ ပြင်ဆင်ရပါသေးသလဲ။ package သွင်းတာကိုပြောတာမဟုတ်ပါဘူး။ ပြင်ဆင်တာကို ပြောတာပါ။ suse 11.0 နဲ့ ubuntu မှာ သွင်းတာကို အဓိကသိချင်တာပါ။

    Windows အတွက် Instant Rails ပုံစံမျိုး နောက်တစ်ခု ကတော့ Bitnami ၏ RubyStack
    ဖြစ်ပါတယ်။

    open source software တစ်ခုကိုအသုံးပြုဖို ့
    တင်တဲ့အခါ dependency (အမှီခံ software) များကို အရင်တင်ရပါတယ်။
    ဥပမာ PHPBB ကိုသုံးချင်လျှင် Apache Server, PHP, MySQL တို ့ကို အရင်ပြင်ဆင်ရပါတယ်။ ပြီးမှ Web application ဖြစ်တဲ့ PHPBB ကိုတင်ပြီးသုံးရပါတယ်။

    Apache Server download လုပ်ပြီး install လုပ်တယ်။
    PHP ကို Download လုပ်ပြီး Install လုပ်၊ Apache Config ကို ၀င်ပြင်။
    MySQL ကို Download လုပ်ပြီး Install လုပ်၊ Apache Config မှာ Driver ကို enable လုပ်။ DLL ပျောက်နေရင် ရှာ။ PHP ကိုစမ်း။ MySQL server မှာ PHPBB အတွက်
    User Account, Password နဲ ့ Database တည်ဆောက်။ ကဲ အားလုံးပြီးပြီဆိုပြီး
    PHPBB လည်း install လုပ်ရော PHP မ run တာ။ Database connect လုပ်လို ့မရတာ
    စသည်ဖြင့်.....များစွာသော ခေါင်းရှုပ်မှုများနဲ ့ရင်ဆိုင်ရလေ့ရှိပါတယ်။

    LAMP (Linux Apache MySQL PHP) stack ဆိုတာကတော့
    တစ်ခါတည်း configure လုပ်ပြီးသား Linux ပေါ်မှာ run လို ့ ရတဲ့ Apache, MySQL နဲ့ ့ PHP
    setup ဖြစ်ပါတယ်။ အခုန ခေါင်းစားတာမျိုးတွေကနေ ကင်းေ၀းတာပေါ့။
    အများအားဖြင့် ရုတ်တရက် OpenSource တစ်ခုကို တင်တော့မယ်ဆိုရင် setup လုပ်ပြီး
    အချိန်ကုန်ခံနေစရာ မလိုတော့ဘူးပေါ့။

    Bitnami ဟာ အဲသလို LAMP stack, WAMP (windows Apache MySQL PHP) stack,
    RubyStack (ruby package and Rails) စသည့် foundation package တွေအပြင်
    ကိုယ် တင်ချင်တဲ့ software PHPBB လား၊ WordPress လား၊ MediaWiki လား
    အားလုံးကို တစ်ခါတည်း စုစည်းပေးထားပြီး Window ပေါ်မှာ Linux ပေါ်မှာ one-click
    installation လုပ်နိုင်အောင် စီစဉ်ပေးထားတာဖြစ်ပါတယ်။
    WordPress ကို စမ်းမယ်ဆိုရင် download and one click install နဲ ့ ငါးမိနစ်အတွင်း
    သုံးနိုင်ပြီ။ Apache, MySql, PHP configuration တွေဘာတွေ ဘာမှ သိစရာမလို။

    ကဲ uninstall လုပ်ချင်ရင်လည်း တစ်ခါတည်း တစ်နေရာတည်းကနေ ပြန်ဖြုတ်
    တစ်ခုခြင်း ရှင်းစရာမလို။ ကောင်းပါလေ့။

    (End user တွေနဲ ့ ၊ အချိန်တိုအတွင်း သုံးချင်တဲ့ developer တွေအတွက် ကောင်းပေမယ့်
    အသေးစိတ် ထဲထဲ၀င်၀င် သုံးတတ်ချင်တဲ့ developer တွေကတော့ ကိုယ်ဖာသာ တစ်ခုခြင်း
    တင်ကြည့်၊ configure လုပ်ကြည့်တာကောင်းပါတယ်။)

    OpenSuse မှာ တော့ Installation CD မှာ Ruby, Rails နဲ ့ Gem package တွေ
    ပါပြီးသားပါ။ Installion လုပ်တုန်းက မတင်မိရင် နောက်မှ ပြန်တင်နိုင်ပါတယ်။

    Rails ကိုသုံးဖို့ ့ ရွေးလိုက်တာနဲ ့ ruby နဲ ့ gem အလိုအလျောက်ပါ၀င်လာပါလိမ့်မယ်။
    ဒါပေမယ့် CD ကဟောင်းနေရင် ROR နောက်ဆုံး version ကိုမရဘဲဖြစ်နေနိုင်ပါတယ်။
    ဒါ့ကြောင့် http://software.opensuse.org/search မှာရှာပြီး One-Click install
    လုပ်တာ အကောင်းဆုံးပါပဲ။

    Ruby, Gem နဲ ့ Rails တင်ပြီးသွားတာနဲ ့ Command Line ကနေ သုံးနိုင်ပါပြီ။

    Ubuntu Package ကိုတော့ မစမ်းဖူးလို ့ မသိပါဘူး။ သူ့ ့ မှာလည်း လွယ်ကူတဲ့
    ROR package installation မျိုးရှိမှာပါ။ ဒါမှမဟုတ်လည်း Bitnami ရဲ ့ RubyStack
    ကိုသုံးပေါ့။
Sign In or Register to comment.