MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
How to change database direction?
  • Vote Up0Vote Down yemanyeman
    Posts: 665Registered Users
    ကျွန်တော့မှာ ၀က်ပရက် ဘက်အပ်ဖိုင် ရှိပါတယ်။ အဲဒီ ဖိုင်လေးနဲ့ အခြား ဒိုမိန်း တစ်ခုမှာ ဘလော့ တစ်ခု ထက်လုပ်ချင်ပါတယ်။ Database direction ကို ဘယ်လို ပြောင်းပေးရမလဲ မသိဘူး။ အခု Database backup လုပ်ထားတဲ့ ဆိုဒ်ကလေးကလည်း ပျက်သွားပါပြီ။ ကျန်ရှိတဲ့ backup လုပ်ထားတဲ့ database လေးနဲ့ ဒိုမိန်းအသစ်မှာ ပြန်လုပ်ချင်ပါတယ်။ ဘယ်လိုမျိုး ပြန်ပြင်ပေးရမလဲ မသိပါဘူး။ wordpress အတွက်ပါ။
    ကျွန်တော် ဆိုလိုတာက ဥပမာ... အရင်က ဒိုးမိန်းကို www.yahoo.com နဲ့ လုပ်ထားပါတယ်။ အခု www.google.com နဲ့ ပြန်လုပ်ပါမယ်။ database direction ကို ဘယ်နေရာမှာ ပြန်ပြင်ပေးရမလဲ မသိဘူး။
    ပြီးတော့ wordpress က version တူတာပဲ ပြန်သုံးပေးရမှာလား။ မြင့်တဲ့ ဗားရှင်းကို သုံးလိုက်ရင်ရော ရမလား။ Database နဲ့ ပတ်သတ်ပြီး အခြေခံ နည်းလို့ပါ။
    ကျွန်တော် အခုသုံးတဲ့ hosting က 000webhost ပါ။ ကူညီကြပါဦးခင်ဗျာ...
  • 16 မှတ်ချက်များ sorted by
  • Vote Up0Vote Down TweetyCoasterTweetyCoaster
    Posts: 504Administrators
    XML ဖိုင်ကို export လုပ်ထားတာမဟုတ်လား။ အဲဒီဖိုင်ကို text editor တစ်ခုခုနဲ့ဖွင့်ပြီး၊ ကိုယ်ရဲ့အရင်ဒိုမိန်းနဲ့အခုပြောင်းချင်တဲ့ဒိုမိန်းကို find and replace လုပ်လိုက်ပါ။ မူရင်းဖိုင်ကို backup လုပ်ထားပေါ့။ အဲဒီလိုပြောင်းပြီးတဲ့ XML ဖိုင်ကိုမှ import ပြန်လုပ်လိုက်ပါ။
    အားလုံးအေးဆေးဖြစ်သွားမယ်။ ဘာလို့လဲဆိုတော့ ပြောင်းရမှာတွေက data များရင်များသလို အများကြီးရှိနေမှာ။ ကျွန်တော်ကတော့ notepad++ ကိုသုံးပါတယ်။ သူက ကိုယ်ရှာချင်တာ ဘယ်နှခုပါနေလဲဆိုတာကိုတောင် count လုပ်လို့ရတယ်။
    စမ်းကြည့်လိုက်ပါလေ....။
  • Vote Up0Vote Down yemanyeman
    Posts: 665Registered Users
    ကျွန်တော် ထုတ်ထားမိခဲ့တာက .sql.gz ဖိုင်ပါ။ ပြန်ပြင်ထုတ်ဖို့ကလည်း အရင်က ဆိုဒ်က ပျက်သွားပြီ။ :(
    ဘယ်လို ဆက်လုပ်ရမလဲ မသိတော့ဘူး။ ကူညီကြပါဦး။
  • Vote Up0Vote Down yemanyeman
    Posts: 665Registered Users
    အယ်....
    ဘယ်သူမှလည်း မဖြေပေးကြဘူး။ ဒီတိုင်း ပစ်ထားကြတယ်..
    လုပ်ကြပါဦး။ ကိုကြီး Mr.DBA တို့ ကိုစေတန်တို့ စသည်ဖြင့် Database ကောင်းတဲ့ လူတွေ ၀ိုင်းပြီး လမ်းညွန်ကြပါဦးဗျာ...
    တကယ် မသိလို့ပါ။ အဲဒါလေး အရမ်းတတ်ချင်နေလို့။
    Help me!!
  • Vote Up0Vote Down MrDBAMrDBA
    Posts: 1,123Administrators
    yeman said:
    အယ်....
    ဘယ်သူမှလည်း မဖြေပေးကြဘူး။ ဒီတိုင်း ပစ်ထားကြတယ်..
    လုပ်ကြပါဦး။ ကိုကြီး Mr.DBA တို့ ကိုစေတန်တို့ စသည်ဖြင့် Database ကောင်းတဲ့ လူတွေ ၀ိုင်းပြီး လမ်းညွန်ကြပါဦးဗျာ...
    တကယ် မသိလို့ပါ။ အဲဒါလေး အရမ်းတတ်ချင်နေလို့။
    Help me!!


    hosting အသစ်မှာ New Database ဆောက်ဗျာ၊ နာမည်ဘဲ အရင်ကဟာနဲ့တူအောင်ပေးကြည့် ပြီးတော့ Import ကနေ backup ချထားတဲ့ .zip.gz ဖိုင်ကို တင်ကြည့်။ ကျွန်တော်စမ်းကြည့်လိုက်ဦးမယ်။ ပြီးရင်သေချာ အကြောင်းပြန်မယ်။ ခုတော့ တစ်ခါမှ မလုပ်ကြည့်ရသေးလို့ စိတ်ကူးထဲရှိတာ ပြောကြည့်တာ။ စမ်းကြည့်နော်။
  • Vote Up0Vote Down yemanyeman
    Posts: 665Registered Users
    TweetyCoaster said:
    XML ဖိုင်ကို export လုပ်ထားတာမဟုတ်လား။ အဲဒီဖိုင်ကို text editor တစ်ခုခုနဲ့ဖွင့်ပြီး၊ ကိုယ်ရဲ့အရင်ဒိုမိန်းနဲ့အခုပြောင်းချင်တဲ့ဒိုမိန်းကိ ု find and replace လုပ်လိုက်ပါ။ မူရင်းဖိုင်ကို backup လုပ်ထားပေါ့။ အဲဒီလိုပြောင်းပြီးတဲ့ XML ဖိုင်ကိုမှ import ပြန်လုပ်လိုက်ပါ။

    phpmyadmin မှာ XML ဖိုင်ကို ဘယ်နေရာကနေ import လုပ်ရမှာလဲ။ ကျွန်တော်တွေ့တာ ဒီလိုကြီး။ xml ထည့်ဖို့ နေရာမတွေ့ဘူး။
  • Vote Up0Vote Down yemanyeman
    Posts: 665Registered Users
    [quote=mrdba]hosting အသစ်မှာ new database ဆောက်ဗျာ၊ နာမည်ဘဲ အရင်ကဟာနဲ့တူအောင်ပေးကြည့် ပြီးတော့ import ကနေ backup ချထားတဲ့ .zip.gz ဖိုင်ကို တင်ကြည့်။ ကျွန်တော်စမ်းကြည့်လိုက်ဦးမယ်။ ပြီးရင်သေချာ အကြောင်းပြန်မယ်။ ခုတော့ တစ်ခါမှ မလုပ်ကြည့်ရသေးလို့ စိတ်ကူးထဲရှိတာ ပြောကြည့်တာ။ စမ်းကြည့်နော်။
    အရင် ဒိုမိန်းကိုပါ မယူတော့ပဲ နောက်တစ်ခုနဲ့ သုံးချင်တာပါ။ အရင် ဒိုမိန်းနဲ့ဆို ရပါတယ်။
  • Vote Up0Vote Down TweetyCoasterTweetyCoaster
    Posts: 504Administrators
    [quote=yeman;24530]phpmyadmin မှာ XML ဖိုင်ကို ဘယ်နေရာကနေ import လုပ်ရမှာလဲ။ ကျွန်တော်တွေ့တာ ဒီလိုကြီး။ xml ထည့်ဖို့ နေရာမတွေ့ဘူး။
    XML fileကို ၀ါ့ပရက်ကနေ အိပ်(စ်)ပို့ လုပ်ပြီး၊ ၀ါ့ပရက်(စ်)ကပဲ ပြန်ပြီး အင်ပို့လုပ်ရတာပါ။
    gz ဖိုင်ကို အန်ဇစ်လုပ်လိုက်ရင်လဲ ဒေတာဘေ့(စ်)ဖိုင်ထွက်လာမှာပါ။
    အဲဒါကို အယ်ဒီတာ တစ်ခုခုနဲ့ဖွင့်ကြည့်ပြီး။ ပြန်ပြင်ကြည့်ပါလား။
    ပြီးရင် အင်ပို့ပြန်လုပ်ကြည့်လိုက်ပေါ့။(မရလဲ အရင်းပေါ့)
    ကျွန်တော်တို့ကတော့ ၀ါ့ပရက်မှာဆိုရင် XMLကိုပဲ ဘက်အပ် လုပ်ကြတာပါပဲ။ အဲဒါက ပိုအဆင်ပြေတယ်။
  • Vote Up0Vote Down yemanyeman
    Posts: 665Registered Users
    TweetyCoaster said:
    ကျွန်တော်တို့ကတော့ ၀ါ့ပရက်မှာဆိုရင် XMLကိုပဲ ဘက်အပ် လုပ်ကြတာပါပဲ။ အဲဒါက ပိုအဆင်ပြေတယ်။

    ကျွန်တော်လည်း အဲဒါပဲ ပြောတာလေ...
    input လုပ်တာ gz ဆိုရင် လုပ်လို့ရတယ်... xml ဖိုင်ဆို လုပ်လို့ ရဘူး။ ဘာကြောင့်လဲ။ ကျွန်တော်က xml ဖိုင်ကို input ဒဲ့ ထည့်တာ။ ဘာပြန်ပြောင်းပေးရဦးမလဲ...။
  • Vote Up0Vote Down MrDBAMrDBA
    Posts: 1,123Administrators
    yeman said:
    ကျွန်တော်လည်း အဲဒါပဲ ပြောတာလေ...
    input လုပ်တာ gz ဆိုရင် လုပ်လို့ရတယ်... xml ဖိုင်ဆို လုပ်လို့ ရဘူး။ ဘာကြောင့်လဲ။ ကျွန်တော်က xml ဖိုင်ကို input ဒဲ့ ထည့်တာ။ ဘာပြန်ပြောင်းပေးရဦးမလဲ...။


    input လုပ်တဲ့ XML File က size ဘယ်လောက်ရှိလဲဗျ။ တချို့ Hosting တွေက File size 2MB အထိဘဲ အများဆုံးလက်ခံတယ်။ XML ဖိုင်ကနေ import လုပ်မရတာဆိုရင်တော့ အဲဒါဘဲဖြစ်နိုင်တယ်။ ကျွန်တော်လဲဖြစ်ဘူးပါတယ်။
  • Vote Up0Vote Down yemanyeman
    Posts: 665Registered Users
    ဟီး .....
    ဖြစ်ရမယ်...
    ကျွန်တော် သေချာ မကြည့်တာ...
    ကျွန်တော် စမ်းတာက XAMPP ထဲမှာ စမ်းမိတာကိုးးးး
    :D
    ((Max: 16,384 KiB)) ပဲ အများဆုံး ရတာ...
    ကိုကြီး တွီတီနဲ့ ကိုကြီး ဒီဘီကို အလုပ်ပေးသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။
    ဒါပေမဲ့ နည်းနည်း ထပ်မေးပါရစေ။ ဒီလို များသွားတယ် ဆိုရင် ဘယ်လို လုပ်ရမလဲ။ :?
  • Vote Up0Vote Down MrDBAMrDBA
    Posts: 1,123Administrators
    yeman said:
    ဟီး .....
    ဖြစ်ရမယ်...
    ကျွန်တော် သေချာ မကြည့်တာ...
    ကျွန်တော် စမ်းတာက XAMPP ထဲမှာ စမ်းမိတာကိုးးးး
    :D
    ((Max: 16,384 KiB)) ပဲ အများဆုံး ရတာ...
    ကိုကြီး တွီတီနဲ့ ကိုကြီး ဒီဘီကို အလုပ်ပေးသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။
    ဒါပေမဲ့ နည်းနည်း ထပ်မေးပါရစေ။ ဒီလို များသွားတယ် ဆိုရင် ဘယ်လို လုပ်ရမလဲ။ :?


    ကျွန်တော်တုန်းကတော့ ပို့စ်အဟောင်းတွေဖျက်ပြီး ဖိုင်ဆိုက် သေးအောင် လုပ်ခဲ့ရကြောင်းပါဗျား။ :(( အကယ်လို့ hosting မှာ ပြင်လွယ် ပြောင်းလွယ်ဆိုရင်တော့ upload ဖိုင်ဆိုက်ကို နဲနဲ ကြီးပေးလိုက်ရင် တင်လို့ ရနိုင်ပါမည့် အကြောင်း .... :106:
  • Vote Up0Vote Down joeminjoemin
    Posts: 12Registered Users
    [quote=yeman;24716]ဟီး .....
    ဖြစ်ရမယ်...
    ကျွန်တော် သေချာ မကြည့်တာ...
    ကျွန်တော် စမ်းတာက XAMPP ထဲမှာ စမ်းမိတာကိုးးးး
    :D
    ((Max: 16,384 KiB)) ပဲ အများဆုံး ရတာ...
    ကိုကြီး တွီတီနဲ့ ကိုကြီး ဒီဘီကို အလုပ်ပေးသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။
    ဒါပေမဲ့ နည်းနည်း ထပ်မေးပါရစေ။ ဒီလို များသွားတယ် ဆိုရင် ဘယ်လို လုပ်ရမလဲ။ :?
    local မှာစမ်းကြည့်တာထင်တယ်။ php.ini ဖိုင်ကိုပြင်ကြည့်ပါလား။ upload_max_filesize = 2M ဆိုတဲ့နေရာမှာပြောင်းပေးလိုက်ရင်အဆင်ပြေမယ်ထင်တယ်။ အခုကျနော်က backtrack သုံးနေတာဆိုတော့ nano /opt/lampp/etc/php.ini နဲ့ပြင်ပေးလိုက်တာ။ hosting ဆိုဒ်တွေမှာကတော့အနည်းဆုံး 8 MB လောက်အထိရတယ်ထင်တယ်။ windows မှာဆိုရင်တော့ C:\[I]xampp\apache\bin\php.[/I][I]ini အဲဒီမှာဖြစ်မယ်ထင်တယ်။ ကျနောက windows မှာဆိုရင် WAMP ပဲသုံးတာမို့ သေချာမသိဘူး။
    [/I]
  • Vote Up0Vote Down ZuluZulu
    Posts: 326Registered Users
    မင်္ဂလာပါဗျား
    အိမ်သစ်ပြောင်းတဲ့ အခါ တွေ့ကြရတဲ့ ဒုက္ခပေါ့လေ။
    ကိုဒီဘီအေကြီးကတော့ ပို့စ်တွေဖျက်လိုက်ရတယ်တဲ့။ တနားလိုက်တာ။

    ကျနော်လည်း မနေ့တနေ့က အိမ်ပြောင်းဖို့လုပ်တာ export လုပ်တော့ ဖိုင်ဆိုက်က 5MB နီးပါး။ ဒုက္ခများပါရော။ ကိုဒီဘီကြီးမေးတော့ ... ရဘူးတဲ့။ ခပ်ပြတ်ပြတ်ဘဲ။ ဟီးးးးးးးး

    ပို့စ်တွေဖျက်ရမှာလည်း နှမြော။ တကယ်က ဘာမှတော့ရှိတာဟုတ်ပါဘူး။ ထားပါ။ ခေါင်းပူအောင် စဉ်းစား။ ဘီယာတွေလည်း ၇ ဗူးလောက် အကုန်မှာမှ ရွှေဉာဏ်တော်က ပွင့်လန်းလာပါသဗျား။

    ဘယ်လိုလဲဆိုတော့ ပို့စ်တွေကို နာမည်တခုတည်းနဲ့ တင်ထားတာကို နောက်ထပ်နာမည် အသစ်တွေနဲ့ ပြောင်းပစ်လိုက်တယ်။

    ဥပမာ ပို့စ်အဟောင်းတွေရဲ့ Author က ဇူးလူး တယောက်တည်း ဆိုပါစို့။ နောက်ထပ် Author အသစ် ဇူးလူး-၁ နဲ့ ဇူးလူး-၂ ဆိုပြီး ယူဇာအသစ်ထပ်လုပ်လိုက်တယ်။

    ပို့စ်တွေကို Edit လုပ်ပြီး Author အမည်ပြောင်းလိုက်တယ်။ ယူဇာ သုံးယောက်ကို မျှပြီး ပြောင်းပေးလိုက်တယ်။

    export လုပ်တော့ ယူဇာတယောက်ချင်း export လုပ်တယ်။ အိမ်သစ်မှာလဲ ယူဇာတယောက်ချင်း ပြန် import လုပ်တယ်။ ခွဲပြီး export လုပ်တော့ 2MB မှ မပြည့်တော့ဘူး။ အုန်းခင်သွားတယ်။

    အိမ်သစ်ကို ယူဇာ သုံးယောက်လုံးရဲ့ ပို့စ်တွေ ရောက်ပြီဆိုမှ ယူဇာနိမ်းတွေ ပြန်ပြောင်းလိုက်ပါတယ်။ မလိုတော့တဲ့ ယူဇာအပိုတွေကိုလည်း ဖျက်ပစ်လိုက်ပါတယ်။

    ကဲ ... ပုံပြင်လေးကတော့ ဒါပါဘဲ။

    အခြားနည်းလမ်း မလုပ်တတ်လို့ ကြံဖန်ပြီး လုပ်ခြင်းဖြစ်ပါကြောင်း။ စနစ်တကျနဲ့ ပိုကောင်းမယ့် နည်းလမ်းလေးများ သိကြရင် ရှဲပေးကြပါလို့ တောင်းဆိုလိုပါကြောင်း။


    ခင်မင်စွာဖြင့်
    ကျောင်းပြေး- ဇူးလူး
  • Vote Up0Vote Down MrDBAMrDBA
    Posts: 1,123Administrators
    [quote=zulu;30587]မင်္ဂလာပါဗျား
    အိမ်သစ်ပြောင်းတဲ့ အခါ တွေ့ကြရတဲ့ ဒုက္ခပေါ့လေ။
    ကိုဒီဘီအေကြီးကတော့ ပို့စ်တွေဖျက်လိုက်ရတယ်တဲ့။ တနားလိုက်တာ။

    ကျနော်လည်း မနေ့တနေ့က အိမ်ပြောင်းဖို့လုပ်တာ export လုပ်တော့ ဖိုင်ဆိုက်က 5mb နီးပါး။ ဒုက္ခများပါရော။ ကိုဒီဘီကြီးမေးတော့ ... ရဘူးတဲ့။ ခပ်ပြတ်ပြတ်ဘဲ။ ဟီးးးးးးးး

    ပို့စ်တွေဖျက်ရမှာလည်း နှမြော။ တကယ်က ဘာမှတော့ရှိတာဟုတ်ပါဘူး။ ထားပါ။ ခေါင်းပူအောင် စဉ်းစား။ ဘီယာတွေလည်း ၇ ဗူးလောက် အကုန်မှာမှ ရွှေဉာဏ်တော်က ပွင့်လန်းလာပါသဗျား။

    ဘယ်လိုလဲဆိုတော့ ပို့စ်တွေကို နာမည်တခုတည်းနဲ့ တင်ထားတာကို နောက်ထပ်နာမည် အသစ်တွေနဲ့ ပြောင်းပစ်လိုက်တယ်။

    ဥပမာ ပို့စ်အဟောင်းတွေရဲ့ author က ဇူးလူး တယောက်တည်း ဆိုပါစို့။ နောက်ထပ် author အသစ် ဇူးလူး-၁ နဲ့ ဇူးလူး-၂ ဆိုပြီး ယူဇာအသစ်ထပ်လုပ်လိုက်တယ်။

    ပို့စ်တွေကို edit လုပ်ပြီး author အမည်ပြောင်းလိုက်တယ်။ ယူဇာ သုံးယောက်ကို မျှပြီး ပြောင်းပေးလိုက်တယ်။

    export လုပ်တော့ ယူဇာတယောက်ချင်း export လုပ်တယ်။ အိမ်သစ်မှာလဲ ယူဇာတယောက်ချင်း ပြန် import လုပ်တယ်။ ခွဲပြီး export လုပ်တော့ 2mb မှ မပြည့်တော့ဘူး။ အုန်းခင်သွားတယ်။

    အိမ်သစ်ကို ယူဇာ သုံးယောက်လုံးရဲ့ ပို့စ်တွေ ရောက်ပြီဆိုမှ ယူဇာနိမ်းတွေ ပြန်ပြောင်းလိုက်ပါတယ်။ မလိုတော့တဲ့ ယူဇာအပိုတွေကိုလည်း ဖျက်ပစ်လိုက်ပါတယ်။

    ကဲ ... ပုံပြင်လေးကတော့ ဒါပါဘဲ။

    အခြားနည်းလမ်း မလုပ်တတ်လို့ ကြံဖန်ပြီး လုပ်ခြင်းဖြစ်ပါကြောင်း။ စနစ်တကျနဲ့ ပိုကောင်းမယ့် နည်းလမ်းလေးများ သိကြရင် ရှဲပေးကြပါလို့ တောင်းဆိုလိုပါကြောင်း။


    ခင်မင်စွာဖြင့်
    ကျောင်းပြေး- ဇူးလူး
    ဟယ် ...... စူးရောက်ပါပေ့ ..... စူးရောက်ပါပေ့ :d:d:d
    ၇ ဘူးကုန်သွားတယ် ဟုတ်လား။ ကျွန်တော့်တုန်းက ဘာမှမသောက်လို့ထင်တယ် အဟိ။ မထွက်လာဘူး။ အရင်က ဆော့ထားတဲ့ဟာတွေ ဖျက်လိုက်တယ်။ တော်ပြန်ရော ... ကျောင်းပြေးပေမယ့် စာကြေတဲ့ ကိုဇူးလူး။
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,599Administrators
    gz ကို winrar နဲ့ ဖြည်ချလိုက်။ .sql ရမယ်။

    C:\xammp\mysql\bin\mysql.exe -uroot -p -hlocalhost blogdb < mysql.sql

    ဒါဆိုရင် blogdb ထဲမှာ file တွေအကုန် ဝင်သွားပြီ။ ပြီးရင် phpmyadmin ကနေ blog address အဟောင်းရှာ။ ပြီးရင် အသစ်နဲ့ အစားထိုးလိုက်။ ဒါဆို ရသွားမယ်။ ပြီးမှ phpmyadmin ကနေဖြစ်ဖြစ် .sql ထုတ်လိုက်ပေါ့။
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,599Administrators
    နောက်တနည်းက ရတဲ့ sql.gz ကို ဖြည်။ .sql ရမယ်။ အဲဒါကို notepad++ နဲ့ဖွင့်။ Ctrl+H နှိပ်လိုက်။ oldomian.com ကိုရှာခိုင်းပြီး newdomain.com နဲ့ replace လုပ်လိုက်
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion