MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ
Mon3,
Yunghkio,
Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို
ဒီမှာ Download ချပါ။
Zawgyi to Unicode ConverterDon't share ebook or software if nobody request. You can find free book websites on
here. We are welcome for discussion or asking question instead.
Keylogger ပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ
ကျွန်တော်လဲဒီအကြောင်းအရာကို Forum တစ်ခုအနေနဲ့တင်မယ်လို့ တွေးထားတာ ကြာပြီ …. ဒါပေမယ့် ကျွန်တော်လဲမအားတာနဲ့ မတင်ဖြစ်ဘူးဗျာ…. ခုတော့ မတင်လို့မရဘူးဗျ…. တော်တော်လေးကို အန္တရာယ်ပေးတဲ့ software ဖြစ်နေပြီ …. Web တွေပေါ်မှာရော အပြင်လောကမှာပါ Keylogger Software ရလို့ ပျော်နေကြတဲ့မျက်နှာလေးတွေကို ကျွန်တော် ခုထိ မမေ့သေးဘူးဗျာ ….
ကဲမိတ်ဆွေ …. သင်အသုံးပြုသမျျှအကြောင်းအရာအချက်အလက်တွေကို တစ်ခြားသူက record လုပ်ထားပြီဆိုလျှင် သင်အဘယ်ကဲ့သို့ ခံစားရမည်နည်း? မိတ်ဆွေတော့မသိပါ …. ကျွန်တော်သာဆိုလျှင် အိပ်ပျော်မည်မဟုတ်တော့ပါ … ငါ၏ကိုယ်ရေးအချက်အလက်တွေထဲက သူဘာတွေများ ရယူသွားမည်နည်းဟု အမြဲတမ်းစဉ်းစားမိနေမည်သာဖြစ်သည်။
သင်လဲကြားဖူးပြီးသားနေမှာပါ …. ထွက်နေတာလဲကြာပါပြီ …. ဘာတဲ့ …. Keylogger software လေးပေါ့ …. အရမ်းကိုကောင်းမွန်တဲ့ software လေးပါပဲ …. ဒါပေမယ့် အရမ်းကိုလဲ ဒုက္ခတွေအများကြီးပေးနိုင်တဲ့ software လေးပေါ့ဗျာ ။
သင် keylogger software သွင်းထားတဲ့ ကွန်ပျူတာကို စပြီးအသုံးပြုပြီဆိုတာနဲ့ အဲဒီ software လေးက သင်အသုံးပြုသမျှကိုစတင်ပြီး မှတ်သားပြီဗျ …. ကဲဘယ်လိုဆိုးကျိုးတွေ ရလာနိုင်မလဲ …. သင် ဘယ် website တွေကြည့်ခဲ့လဲ .. သင်သူများတွေနဲ့ဘာတွေပြောခဲ့လဲ …. သင်ဘယ် programme တွေကိုအသုံးပြုခဲ့လဲ …. သင့်ရဲ့ mail user name တွေ password တွေ သိသွားမယ် … သင့်ရဲ့ mail user name တွေ password တွေ သိမှတော့ သင့်ရဲ့ mail ထဲ၀င်ပြီး လျှို့၀ှက်ချက်တွေပါ သိသွားမှာပေါ့နော် . အစုံပဲဗျာ …. ပြောရရင်အရှည်ကြီးဖြစ်သွားမယ်။
ကျွန်တော်ဒီ software လေးကိုစမ်းသပ်ကြည့်တော့ သူ့ကို windows task manager ထဲမှာလဲ မပေါ်အောင်ထားလို့ရတယ် …. Add or Remove Programs ထဲမှာလဲ မပေါ်အောင်ထားလို့ရတယ်.. နောက်ပြီးကွန်ပျူတာထဲမှာ ဒီ software ကို run ထားမှန်းလည်း သာမန်အသုံးပြုသူတွေအနေနဲ့လဲ သိမှာမဟုတ်ဘူး။
အရမ်းကိုကောင်းမွန်တဲ့ software လေးဖြစ်သလို ဆိုးကျိုးတွေလဲ ပေးလိုက်တာဗျာ …. ကျွန်တော့်မိတ်ဆွေတစ်ယောက်ဆိုရင် သူ့ရဲ့ mail တွေဖွင့်ကြည့်ခံရတယ် …. သူ့ရဲ့လျှို့၀ှက်ချက်တွေ အကုန်သိကုန်တာပေါ့ …. နောက်ဆုံးတစ်ချို့ဟာတွေဆိုရင် Internet ပေါ်မှာတောင် အတင်ခံရတယ်။
နောက်မိတ်ဆွေတစ်ဦးကတော့ သူ့ရဲ့ account ကို လုံး၀ (လုံး၀) သုံးလို့မရတော့ဘူး …. Password change ခံလိုက်ရတယ်…. နောက်မိတ်ဆွေတစ်ဦးကတော့ ….. တော်ပါပြီဗျာ … ရှည်သွားလိမ့်မယ် …. ပြောရရင်တော့ အဆိုးချည်းပဲကြားနေရတယ် ။
ကဲ …. ကျွန်တော်တို့ဘယ်လိုဖြေရှင်းကြမလဲ … ကျွန်တော်တော့အမျိုးမျိုး စမ်းကြည့်ပြီးပြီ … အင်း …. သူကတော့ copy တို့၊ paste လုပ်တာတို့၊ ဖျက်တာတို့ကိုတော့ မမှတ်ဘူးဗျ … ဥပမာဗျာ… Gtalk သုံးမယ်ပေါ့ဗျာ …. ကွန်ပျူတာမှာ user name ကို ရိုက်မထည့်ပဲ သင့်ရဲ့ USB stick ကနေ သင့်ရဲ့ user name ကို copy လုပ်ပြီး user name မှာ paste ပြန်လုပ်ရင် မမှတ်ဘူး …. ဒါပေမယ့်ဗျာ ဒါလဲမရပါဘူး …. Screen shots ထဲမှာ သင့်ရဲ့ user name ကြီးက ပေါ်နေပြန်ရော …. ဟူး … အဲ … ဒါပေမယ့် သူ ရှိ … မရှိ စစ်တာတော့ တစ်ခုရှိတယ်ဗျ …. သူက spyware ပဲလေ … သူ့ကို spyware စစ်တဲ့ software တစ်မျိုးမျိုးနဲ့ စစ်လိုက် …. တန်းကိုမိတယ် …. ဥပမာ- spyware doctor လိုမျိုး software မျိုးပေါ့။
ကွန်ပျူတာဆရာသမားတို့ရေ…. ကိုယ်ချင်းစာစိတ်လေးတွေတော့ထားဗျာ …. ငါ့ကို သူများက အဲဒီလိုလုပ်သွားရင်ကောဆိုတဲ့ ကိုယ်ချင်းစာစိတ်ပေါ့ဗျာ … ခု ကျွန်တော်တို့နိုင်ငံက …. တစ်ချို့သော သူတွေဟာ ကိုယ်ချင်းစာစိတ်၊ လူလူချင်း မေတ္တာထားတတ်တဲ့ စိတ်တွေ မရှိကြဘူးလို့ ကျွန်တော်ထင်တယ် …. ဆောရီးဗျာ … မှားသွားလို့ …. လုံး၀ကိုမရှိတာ …. (တစ်ချို့ကိုပြောတာနော်၊ အားလုံးမဟုတ်ဘူး) ဘယ်လိုလူမျိုးတွေလဲဆိုတာမိတ်ဆွေတို့အားလုံးလဲ သိကြမှာပါ …. ဒါတွေထားလိုက်ပါတော့ဗျာ ။
မိတ်ဆွေ … သင်ကော သင့်အကြောင်းအရာတွေကို သူများသိသွားပြီလို့ သင်ထင်နေသလား… ဒါမှမဟုတ် မသိနိုင်ပါဘူးဟု ပေါ့ပေါ့လေးတွေးနေသလား …ဘယ်လုပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ကျွန်တော်တို့အားလုံး ၀ိုင်း၀န်းပြီး အဖြေရှာကြစို့ဗျာ … ၀ိုင်းပြီးဆွေးနွေးပေးကြပါ။
ရန်နိုင်
မှတ်ချက်များ