မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

မြန်မာလိုအသင့်ရိုက်လို့ရအောင်လုပ်ထာ&#415

edited December 2008 in CMS
ကျွန်တော်မြန်မာလက်ကွက်အသင့်ထည်းပေးထားတဲ့ Chat room တစ်ခုဆောက်ချင်လို့ပါခင်ဗျာ။ သိတဲ့ အစ်ကိုအစ်မ များအကူအညီများပေးနိုင်မလားဗျာ။ လုပ်ပုံအဆင့်ဆင့်လေးရှင်းပြပေးရင်အရမ်းကောင်းမှာပဲ။ 2.gif
ကျွန်တော်လက်ရှိလုပ်နေတဲ့ Chat room က မြန်မာလိုတောင်မမြင်ရဘူးဖြစ်နေလို့ပါခင်ဗျား၊ကူညီကြပါအုံးနော်။ 1.gif
Mk protal နဲ့ Ajax Chat ကို လက်ရှိသုံးနေတာပါခင်ဗျာ.

မှတ်ချက်များ

  • edited December 2008 Registered Users
    ကျွန်တော် download လုပ်ကြည့်တယ်ဗျ။ ဒါပေမယ့် download လုပ်လို့မရသေးဘူးဖြစ်နေတယ်။ ဒါပေမယ့် CMS မှန်ရင်တော့ css file တွေပါမယ်ထင်ပါတယ်။ အဲ့တော့ အဲ့ဒီ css file တွေထဲက font-family ကို တွေ့အောင်ရှာပြီး Zawgyi-One လို့ပြောင်းလိုက်ပြီး စမ်းကြည့်ပါလား။ phpbb နဲ့ php nuke မှာတော့ အဲ့လိုလုပ်လိုက်တာ အဆင်ပြေတယ်။ ကျွန်တော်လည်း ကြိုးစားပြီး download ချပြီးစမ်းကြည့်လိုက်ပါအုံးမယ်။ သိရင် ထပ်ပြောမယ်နော်။ :)
  • edited December 2008 Registered Users
    mglukyaw wrote: »
    ကျွန်တော် download လုပ်ကြည့်တယ်ဗျ။ ဒါပေမယ့် download လုပ်လို့မရသေးဘူးဖြစ်နေတယ်။ ဒါပေမယ့် CMS မှန်ရင်တော့ css file တွေပါမယ်ထင်ပါတယ်။ အဲ့တော့ အဲ့ဒီ css file တွေထဲက font-family ကို တွေ့အောင်ရှာပြီး Zawgyi-One လို့ပြောင်းလိုက်ပြီး စမ်းကြည့်ပါလား။ phpbb နဲ့ php nuke မှာတော့ အဲ့လိုလုပ်လိုက်တာ အဆင်ပြေတယ်။ ကျွန်တော်လည်း ကြိုးစားပြီး download ချပြီးစမ်းကြည့်လိုက်ပါအုံးမယ်။ သိရင် ထပ်ပြောမယ်နော်။ :)

    မြန်မာလက်ကွက်လေးပါထည့်ပေးလို့ရရင်ကောင်းမယ်နော်:D လုပ်ကြည့်ပေးနေတာကျေးဇူးအများကြီးတင်ပါတယ်။ စကားမစပ် Chat room ကို EOT လုပ်လို့ရလားအစ်ကိုရေ ..
  • edited December 2008 Registered Users
    nazgaul wrote:
    မြန်မာလက်ကွက်လေးပါထည့်ပေးလို့ရရင်ကောင်းမယ်နော ်:d လုပ်ကြည့်ပေးနေတာကျေးဇူးအများကြီးတင်ပါတယ်။ စကားမစပ် Chat room ကို EOT လုပ်လို့ရလားအစ်ကိုရေ ..
    ရပါတယ်။ font ကြေငြာတဲ့ fonts.css မှာပဲ ထည့်ပေးလိုက်ရင် ရပါတယ်။ ဒါပေမဲ့ eot က IE မှာပဲ အလုပ်လုပ် ပါတယ်။ firefox မှာ အလုပ်မလုပ်ပါဘူး။
    ဒါနဲ့ အကိုသုံးတဲ့ ajax ချက်က ဗားရှင်း ဘယ်လောက်လဲ။ ကျွန်တော် သုံးဖူးတဲ့ ajax chat က အင်တာနက်မှာ ကြာကြာတင်လို့ မရဘူး။ ကျွန်တော်ကလည်း 000webhost.com မှာ ဖရီး စမ်းမိလို့လားမသိဘူး။ ခဏနေရင် အယ်ရာတတ်တတ်ပြီး ဖွင့်မရ ဖြစ်ဖြစ်သွားလို့....
  • edited December 2008 Registered Users
    အစ်ကိုရေ .. ကျွန်တော်က အစ်ကို့ထက်ငယ်ပါတယ် .. အစ်ကိုလုပ်တာနဲ့ကျွန်တော် ငရဲကြီးတော့မှာပဲ:(( ကျွန်တော်သုံးတာ 0.8.1.2 Version ပါအစ်ကို .. သုံးတာကြာပါပြီ .. ပြဿနာတော့မတက်သေးဘူးခင်ဗျာ့ .. တစ်ခုလောက်ထပ်မေးချင်ပါတယ် .. ကျွန်တော့် Chat မှာ Name နေရာမှာ မြန်မာလိုရိုက်ထားတဲ့နာမည်တွေက တလွဲတွေပေါ်နေပါတယ် .. စာရိုက်တာကတော့ မြန်မာလိုကောင်းကောင်းပေါ်ပါတယ် .. နာမည်နေရာမှာမြန်မာလိုရိုက်ထားရင် မြန်မာလိုပေါ်အောင်ဘယ်လိုလုပ်ရပါမလဲခင်ဗျာ :D
  • edited December 2008 Moderators
    nazgaul wrote: »
    စာရိုက်တာကတော့ မြန်မာလိုကောင်းကောင်းပေါ်ပါတယ် .. နာမည်နေရာမှာမြန်မာလိုရိုက်ထားရင် မြန်မာလိုပေါ်အောင်ဘယ်လိုလုပ်ရပါမလဲခင်ဗျာ :D

    put this in css file, it will enable font for everything.

    *{font-family:Zawgyi-One,Zawgyi1 !important;}
  • edited December 2008 Registered Users
    အစ်ကိုရေ.. အစ်ကိုပြောတဲ့အတိုင်း Chat ရဲ့ CSS file မှာရော Portal ရဲ့ CSS file တွေမှာရောထဲ့ပေးတာတောင်မပြောင်းသေးဘူး .. ကူပါအုံးအစ်ကိုရေ :((
    ဒီလိုကြီးပဲပေါ်နေတယ် ГЎ€ŸГЎ€*ГЎ€”ГЎ€В№ГЎ€ВёГЎ တဲ့မြန်မာလိုလဲမပေါ်ဘူး ...
  • edited December 2008 Moderators
    nazgaul wrote: »
    အစ်ကိုရေ.. အစ်ကိုပြောတဲ့အတိုင်း Chat ရဲ့ CSS file မှာရော Portal ရဲ့ CSS file တွေမှာရောထဲ့ပေးတာတောင်မပြောင်းသေးဘူး .. ကူပါအုံးအစ်ကိုရေ :((
    ဒီလိုကြီးပဲပေါ်နေတယ် ဟá€*န္းá တဲ့မြန်မာလိုလဲမပေါ်ဘူး ...

    imm, i think thats a page's encoding issue. make sure you have the following line in your html.
    <meta http-equiv="Content-Type" content="text/html; charset=UTF-8" />
  • edited December 2008 Registered Users
    nazgaul wrote: »
    အစ်ကိုရေ.. အစ်ကိုပြောတဲ့အတိုင်း Chat ရဲ့ CSS file မှာရော Portal ရဲ့ CSS file တွေမှာရောထဲ့ပေးတာတောင်မပြောင်းသေးဘူး .. ကူပါအုံးအစ်ကိုရေ :((
    ဒီလိုကြီးပဲပေါ်နေတယ် ဟá€*န္းá တဲ့မြန်မာလိုလဲမပေါ်ဘူး ...
    ဟုတ်ကဲ့ ကျနော်လည်း၀င်ဆွေးနွေးလိုက်ဦးမယ်။ ကျနော်လည်း အဲဒီလိုမျိုးဖြစ်ဘူးတယ် Ajax တော့မဟုတ်ဘူးဗျ။သေချာတော့မမှတ်မိတော့ဘူး။ အဲဒီတုန်းက လိုက်ကလိကြည့်ရင်းနဲ့နောက်ဆုံး MySQL database Collation မှာ utf8_general_ci လို့ုပြင်ပေးလိုက်တာ။ အဲဒီမှာအဆင် ပြေသွားတယ်။
  • edited December 2008 Registered Users
    ကိုjoemin ပြောတာ ဖြစ်ဖို့များပါတယ်။
    ကျွန်တော် vbullentine စမ်းတုန်းက charset ကို သူပေးတဲ့အတိုင်း default မသုံးပဲ လျှာရှည်ပြီး UTF8 နဲ့ ကြေငြာခဲ့လို့ တစ်ချို့ မြန်မာစာတွေ မပေါ်တာလည်း ဖြစ်ဘူးတယ်။
  • edited December 2008 Registered Users
    joemin wrote: »
    ဟုတ်ကဲ့ ကျနော်လည်း၀င်ဆွေးနွေးလိုက်ဦးမယ်။ ကျနော်လည်း အဲဒီလိုမျိုးဖြစ်ဘူးတယ် ajax တော့မဟုတ်ဘူးဗျ။သေချာတော့မမှတ်မိတော့ဘူး။ အဲဒီတုန်းက လိုက်ကလိကြည့်ရင်းနဲ့နောက်ဆုံး mysql database collation မှာ utf8_general_ci လို့ုပြင်ပေးလိုက်တာ။ အဲဒီမှာအဆင် ပြေသွားတယ်။

    ကျွန်တော် အစ်ကိုပြောသလို ပြင်ကြည့်တာလဲ မပြောင်းသေးဘူးခင်ဗျ .. အရမ်းခေါင်းမာနေတယ် .. :((
  • edited December 2008 Registered Users
    nazgaul wrote: »
    ကျွန်တော် အစ်ကိုပြောသလို ပြင်ကြည့်တာလဲ မပြောင်းသေးဘူးခင်ဗျ .. အရမ်းခေါင်းမာနေတယ် .. :((

    မြန်မာဖောင့်နဲ့ data အသစ်တွေကော ထပ်ထည့်ပြီး စမ်းကြည့်ရဲ့လား .. database collation ပြောင်းရုံနဲ့ အရင် error ဖြစ်နေတဲ့ data တွေက ပြန်မှန်သွားမှာတော့ မဟုတ်ဘူး .. အဟောင်းတွေဖျက်ပြီး အသစ်ထည့်ကြည့်ပါ့လား ..
  • edited December 2008 Registered Users
    Data အသစ်တွေထည့်လဲပြောင်းသေးဝူး :((
Sign In or Register to comment.