မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

$_session နဲ့ $_cookie

edited November 2008 in PHP
mz မှ အကိုတို့ခင်ဗျာ $_SESSION နဲ့ variable ပို့နည်း $_COOKIE နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဥပမာပုစ္ဆာတွေနဲ့ ရှင်းပြပေးပါလားခင်ဗျာ ကျနော် ebook က ဖတ်တာသိပ်နားမလည်လို့ပါ ကျေးဇူးတင်ပါသည်။

မှတ်ချက်များ

  • edited November 2008 Administrators
    mz မှ အကိုတို့ခင်ဗျာ $_SESSION နဲ့ variable ပို့နည်း $_COOKIE နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဥပမာပုစ္ဆာတွေနဲ့ ရှင်းပြပေးပါလားခင်ဗျာ ကျနော် ebook က ဖတ်တာသိပ်နားမလည်လို့ပါ ကျေးဇူးတင်ပါသည်။

    ကျနော်တော့ နားမလည်ပါ။ မသိလို့၀င်မပြောတာပါ။
    ဒါပေမဲ့ ... ဘယ်သူမှ ၀င်မပြောတော့ ... မေးထားတဲ့မေးခွန်း မရှင်းတာများလားလို့။
    MZ မှာက မဖြေနိုင်တဲ့မေးခွန်းက မရှိသလောက်ပါ။
    Bro မေးခွန်းကို နဲနဲပိုပြီး ပြည့်ပြည့်စုံစုံ ရေးကြည့်ပါဦး ....

    With Best Wishes,
  • edited November 2008 Registered Users
    mz မှ အကိုတို့ခင်ဗျာ $_SESSION နဲ့ variable ပို့နည်း $_COOKIE နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဥပမာပုစ္ဆာတွေနဲ့ ရှင်းပြပေးပါလားခင်ဗျာ ကျနော် ebook က ဖတ်တာသိပ်နားမလည်လို့ပါ ကျေးဇူးတင်ပါသည်။

    ကျွန်တော်သိသလောက် ရှင်းပြမယ်နော်။ ကျွန်တော်တို့က session ကို အဓိကအားဖြင့် Login တွေအတွက်ကို အဓိကထားပြီးတော့ သုံးပါတယ်။ session function တွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ session_start ဆိုတဲ့ function ရယ်၊ session_destory ဆိုတာရယ်ကိုပဲ အဓိကထားပြီးတော့ သုံးပါတယ်။ ကျန်တာတွေကတော့ သုံးတာနည်းတယ်။
    <?php
    // page1.php
    
    session_start(); // line 1
    
    echo 'Welcome to page #1';
    
    $_SESSION['favcolor'] = 'green';// line 2
    $_SESSION['animal']   = 'cat';
    $_SESSION['time']     = time();
    
    // Works if session cookie was accepted
    echo '<br /><a href=&quot;page2.php&quot;>page 2</a>';
    ?>
    
    line 1 ကတော့ session သုံးတော့မယ်ဆိုရင် စပြီးတော့ရေးရမယ့် စာကြောင်းပါပဲ။ ဒါပေမယ့် အဲ့ဒီစာကြောင်းကို <head></head> ဆိုတဲ့ header tag တွေ မရေးခင်မှာစပြီးတော့ ရေးရပါတယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် error တက်နိုင်ပါတယ်။
    line 2 ကတော့ session တစ်ခုထဲကို data assign လုပ်တဲ့ပုံစံပါ။ အဲ့ဒီထဲမှာပါတဲ့ favcolor ဆိုတာက session name ကိုဆိုလိုတာပါ။ ဒီတော့သူ့ရဲ့ အဓိပ္ပါယ်က ဘာလဲဆိုရင် favcolor ဆိုတဲ့ session ထဲကို green ဆိုတဲ့ data value တစ်ခုကို assign လုပ်ထားတယ်လို့ ဆိုလိုပါတယ်။
    session က server side မှာ data သွားသိမ်းတာဖြစ်တဲ့အတွက် session_save_path ဆိုတာ မှန်ကန်ဖို့လိုပါတယ်။ အဲ့လိုမှမဟုတ်ရင် error ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေကျတော့ path တော့မှန်တယ်။ ဒါပေမယ့် write permission မပေးထားပြန်ရင်လည်း save မလုပ်နိုင်ဘူးဖြစ်တတ်ပါတယ်။ session save path ကို phpinfo() ဆိုတဲ့ function ကို ခေါ်ပြီးတော့ သုံးနိုင်ပါတယ်။
    အပေါ်က code အတိုင်းရေးပြီးတော့ run လိုက်မယ်ဆိုရင် $_SESSION,
    $_SESSION,$_SESSION တွေထဲကို တန်ဖိုးအသီးသီး ၀င်သွားပါလိမ့်မယ်။
    <?php
    // page2.php
    
    session_start(); // line 3
    
    echo 'Welcome to page #2<br />';
    
    echo $_SESSION['favcolor']; // line 4
    echo $_SESSION['animal']; 
    echo date('Y m d H:i:s', $_SESSION['time']);
    
    // You may want to use SID here, like we did in page1.php
    echo '<br /><a href=&quot;page1.php&quot;>page 1</a>';
    ?>
    
    ဒီ page2.php ကတော့ page1.php တုန်းက session ထဲကို ထည့်ပြီးတော့သိမ်းထားတဲ့ data တွေကို ပြန်ရိုက်ပြတာပါ။ Line 3 မှာလည်း ထုံးစံအတိုင်းပဲ session_start ဆိုတဲ့ function ကို စပြီးတော့ ခေါ်ရပါ့မယ်။ ဘာလို့လဲဆိုတော့ session သုံးတိုင်းမှာ အဲ့ဒီ function ကို သုံးရပါ့မယ်။
    Line 4 ကတော့ session ထဲက တန်ဖိုးကိုပြန်ပြီးတော့ ရိုက်ထုတ်တာပါ။ data ထည့်ချင်ရင် = ကို သုံးပြီးတော့ ပြန်ရိုက်ပြချင်တဲ့အခါမှာတော့ = ကို ဖြုတ်ပြီးတော့ ပြန်ရိုက်ပြရုံပါပဲ။ ဒီ page2.php အရဆိုရင်တော့ Line 4 ကနေ green ဆိုတဲ့တန်ဖိုးကို မြင်ရမှာပါ။
    ကျွန်တော်ကတော့ ဒီလောက်နဲ့ပဲ သုံးတာ အဆင်ပြေပါတယ်။ session destory ကိုနောက်ကျမှ ရှင်းပြတော့မယ်။ :D :D :D ရုံးဆင်းတော့မှ မို့လို့ :D :D :D
Sign In or Register to comment.