မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Fun.exe ကို တုပပြီးလာပြီ fansy.exe

edited November 2009 in Antivirus & Virus
ကဲ.. အက်မင်တို့ အခြားသော မော်မော်တို့ရေ..
virus အကြောင်းပဲ ပွထာလာတယ်ပဲပြောပြော ဒါကြီးပဲ ဆွေးနွေးနေကြတယ်ပဲ ပြောပြော ဘာပဲပြောပြော.. တတ်နိုင်ဘူး.. :D
အသစ်တစ်မျိုးလာပြန်လို့ပါ..

autorun.inf နဲ့ fansy.exe ဆိုပြီး လာပါသဗျ.. memory stick လေးတွေကနေပေါ့..
ဘာတွေ လုပ်လဲဆိုတော့..
  • cmd.exe ကို သုံးလေးခု ထက်မနည်း process တွေထဲမှာတွေ့ရပါတယ်.. cup အသုံးပြုမှု 90 နဲ့ 100 ကြား ရှိပါသဗျ..
  • အဲ.. folder option လေးလည်း ဖျောက်တယ်ခင်ဗျာ့
  • registry လေးလည်း ပိတ်သဗျ
  • task manager လေးလည်း ခေါ်မရအောင် လုပ်သဗျ..
  • folder option ဖျောက်ဆို c: မှ လွှဲပြီး တစ်ခြား drive letter ထဲက ရှိသမျှ folder တွေကို hide လုပ်ပြီး နာမည်တူ အတုအယောင် folder ပုံနဲ့ .exe လေးတွေကို ထုတ်ပြီး ပြပေးထားတယ် ကလစ်မိရင် cmd.exe တစ်ခုတိုးပေါ့ကွယ်..

ဘယ်လိုကုစားမယ်ဆိုတာတော့ -- ဒန်တန့်တန်
  • tune up နဲ့ process ထဲက cmd.exe တွေကို end process လုပ်ပါ
  • နောက် flansy.exe ဆိုတာကို end process လုပ်ပါ..
  • အောက်ပါ စာလေးတွေကို copy ကူးပြီး clear.bat ဆိုပြီး .bat extension နဲ့ သိမ်းပါ။ ပြီးရင် ကလစ်ကာ run လိုက်ပါတော့။
attrib -s -h "c:\autorun.inf"
attrib -s -h "d:\autorun.inf"
attrib -s -h "c:\fansy.exe"
attrib -s -h "d:\fansy.exe"
del "c:\autorun.inf"
del "d:\autorun.inf"
del "c:\fansy.exe"
del "d:\fansy.exe"
del "c:\WINDOWS\system32\dllcache\systems.exe"
del "c:\WINDOWS\system32\drivers\autorun.inf"
del "c:\WINDOWS\system32\drivers\systems.exe"
del "c:\Windows\system32\systems.exe"
del "c:\Windows\system32\flansy.exe"

ဒါလေးပါပဲ..

အဲ.. တစ်ခြား drive letter အောက်က ကိုယ့် folder လေးတွေကို ပြန်ဖော်ချင်တယ်ဆိုရင်တော့
attrib -s -h "d:\your folder name"
attrib -s -h "d:\your folder name"
attrib -s -h "d:\your folder name"
....

ဆိုပြီး ရှိရင် ရှိသလောက် notepad ထဲကို ရေး၊ ပြီးရင် .bat နဲ့ save။ run လိုက်ပါတော့ဗျာ။ အတုအယောင် .exe ဖိုင်လေးတွေကို ပြန်မကလစ်မိပါစေနဲ့။ task manager, registry, folder option ပြန် disable ဖြစ်သွားပါလိမ့်မယ်..

okay ကြပါစေ..။ :67::67::67::67:

မှတ်ချက်များ

  • edited November 2008 Registered Users
    အဲ..
    တစ်ခုမေ့ခဲ့ပြန်ပလို့

    ဂလိုဗျာ..

    c: မှ လွှဲပြီး တစ်ခြား drive letter တွေ အောက်က folder တွေ ရှိရင် ရှိသလောက် folder name တွေနဲ့ နာမည် အတူတူ .exe ထုတ်ပါတယ်။ ကလစ်မိရင် task manager, registry, folder option ပြန် disable ဖြစ်ပါမယ်။..

    လွယ်လွယ်ကူကူ သတ်ရအောင်လို့တော့ kaspersky ဆီကို ပို့ထားပါတယ်။ ဘယ်နေ့မှ update မှာ ပါလာမလဲ မသိဘူးပေါ့။ :2:

    လောလောဆယ်တော့ ကျွနု်ပ် folder တွေ ခွဲထားသမျှ :((:((:(( ခွဲထားသလောက် လိုက်ဖျက်နေရပြီဗျ.. :((:((
  • edited November 2008 Registered Users
    ကျေးဇူးပဲ ညီလေးရေ....
    အဲ...ဒီဗိုင်းရပ်စ်ကို တော့ ကိုယ်မတွေ့သေးဘူး။
    ဘာပဲဖြစ်ဖြစ်လေ အခုလို သိထားရတာကို ကျေးဇူးတင်ပါတယ်။
  • edited November 2009 Registered Users, Moderators
    fansy.exe အသက်ပြန်ဝင်လာတယ်ပဲပြောရမလားမသိဘူးဗျာ။ ကျွန်တော့် father စာစီစာရိုက်ဆိုင်မှာ အလုပ်တစ်ခုသွားအပ်တာ ဆိုင်ကနေ အဲဒီဗိုင်းရပ်စ်ပါလာတယ်ဗျာ။ အိမ်မှာလဲ ကျွန်တော်ကမရှိ father ကအိမ်ကစက်ထဲထိုးလိုက်တာ ဗိုင်းရပ်စ်ကဝင်ပါလေရော။ ဒါတောင်စက်မှာ kaspersky (KIS) တင်ထားတာ မမိဘူးဗျ။ update မဖြစ်ဘူးလဲပြောလို့မရဘူးဗျ ၁၂ရက်နေ့က update လုပ်ထားတာ ဒီနေ့နဲ့မှဆို ၆ရက်ပဲကြာသေးတာ။ kaspersky ကမမိဘူးတဲ့ဗျာ တော်တော်ကြီးကိုစိတ်လေသွားတယ်။ အဲဒီဗိုင်းရပ်စ်ဝင်လို့ windows ကြီးပျက်သွားပါစေစိတ်မညစ်ဘူးဗျာ။ အခုတော့ စက်ထဲမှာရှိသမျှ ပုံတွေအကုန်ပျက်ကုန်တယ်။ တခြားဘာမှဒုက္ခမပေးဘူး ပုံတွေပဲအဓိက လိုက်ဖျက်တာ ရှိသမျှပုံအကုန်ကုန်တာပဲ နည်းနည်းပဲကျန်ခဲ့တယ်။ နောက်ဒုက္ခကတော့ မပြောပလောက်ပါဘူး .exe ဖိုင်တွေပဲပွားတာ။ ဗိုင်းရပ်စ်ကတော့သတ်ရတာလွယ်ပါတယ်။ ဝင်တာကမနေ့ကဝင်တာ ဒီနေ့မှ သေချာကြည့်မိပြီး ဗိုင်းရပ်စ်ဝင်နေမှန်းသိတာ။ ဗိုင်းရပ်စ်ဝင်လို့ လိုက်ရှာသတ်ပြီး ကိုယ့်ဟာလေးတွေဘာဖြစ်လဲလိုက်ကြည့်တာ တော်တော်လေးကိုတင်းသွားတယ်ဗျာ။ ပုံတွေအကုန်ပျက်ကုန်လို့။ windows ကြီးကျသွားပါစေ software တွေပျက်သွားပါစေ အဲလောက်စိတ်မဆိုးဘူးဗျာ။ အခုတော့ ဘယ်လိုမှပြန်မရနိုင်တဲ့ အရင်ကဓါတ်ပုံတွေပျက်ကုန်တယ် ပုံတွေက အခွံပဲကျန်တော့တာ။

    ဗိုင်းရပ်စ်ကတော့ မြန်မာနိုင်ငံကလုပ်တယ်လို့ပဲထင်ပါတယ်။ google မှာရှာကြည့်တော့လဲ MZ က ဒီ thread တစ်ခုရဲ့ result ပဲတွေ့တယ်။ ဗိုင်းရပ်စ်ရေးတဲ့လူကဘာရည်ရွယ်ချက်နဲ့ရေးလဲတော့မသိဘူး ခံလိုက်ရတဲ့လူကဘယ်လောက်ထိခံရမလဲဆိုတာ သူကိုယ်တိုင် ကိုယ်ချင်းမစာနိုင်ဘူးလားမသိပါဘူးဗျာ။ စိတ်လေတယ်ဗျာ... :2::2: စကားလုံးအမှားပါရင်ခွင့်လွတ်ကြပါ။ ဒီနေ့ဒီကိစ္စနဲ့စိတ်လေလို့ရင်ဖွင့်တာပါ :2::2:
Sign In or Register to comment.