မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ဒါလေး ကိုထပ်ပြီးရှင်းပြပါဦး ခင်ဗျာ....

edited November 2008 in PHP
$_GET $_POST $_SESSION $_COOKIE $_REQUEST ဥပမာ တစ်ခုစီ နဲ့ ဘယ်လိုနေရာတွေမှာ သုံးတာလည်း လို့ ရှင်းပြပါဦး...နည်းနည်း လေး ရောနေလို့....ပုံစံ က နည်းနည်း ဆင်တော့ နားမလည် ဘူး ဖြစ်နေတယ် လုပ်ပါဦး အစ်ကို အစ်မ များ....

မှတ်ချက်များ

  • edited November 2008 Registered Users
    saihtet85 wrote: »

    $_GET က form ကို သုံးပြီး variable ကို pass လုပ်တဲ့နေရာမှာ get method ကိုသုံးတဲ့အခါမှာ သုံးတယ်

    $_POSt က form ကို သုံးပြီး variable ကို pass လုပ်တဲ့အခါမှာ post method ကိုသုံးတဲ့အခါမှာ သုံးတယ်

    $_SESSION က variable တွေကို session နည်းနဲ့ assign လုပ်လိုက်တဲ့အခါမျာ သုံးတယ်

    $_COOKIE က cookie ကို သုံးပြီး variable တွေ pass လုပ်တဲ့ အခါမှာ သုံးတယ်

    $_REQUEST က ဘယ်လို အချိန်မှာဖြစ်ဖြစ်သုံးလို့ ရပါတယ်။ အပေါ်က ပြောခဲ့တဲ့ variable pass လုပ်တဲ့နည်းတွေအကုန် ဒီ $_REQUEST ထဲမှာ ပါပါတယ်။

    ဥပမာတွေ နဲ့ ရှင်းဆို ရှင်းပြလို့ရပါတယ်...

    အဲ့ဒါတွေအပြင်

    $_SERVER
    $_FILES
    $_ENV

    တို့ ရှိပါသေးတယ်.. welcome to php ပါ.. :67:
  • edited November 2008 Registered Users
    khunmk wrote: »

    ဒါဆိုရင် ကျေးဇူးပြုပြီး တော့ ဥပမာ လေး နဲ့ ရှင်းပြပေးပါခင်ဗျာ... နောက်ပြီး အစ်ကို အောက်မှာပြထားတဲ့ $_SERVER $_FILES $_ENV ကိုပါ ဥပမာ လေး နဲ့ ရှင်းပြပေးပါခင်ဗျာ .. ကျေးဇူး အများကြီးတင်ပါသည်...
  • edited November 2008 Registered Users
    saihtet85 wrote: »
    $_GET $_POST $_SESSION $_COOKIE $_REQUEST ဥပမာ တစ်ခုစီ နဲ့ ဘယ်လိုနေရာတွေမှာ သုံးတာလည်း လို့ ရှင်းပြပါဦး...နည်းနည်း လေး ရောနေလို့....ပုံစံ က နည်းနည်း ဆင်တော့ နားမလည် ဘူး ဖြစ်နေတယ် လုပ်ပါဦး အစ်ကို အစ်မ များ....
    ကျွန်တော် က PHP တော့မကျွမ်းပါဘူး။ သိသလောက်ပြောရမယ်ဆိုရင်တော့

    GET နဲ့ POST နဲ့ က HTML Form တွေက Submit လုပ်လိုက်တဲ့ Variables တွေရဲ့
    တန်ဖိုးကို ရယူရာမှာသုံးပါတယ်။ HTML Form က submission method မှာ
    post လို့သုံးထားရင် Form ရဲ့ Object တွေက တန်ဖိုးတွေကို HTTP protocol ရဲ့
    Header တွေထဲမှာထည့်ပြီး Submit လုပ်လိုက်ပါတယ်။ Server side မှာတော့
    $_POST method ကိုသုံးပြီး တန်ဖိုးတွေကို ပြန်လည်ရယူရပါတယ်။
    get ကိုသုံးထားရင်တော့ From ထဲက Object တန်ဖိုးတွေကို return URL ထဲမှာပဲ
    တစ်ခါတည်းထည့်ပေးလိုက်ပါတယ်။ ဥပမာ
    http://www.test.com/test.php?value1=abcd&value2=efgh
    စသည်ဖြင့်ပေါ့။
    အရေးမကြီးတဲ့ information တွေကို submit လုပ်ရင် Get ကိုသုံးနိုင်ပါတယ်။
    Login form လိုမျိုးကျတော့ Post method ကိုသုံးပါတယ်။ မဟုတ်ရင်..
    ကိုယ့် password ကြီး့က URL ထဲမှာ လာပေါ်နေမှာပေါ့။
    (Firefox ရဲ့ FireBug plugin ကိုသုံးပြီး HTTP headers တွေကို ခေါ်ကြည့်ရင်
    post နဲ့ ဘာတွေကို submit လုပ်တယ်ဆိုတာကိုမြင်နိုင်ပါတယ်။)
    Post, Get ကိုသုံးပြီး Client Side ကနေ Server Side အတွက် variable တွေကို
    define လုပ်ပေးနိုင်ပါတယ်။

    Session ကတော့ Server ပေါ်မှာ အချိန်အတိုင်းအတာတစ်ခုကနေ
    တစ်ခုအထိ active ဖြစ်နေတဲ့ Memory အပိုင်းတစ်ပိုင်းလို့ဆိုနိုင်ပါတယ်။
    ဥပမာ။ ။ User login လုပ်လိုက်တဲ့ အခါမျိုးမှာပေါ့။ HTTP က stateless protocol
    ဖြစ်တာကြောင့် User login ၀င်နေတဲ့ အချိန်မျိုးကနေ..logout လုပ်တဲ့အချိန်ထိ
    ဒီ User နဲ့ပဲ ပတ်သက်တဲ့ ယာယီ သိမ်းဆည်းစရာမျိုးတွေကို သိမ်းဖို့ သုံးတာပါ။
    $_SESSION ကိုသုံးပြီး ကိုယ်သိမ်းချင်တဲ့ ယာယီ information တွေကိိုသိမ်းနိုင်ပါတယ်။
    အမှန်ကတော့ Session ဟာ virtual သာဖြစ်ပါတယ်။ Technology (ASP.Net, PHP, Rails) ပေါ်မူတည်ပြီး implement လုပ်ထားပုံခြင်းကွာပါတယ်။ ဒါပေမယ့် Session
    ထဲမှာ variable ထည့်သုံးပုံခြင်းသဘောတရားကတူပါတယ်။ Session အတွက်
    variable တန်ဖိုးကို server side မှာသာ define လုပ်နိုင်ပါတယ်။

    Cookie ကတော့ Browser side မှာသုံးတဲ့ information ယာယီ သိမ်းဆည်းရာ
    နေရာတစ်ခုဖြစ်ပါတယ်။ Session လို Server Memory ထဲမှာ မသိမ်းဘဲ
    Client side မှာ text file အနေနဲ့သိမ်းပါတယ်။ Cookie ကိုရေးဖို့ဖျက်ဖို့ Serverside ကနေ စေခိုင်းနိုင်ပါတယ်။ Client side javascript များနဲ့လည်း စေခိုင်းနိုင်ပါတယ်။

    Request ကတော့ Cookie, Post နဲ့ Get တို့ကို စုစည်းထားတဲ့ wrapper class
    တစ်ခုဖြစ်ပါတယ်။
  • edited November 2008 Registered Users
    kotharthar wrote: »
    ကျွန်တော် က php တော့မကျွမ်းပါဘူး။ သိသလောက်ပြောရမယ်ဆိုရင်တော့

    get နဲ့ post နဲ့ က html form တွေက submit လုပ်လိုက်တဲ့ variables တွေရဲ့
    တန်ဖိုးကို ရယူရာမှာသုံးပါတယ်။ html form က submission method မှာ
    post လို့သုံးထားရင် form ရဲ့ object တွေက တန်ဖိုးတွေကို http protocol ရဲ့
    header တွေထဲမှာထည့်ပြီး submit လုပ်လိုက်ပါတယ်။ server side မှာတော့
    $_post method ကိုသုံးပြီး တန်ဖိုးတွေကို ပြန်လည်ရယူရပါတယ်။
    get ကိုသုံးထားရင်တော့ from ထဲက object တန်ဖိုးတွေကို return url ထဲမှာပဲ
    တစ်ခါတည်းထည့်ပေးလိုက်ပါတယ်။ ဥပမာ
    http://www.test.com/test.php?value1=abcd&value2=efgh
    စသည်ဖြင့်ပေါ့။
    အရေးမကြီးတဲ့ information တွေကို submit လုပ်ရင် get ကိုသုံးနိုင်ပါတယ်။
    login form လိုမျိုးကျတော့ post method ကိုသုံးပါတယ်။ မဟုတ်ရင်..
    ကိုယ့် password ကြီး့က url ထဲမှာ လာပေါ်နေမှာပေါ့။
    (firefox ရဲ့ firebug plugin ကိုသုံးပြီး http headers တွေကို ခေါ်ကြည့်ရင်
    post နဲ့ ဘာတွေကို submit လုပ်တယ်ဆိုတာကိုမြင်နိုင်ပါတယ်။)
    post, get ကိုသုံးပြီး client side ကနေ server side အတွက် variable တွေကို
    define လုပ်ပေးနိုင်ပါတယ်။

    session ကတော့ server ပေါ်မှာ အချိန်အတိုင်းအတာတစ်ခုကနေ
    တစ်ခုအထိ active ဖြစ်နေတဲ့ memory အပိုင်းတစ်ပိုင်းလို့ဆိုနိုင်ပါတယ်။
    ဥပမာ။ ။ user login လုပ်လိုက်တဲ့ အခါမျိုးမှာပေါ့။ http က stateless protocol
    ဖြစ်တာကြောင့် user login ၀င်နေတဲ့ အချိန်မျိုးကနေ..logout လုပ်တဲ့အချိန်ထိ
    ဒီ user နဲ့ပဲ ပတ်သက်တဲ့ ယာယီ သိမ်းဆည်းစရာမျိုးတွေကို သိမ်းဖို့ သုံးတာပါ။
    $_session ကိုသုံးပြီး ကိုယ်သိမ်းချင်တဲ့ ယာယီ information တွေကိိုသိမ်းနိုင်ပါတယ်။
    အမှန်ကတော့ session ဟာ virtual သာဖြစ်ပါတယ်။ technology (asp.net, php, rails) ပေါ်မူတည်ပြီး implement လုပ်ထားပုံခြင်းကွာပါတယ်။ ဒါပေမယ့် session
    ထဲမှာ variable ထည့်သုံးပုံခြင်းသဘောတရားကတူပါတယ်။ session အတွက်
    variable တန်ဖိုးကို server side မှာသာ define လုပ်နိုင်ပါတယ်။

    cookie ကတော့ browser side မှာသုံးတဲ့ information ယာယီ သိမ်းဆည်းရာ
    နေရာတစ်ခုဖြစ်ပါတယ်။ session လို server memory ထဲမှာ မသိမ်းဘဲ
    client side မှာ text file အနေနဲ့သိမ်းပါတယ်။ cookie ကိုရေးဖို့ဖျက်ဖို့ serverside ကနေ စေခိုင်းနိုင်ပါတယ်။ client side javascript များနဲ့လည်း စေခိုင်းနိုင်ပါတယ်။

    request ကတော့ cookie, post နဲ့ get တို့ကို စုစည်းထားတဲ့ wrapper class
    တစ်ခုဖြစ်ပါတယ်။

    ဟုတ်ကဲ့ဗျာ အခုလို စိတ်ရှည်ရှည် နဲ့ပြောပေးတာ ကျေးဇူးတင်ပါတယ်ဗျာ..နည်းနည်းတော့ ရူပ်နေသေးတယ်. ထပ်ပြီးတော့ လေ့လာကြည့်ပါဦးမယ်..နားမလည် ရင် တော့ ထပ်ပြီးမေးပါ့မယ် ခင်ဗျာ..
  • edited November 2008 Registered Users
    saihtet85 wrote: »
    $_GET $_POST $_SESSION $_COOKIE $_REQUEST ဥပမာ တစ်ခုစီ နဲ့ ဘယ်လိုနေရာတွေမှာ သုံးတာလည်း လို့ ရှင်းပြပါဦး...နည်းနည်း လေး ရောနေလို့....ပုံစံ က နည်းနည်း ဆင်တော့ နားမလည် ဘူး ဖြစ်နေတယ် လုပ်ပါဦး အစ်ကို အစ်မ များ....

    saihtet85 ရေ
    $_GET,$_POST,$_REQUEST နဲ့ ဆိုင်တဲ့ အကြောင်းကို ကျွန်တော် ဒီ link လေးမှာ details ရေးထားတာ ရှိတယ်ဗျာ။ ဖတ်ကြည့်လိုက်ပါအုံး :67:
    $_SESSION,$_COOKIE အကြောင်းတော့ မရှိသေးပါ။

    Zack!
  • edited November 2008 Registered Users
    Zack wrote: »
    saihtet85 ရေ
    $_GET,$_POST,$_REQUEST နဲ့ ဆိုင်တဲ့ အကြောင်းကို ကျွန်တော် ဒီ link လေးမှာ details ရေးထားတာ ရှိတယ်ဗျာ။ ဖတ်ကြည့်လိုက်ပါအုံး :67:
    $_SESSION,$_COOKIE အကြောင်းတော့ မရှိသေးပါ။

    Zack!

    ကို Zack ရေးထားတဲ့ ဆိုဒ်လေး ကောင်းတယ်ဗျာ..အသိတောင်နောက်ကျနေသလိုဖြစ်နေပြီ...ကျန်တာတွေ ရေးထားတာလည်း ကောင်းတယ်ဗျာ...ကျေးဇူးအရမ်းတင်ပါတယ်ဗျာ..နောက်ထပ်လည်း လေ့လာပါဦးမယ်..
  • edited November 2008 Registered Users
    PHP.and.MySQL.for.Dynamic.Web.Sites.Visual.QuickPro.Guide.2nd.Edition.Jun.2005
    Please study my e-book.
Sign In or Register to comment.