မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

POSIX Social Group

edited November 2008 in Linux/Unix
မင်္ဂလာပါ . . အားလုံးပဲ။

မနေ့က MZ ရဲ့ Social Group တွေကို ကြည့်ရင်းနဲ့ စိတ်ဝင်စားတဲ့ Group လေးတွေကို join လိုက်ပါတယ်။

POSIX ဆိုတဲ့ Group လေးကိုလည်း ဖွဲ့လိုက်ပါတယ်။ POSIX compliant OS တွေကို စိတ်ဝင်စားတဲ့သူများ၊ စွဲမြဲသုံးနေတဲ့ ယူဇာများ၊ ကျွမ်းကျင်ပုဂ္ဂိုလ်များ တစ်စုတစ်ဝေးထဲ ဖြစ်သွားအောင်လို့ပါ။

POSIX compliant OS ဆိုတာ Linux အနွယ်ဝင်တွေ၊ Unix အနွယ်ဝင်တွေ၊ BSD အနွယ်ဝင်တွေပါ။ ပြောရရင်တော့ Windows မဟုတ်သော OS တွေပါ။ ( ဒါသည် ယျေဘုယျ ခြုံပြောခြင်းဖြစ်ပြီး အကုန်မ မှန်ပါ။ )

Fedora, Ubutnu, FreeBSD, Solaris, SuSe, Debian, HP-UX, Gentoo အစရှိသော သောင်းပြောင်းထွေလာ ပိစိပွစိ OS တွေကို စိတ်ဝင်စားတဲ့သူတွေ စုဝေးကြပါမယ်ပေါ့ဗျာ။

စုဝေးပြီးသကာလ များများနဲ့ မြိုင်မြိုင် အင်မော်မေးရှင်း ဖလှယ်ကြမယ်။ မေးမြန်းဆွေးနွေး ရန်ဖြစ်ကြမယ်။ မသိတာရှိရင်မေးပြီး သိတာရှိရင် မပြောပြဘူူး လုပ်ကြမယ် စသည် စသည် ရည်ရွယ်ချက်များဖြင့် ဒီ POSIX Group ကြီးကို create လုပ်ပါသည်။ စိတ်ဝင်စားသော MZ လာ ပရိတ်သတ်များ လာရောက် ရှုစားလှည့်ကြပါ။ :D

မှတ်ချက်များ

  • edited October 2008 Administrators
    စိတ်၀င်စားတယ်ဗျ။ သွားလဲကြည့် ပြီးပြီ။

    ဒါပေမဲ့ ...

    ကျနော် အဲဒီအပိုင်းသိပ်နားမလည်ဘူး။

    နားလည်တဲ့နေ့ ကျရင်ထပ်လာဦးမယ်။

    :67:
  • edited October 2008 Administrators
    ကျွန်တော် စမ်းသုံးကြည့်နေတဲ့ POSIX တစ်ခုရှိတယ် syllable တဲ့။
    http://www.syllable.org မှာရမယ်...။ စမ်းကြည့်ပါလား။ boot တက်တာကတော့ အမြန်ဆုံးပဲ။
  • edited November 2008 Registered Users
    Solaris ။ Unix သုံးချင်လား။ Solaris 10 ရှိတယ်။ သူက ကော်မာရှယ်ဖြစ်နေလို့ အဆင်မပြေဘူးလား။ မပူပါနဲ့။ OpenSolaris ရှိပါတယ်

    Sun
    က Solaris ရဲဲ့ open source ဗားရှင်းအဖြစ် OpenSolaris ကို ထုတ်ပါတယ်။ Unix သမားများ OpenSolaris လေး သုံးကြည့်ပါအုံး။
  • edited November 2008 Registered Users
    အကိုတို့ရေ ကျနော်တို့လို မသိနားမလည်တဲ့ ငပိန်းတွေအတွက် detail လေးပြောပြပေးပါလား။ မဟုတ်ရင် ကျနော်က အကိုတို့ မုံ့အကြောင်းဆွေးနွေးနေတယ်ထင်ပြီး အလကားနေရင်း ဖတ်ပြီး သရေကျနေရတယ်။
  • edited November 2008 Registered Users
    istein wrote: »
    အကိုတို့ရေ ကျနော်တို့လို မသိနားမလည်တဲ့ ငပိန်းတွေအတွက် detail လေးပြောပြပေးပါလား။ မဟုတ်ရင် ကျနော်က အကိုတို့ မုံ့အကြောင်းဆွေးနွေးနေတယ်ထင်ပြီး အလကားနေရင်း ဖတ်ပြီး သရေကျနေရတယ်။

    အွန် handsome အိန်းစတိမ်း နောက်နဲ့နော်။ လူဆိုး။ :D

    ဟုတ်ကဲ့ အသေးစိတ်လေးတွေ ပြောပါမယ်ခင်ညာ။

    ယနေ့ ကမ္ဘာမှာ Open Source က အရမ်း ပေါ်ပြူလာဖြစ်နေပြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတစ်ခုဖြစ်နေပါတယ်။

    နေ့စဉ် ကျွန်တော်တို့ဖြတ်သန်းမှုမှာ သိရက်နဲ့ဖြစ်စေ၊ မသိဘဲဖြစ်စေ FOSS ( Free n Open Source Software ) တွေကို သုံးနေဖြစ်ပါတယ်။ ဥပမာ firefox ။

    Microsoft Product၊ Proprietary Software တွေနဲ့တင်သာမကပဲ Open Source အကြောင်းတွေကိုလည်း တတ်နိုင်သလောက် သိထားရင် အကောင်းဆုံးပါခင်ဗျာ။

    ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Open Source အလေ့အထ၊ Open Source သုံးစွဲသူများ၊ Linux/Unix နဲ့ ယဉ်ပါးသူများ သာမန်ထက်စာရင် နည်းနေ သေးတယ်လို့မြင်ပါတယ်။

    မြန်မာနိုင်ငံမှာ Open Source/ FOSS/ Linux အစရှိတဲ့အကြောင်းအရာတွေ ဒီထက်ပိုပြီးတွင်ကျယ်လာရင် ကောင်းမှာပဲလို့တွေးမိပါတယ်။ Open Source/ Linux စတာတွေကိုလည်း ကိုယ်တတ်နိုင်သလောက် Promote လုပ်ချင်မိပါတယ် ခင်ဗျာ။

    အခုလည်း MZ မှာ POSIX Group လေး ဖွဲ့ပြီး စိတ်ဝင်စားသူ အချင်းချင်း၊ ဝါသနာတူသူအချင်းချင်း အပြန်အလှန်ဆွေးနွေးမယ်လို့ စိတ်ကူးရပြီး ဒီ POSIX Group လေးကို ဖွဲ့လိုက်ပါတယ်။

    ဟုတ်ကဲ့ပါ ကိုအိန်းစတိမ်း . . .

    detail လေးတွေ ပြောပါမယ် ခင်ဗျာ။ စိတ်ဝင်စားတဲ့သူများလည်း လာ Join ကြပါ။

    POSIX Group ဝင် ဆရာများအနေနဲ့လည်း Linux/Open Source စတာတွေကို ဒီထက်များများ Promote လုပ်ပေးပါ ခင်ဗျာ။ :)
  • edited November 2008 Registered Users
    Hi . . all of POSIX Group Member,

    ကျေးဇူးပြုပြီး POSIX Group ကို ပုံမှန် Check ပေးကြပါခင်ဗျာ။ အဲဒီမှာ အင်ဖော်မေးရှင်းအသစ်တွေ ပုံမှန် Updates လုပ်ပါတယ်။

    နောက် Group Member အချင်းချင်း အပြန်အလှန် ဆက်သွယ်မယ်ဆိုရင် Group အောက်က Message ကနေတစ်ဆင့် ဆက်သွယ်ကြပါမယ်။ အကူအညီတောင်းစရာရှိတာ၊ သာမန်ဆွေးနွေးတာ၊ ကိုယ့်အမြင်တစ်ခုကိုပြောတာတွေကို အဲဒီ Channel ကနေတစ်ဆင့်သွားပါမယ်။ Group လိုက် ဆွေးနွေးတာကိုလည်း အဲကနေတစ်ဆင့်လုပ်ပါမယ်။

    အဲဒါတွေကြောင့် POSIX Group ကို ပုံမှန် Check ပေးကြပါ။ ပုံမှန် Check ပေးဖို့လိုပါတယ်။

    အခုတော်တော်များများက ပထမဆုံး Join တဲ့အချိန်ပဲ ရောက်လာပြီး နောက် လာကို လာမကြည့်တော့သလိုဖြစ်နေလို့ပါ။

    POSIX Group ကို active ဖြစ်နေဖို့ ၊ dynamic ဖြစ်နေဖို့အတွက် များများ contribution လေးလည်း လုပ်ပေးကြပါ။
  • Registered Users
    မိုက်တ်
Sign In or Register to comment.