မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Ruby on Rails အကြောင်း...

edited August 2009 in Ruby On Rail
Ruby on Rails (RoR) ဆိုတာ ဒိန်းမတ်နိုင်ငံသား David Heinemeier Hansson ( http://en.wikipedia.org/wiki/David_Heinemeier_Hansson ) ဆိုသူက တည်ထွင်လိုက်တဲ့ Web Framework ဖြစ်ပါတယ်...

အဲဒီ Framewok ကို Ruby ဆိုတဲ့ (ကျွန်တော်ကတော့ အကောင်းဆုံးလို့ ထင်တဲ့)Programming Langauge နဲ့ ရေးသားထားတာဖြစ်ပါတယ်... RoR ရဲ့ ရည်ရွယ်ချက်က Web App, Web Srvices တွေကို မြန်ဆန်စွာ Develop လုပ်နိုင်ရန်ဖြစ်ပါတယ်... အခုခေတ်စားနေတဲ့ Agail Development ပေါ့နော်... ဒီလိုလုပ်နိုင်ဖို့ သူက MVC(model-view-controller) ဆိုတဲ့ Model တစ်မျိုးကို သုံးထားတယ်လေ... (MVC အကြောင်းကိုရှာဖွေလေ့လာသင့်ပါတယ်... wikipedia ဖတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်...)

အများစုက RoR ကို တိုက်ရိုက်လေ့လာကြပါတယ်... ဒါပေမယ့်... ကျွန်တော်အကြံပေးချင်တာက Rubyကို အရင်လေ့လာဖို့ပါ... (http://www.ruby-lang.org) ဒါမှသာ RoR ကို တစ်ကယ် ပိုင်ပိုင်နိုင်နိုင် အသုံးပြုနိုင်မှာပါ...

ဒီဖိုရမ်ရဲ့တစ်နေရာမှာ RoR က Java နဲ့တူတယ်လို့ ပြောတာကိုဖတ်မိလိုက်ပါတယ်... လုံး၀မတူပါဘူး... Ruby က Java နဲ့တူတယ်ဆိုရင်တော့ နဲနဲမှန်ပါလိမ့်မယ်... OOP Language ဆိုတာခြင်း တူတာပါ... တစ်ခြားတော့ ဘာမှမတူပါဘူး... တစ်ကယ်တော့ Ruby က Perl, Python, SmallTalk အစရှိတဲ့ Scripting Language တွေကနေ ဆင်းသက်လာတာပါ... ကျွန်တော်တို့ သုံးဖူးနေကြ Language တွေနဲ့ အတော်လေးကွာပါတယ်... ပြောရမယ်ဆိုရင် လေ့လာရတာတော့ အတော်ခက်ပါတယ်... တက်သွားပြီးဆိုရင် Ruby ဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံး Languageလို့ ကျိမ်းသေပြောပါလိမ့်မယ်... သူကလည်း တစ်ခြား Langaue အတော်များများရဲ့ အကောင်းဆုံးဆိုတဲ့ Feature တွေ Syntax တွေကို စုပေါင်းယူသုံးထားတာပါ....

Ruby ကော RoR ပါ Open-Source ပါ... ဒါကြောင့် Opensource ချစ်သူတိုင်း Ruby နဲ့ RoR ကိုချစ်ကြပါတယ်...

နောက်မှဆက်ပါအုံးမယ်...
[ stup!x ]

မှတ်ချက်များ

  • edited July 2007 Registered Users
    //C, Java, PHP
    str = "Hello World";
    count(str);

    //Ruby
    "Hello World".count

    နှိုင်းယှဉ်ကြည့်ဖို့ ဖြစ်ပါတယ်...

    [ stup!x ]
  • edited July 2007 Registered Users
    //C, Java, PHP
    for(i=0; i<10; i++){
    print "Hello World!";
    }

    //Ruby
    10.times do puts "Hello World!"

    [ stup!x ]
  • edited July 2007 Registered Users
    //C, Java, PHP
    arr = {'larry', 'curly', 'moe', 'luke'};
    for(i=0; i<count(arr); i++){

    }
    stooges =
  • edited July 2007 Registered Users
    //C, Java, PHP
    arr = {'larry', 'curly', 'moe', 'luke'};
    for(i=0; i<count(arr); i++){
    print arr + "\n";
    }

    //Ruby
    arr =
    arr.each { |name| print name + "\n" }

    နှိုင်းယှဉ်ကြည့်နိုင်ဖို့ပါ...

    [ stup!x ]
  • edited July 2007 Administrators
    ဟုတ်ပါတယ်... ROR က Java နဲ့ လုံးလုံးမတူပါဘူး.... :39:
    သူက ပိုကောင်းတယ်.. အများကြီးကောင်းတယ်ဗျာ...
    တကယ်လေ့လာကြည့်မှသိတယ်...
    လေ့လာတာတောင် နောက်ကျနေပြီ..
    ebook ကလည်း ၁ အုပ်ပဲရှိတယ်.. :((
    connection မကောင်းလို့ download ချမရလို့...
    size တွေကလည်း dialup အတွက်ဆို အရမ်းများလွန်းလို့....
    http://rs43.rapidshare.com/files/20406648/ruby.web.app07.rar
    အခု အဲဒါလေးကို download ချနေတုန်း...
    ကို stupix ရေကျေးဇူးပဲဗျာ..
  • edited July 2007
    ကျွန်တော်တို့ကိုလည်း အသေးစိတ်ပြန်သင်ပေးကြပါလားဗျာ ...
  • edited August 2007 Registered Users
    Depending on stupix's code I also think that Ruby is better than any other langue in programming. The person who had not much knowledge in programming can easy to understand Ruby. I don't mean he can easy to write Ruy program. I want to learn more about Ruby.
  • edited November 2007 Registered Users
    Ruby အကြောင်းစရေး မယ်လုပ်ရင်း၊ ရှာလိုက်တာ ဒီ Topic ကို တွေ့လို့၀င်ရေးလိုက်ဦးမယ်။
    ကျွန်တော် Java နဲ့စတွေ့တော့၊ အရမ်းပဲ ကြိုက်ပြီး၊ ချစ်ပြီး လေ့လာလိုက်တာ လွန်ပါရော။
    ကျွန်တော် Ruby ကိုလဲတွေ့ရော၊ ဘယ်လိုပြောရမလဲ၊ Java က မယားကြီး ဆိုရင်၊ Ruby က မယားငယ်လေးပေါ့။“

    ပိုကောင်းပုံပြောပါတယ်။ ကျွန်တော့မှာ၊ အကြီးလဲ မပစ်နိုင်၊ အငယ်လေးလည်း လုပ်ချင်။ (လေ့လာချင်တာပြောပါတယ်။)
    Ruby လေးက Syntax တွေများတော့ Cheat Sheet နဲ့ Pocket Reference ကို အမြဲဘေးမှာထားရေးရတယ်။

    Ruby Ebooks တွေအများကြီးသိမ်းထားတာရှိပါ၊ အားရင် ဆွဲချဖို့ တင်ပေးပါမယ်။
    Ruby PhraseBook ဆိုတဲ့စာအုပ် ကိုလိုချင်တာ E-Book လည်းမရှိ၊ Paper Back တွေလည်း ဘယ်လိုမှရှာမရ။
    အဲဒီစာအုပ်ဟာတော်တော်ကောင်းမယ်ထင်ပါတယ်။

    ကျွန်တော် Ruby ကို Text နဲ့ File တွေအများကြီးကို Manage လုပ်ရင်သုံးလေ့ရှိပါတယ်။
    သုံး၊ လေး ကြောင်းရေးရုံနဲ့ Manual ခန ခန လုပ်ရမယ့် ဟာတွေကို Automate လုပ်လို့ရတာကိုး။
    အဲဒီတော့ Main Programming Project ကို တော်တော် အထောက်အကူပြုတယ်လေ။ အချိန်ကုန်သက်သာ၊
    လူသက်သာ။ (အငယ်လေးတွေကောင်းပုံများ)
    Ruby လေးက တစ်ခြား Language တွေထက်စာရင် ငယ်ပါသေးတယ်။ ဒါပေမယ့် Programmer
    တွေရဲ့ အချစ်တော် ဖြစ်နေပါပြီ။

    Learn To Program ဆိုတဲ့စာအုပ်ဆိုရင် စာရေးဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး၊ သူ့မူလတန်း
    ကျောင်းသားတွေကို သင်ဖို့ ပြုစုရင်း အဲဒီ Ruby စာအုပ်ထုတ်ဖြစ်သွားတာလေ။
    ကဲ... မူလတန်းလေးတွေတောင် ရေးတတ်တယ်နော်။

    Ruby က English တတ်ရင် ရေးလို့ရပြီလို့ ပြောတဲ့ Poignant Guide To Ruby ဆိုတဲ့ Online Book မှာ
    5.times { print "Odelay!" }
    ကို ဘိုလို ကျယ်ကျယ်လေးဖတ်ကြည့်ရင် " Five times print "Odelay" ဖြစ်လို့ English လိုနားလည်နိုင်တယ်လေ။
    အဲ ဒီ စာအုပ်ကို ရေးတဲ့ Designer ကကာတွန်းလေးတွေပါထည့်ထားတော့ဖတ်ရတာရီရတယ်။
    ဒါပေမယ့် မြန်မြန်လေ့လာချင် တဲ့လူတွေအတွက်တော့ မကောင်းလွန်လှပါဘူး။

    မြန်မြန်ဖတ်၊ မြန်မြန်တတ်ချင် ရင်တော့ ပုဆိန် ကို ကိုင်ပါ။
    (အဲ.. ဒီမှာ http://whytheluckystiff.net/ruby/pickaxe/ ကိုင်ပါ။)

    RoR ကတော့ နည်းနည်း သမားရိုးကျထဲကဖောက်ထွက်တဲ့ Framework ပါ။
    သူက MVC (Model View Controller) ပုံစံကိုသုံးပါတယ်။ Beginner တွေကို
    ကျွန်တော်အားမပေးပါဘူး။ ဘာလို့လဲဆိုတော့ နည်းနည်းခက်ခက်လေးတွေလုပ်တော့မယ်ဆိုရင်
    တော်တော် ထဲထဲ၀င်၀င် နားလည်မှရလို့ပါ။ ပြီးတော့ Commercially သုံးတာလည်းနည်းတော့
    အလုပ်ထဲမှာ သုံ:ရတာနည်းမှာပါ။ .Net နဲ့ PHP ကမှ ပိုတွင်ကျယ်ပါတယ်။

    ဒီလိုပြောလို့ RoR ကို နှိမ်တာမဟုတ်ပါဘူး။ ဒ ီwww.alistapart.com ဟာဆိုရင် Rails နဲ့ရေးတာပါ။

    မကြာခင်မှာတော့ Rails ဟာတွင်ကျယ်လာမှာမို့တတ်ထားရင်တော့ကောင်းပါတယ်။
    Rails ကို တီထွင်တဲ့ လူတွေကတော့ www.37Signals.com ကပါ။ ဒီ http://gettingreal.37signals.com/ ဆိုတဲ့
    စာအုပ်ဟာ သူတို့ရဲ့ ဖောက်ထွက်လာတဲ့ Idea ကိုပြပါတယ်။

    RoR ဟာ David တို့အဖွဲ့ရဲ့ OpenSource ကို အသုံးချပြီး စီးပွားရှာတဲ့အလုပဆိုရင်မမှားပါဘူး။
    ဘာလို့လဲဆိုတော့ David ရဲ့ RoR Workshop 1 Session မှာ၊ ၀င်ကြေးကတစ်ယောက်ကို
    USD $800+ ဖြစ်လို့ပါပဲ။

    အိုး...မေ့တော့မလို့၊ Ruby လေးရဲ့ဖခင်ကတော့ ဂျပန်လူမျိုးပါ။ အာရှတိုက်သားတို့ ဂုဏ်ယူစရာပါ။
    ဒါပေမယ့် Ruby ကို လူသိများလာတာကတော့ Westerners တွေရဲ့ လုပ်ဆောင်မှုပါပဲ။

    အသစ်ဘယ်လောက်ကောင်းကောင်း၊ အဟောင်းကို မမီဘူးဆိုတာကို Perl, Python နဲ့ PHP တို့က
    သက်သေပြနေပါတယ်။ (တစ်မျိုးစီကောင်းကြတာမို့၊ ဘယ်ဟာကို မှ လက်လွတ်မခံနိုင်ဘူး ဟီး ဟီး)
    (လက်လည်းညောင်းပြီ။) တော်ကြဦးစို့။
  • edited November 2007
    အခုလိုရှင်းပြတဲ့အတွက် ကျေးဇူးပါဗျာ ... ကျွန်တော်တို့ကို ပြန်သင်ပေးပါလားဗျာ ... လိုက်လုပ်ကြည့်ချင်လို့ပါ ကျွန်တော်ကတော့ php ပဲသိတယ် :D
  • edited February 2008 Registered Users
    In this com, There is no Zawgyi font, so, I write in Eng. Please explain more about Ruby. I want to know on Ruby's GUI. How can I know it. Where can I learn it. Which are needs.
  • edited February 2008 Moderators
    Want to write Windows Application with Ruby?
    In this com, There is no Zawgyi font, so, I write in Eng. Please explain more about Ruby. I want to know on Ruby's GUI. How can I know it. Where can I learn it. Which are needs.

    If Yes, try start to learn this, its very basic like hello world.
    here is sample program (that will display message box in windows, when u run it)
    require 'Win32API'
    
    class Win32API
      def Win32API.MessageBox(wnd, text, caption, type = 0)
        messagebox = Win32API.new('user32', 'MessageBox', %w(p p p i), 'i')
        messagebox.call(wnd, text, caption, type)
      end
    end
    
    Win32API.MessageBox(0, "test message box", "test caption")
    
    You can call any functions from "user32", "kernel32" etc ..., but u will need to know some basic windows's structure.

    Regards,
    Mark
  • edited February 2008 Administrators
    လေ့လာစရာတွေကများ ... :13:
    ကိုပီဇီရေ .. ကျန်ခဲ့လို့တော့မဖြစ်ဘူးဗျာ .. ဟယ်လို၀ါးလ် လေးတော့ တတ်အောင်လုပ်ကြမှ တော်မယ်ထင်တယ်ဗျို့
  • edited February 2008 Registered Users
    Thanks a lot.:1:
    But I need to know more.

    I said " I want to know on Ruby's GUI.
    How can I know it.
    Where can I learn it.
    Which are needs."
  • edited February 2008 Moderators
    I said " I want to know on Ruby's GUI.

    you mean Ruby IDE?

    if so, see, Saturn's post http://www.mysteryzillion.com/forums/showthread.php?t=253&highlight=rails

    Regards,
    Mark
  • edited September 2008 Registered Users
    ruby on rail ကိုလေ့လာတာတော့ဟုတ်ပါပြီ။
    အရင်မေးတာက ruby နဲ့ GUI အတွက်ဘာတွေသုံးသလဲမေးတာပါ။
    အဖြေကတော့ ရပါပြီ။ ကိုယ့်ဘာသာပဲရှာလိုက်တာပါ။
    (wxRuby, Fxruby,Tk etc)တို့ကိုပြောတာပါ။
    အဲဒီတုန်းက အမေးမရှင်းလို့ထင်ရဲ့ အဖြေရှင်းရှင်းမလာခဲ့ဘူး။

    အခုမေးမှာကတော့ ruby နဲ့ Installer Package တွေဘယ်လိုရေးသလဲဆိုတာပါပဲ။
    ruby နဲ့ programming လုပ်ပြီးဘာနဲ့ အဲဒီ installer package ကိုရေးသလဲ။
    တကယ့်ကို အလုပ်ဖြစ်တဲ့ prog တွေပေါ့နော်။

  • edited September 2008 Registered Users
    ruby on rail ကိုလေ့လာတာတော့ဟုတ်ပါပြီ။
    အရင်မေးတာက ruby နဲ့ GUI အတွက်ဘာတွေသုံးသလဲမေးတာပါ။
    အဖြေကတော့ ရပါပြီ။ ကိုယ့်ဘာသာပဲရှာလိုက်တာပါ။
    (wxRuby, Fxruby,Tk etc)တို့ကိုပြောတာပါ။
    အဲဒီတုန်းက အမေးမရှင်းလို့ထင်ရဲ့ အဖြေရှင်းရှင်းမလာခဲ့ဘူး။

    အခုမေးမှာကတော့ ruby နဲ့ Installer Package တွေဘယ်လိုရေးသလဲဆိုတာပါပဲ။
    ruby နဲ့ programming လုပ်ပြီးဘာနဲ့ အဲဒီ installer package ကိုရေးသလဲ။
    တကယ့်ကို အလုပ်ဖြစ်တဲ့ prog တွေပေါ့နော်။


    ကိုယ်ဖာသာ ရှာတာကောင်းပါတယ်။ :)
    wxRuby, fxRuby, TK အပြင် GTK နဲ့ Win32 ကိုလည်း သုံးနိုင်ပါတယ်။
    အကယ်လို့ JRuby ဆိုရင် Java Swing components တွေ၊
    IronRuby ဆိုရင် .Net Components နဲ့ WPF တွေကိုသုံးနိုင်ပါသေးတယ်။
  • edited September 2008 Registered Users
    ဒီလိုပါ။ မေးထားတာက ruby ရဲ့gui အကြောင်းကို သိသင့်သလောက်သိပြီးပါပြီ။
    အခုသိလိုတာက ruby နဲ့ တကယ်အလုပ်ဖြစ်တဲ့ installer package
    ဘယ်လိုရေးသလဲဆိုတာသိချင်တာပါ။


    With loving-kindness
    bhikkhusirin
  • edited September 2008 Registered Users
    Ruby ကို installation script အနေနဲ့ သုံးတာမျိုးတော့ တစ်ခါမှ မရေးဘူးပါ။
  • edited September 2008 Registered Users
    ဒီလိုပါ။ မေးထားတာက ruby ရဲ့gui အကြောင်းကို သိသင့်သလောက်သိပြီးပါပြီ။
    အခုသိလိုတာက ruby နဲ့ တကယ်အလုပ်ဖြစ်တဲ့ installer package
    ဘယ်လိုရေးသလဲဆိုတာသိချင်တာပါ။


    With loving-kindness
    bhikkhusirin

    Ruby တော့ သေချာမသိဘူး .... Installer package ရေးချင်ရင် NSIS နဲ့ ရေးပါလား ....
    ကျွန်တော် တစ်ခါရေးဘူးတယ် .... တော်တော်လေး ကောင်းပါတယ် .... လေ့လာရတာလဲ
    လွယ်ပါတယ် ....
  • edited September 2008 Registered Users
    ဟုတ်ကဲ့။ ကျေးဇူးပါပဲ။
    ဒါပေမယ့် ဒါကိုကြည့်ခြင်းအားဖြင့် mz အဖွဲ့သားတွေ ruby ကိုသိပ်မသုံးသေးဘူးထင်တယ်။
    အဖြေပေးသူသိပ်မရှိဘူး။
    NSIS ကိုလည်းရှာကြည့်ပါဦးမယ်။
    sourceforge.net မှာတော့တွေ့ပါရဲ့။
    မသိတာထက်စာရင်တော့ တော်သေးတာပေါ့။ သူကနေတဆင့်ရှာနိုုင်တာပေါ့။


    with loving-kindness
    bhikkhusirin
  • edited November 2008 Registered Users
    ruby on rail ကိုလေ့လာတာတော့ဟုတ်ပါပြီ။

    အခုမေးမှာကတော့ ruby နဲ့ Installer Package တွေဘယ်လိုရေးသလဲဆိုတာပါပဲ။
    ruby နဲ့ programming လုပ်ပြီးဘာနဲ့ အဲဒီ installer package ကိုရေးသလဲ။
    တကယ့်ကို အလုပ်ဖြစ်တဲ့ prog တွေပေါ့နော်။


    ကျွန်တော်လည်း rpg maker Xp ဆိုတဲ့ software လေးတွေ့ဖူးတယ်။ သူက ruby သုံးထားတာလို့ထင်တာပဲ။ စမ်းသုံးကြည့်ဖို့ တိုက်တွန်းပါတယ်။
  • edited August 2009 Registered Users
    ruby ကိုသုံးတုန်းကတော့ အတော်ပျော်တယ်။ java လောက်မခက်လို့။ အဲ ကြုံလို့ပြောချင်တာကတော့ ဘယ် language နဲ့မျှ app ကောင်းကောင်းမရေးတတ်သေးဘူးဆိုတာပဲ။ အခု ruby ကျတော့ ကို်ယ်တော့ ရေးနိုင်ကောင်းပါရဲ့လို့ စဉ်းစားပြီး ၀မ်းသာမိရဲ့ဗျာ။ အင်း... ဒါပေမယ့်.... ခက်တာတွေ တွေ့တော့ ဘာဆက်ပြီးလုပ်ရမှန်း မသိတော့ဘူး။ ဒါနဲ့ computer ရော၊ mz ရော၊ online ရော၊ ruby ကိုရော မေ့ထားလိုက်တာ (၆) လတောင် ကျော်သွားပြီ။ အခုလဲ စာမေးပွဲနဲ့ဆိုတော့ မရေးနိုင်သေးဘူး။ (ပြောမှာကို ပြောတာမဟုတ်ဘူး ;-) သိချင်တာတွေကတော့ Variable နဲ့ method တို့ရဲ့ အကြောင်းပဲ။ သူတို့ရဲ့ scope ကို ရှင်းရှင်းလင်းလင်းသိချင်တယ်။ စာအုပ်ဖတ်တုန်းကတော့ ဟုတ်သလိုလိုပဲ။ တကယ့်တကယ့် ruby by example စာအုပ်ထဲမှာ သုံးပြထားတာတွေနဲ့ တွေ့တော့ ကိုယ့်ကိုယ်ကိုယ် အတော်လိုနေသေးမှန်းသိတယ်။ ဒါနဲ့ ပစ်ချထားလိုက်တယ်။ အဲဒါ ဖြေပေးကြဦးဗျာ။ အဲဒါ မသိရင် ရှေ့ဆက်ဖို့ ခက်အုံးမယ်။ ကိုသာသာ ပေးတဲ့စာအုပ်တွေတော့ ဖတ်တာပဲ။ ဒါပေမယ့် မမီဘူး။
Sign In or Register to comment.