လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။
မြန်မာ font နဲ့ပတ်သက်ပြီးမေးချင်ပါတယ်ခင်ဗျာ၊
website တစ်ခုမှာအကုန်မြန်မာစာနဲ့လုပ်ချင်လို့ပါ။
ကြည့်တဲ့အခါမှာလည်းမြန်မာစာသေချာဖတ်လို့ရပြီး ရေးတဲ့အခါလည်း မြန်မာစာသေချာရေးလို့ရအောင်လုပ်ချင်ပါတယ်။
font တွေနဲ့ပတ်သက်ရင် ကျွန်တော်သိတာ ဇော်ဂျီလောက်ပါပဲ၊ နောက်ဘယ်လိုတွေဖြစ်သွားပြီလဲ မြန်မာပြည်က ဘာတွေသုံးနေကြလဲမသိတော့ပါဘူး။
**ကျနော့်ပြသနာက develop လုပ်မယ့်ကွန်ပြူတာမှာထည့်ထားတာက မြန်မာ၃ယူနီကုဒ်ဗျာ
ကိုယ့်ပြူတာနဲ့ကိုယ်ဖတ်ရတာလဲအဆင်ပြေတယ် ရေးရင်လည်းအဆင်ပြေတယ်။
တခြား device ကနေဝင်ကြည့်ရင် မြန်မာစာလုံးတွေက လွဲချော်ကုန်ပြီ။ (သွင်းထားတဲ့ဖောင့်မတူလို့ထင်တယ်)
အဲဒါဘယ်လိုဖြေရှင်းရင် အကောင်းဆုံးပါလဲခင်ဗျာ။**
ဖြစ်နိုင်ရင်ပေါ့ဗျာ(ဖြစ်နိုင်မှပါ)user ကို ဟိုဖောင့်သွင်းပါ ဒီဖောင့်နဲ့ရေးပါ လို့မပြောပဲနဲ့ သူတို့ပါသုံးသုံး မြန်မာစာ သေချာရေးလို့ဖတ်လို့ရအောင် လုပ်တဲ့နည်းရှိလားဗျ၊
ဖြည့်စွက်သိချင်တာလေးက ကျနော်တို့ဆီမှာ ဘုံမြန်မာဖောင့် မရှိဘူးလားခင်ဗျာ?
ဘာတွေလိုအပ်လဲဆိုတာအကြံပေးကြပါဗျာ။
ကျေးဇူးတင်ပါတယ်။
မှတ်ချက်များ
ဟုတ်ကဲ့မင်္ဂလာပါအကိုရေ!
ဘုံမြန်မာဖောင့် အနေနဲ့ Unicode ကို
Website တွေမှာ သုံးစွဲလို့ရနေပါပြီ
Google Fonts မှာ Myanmar Unicode
ရှိနေပြီဖြစ်တဲ့အတွက် အွန်လိုင်းကနေ တိုက်ရိုက်
ရယူသုံးစွဲနိုင်ပါပြီ။ user ရဲ့ ဖုန်း၊ကွန်ပျူတာထဲမှာ
ဖောင့်ရှိစရာမလိုတော့ပါဘူးခင်ဗျာ!
အကို့ရဲ့မေးခွန်းနဲ့ ပတ်သတ်ပြီး ကျွန်တော်
နမူနာ ရေးထားလေးကို မျှဝေပေးလိုက်ပါတယ်!
source files တွေကို လေ့လာကြည့်ပါနော်!
အဆင်မပြေတာရှိရင် Reply မှာ ထပ်ပြီးရှင်းပြ
ပေးပါ့မယ်ခင်ဗျ!
အခုလိုဖြေပေးလို့ကျေးဇူးတင်တယ်အစ်ကို
အစ်ကိုပြောတဲ့အတိုင်းပါပဲ pc browser ကနေသေချာဖတ်လို့ရတယ်။
ဒါပေမဲ့ပြသနာက ကျနော်ဖုန်းနဲ့ ကြည့်တော့ စာလုံးတွေလွဲချော်ကုန်တယ်ဗျ။
အဲဒီဟာလေးတစ်ချက်လောက်ပြောပြပါလား
ဟုတ်ကဲ့ပါခင်ဗျ။ ဖုန်းနဲ့ကြည့်တုန်းက အင်တာနက်ဖွင့်ထားလားမသိဘူးနော်အကို! သူက Google Fonts server ကိုလှမ်းချိတ်တာ ဖြစ်တဲ့အတွက် ဘယ် Device ပဲကြည့်ကြည့် အင်တာနက်ဖွင့်ထားဖို့လိုအပ်ပါတယ်ခင်ဗျ။