မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

infinite loop မဟုတ်ဘူးလို့ ပြောနိုင်ပါသလား?

အောက်မှာရေးထားတဲ့ java code ဟာ infinite loop ဟုတ်ပါသလားလို့ မေးထားတာပါ။
int x = 0;
do{
system.out.println(x);
x++;
}while (x > 0);
အဖြေမှန်က ဟုတ်ပါတယ် လို့ သတ်မှတ်ထားပါတယ်။

while expression က true ဖြစ်နေတဲ့အတွက် loop ကတော့ အလုပ်လုပ်နေမယ်။
ဒါပေမယ့် Java မှာ int type variable တစ်ခုရဲ့ range က -2, 147, 483, 648 ကနေ
2, 147, 483, 647 လို့ ပြောထားတယ်။
- တကယ်လို့ x ရဲ့ တန်ဖိုးက 2, 147, 483, 648 ဖြစ်သွားရင် x က လက်ခံနိုင်သလား?
- x က လက်မခံနိုင်လို့ loop က အလုပ်မလုပ်တော့ဘူးဆိုရင် infinite loop မဟုတ်ဘူး
လို့ ပြောနိုင်သလား?

အားလုံးကို လေးစားလျှက်

Tagged:

မှတ်ချက်များ

  • Administrators

    Infinite လို့ပြောလို့မရဘူး int ရဲ့ range က -2,147,483,648 to 2,147,483,647 ဆိုရင် max (2,147,483,647) ကိုကျော်တာနဲ့ min (-2,147,483,648) ဖြစ်သွားလိမ့်မယ် အဲဒါဆိုရင် x > 0 မဖြစ်တော့ဘူး

  • edited August 18 Registered Users

    အခုလို ပြန်ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်… ကိုယ့်ဘာသာကိုယ်ဆိုရင် အမှားကို အမှန်ထင်ပြီး မှတ်ထားနေမှာစိုးလို့ … loop နဲ့ ပတ်သက်ပြီး သိချင်တာလေး ထပ်မေးပါရစေ .. ကတ်သီးကတ်သတ် မေးတာ မဟုတ်ပါဘူး… တကယ်ကို သိချင်လို့ပါ … IF က selection statement (not iteration statement ) ဆိုတာတော့ နားလည်ပါတယ် … တကယ်လို့ IF ကို break go_ to_label; နဲ့တွဲပြီး infinite loop (iteration statement) ဖြစ်အောင် ရေးလို့ရလား … ရေးချင်တဲ့ နမူနာပုံစံက …
    label: if(true){
    System.out.print(1);
    break label;
    }
    - ရေးလို့ရနိုင်ပါသလား?
    - ရေးလို့ရနိုင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ရေးနိုင်မလဲ

    အားလုံးကို လေးစားလျှက်

  • edited August 18 Administrators

    Conditional Statement ဆိုတာ Iteration မဟုတ်ဘူးလို့တော့ တရားသေအနေနဲ့ ပြောလို့မရပါဘူး ဥပမာဆိုရင် အစောပိုင်း x86 Assembly တွေမှာ Iteration အတွက် Conditional Jump တွေနဲ့ပဲ ရေးကြရတာပဲ။ High-level Languages တွေမှာလည်း ကြံဖန်ရေးရင် ရေးလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဘာအတွက်ကြောင့် ရေးရတယ်ဆိုတာရှိတယ် High-level Languages တွေရဲ့ အဓိကရည်ရွယ်ချက်က လူနားလည်လွယ်ဖို့အတွက်ပါ။

    ကိုယ်ရေးပြီးတော့ ကိုယ်ပဲပြင်ပါ့မယ်လို့ တရားသေလည်း ပြောလို့မရဘူး တခြားလူတွေ နားလည်ဖို့လည်း အရေးကြီးတယ်။ ကိုယ်တိုင်တောင်မှ ၁ နှစ်လောက်ကျော်ရင် Document မရှိ Comment အသေအချာ မရေးခဲ့မိရင် ဘာလို့ရေးမှန်း မှတ်မိချင်မှ မှတ်မိတော့တာ ၄-၅ နှစ်ဆိုရင်တော့ ပြောမနေနဲ့တော့။

    Programmer တွေပြောလေ့ရှိတဲ့ Quote လေးတခုရှိတယ်

    “Any fool can write code that a computer can understand. 
    Good programmers write code that humans can understand.” 
    ― Martin Fowler
    
  • edited August 18 Registered Users

    ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်…Quote လေးကို မှတ်ထားပါ့မယ်..

Sign In or Register to comment.