မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

မှတ်ချက်များ

  • Administrators

    SHA-256 ဆိုတာက Hasing algorithm တစ်ခုပါ။ Hash ဆိုတာကတော့ data ထည့်လိုက်ရင် မူရင်း data ပြန်မရပဲ hash value ပေးပါတယ်။ ဥပမာ a ကို ထည့်လိုက်ရင် ca978112ca1bbdcafac231b39a23dc4da786eff8147c4e72b9807785afee48bb ဆိုပြီး ထွက်လာမယ်။ ဘယ်နှစ်ကြိမ်ပဲ ခေါ်ခေါ် ဒီ value ကိုပဲ ပြန်ပေးတယ်။

    ဒါကြောင့် ကျွန်တော်တို့တွေဟာ hash ကို password တွေ အတွက် အသုံးပြုတယ်။ user password ကို data base ထဲမှာ plain မသိမ်းဘူး။ data ပေါက်သွားခဲ့ရင်သော်လည်း အခြား developer တစ်ယောက်ယောက်က database ကို ဖွင့်ပြီး password တွေ မြင်သွားရမှာ စိုးလို့ hash နဲ့ သိမ်းပါတယ်။ user အတွက်လည်း စိတ်ချရပါတယ်။

    နောက်တစ်ခုကတော့ value တွေ pass လုပ်သည့် အခါမှာ သုံးတယ်။ ဥပမာ။

    name=mgmg&address=45thstreet&code=1234&hash=71c14a34d8f66fbdd051ae9d48b66c48e7192df3c97d75c80fdb333cf122d561

    ဆိုပြီးတော့ ပို့လိုက်တယ်။

    hash က ဘယ်ကနေ ရတာလဲ ဆိုတော့ mgmg45thstreet1234 ကို hash လုပ်လိုက်တာပါ။

    တစ်ယောက်ယောက်က ကြားနေဝင်ပြီးတော့ mgmg အစား aungaung ပြောင်းလိုက်တယ် ဆိုပါစို့။

    လက်ခံသည့် ဘက်က

    aungaung45thstreet1234

    ဆိုပြီး hash လုပ်မယ်။ ပို့လိုက်သည့် hash value နဲ့တိုက်မယ်။ မတူဘူးဆိုရင်တော့ တစ်ယောက်ယောက်က value ကို ပြောင်းလိုက်တာ သေချာသွားပြီ။

    hashing လုပ်သည့် အခါမှာ salt ကိုပါ ထည့်ပါတယ်။ ဒါမှသာ ဘယ်လို value နဲ့ hash လုပ်ထားသလဲဆိုတာကို မှန်းရ ခက်အောင်ပါ။

    mgmg45thstreet1234 အစား အပိုစာတွေထည့်ပြီးတော့ (mgmg45thstreet1234)_hash လို့သုံးရင် server ဘက်ကလည်း

    (mgmg45thstreet1234)_hash

    ဆိုပြီး ရသည့် value ကိုပြန်ပြီး အခြား အပို စာတွေ ထည့်ပြီး hash လုပ်သင့်ပါတယ်။ ဒါမှ SHA256 နဲ့hash လုပ်ရင်တောင် အခြား အပိုစာတွေမသိသည့် အတွက် ပြန်ပြီးတော့ hash value အသစ်လုပ်ဖို့ ခက်ပါတယ်။

Sign In or Register to comment.