မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

MZ ၁၀ နှစ်မြောက် member များ တွေ့ဆုံပွဲ

MZ Anniversary & Chit Chat

MYSTERY ZILLION forum ဟာ အခု ဧပြီလမှာ ၁၀ နှစ် ပြည့်ခဲ့ပါပြီ။ ကျွန်တော်တို့အနေနဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ အပြင်မှာ မတွေ့ဆုံရသည်မှာ ကြာပြီဖြစ်သည့် သူငယ်ချင်း မိတ်ဆွေအပေါင်းအသစ်များနှင့် ပြန်လည်တွေ့ဆုံရန်အတွက် လာမည့် ဧပြီ ၂ ရက်နေ့ ပြည်သူ့ဥယျာဉ် မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ရည်ရွက်ချက်ကတော့ ၁၀ နှစ်တာ အတွင်း MZ ကြောင့် ရင်းနှီးခွင့်ရခဲ့သည့် သူတွေ ပြန်လည် တွေ့ဆုံ စကားပြောဖို့ အဓိကပါ။

နေ့ရက် - ဧပြီ ၂ , ၂၀၁၇
အချိန် - ၄ နာရီမှ ၆ နာရီ
နေရာ - ပြည်သူ့ဥယျာဉ်

မှတ်ချက်များ

  • Administrators

    အားလုံးလည်း အသက်ကြီးကုန်ပြီ ရိပ်သာမှာပဲ ဆုံကြပါစို့လေ ;))

  • edited March 2017 Registered Users

    လာခဲ့ပါ့မယ်..

  • Administrators

    @CalmHill တော်တော်များများလည်း ကလေး အဖေတွေ ဖြစ်ကုန်ကြပြီ :P

    တီလေး ( @TweetyCoaster ) ဆိုရင် မြေးတောင် ရနေပြီ :)

  • Administrators

    အဘိုးကြီးတွေပဲ ရှိကြမှာဆိုတော့ မလာတော့ပါဘူးလေ :P

    Thanked by 1 Gipsy
  • edited March 2017 Registered Users

    ကျွန်တော်လို လူပျိုကျန်ပါသေးတယ် ဟီး

  • edited March 2017 Administrators

    @Gipsy said:

    ယောက်ျားကြီးတွေ ဘာလို့လာကြည့်ရမှာတုံး မလာပါဘူး

    P.S.
    Zawgyi နဲ့ရေးမယ်ဆိုရင် အပေါ်မှာပါတဲ့ Unicode Button ကိုနှိပ်ပြီး Unicode ပြောင်းပြီးမှ Post ကိုတင်ပါ

    Thanked by 1 saturngod
  • Registered Users

    ပြည်သူ့ဥယျာဉ် ဘယ်နားလောက်လည်း။
    My Garden ဘက်လား။ Culture Valley ဘက်လား။ လေယာဉ်ပျံကြီး ရှိတဲ့ဘက်လား။ ကောင်မလေးတွေ ပြေးနေကြတဲ့ ဘက်လား။ ကွင်းပြင်ကြီးရှိတဲ့ဘက်လား။ ကစားကွင်းရှိတဲ့ ဘက်လား။ :D :D :D

  • Registered Users

    @frozencity မြေပုံအသေးစိတ် ပြန်လည်တင်ပေးပါ့မယ်။ ဇော်ဂျီပြောင်းမယ်ဆိုလို့ နေ့တိုင်းလာကြည့်နေတာ ဟီး @CalmHill

  • Registered Users

    call me when you arrive in there. - My number is 09974009889

Sign In or Register to comment.