လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။
action link တွေသုံးတဲ့အခါ get request ကြောင့် parameter တွေ ဘရောင်ဇာမှာမြင်နေရတယ် လုံခြုံရေးကောင်းအောင်ဘယ်လိုသုံးသင့်လည်း နောက်တခုက request က ဒီဘရောင်ဇာက လင့်နှိပ်လိုက်တဲ့ request ပါဆိုတာကို sever ကဘယ်လိုစစ်လို့ရလည်း အကြံပြုပေးပါ
မှတ်ချက်များ
GET request parameter တွေကတော့ ဘာမှလုပ်လို့မရဘူး တခုပဲရှိတယ် သာမန်လူတွေဖတ်လို့ နားမလည်အောင်ဆိုရင် Encode တခုခုလုပ်ပြီးတော့သုံးပေါ့ ဥပမာဆိုရင် var1=abc လို့ပေးမယ့်အစား Base64 Encode လုပ်ပြီးတော့ var1=YWJj လို့ပေးရင်တော့ သာမန်လူအတွက် နားလည်ရခက်မယ် ကိုယ်သုံးမယ့်အချိန်ကျမှ Decode ပြန်လုပ်ပြီးသုံးပေါ့။ သာမန်လူအတွက်လို့ပဲ ပြောတာနော် Programmer တယောက်အတွက်ကတော့ အဲဒါတွေကမြင်လိုက်တာနဲ့ သိပြီးသားဖြစ်နေပြီ။ ကောင်းတာကတော့ POST Method ကိုသုံးပြီးတော့ SSL ပေါ်ကနေသွားပါ အဲဒါဆိုရင်တော့ Secure ဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ Domain ကလာတာကိုပဲ Allow လုပ်ချင်တာက သုံးထားတဲ့ Server အမျိုးအစားသိမှ အကြံပေးလို့ ရမယ်ထင်တယ် သူလည်းပဲ ၁၀၀% စိတ်ချရတဲ့ နည်းလမ်းတော့မရှိဘူး Referer Header မှာပါလာတဲ့ Domain ဟာ ကိုယ် Allow လုပ်ချင်တဲ့ Domain ဖြစ်ရင် Allow လုပ်ပေးတာမျိုး ဒါပေမယ့် Header တွေက သိတဲ့လူဆိုရင် ထည့်ချင်တာကို ထည့်ပေးလို့ရတယ်။