မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

မြန်မာယူနီကုဒ် ကို အသုံးပြုတွေ လွယ်ကူအောင်ဘယ်လိုလုပ်ပေးသင့်သလဲ

edited January 27 in Other

ကျနော်က ဖိုရမ်တစ်ခုလုပ်နေပါတယ်။ စာရင်းပညာနဲ့ပက်သက်တဲ့ ဖိုရမ်မျိုးပါ နောက်ပြီး ကျနော်တို့ဆီမှာ သုံးနေတဲ့ စာရင်းကိုင်စံတွေကို အင်္ဂလိပ် လိုကနေ မြန်မာဘာသာ ပြန်ဆိုတဲ့ ဝီကီပီးဒီယား လိုမျိုး ပရောဂျက်တစ်ခုကို လုပ်နေပါတယ်။ အဲ့သည့်မှာ ကျနော်သုံးဖို့ မြန်မာယူနီကုဒ်ကိုပဲ အသုံးပြုမှာပါ။ ဒါပေမဲ့ ကျနော်နယ်ပယ်က စာရင်းကိုင်၊ စာရင်းစစ်တွေက ဇော်ဂျီပဲသုံးတတ်တယ်။ ယူနီကုဒ်လိုပြောလိုက်ရင် သိတောင်မသိဘူး၊ သိရင်တောင်မှ မသုံးတတ်ဘူး၊ နောက်ပြီး ယူနီကုဒ်က မိုလ်ဘိုင်းမှာ သုံးဖို့အဆင်မပြေသေးဘူး။ ကျနော်ကတော့ ဖိုရမ်ကို ကွန်ပျူတာမှာပဲ အသုံးပြုဖို့ပဲရည်ရွယ်ထားလိုက်ပါတယ်။ အဲ့လိုမသိသေးတဲ့ အသုံးပြုမယ့်သူတွေအတွက် ကျနော် ဘယ်လိုမျိုးပုံစံနဲ့ သူတို့ကို သုံးတတ်အောင် လမ်းညွန်ပေးသင့်သလဲဆိုတာ ပါ။ ဆိုလိုတာက သူတို့ကိုယ်တိုင် နားလည်ပြီး ဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာ နည်းလမ်းကို သိချင်တာပါ။

မှတ်ချက်များ

  • Administrators

    နည်းပညာကို ဘာနဲ့ လုပ်မလဲတော့ ကျွန်တော် မသိပါ။ ဒါကြောင့် ဖြစ်သင့်သည့် ပုံစံကို ချဉ်းကပ်ပြီးပြောပါမယ်။

    ဖြစ်သင့်တာကတော့

    အသုံးပြုသူကို Unicode/Zawgyi နှစ်သက်ရာ ရွေးချယ်ခွင့်ပေးထားသင့်ပါတယ်။ Zawgyi , Unicode ကို detect လုပ်ပြီးတော့ Zawgyi နဲ့ ရိုက်လိုက်သည့် စာလုံးကို အကုန် Unicode ပြောင်းပြီး ထည့်လိုက်ရိုက်ပါပဲ။

    ပြသည့် အခါမှာတော့ Unicode နှင့် ပြလို့ ရပါတယ်။ font တွေ အတွက် embed font တွေ အသုံးပြုလို့ ရနေပါပြီ။

    MZ Forum မှာတော့ Unicode logo လေး ထည့်ထားပေးတယ်။ အဲဒါလေးကို နှိပ်လိုက်ရင် ဇော်ဂျီကနေ Unicode ပြောင်းပေးလိုက်ပါတယ်။

    အသုံးပြုသူတွေကို Unicode သုံးကြပါလို့ လိုက်ပြောနေရင်တော့ သုံးစွဲသူတွေ ရှိလာမှ​ာ မဟုတ်သည့်အတွက် အတင်းတိုက်တွန်းလို့ မရဘူး ခင်ဗျ။ ၂ ခုလုံးနဲ့ အဆင်ပြေအောင် ဖန်တီးပေးမှသာ ရပါလိမ့်မယ်။

  • Registered Users

    phpBB နဲ့ လုပ်မှာပါ။ ကျေးဇူးပါခင်ဗျ။

Sign In or Register to comment.