မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Local File Server (0r) Local Database Server တွင် file များကို Android Client မာျးကို share ချင်လို့

edited August 2016 in Web Development

ဘယ် ခေါင်းစဉ်အောက်မှာ တင်ရမယ်မသိလို့ ဒီ မှာတင်လိုက်ပါတယ်ခင်ဗျာ။ ကျနော် ဒီလို အကြောင်းအရာမျိုးကို လွန်ခဲ့ တဲ့ 8လ 7 လခန့်က တစ်ခေါက်မေးဖူးပါတယ်။သို့သော်လည်း
ဆရာများ မအားလို့လား forum ပဲ active မဖြစ်တော့လို့ပဲလား ၊ ဆရာများမဖတ်မိလို့ပဲလား မသိပါ။ ကျနော်သိချင်တာကို ခုထိ ကျနော် သေသေချာချာ မသိသေးဘူးဖြစ်နေလို့ပါခင်ဗျာ။
ရန်ကုန်က sinphyutaw ဆိုတဲ့အဖွဲ့အစည်းတစ်ခုက လုပ်နေသလို local file server (0r) database server တစ်ခုကို local wifi မှာ Internet မလိုပဲ local only နဲ့ data တွေ (Movie/
MP3/PDF/Apps/APK/Theme) စသည်တို့ကို wifi supported device တွေဆီ share ချင်တာပါ။ ကျနော် ပြုလုပ်ချင်သလို ပုံစံမျိုးတစ်ပုံစံထဲတူတဲ့ စနစ်တစ်ခုကို ပြည်မှ monaco 3D ရုံ
ဖွင့်ထားတဲ့ အစ်ကို တစ်ယောက်မှ ပြုလုပ်ထားပါတယ်။ သူ့ကိုကျနော်မေးကြည့်တော့ သူက PC မှာ SQL server ဖြင့် ပြုလုပ်ပြီး Andriod Client APK ကိုတော့ programmer တစ်ယောက်
ကို အပ်ပြီးပြုလုပ်ခိုင်းတယ်လို့သိရပါတယ်။ ငွေကြေးကုန်ကျငွေမှာ သိန်း 40 ခန့်လို့သိရပါတယ်။ ထိုမျှ ငွေပမာဏကိုကျနော် မတတ်နိုင်သည့်အပြင် ထို နည်းလမ်းကိုကိုယ်တိုင်ကျွမး်ကျင်တတ်
မြောက်ချင်သည့်အတွက် Online Tutorial များလေ့လာခြင်း ၊ နည်းပညာ facebook group များ တွင်မေးမြန်းခြင်းစသည်တို့ကို ပြုလုပ်သော်လည်းပဲ ယခုထိ ဘယ်လို စလုပ်ရမယ်ဆိုတာကို
မသိသေးဘူးဖြစ်နေလို့ပါ။ အချို့ အကြံဥဏ်ပေးကြသည်မှာ Web development ပိုင်းကိုလေ့လာပါ။Android APK ရေးသားခြငး်ကိုလေ့လာပါ စသည်ဖြင့် ပြောကြပါတယ်။ ကျနော် ပြုလုပ်ချင်တာ
က ထိုနည်းလေးသာဖြစ်ပြီး ထိုမျှ လောက် အစအဆုံးလေ့လာရအောင် ကျနော့်မှာ လူလတ်ပိုင်းဖြစ်ပြီး အိမ်ထောင်သည်ဖြစ်သဖြင့် အချိန်မပေးနိုင်တာကတစ်ကြောင်း ၊ နည်းပညာတစ်ခုကို လေ့လာ
ရာတွင် နှစ်နှင့်ချီပြီးကြာနိုင်သည်က တစ်ကြောင်းကြောင့် အခက်အခဲဖြစ်နေပါသည်။ ယခုလောလောဆယ် Movie များကို Plex Media Server ဖြင့် share ပြီး အသုံးပြုနေပါသည်။ Plex Media
server လိုမျိုး ကျနော်ပြုလုပ်ချင်သလို file အစုံ share လို့ရမယ့် server software တစ်ခုခုများရှိမလား? သို့မဟုတ် SQL server ဖြင့် ကျနော်ပြုလုပ်ချင်သည့် စနစ်ကို မည်သို့တည်ဆောက်ရမည်ကို short note ပုံစံလေးဖြင့် ဆရာများ ၀ိုင်း၀န်းဆွေးနွေး ပေးပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ အောက်မှာ ကျနော် ပြည်က အစ်ကို ပြုလုပ်ထားသည့် စနစ်က ပုံကို attachment တွဲပြီး ဆရာများလေ့လာလို့ရအောင် တင်ပေးလိုက်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

မှတ်ချက်များ

  • Registered Users

    ပုံများကို attachment တွဲလို့မရလို့ ဒီ link မှာ နမူနာပုံများကိုကျေးဇူးပြုပြီးသွားကြည့်ပေးကြပါလားဆရာတို့ခင်ဗျာ။

    https://www.facebook.com/monaco3d/photos/pcb.708341325934781/708341169268130/?type=3&theater

  • edited September 2016 Administrators

    programming အခြေခံ , web development နောက်ပြီး android စသည် တို့ကို လေ့လာဖို့က အချိန် ၁ နှစ်ကနေ အနည်းဆုံး ၂ နှစ်လောက် လိုပါလိမ့်မယ်။

    Plex Media Server က movie တွေ အတွက် သင့်တော်ပြီးတော့ http://calibre-ebook.com ကတော့ စာအုပ်တွေ အတွက် အဆင်ပြေပါတယ်။

    ပြထားသည့် ပုံ အတိုင်းလုပ်ဖို့ကတော့ ကိုယ်တိုင် ပြန်ရေးမှ ဖြစ်ပါလိမ့်မယ်။

    ကျွန်​တော် အရင်တုန်းက ပြောသလို

    wordpress နဲ့ server မှာ တင်ပါ။ https://wordpress.org/plugins/file-manager/ လိုမျိုး plugin တွေကို အသုံးပြုပါ။ wordpress အပြင် အခြား CMS တွေကို စမ်းကြည့်ပါ။ https://pagekit.com ကတော့ မဆိုးလှဘူး။

    APK အနေနဲ့ကတော့ အနည်းဆုံး webview ကို သုံးတတ်ဖို့ လိုပါလိမ့်မယ်။ Android ကို အနည်းငယ် လေ့လာထားဖို့ လိုပါလိမ့်မယ်။

    wordpress က mobile browser တွေ ပါ default theme က support လုပ်သည့် အတွက် android က ဆိုရင် ip address (http://192.x.x.x) ကနေ တဆင့် ဝင်ကြည့်ရင်​တော့ရပါလိမ့်မယ်။

  • Administrators

    ဒါမှမဟုတ်ရင် အလွယ်ဆုံးက

    http://www.directorylister.com

    လိုမျိုးလေး သုံးကြည့်ပါလား။

    Demo အနေနဲ့

    http://demo.directorylister.com

    ကို ကြည့်လို့ ရပါတယ်။

Sign In or Register to comment.