မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

NoSQL VS SQL

အခု လက်ရှိ ကျွန်တော် အလုပ်မှာ Python နဲ့ NoSQL (Cassandra & MongoDB) ကိုသံုးပြီး App တွေကို ရေးသားနေပါတယ်။

အခု ရက်ပိုင်း Group ထဲမှာ လူတွေငြိမ်နေလို့ ဘယ် NoSQL OR SQL.... Database Type က ပိုကောင်းလဲ အကြံလေးပေး ကြပါဦး....

NoSQL OR SQL....

မှတ်ချက်များ

  • Administrators

    အဓိကတော့ ဘယ်နေရာမှာ အသုံးပြုမလဲ ဆိုတာကိုပဲ မူတည်ပါတယ်။ ဘယ်ဟာက ပိုကောင်းတယ်ဆိုတာ မရှိပါဘူး။

    Document base ပုံစံတွေ အတွက်ကတော့ NoSQL ကောင်းပေမယ့် အရမ်းရှုပ်ထွေးသည့် system အပိုင်းတွေမှာ SQL က ပိုအဆင်ပြေပါတယ်။

    ပုံမှန် ရိုးရှင်းတဲ့ System , ဥပမာ ။။ Twitter , Foursquare လိုမျိုး ပုံစံတွေက NoSQL နဲ့ အဆင်ပြေပါတယ်။

    သို့ပေမယ့် relation တွေ များလာတဲ့ အခါမှာ NoSQL ဟာလည်း relation တွေ ပြန်ချိတ်ရတာပဲ။

    ဥပမာ။။

    Post တစ်ခု အောက်မှာ comment ရှိတယ်။ comment ကို user တစ်ယောက်က ဝင်ပေးတယ်။ အဲဒီ အခါ ကျွန်တော်တို့ user object လိုက်ကြီးသွားဖြည့်လို့ မဖြစ်ဘူး။ ဘာလို့လည်းဆို​တော့ user name , first name , last name စတာတွေက ပြောင်းနိုင်တယ်။ တစ်ခု ပြောင်းရင် အကုန်လုံးမှာလိုက်ပြောင်းဖို့ က အောက်ကလို relation ပြန်လုပ်ရတာပဲ။


    {
    "text" : "Hello",
    "comment" : [{
    "userid" : 123,
    "text" : "world",
    }]
    }

    SQL database မှာ ဆိုရင်တော့ table ၂ ခု ကို relation ချိတ်လိုက်ရင် ပြီးပါတယ်။

    SQL database မှာ ပြဿနာက comment အောက်က အခြား comment ထပ်ပေးတာပဲ။ NoSQL မှာ က အဲဒီလိုမျိုး format တွေ ဆို ရင် အဆင်ပြေပါတယ်။

    အဓိက ကိုယ့် system က ဘယ် database နဲ့ ကိုက်မလဲဆိုတာကိုပဲ ကြည့်ဖို့ လိုပါတယ်။

    Thanked by 1 Pirson
  • edited July 2016 Administrators

    Software တခုရဲ့ Quality ဟာ အဲဒီ Software ကို ရေးတဲ့နေရာမှာသုံးခဲ့တဲ့ Tools တွေဖြစ်တဲ့ Programming Language, Platform, Database အမျိုးအစားတွေနဲ့ တိုက်ရိုက်မဆိုင်ဘူး ဆိုင်တယ်ဆိုရင် လူတိုင်းက ကောင်းတယ်ဆိုတဲ့ Tools တွေပဲ ရွေးသုံးလိုက်ရင် အဆင်ပြေနေမှာပေါ့ နောက်ပြီးတော့ မကောင်းဘူးဆို့ Tools တွေလည်း ဘယ်သူမှသုံးမယ့်လူ မရှိတဲ့အတွက် ရှိကြတော့မှာမဟုတ်ဘူး

    Data တိုင်းမှာ Structure ရှိတယ် အသေအချာ Model လုပ်ပြီးမှပဲ ကိုယ်သုံးမယ်လို့ ဆုံးဖြတ်တဲ့ သင့်လျော်တဲ့ Database အမျိုးအစားပေါ်မှာ ဘယ်လို implement လုပ်ကြမလဲလို့ပဲ ကွာခြားကြတာ NoSQL မှာ Schema က flexible ဖြစ်တယ်ဆိုတာက ပရမ်းပတာ သိမ်းချင်သလို သိမ်းလို့ရတယ်လို့ ဆိုလိုတာမဟုတ်ဘူးနော် SQL or NoSQL ဘာပဲသုံးသုံး ကိုယ်သိမ်းမယ့် Data တွေကို နောင်တချိန်မှာ ဘယ်လိုပြန်ကြည့်မလဲ Analysis ဘယ်လောက် အတိုင်းအတာအထိ လုပ်ဖို့လိုမလဲ စသည်ဖြင့် Requirement တွေအပေါ် မူတည်ပြီးတော့ ဘယ်လို Model ကအဆင်ပြေမလဲ အသေအချာ Modelling လုပ်ရလိမ့်မယ်

    အဲဒါကို Data ကို အသေအချာ Model မလုပ်တတ်တဲ့လူတွေက NoSQL ဆိုတာ Model လုပ်ဖို့မလိုဘူး ထည့်ချင်သလိုထည့် ထုတ်ချင်သလို ထုတ်လို့ရတယ်ဆိုပြီး Myth တခုနဲ့ ယုံကြည်နေကြတာရှိတယ် ကိုယ်ရဲ့အလုပ်မှာ ဘယ်လောက်ရှုပ်ထွေးတဲ့ Data အမျိုးအစားတွေကို တွေ့ဖူးလဲဆိုတာအပေါ် မူတည်ပြီးတော့မှပဲ Data ဆိုတာ အသေအချာစီစဉ်ထားတဲ့ Model မရှိပဲနဲ့ သိမ်းလို့မရဘူးဆိုတာ နားလည်လိမ့်မယ်

    Thanked by 1 99poison
Sign In or Register to comment.