လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။
ကျွန်တော် PROGRAMMING အပိုင်းကိုစိတ်ဝင်စားလို့ လေ့လာနေဆဲသူတစ်ယောက်ပါ။
C++ တစ်ခုတည်းကို ပိုင်နိုင်ပြီဆိုရင် ဘာတွေလုပ်လို့ရနိုင်မလဲဆိုတာ သိချင်ပါတယ်။
မှတ်ချက်များ
C++ က အရမ်းကို powerful ဖြစ်ပါတယ်။ လက်ရှိ popular ဖြစ်နေတဲ့ language နဲ့ စာရင်တော့ အလုပ်အကိုင် အခွင့်အရေး နည်းပါတယ်။
ဘာတွေလုပ်လို့ ရသလဲဆိုရင် , apple ရဲ့ Swift programming language က C++ နဲ့ ရေးထားတာပါ။
နောက်ပြီးတော့ အခု နောက်ပိုင်း popular ဖြစ်လာတဲ့ rethinkdb ကလည်း C++ နဲ့ ရေးသားထားပါတယ်။
ပွင့်ပွင့်လင်းလင်း ဖြေရမယ်ဆိုရင်တော့ C++ တခုထဲ ပိုင်ပိုင်နိုင်နိုင် သိရင်တော့ ဘာမှလုပ်လို့မရပါဘူး Programming Language ဆိုတာက တကယ်တမ်းက Tool ပါပဲ C++ က အပ်ကနေစပြီး ဒုံးပျံအထိ ဖန်တီးဖို့အတွက် သုံးလို့ရတဲ့ Tool တခုပေါ့လေ ဒါပေမယ့် အပ်ဘယ်လိုလုပ်မလဲ ဒုံးပျံဘယ်လို ဖန်တီးမလဲဆိုတဲ့ Knowledge က Tools ကို သုံးတတ်ရုံနဲ့ အလိုလိုမဖြစ်လာပါဘူး သက်ဆိုင်ရာ Field Knowledge ရယ် Tool ရယ်ပေါင်းစပ်ပြီးမှပဲ ဖန်တီးလို့ရပါလိမ့်မယ်။
ဟုတ်ကဲ့ အကိုတို့ ....
C က programming အစလို့ဆိုပါတယ် .. C ကိုထိုက်သင့်လျောက် ရသွားပြီဆိုရင်
နောက်ထပ် ဘာတွေထပ် လေ့လာသင့်လဲ ဆိုတာလေးလည်းသိချင်ပါတယ်။
https://github.com/saturngod/Programming-Routing/raw/master/Programming.pdf
ပုံလေးကို ကြည့်လိုက်ရင် ရှင်းပါလိမ့်မယ်။
ကျေးဇူးပါအကို ... ကြည့်ကြည့်လိုက်ပါ့မယ်