မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

big data

explain about big data and how to use . and about hadoop

မှတ်ချက်များ

  • Administrators

    Big Data ဆိုတာက ဘာလည်းလို့ အတိအကျ ပြောလို့ခက်ပါတယ် တချို့ကလည်း Data Volume အကြီးကြီးတွေလို့ပြောတယ် တချို့ကလည်း Speed ကိုပြောတယ် စက္ကန့်နဲ့အမျှ ရောက်လာနေတဲ့ Data မျိုးတွေ တချို့ကလည်း Format အမျိုးမျိုးနဲ့ Heterogeneous Data တွေကိုခေါ်တယ် စသည်ဖြင့် ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ နီးစပ်တာကို အမျိုးမျိုး ပြောကြတာပါ အဲတော့ ဘယ်လိုသုံးရမယ်ဆိုတာမျိုးက ကိုယ်ဘာလုပ်ချင်တာလဲဆိုတာပဲ မူတည်ပါလိမ့်မယ် Big Data ဆိုတာ ဘယ်လိုသုံးရတယ် ဆိုတာမျိုးမရှိပါဘူး။

    Hadoop ကတော့ Large Volume Data ကို Process လုပ်ရင် သုံးလို့အဆင်ပြေတဲ့ Software Framework တခုလို့ပြောရမှာပေါ့ သူ့အထဲမှာ စက်တလုံးထဲမှာ Store လုပ်ဖို့အဆင်မပြေတဲ့ Data Volume မျိုးတွေအတွက် HDFS လိုဟာတွေပါတယ် Distributed Processing လုပ်ဖို့အတွက် MapReduce လိုဟာတွေရှိမယ် စသည်ဖြင့်ရှိတာပေါ့။ အလွယ်တကူ ပြောလို့ရတာ အဲလောက်ပဲရှိလိမ့်မယ်။ Hadoop ကို ဘယ်လိုသုံးမလဲက သူ့ရဲ့ Document ကိုဖတ်မှရမယ် MapReduce လိုဟာကို ဘယ်လိုသုံးမလဲက Programming ကို အခြေခံပဲ နားလည်ရုံနဲ့မရဘူး Distributed Processing ကောင်းကောင်း နားလည်ရမယ် အဲဒါဆိုရင် MapReduce ကို သုံးလို့ရပါလိမ့်မယ်။

    အရေးကြီးတဲ့အချက်က Hadoop သုံးတယ်ဆိုတာ Big Data လို့ခေါ်တာမဟုတ်သလို Big Data ဆိုတိုင်းလည်း Hadoop သုံးတယ်လို့ မဆိုလိုပါဘူး Hadoop ဆိုတာက Data Processing လုပ်ဖို့အတွက် Tools တွေ SDK တွေပါတဲ့ Framework တခုဖြစ်ပြီး Big Data ဆိုတာက ရေရေရာရာ တိတိကျကျ အဓိပ္ပာယ် သတ်မှတ်လို့မရတဲ့ Popular ဖြစ်နေတဲ့ Terminology တခုပဲပြောရမယ်ထင်တယ်။

    Thanked by 2 Pirson saturngod
Sign In or Register to comment.