မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ကွန်ပျူတာ ကျောင်းသားများကူညီကြပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကွန်ပျူတာ တက္ကသိုလ်ကို စာပို့ပြီး မာစတာ ဆက်တက်ဖို့မေးမြန်းခဲ့ပါတယ်။

သူတို့က အခြားတက္ကသိုလ်က ကျောင်းပြီးတဲ့လူ ဖြစ်ပါက DCSC diploma ကိုအရင် တက်ရပါမယ်လို့ ပြောပါတယ်။

DCSC diploma အကြောင်းအနည်းငယ်ပြောပြပေးပါ အစ်ကိုတို့ အစ်မတို့ရယ်။

သူတို့ကို DCSC diploma အ ကြောင်း မေးတာ ပြန်လည်ဖြေကြားခြင်းမရှိတော့လို့ပါ။

P.S > အကယ်လို့ ကွန်ပျူတာ တက္ကသိုလ်က ရုံးခန်း အီးမေလ်သိပါကလည်း ဖော်ြပပေးပါ။

မှတ်ချက်များ

  • Administrators

    DCSC diploma က ဘွဲ့လွန် diploma ပါ။ အခြားဘွဲ့ တစ်ခုရထားပြီး computer ဘွဲ့တစ်ခု သို့မဟုတ် master တက်ဖို့ အတွက် တစ်ဆင့်ခံ ယူရတဲ့ ဘွဲ့လွန် diploma ပါ။

    https://www.facebook.com/UCSY.Daily.News/ မှာ မေးကြည့်ပါလား။ အဲဒီ page ကတော့ active ဖြစ်ပြီး UCSY ကျောင်းသားတွေ ရှိပါတယ်။

    Thanked by 1 Pirson
  • Registered Users

    အစ်ကို အသိထဲမှာရော ကွန်ပျူတာ တက္ကသိုလ်မှာ ကျူတာ လုပ်နေသူတွေရှိလား။

    ကျနော် နောက် ၁ နှစ် ၂ နှစ်လောက်နေရင် မြန်မာနိုင်ငံပြန်ြပီးတော့ ကွန်ပျူတာ တက္ကသိုလ် မှာ ကျူတာ ပြန်လုပ်ချင်လို့ တွေးထားလို့ပါ။

    ဘာတွေလိုလဲသိချင်လို့။ မာစတာ ဆက်တက်ချင်တယ်ဆိုတာလည်း ကျောင်းမှာဆရာလုပ်လိုလျှင် မာစတာရရမယ် ဆိုလို့ တက်ချင်တာပါ။

  • Administrators

    DCSC က ခေါ်သေးလို့လား သိပ်မသေချာဘူးနော် အရင်တုံးက လူလိုတဲ့အတွက် တခြားကသိပ္ပံဘွဲ့တချို့ကို DCSC တက်ပြီး M.I.Sc ဆိုပြီး Master တန်းဖွင့်ထားတာ အခုကမရှိတော့ဘူးထင်တာပဲ နောက်ပြီးတော့ အနည်းဆုံးအနေနဲ့ Master Degree ရှိမှ အလုပ်ခန့်တယ်ဆိုတာတော့ ဟုတ်တယ်လို့ပြောလို့ရတယ် ဒါပေမယ့် Master ရှိလည်း အလုပ်ရဖို့ သိပ်မလွယ်ဘူးရယ် အခုက M.C.Sc, M.C.Tech ကိုက အတော်များနေတာ နောက်ပိုင်းမှာ Ph.D တောင် Internal မဟုတ်ပဲ External တွေရှိတယ်

    Thanked by 1 Pirson
  • Registered Users

    ဟုတ်ကဲ့ အစ်ကို ကျေးဇူးတင်ပါတယ်။

Sign In or Register to comment.