မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

DAL & BLL

edited November 2015 in C#

DAL & BLL အကြောင်း သိချင်ပါတယ်။ရေးပုံရေးနည်း သိချင်ပါတယ်။

မှတ်ချက်များ

  • edited November 2015 Registered Users

    DAL က Data access layer လို့ ခေါ်ပါတယ်။
    BLL က Business Logic Layer လို့ခေါ်ပါတယ်။

    DAL ကဘာလဲ? BLL က ဘာလဲ? မပြောခင် 3 Tier Architecture အကြောင်း အရင် ​ပြောလိုပါတယ်။

    3 Tier Architecture မှာ
    1. Presentation Layer (also know as UI)
    2. Business Logic Layer (also know as Business Access Layer)
    3. Data Access Layer
    ဆိုပြီး ၃ ခုရှိပါတယ်။

    Presentation Layer က တော့ရှင်းပါတယ်။ အသုံးပြု သူဆီကနေ အချက်အလက်(Input)ယူတဲ့နေရာပေါ့။

    ရရှိလာတဲ့ အချက်အလက်တွေကို Business Logic Layer မှာ Validation စစ်တာတွေ Calculation လုပ်တာတွေကို လုပ်ပါတယ်။

    Presentation Layer က ပေးပို့လိုက်တဲ့ အချက်အလက်တွေကို အမှားတွေမပါအောင် စစ်ဆေးပေးတဲ့နေရာဖြစ်ပါတယ်။

    ထို့ကြောင့် Business Logic Layer မှာဘာတွေပါလဲဆိုရင် Processes commends, logical decisions, evaluations and calculation တွေပါပါတယ်။

    Data access layer ကတော့ Business layer ကပေးပို့လိုက်တဲ့အချက်အလက်တွေကိုလက်ခံပြီးတော့ ဘာဆက်လက် လုပ်ဆောင်ရမလဲလို့ သတ်မှတ်ထားတဲ့နေရာပါ။

    ဥပမာ။ ။ User က UI မှာ Searching ရှာလိုက်ရင် Database ထဲက Data တွေကို Select လုပ်ြပီး return ပြန်ပေးတာခြင်း သို့မဟုတ် User က Data Insert လုပ်လိုက်ရင် Database ထဲကို Insert လုပ်ဆောင်ြခင်း.....

    ကျနော် ဟိုအရင် တုန်းက လေ့လာခဲ့တဲ့ Project အဟောင်းလေးတစ်ခု ကို Dropbox မှာ ပြန်တင်ထားပေးပါတယ်။

    Dropbox Link : Here

    လေ့လာချင်ရင်လေ့လာလို့ရအောင်.....

    ဘယ်လိုရေးရမလဲဆိုတာတော့ ကျနော် ရှင်းမပြတတ်တာခွင့်လွတ်ပါ။

    သူများရေးထားတာတွေကို လေ့လာပြီး ကိုယ်တိုင် ရေးပုံရေးဟန် ကို အတုယူရေးရင်တော့ရမလားပဲ....

    3 tier architecture project structure က အများအားဖြင့် အောက်ပါအတိုင်းတွေ့ရတတ်တယ်။

    ပိုပြီးသိချင်ရင်တော့ Code Project က 3 Tier Architecture Tutorial ကို သွားလေ့လာကြည့်နိုင်ပါတယ်။

    Tutorial : Here

  • Registered Users

    လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်လောက် ကျွန်တော်တို့ .Net ရေးတုန်းက အဲသလို ဖိုဒါ နံမည်ပေးတာမျိုးမရှိသေးဘူး။ 3 Tier ကိုနားလည်၊ အခြေခံထားပြီး တည်ဆောက်ပေမယ့် ဖိုဒါကို Application မှာ Design ချထားတဲ့ Module အလိုက် နာမည်ပေးကြတယ်။ ရည်ရွယ်ချက် Module တစ်ခုပြင်မယ်ဆိုရင် သူနဲ့ဆိုင်တဲ့ ဖိုင်တွေ သီးခြားရှိနေ ရှာရလွယ်စေဖို့ပေါ့။

    နောက်ပိုင်း MVC တွေခေတ်စားလာတော့ သူတို့က Model, Views, Controllers ဆိုပြီး ဖိုဒါတွေ ခွဲတယ်။ ဒီ BLL, DAL ခွဲသလိုပေါ့။ အခြား File နာမည်ပေးတဲ့ သတ်မှတ်ချက်ကလေးတွေလည်း အပိုပါတယ်။ အပေါ် ဥပမာမှာ ပြသလို xxxBLL.cs xxxDAL.cs လို့သတ်မှတ်သလိုပေါ့။ Rails မှာတော့ Hard linking လုပ်စရာမလိုဘဲ ဖိုင်တွေကို File နာမည်ပေးတဲ့ သတ်မှတ်ချက် အတိုင်းရှာတယ် ချိတ်တယ်။
    BLL, DAL convention မှာရော ဒါမျိုးတွေ ပါနေပြီလားသိချင်တယ်ဗျ။ ပါရင်တော့ အတိုင်းထက်အလွန်ပေါ့။

    ဘယ်လိုပဲဖြစ်ဖြစ် Module အလိုက် ခွဲခြားခြင်းလည်း လိုအပ်ပါသေးတယ်။

  • edited November 2015 Registered Users

    @kotharthar said:
    Rails မှာတော့ Hard linking လုပ်စရာမလိုဘဲ ဖိုင်တွေကို File နာမည်ပေးတဲ့ သတ်မှတ်ချက် အတိုင်းရှာတယ် ချိတ်တယ်။
    BLL, DAL convention မှာရော ဒါမျိုးတွေ ပါနေပြီလားသိချင်တယ်ဗျ။

    အစ်ကို ​​ပ​ြောတဲ့ **Hard linking လုပ်စရာမလိုဘဲ ဖိုင်တွေကို File နာမည်ပေးတဲ့ သတ်မှတ်ချက် အတိုင်းရှာတယ် **ဆိုတာ Directory နဲ့သတ်မှတ်ထားတာကို ဆိုလိုတာလား မသိဘူး။

    ကျနော် အခု ရေးရင် အပေါ်ဆုံးမှာ Class တွေရှိတဲ့ Directory ကိုကြေငြာတယ်။ ပြီးရင်တော့ အောက်မှာ လိုတဲ့ Class တွေကို တန်းခေါ်သုံးလို့ရတယ်။

    ဟိုအရင်တုန်းက အချိန်ကိုတော့ ကျနော်လည်းသေချာမသိဘူး။ ကျနော် .Net ရေးဖြစ်တာ ၁ နှစ် ၀န်းကျင်ပဲရှိသေးတယ်။ [-O<

    မှားတာလေးများရှိရင် ပြင်ပေးပါဦး။

  • Registered Users

    In Rails, it is RESTful MVC and it works in Convention over Configuration.

    For a resource Human, following is assumed;

    ProjectFolder
    - controllers/human_controller.rb
    - views/humans/index.html (note the plural form)
    - models/human.rb

    With this you don't need to do like;
    require human.rb in any of it, as Rails scan the controllers folder and detect files with x_controller to initialize the class and auto import.

    Thanked by 1 Pirson
  • edited November 2015 Registered Users

    ကျေူးဇူးတင်ပါတယ် အစ်ကို

Sign In or Register to comment.