မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

"Java OOP Concept ဆိုတာဘာလဲ"

အားလုံးမင်္ဂလာပါခင်ဗျာ
java oop concept ကိုနားလည်အောင်ကိုယ်တိုင်လေ့လာဖို့နည်းလမ်းရှိပါသလားခင်ဗျာ။ဘယ်လိုလေ့လာရမလဲ။ဘယ်မှာလေ့လာလို့ရပါသလဲခင်ဗျာ။ဆရာတို့ tutorial လေးဖြစ်ဖြစ်ရေးပေးကြပါ့လားခင်ဗျာ။google မှာရှာကြည့်တော့ oop နဲ့ပတ်သက်ပြီးအမျိုးမျိုးတွေ့ပေမဲ့ oop concept ဆိုတာကလွဲပြီးဘာမှမသိတော့ဘယ်ဟာအမှန် ၊ အမှားခွဲခြားနိုင်စွမ်းမရှိတော့လေ့လာဖို့ခက်နေလို့ပါခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

မှတ်ချက်များ

  • Registered Users

    ကျေးဇူးတင်ပါတယ် အစ်ကို :)

  • Registered Users

    OOP ဆိုတာက concept ပါ။ Java ဆိုတာက programming language တစ်ခုပါ။ OOP concept ကို implement လုပ်ထားတာ Java Programming language တစ်ခုတည်းမဟုတ်ပါဘူး။ Java OOP Concept ဆိုတာက Java Programming language မှာ OOP Concept ကို ဘယ်လိုမျိုး ဖော်ဆောင်ထားသလဲ ကို ဆိုလိုတာပါ။

  • Registered Users

    ကဲ..လိုရင်းတိုရှင်း လင်းကြည့်မယ်။ ချော်သွားလျှင်လည်း ဆရာများ အော်ကြပါ။

    • OOP = Object Oriented Programming
    • OOP သည် တွေးခေါ်မှုပုံသဏ္ဍာန်သာဖြစ်၏။ သဘာဝ တရားသည် OOP ဖြစ်၏။
    • ၎င်းပုံသဏ္ဍာန်ကို အသုံးချသော Programming Language များစွားရှိ၏ Java, C#, ObjectiveC, Ruby etc..
    • OOP ကိုနားလည်ခြင်းဖြင့် Program ရေးရာ၌ OOP သဘောဖြင့် တွေးတော၊ ပုံဖော်ကာ လိုရင်းပြဿနာကို ဖြေရှင်းရ၏။
    • OOP သည် လူ့လောကနှင့် သဏ္ဍာန် တူသဖြင့် လူတိုင်းနားလည်လွယ်ခြင်းမှာ အမြတ်ဖြစ်၏။
    • OOP ၏ ယူဆချက်တွင်
      -- (၁) အရာအားလုံးသည် Object ဖြစ်၏။
      −− (၂) Object များသည် အချင်းချင်း Message များပေးပို့ကာ ဆက်သွယ်ကြ၏။ Message များကို method များကို ခေါ်ကာပို့ကြ၏။
      −− (၃) Object များ၏ တည်ရှိမှု အခြေအနေ (State) နှင့် ဆောင်ရွက်မှုပုံစံ (Behavior) များကို Class များက သတ်မှတ်၏။ ဥပမာ လူတွင်ခြေနှစ်ဘက်ရှိ၏။ ကိုကိုသာတွင် ခြေနှစ်ဘက်ရှိ၏။ ကိုသာသာ (Object) လူ (Class)။ ခွေးတွင် ခြေလေးချောင်းရှိ၏။ အာမိတ်တွင် ခြေလေးချောင်းရှိ၏။ အာမိတ် (Object) ခွေး (Class)။ ကိုသာသာသည် နို့စို့ပြီးကြီးပြင်းခဲ့၏။ အာမိတ်သည် နို့စို့ပြီးကြီးပြင်းခဲ့၏။ လူနှင့်ခွေးတို့သည် နို့စို့ပြီးကြီးပြင်းကြ၏။ နို့တိုက်သတ္တဝါ (Class) ကိုသာသာ၊ အာမိတ် (Object များ)။ ကိုသာသာ သည် လူ နှင့် နို့တိုက်သတ္တဝါတို့မှ အမွေခံ၏ (inheritance)။ အာမိတ်သည် ခွေးနှင့် နို့တိုက်သတ္တဝါတို့မှ အမွေခံ၏။

    ဤသုံးချက်မှာ OOP ၏ မူလဘူတ သွင်ပြင်လက္ခဏာ ဖြစ်လေတော့သတည်း။

    ဋီကာချဲ့သော် အခြားသွင်ပြင်လက္ခဏာ Inheritance, Multiple Inheritance, Polymorphism, Method Overloading, Method Overriding, Interface စသည်ဖြင့်အများရှိ၏။
    OOP ဖြစ်သော Programming Language တိုင်း OOP ၏ Features များအားလုံးကို လိုက်နာသည်မဟုတ်။ ထို့ကြောင့် စာသင်သားသည် ၎င်းတို့ကို ခွဲခြား သိရှိ မှတ်သားရ၏။

Sign In or Register to comment.