မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Mobile Website

edited March 2015 in Other

cognitive psychology issues in mobile website design ဆိုတာ ဘာပြောတာလဲ?

mobile Website Design မှာဘယ်လို design issues တွေရှိနိုင်သလဲ

mobile website design အကြောင်းလေ့လာလို့ဘယ်တွေသိဖို့လိုသေးလဲ

မှတ်ချက်များ

  • Administrators

    cognitive psychology issues ဆိုတာကိုတော့ ကျွန်တော် သေချာ မသိပါဘူး။

    Web Design ကို ဖန်တီးရာမှာ အဓိက ပြဿနာက ဘယ် design ကို ကိုယ်က အားသန် နေတယ်ဆိုတာပဲ။ iPhone သုံးတာများတဲ့ designer တွေက web design ကို iPhone ကို အခြေခံပြီးတော့ ဖန်တီးတတ်ကြတယ်။ ဒီလိုပဲ Android အသုံးများတဲ့ သူတွေက web app design ကို Android UI ပေါ်မှာ မူတည်ပြီးတော့ ဖန်တီးတတ်ကြတယ်။

    တကယ်တန်းတော့ web app တွေက iOS , Android platform တို့ထက် ပိုလွတ်လပ်တယ်။ iOS , Android App development တွေက guide line တွေ ရှိပေမယ့် mobile web အတွက် ဘယ်လို ရှိရမလဲ ဆိုတာကို တရားဝင် သတ်မှတ်ချက် မရှိဘူး။

    လေ့လာချင်တယ်ဆိုရင် အြခားသူတွေ ဖန်တီးထားတဲ့ http://www.awwwards.com/mobile-web-design/ က design တွေကို လေ့လာနိုင်တယ်။ နောက်ပြီးတော့

    http://www.smashingmagazine.com/guidelines-for-mobile-web-development/

    https://developers.google.com/webmasters/mobile-sites/?hl=en

    ကို ဖတ်ကြည့်နိုင်တယ်။

  • Registered Users

    ကျေးဇူးပါ။

  • edited March 2015 Administrators

    @PeterLay

    Cognitive Psychology ဆိုတာက လူတွေရဲ့ ဥဏှောက် အလုပ်လုပ်တာကို လေ့လာတာပါ အကြား၊အမြင်၊အထိအတွေ့ စတဲ့ Input တွေကို ဘယ်လို process လုပ်တယ် reasoning ဘယ်လိုလုပ် အဆင့်ဆင့်လုပ်တယ် မှတ်ဉာဏ်မှာ ဘယ်အပိုင်းက အချိန်ဘယ်လောက် ကြာကြာထိမ်းထားနိုင်တယ် စသည်ဖြင့်လေ့လာတဲ့ subject ဖြစ်တဲ့အတွက် အလွယ်တကူရှင်းပြလို့ နည်းနည်းခက်တယ် ကွန်ပျူတာအတွက်ဆိုရင် Human Computer Interaction အတွက်မှာ အသုံးချတာတွေရှိတယ်။

    အဲဒီတော့ cognitive psychology အရပြဿနာရှိတယ်လို့ အလွယ်တကူ ပြောလို့မရဘူး ပြဿနာရှိတယ်ဆိုရင် ဘယ်လိုပြဿနာလဲ စသည်ဖြင့် အသေအချာ နမူနာပြရင်တော့ ပြောပြနိုင်ပါလိမ့်မယ် အစအဆုံးပြောဖို့ကတော့ မဖြစ်နိုင်ပါဘူး။ HCI အကြောင်း Intro ကိုတော့ အောက်မှာပြထားတဲ့ Thread မှာဖတ်လို့ရတယ် ရေးခဲ့ဖူးတာ နှစ်အတော်ကြာပြီ တချို့ Information တွေလည်း နည်းနည်း နောက်ကျနေပြီ အခုခေတ်သုံးတဲ့ Technical terms တွေတော့ သုံးထားတာ ဟုတ်ချင်မှဟုတ်တော့မယ် Intro အနေနဲ့တော့ ဖတ်လို့ရပါသေးတယ်။

    http://www.mysteryzillion.org/discussion/comment/35494/

    Thanked by 1 K
Sign In or Register to comment.