မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

local lan intranet မှာ movie sharing site လေးလုပ်ချင်လို့ပါ။

local lan intranet မှာ movie sharing site လေးလုပ်ချင်လို့ပါ။ internet မလိုပဲ lan network အတွင်း မှာ moive တွေကို Internet ပေါ်က movie sharing site တွေလိုမျိုး
နမူနာ ပုံလေးတွေနဲ့ လုပ်ချင်လို့ပါ။ ကျနော် လုပ်တာ အဆင်မပြေဖြစ်နေလို့ပါ ။ wamp localhost server မှာ wordpress ကို install လုပ်ပြီး stream player plugin တင်ပြီး
movie တွေ upload လုပ်တော့ maximum size က 3MB ဖြစ်နေလို့။ အဲ့ဒါနဲ့ vod share plugin (video demand plugin) install လုပ်ပြီး အဲ့ဒီ plugin မှာ upload လုပ်တော့
movie တွေတော့ site ထဲရောက်သွားတယ် ဒါပေမယ့် ကြည့်လို့မရပဲ error ဖြစ်နေလို့။ ကူညီပေးကြပါအုံးဆရာတို့
ဒီ link http://www.mysteryzillion.org/discussion/8432/local-မှာ-movie-site-လုပ်ချင်လို့မှာတော့ localhost movie sharing site အကြောင်းဆွေးနွေးထားတာတော့ရှိတယ်။ ဒါပေမယ့် post ပိုင်ရှင်ရော ြ ပန်လည်ဖြေကြားသူရော ဒီ ဖိုရမ်ထဲ မရှိလောက်တော့
ဘူးထင်လို့ ပါ။

မှတ်ချက်များ

  • Administrators

    maximum size 3MB ဖြစ်နေတာက php.ini မှာ ပြင်လိုက်ရင် ရပါတယ်။

    http://blog.bytedevelopers.com/increase-import-size-wamp-phpmyadmin/

    မှာ ဖတ်ကြည့်ပါ။

    C:\wamp\bin\php\php5.3.5 and C:\wamp\bin\apache\Apache2.2.17\bin\php.ini မှာ

    upload_max_filesize = 1000M
    post_max_size = 120M

    လို့ ပြင်ပြီး WAMP ကို restart ချလိုက်ရင် ရသွားပါလိမ့်မယ်။

    Thanked by 1 yamimoto
  • edited February 2015 Administrators

    ကိုယ့်ဟာကိုယ် လုပ်ကြည့်ချင်တာဆိုရင်တော့ အပေါ်မှာစေတန်ပြောသလို max file size ပြင်ပြီးတော့ ဆက်လုပ်ကြည့်ပါ ဒါမှမဟုတ် Web Based Media Server တခု လိုချင်တာဆိုရင်တော့ ရှိပြီးသားတခုခုကိုသာသုံးလိုက်ပါ အဲဒါတွေအများကြီးရှိပါတယ်။ အရင်တုံးကတော့ Plex သုံးတယ် Download လုပ်လို့ရမယ့် Link ကိုအောက်မှာပြထားတယ်။ Plex မှာ Media Management က သူ့အထဲမှာလည်း လုပ်လို့ရတယ် ဒါမှမဟုတ် iTune လိုသုံးရင် အဲဒီအထဲက Library တွေလည်း တခါထဲပါပြီးသားဖြစ်လိမ့်မယ်။

    https://plex.tv/

    Thanked by 1 yamimoto
  • Registered Users

    ခု လို အရေးတယူ ပြန်ဖြေပေးလို့ကျေးဇူးတင်ပါတယ်။ အားတော့နာပါတယ် ဆ၇ာ.. ကျနော် သိချင်တာလေးတွေ မေးခွင့်ပြုပါဦးခင်ဗျာ။ ကျနော် က web development ပိုင်းမှာ
    ခု မှ အစိမ်းသက်သက်ကြီးဖြစ်နေလို့ပါ။ ကျနော် လုပ်ချင်တာ အမှန်က VOD ( video on demand) streaming server လုပ်ချင်တာပါ။ ကျနော် တို့မြို့မှာ ကျနော် wifi CPE
    နဲ့ wifi လွှင့်ထားပေးပါတယ်။ ကျနော့် ဆီ wifi လိုင်းယူထားတဲ့ သူတွေရဲ့ TV ကနေတဆင့် IPTV set up box နဲ့satellite channel တွေရယ် VOD ( video on demand)
    စနစ်တွေရယ် ကိုlive broadcasting လုပ်ချင်တာပါ။ အဲ့ဒါ ဘယ်ကနေ စရမလဲ မသိလို့ wordpress site လေး အရင်လုပ်ကြည့်တာပါ။ Vlc နဲ့ adobe media server ကို
    တော့စမ်းကြည့်နေပါတယ်။ကျနော့်ကို ပြောပြပေးနိုင်မလားခင်ဗျာ / ကျေးဇူးတင်ပါတယ် ဆရာ

  • edited February 2015 Administrators

    စက်ထဲမှာရှိတဲ့ Media တွေကတော့ Plex ပဲသုံးပါ Setup လုပ်ရတာ အလွယ်ဆုံးပဲ Enduser အတွက် အဆင်ပြေတယ် Client အနေနဲ့လည်း Web မှမဟုတ်ဘူး Device အမျိုးအစား အတော်များများ Support လုပ်ပါတယ်။ Satellite Channel ကျတော့ စမ်းကြည့်မှသိမှာ Vlc မှာတော့ Receiver တခုကလာတာကို Stream လုပ်လို့ရတယ် အဲဒါကတော့ စမ်းသာကြည့်တော့ စမ်းကြည့်ပေးရအောင်လည်း TV ကိုမကြည့်တာ အဲတော့မသိဘူးပဲဖြေရမယ်

    Thanked by 1 yamimoto
  • Registered Users

    ဆရာ ပြောတဲ့ plex ကို စမ်းကြည့်တာ တော်တော်အစဉ်ပြေပါတယ် User friendly ဖြစ်တယ်။ Interface တွေကလည်းစွဲလန်းစရာပဲ။
    ထို့အပြင် movie poster တွေနဲ့ details တွေကို လည်း အင်တာနက်နဲ့ ချိတ်ဆက်ထားရင် အလိုအလျှောက် ဖော်ပြပေးတယ်။
    ဒါပေမယ့် ကျနော် အထက်မှာပြောခဲ့တဲ့ local channel ( channels from other source) တွေကိုstreaming လုပ်စရာ feature
    မပါဘူးဖြစ်နေတယ်။ ပြီးတော့ andriod ဖုန်းနဲ့ streaming လုပ်ရာမှာ plex pass က 1 မိနာစ်ကို တစ်ခါလာတောင်းတာ က
    တော့ နည်းနည်းစိတ်အနှောက်အယှက်ဖြစ်စေတယ်။ plex pass purchase လုပ်ဖို့ ရာ သူတောင်းတဲ့ monthly fees က တန်ပါတယ်
    သို့ပေမယ့် local channel ကို streaming လုပ်လို့ မရနေတော့.........
    ကျနော် က IPTV လိုမျိုး VOD portal နဲ့ local channel ( PC ထဲ DVB-S satellite card နဲ့ ကြည့်နေတဲ့ channel) တွေကိုလည်း
    sharing လုပ်ချင်တာပါ။ ပြီးတော့ စမ်းသပ်ဆဲ ကာလမှာ totally free မျိုး open source software မျိုး မရှိဘူးလားဆရာ။ plex
    လိုမျိုး ပုံစံပေါ့။ ကျေးဇူးအထူးတင်ရှိပါတယ် ဆရာ။

  • Registered Users

    plex pass ကို crack လုပ်ထားတဲ့ apk ( or) andriod မှာ plex pass purchase လာ မပြအောင်လုပ်တဲ့
    နည်းလမ်းလေးများ မရှိဘူးလားဆရာ

  • Administrators

    နောက်တခုစမ်းကြည့်ချင်ရင်တော့ XBMC ကိုစမ်းကြည့် အခုတော့သူက Kodi လို့ နာမည်ပြောင်းသွားပြီ သူ့မှာတော့ Live Stream လုပ်လို့ရတဲ့ Plugin တွေရှိတယ် TV မကြည့်တော့စမ်းတော့ မကြည့်ဖူးဘူး စမ်းကြည့်ပေါ့ အောက်မှာ သုံးတည့်မယ့် URL တွေထည့်ထားပေးတယ်။ နောက်တခုက ကျွန်တော်တို့ကို မေးတဲ့အခါ ဆရာလို့ထည့် မပြောပါနဲ့ မလိုအပ်ပါဘူး။

    http://kodi.tv/
    http://lifehacker.com/5981757/how-to-watch-and-record-live-tv-on-your-xbmc-media-center

    Thanked by 1 yamimoto
Sign In or Register to comment.