မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

၄ ကာလာ အရောင်ထွက်အတိုင်း ၃ ကာလာ မှာလိုချ

edited October 2009 in Photoshop
photoshop မှာ ၄ ကာလာပုံကို ၃ ကာလာချိန်းချင်ပါတယ်၊
နောက် အရောင်ကလည်း ၄ ကာလာကနေ ၃ ကာလာချိန်းလို့ ၁ ကာလာလျော့သွားပေမယ့် ၄ ကာလာအရောင်ထွက်အတိုင်းရှိချင်ပါတယ်၊
ဘယ်လိုလုပ်ရမလဲဆိုရင် အောက်မှာနည်း၂ကြည့်လိုက်ပါ။

1 သင့် ပုံကို RGB ကာလာ ပြောင်းလိုက်ပါ၊
2 ကီးဘုတ်ကနေ ctrl+ shift + k ကိုနှိပ်ပေးပါ၊
3 color setting ပေါ်လာပါမယ် ဒီထဲက working spaces က CMYK ထဲမှာ custom cmyk ရွေးပါ၊
4 အလယ်လောက်မှာ black generation တွေ့ပါလိမ့်မယ် ဒီမှာ none ထားပေးပါ၊နောက် ok ပေးပါ၊
5 နောက် သင့်ပုံကို cmyk ပြောင်းပေးပါ၊
( အခုဆိုရင် သင့်ပုံကို cmy ကာလာနဲ့ တွေ့ရပြီး k ကာလာမှာ ဘာပုံရိပ်မှမရှိဘူး၊ ဒါကို ၃ ကာလာလို့ခေါ်ပါတယ်၊ အခုကာလာ ၁ ခုလျော့ပြီး ၃ ကာလာနဲ့ ၄ကာလာအရောင်ထွက်အတိုင်းတွေ့နေရပါပြီ )

ps ဒီ setting ကို အသုံးပြုပြီးရင် black generation ထဲမှာ medium ပြန်ထားပေးပါ

I handmade ГџВҐ zarni

မှတ်ချက်များ

  • edited September 2008 Registered Users
    ကောင်းလှချည်လား .... မိုက်တယ် ... ကုန်ကျစရိတ်သက်သာတာပေ့ါ ... :) ကိုဇာနည်က color seperation ကျွမ်းတယ်ထင်တယ် ... များများ share ပေးပါလားဗျာ ... ကျနော် seperation အကြောင်းသိချင်လို့ပါ ... :)

    လေးစားလျှက်
    cfox21
  • edited January 2009 Registered Users
    ကျေးဇူးတင်ပါတယ်ဗျာ
  • edited January 2009 Registered Users
    1 သင့် ပုံကို RGB ကာလာ ပြောင်းလိုက်ပါ၊
    2 ကီးဘုတ်ကနေ ctrl+ shift + k ကိုနှိပ်ပေးပါ၊
    3 color setting ပေါ်လာပါမယ် ဒီထဲက working spaces က CMYK ထဲမှာ custom cmyk ရွေးပါ၊
    4 အလယ်လောက်မှာ black generation တွေ့ပါလိမ့်မယ် ဒီမှာ none ထားပေးပါ၊နောက် ok ပေးပါ၊
    5 နောက် သင့်ပုံကို cmyk ပြောင်းပေးပါ၊
    ( အခုဆိုရင် သင့်ပုံကို cmy ကာလာနဲ့ တွေ့ရပြီး k ကာလာမှာ ဘာပုံရိပ်မှမရှိဘူး၊ ဒါကို ၃ ကာလာလို့ခေါ်ပါတယ်၊ အခုကာလာ ၁ ခုလျော့ပြီး ၃ ကာလာနဲ့ ၄ကာလာအရောင်ထွက်အတိုင်းတွေ့နေရပါပြီ )

    ူဓါတ်ပုံလိုဟာမျိုးမှာမသိသာပေမယ့် ပုံနှိပ်ဖို့ ဒီဇိုင်းလုပ်ထားတဲ့ solil color ပေးထားတဲ့အရောင်တွေ (အနီ၊ အစိမ်း စသဖြင့်ပေါ့) နဲနဲဖျော့သွားတတ်ပါတယ်။ ဒီအတွက် အထက်ကအဆင့်များ layer မပေါင်းခင် လုပ်ပြီး solid ကာလာသွင်းထားတဲ့ (Text များ layer များ)ကို အရောင် ပြန်ချိန်ပေးရင် ပိုအဆင်ပြေပါမယ်။ drop shadow အနက်ရောင်များကိုလည်း မူရင်း အနက်အတိုင်း မပေးဘဲ CMY သုံးရောင်လုံး 100% နှင့် K ကို 0% ထားပေးပြီး blending mood ကို multiply မှ normal ပြန်ပြောင်းပေးပါ။ အဆင်ပြေသွားပါမယ်။ အရည်အသွေးအပြည့် ရချင်ရင်တော့ ၄ ရောင်လုံးရိုက်တာအကောင်းဆုံးပါပဲ။
  • edited March 2009 Registered Users
    photoshop မှာ ၄ ကာလာပုံကို ၃ ကာလာချိန်းချင်ပါတယ်၊
    နောက် အရောင်ကလည်း ၄ ကာလာကနေ ၃ ကာလာချိန်းလို့ ၁ ကာလာလျော့သွားပေမယ့် ၄ ကာလာအရောင်ထွက်အတိုင်းရှိချင်ပါတယ်၊
    ဘယ်လိုလုပ်ရမလဲဆိုရင် အောက်မှာနည်း၂ကြည့်လိုက်ပါ။

    1 သင့် ပုံကို rgb ကာလာ ပြောင်းလိုက်ပါ၊
    2 ကီးဘုတ်ကနေ ctrl+ shift + k ကိုနှိပ်ပေးပါ၊
    3 color setting ပေါ်လာပါမယ် ဒီထဲက working spaces က cmyk ထဲမှာ custom cmyk ရွေးပါ၊
    4 အလယ်လောက်မှာ black generation တွေ့ပါလိမ့်မယ် ဒီမှာ none ထားပေးပါ၊နောက် ok ပေးပါ၊
    5 နောက် သင့်ပုံကို cmyk ပြောင်းပေးပါ၊
    ( အခုဆိုရင် သင့်ပုံကို cmy ကာလာနဲ့ တွေ့ရပြီး k ကာလာမှာ ဘာပုံရိပ်မှမရှိဘူး၊ ဒါကို ၃ ကာလာလို့ခေါ်ပါတယ်၊ အခုကာလာ ၁ ခုလျော့ပြီး ၃ ကာလာနဲ့ ၄ကာလာအရောင်ထွက်အတိုင်းတွေ့နေရပါပြီ )

    ps ဒီ setting ကို အသုံးပြုပြီးရင် black generation ထဲမှာ medium ပြန်ထားပေးပါ

    i handmade ГџВҐ zarni
    အနက်ရောင်နည်းနည်းကျသွားတဲ့အတွက် ရုပ်သိပ်မကြွတာကလွဲရင် အရမ်းကောင်းတဲ့ အရမ်းအသုံး၀င်တဲ့ နည်းတစ်ခုပါ၊ ငွေကြေးချွေတာလိုသူတွေအတွက်တော့ အရမ်းအဆင်ပြေမှာပါပဲ
    ကျေးဇူးပါပဲ
  • edited March 2009 Registered Users
    တစ်ခါတစ်လေ scan တင်ထားတဲ့ကာလာ ပုံထဲက outline အနက်ရောင်ချည်းပဲ လိုချင်တာရှိတတ်တယ်။ :D (ကာတွန်းတွေလိုပေါ့။ စက္ကူပေါ်မှာ နမူနာ ဆွဲပြီး ဆေးနဲ့အကြမ်းခြယ် ထားတဲ့ အရောင်တွေကို ကွန်ပျူတာထဲ scan ဖတ်ထည့်ပြီး color fill ပြန်လုပ်ချင်တယ်။) ဆိုရင် အဲဒီကာလာပုံကိုဖွင့်ထားပြီး အထက်ကအတိုင်း color setting ကို ခေါ်၊ Working Space CMYK ထဲက custom CMYK ထဲကို ၀င်လိုက်ပြီး Black Generation နေရာမှာ Maximum လို့ပေးလိုက်ပြီး OK နဲ့ပြန်ထွက်။ Scan တင်ထားတဲ့ပုံဟာ RGB မှ CMKY ပြောင်းပေးလိုက်ပြီး Channel ထဲသွားကြည့်ရင် Black Channel မှာ ကာလာလုံး၀သန့်နေတဲ့ outline ပုံကို ရပါလိမ့်မယ်။ မလိုတဲ့ Channel ထဲက ကာလာတွေကို ဖျက်လိုက်လို့ရပါပြီ။ (Color setting ထဲက Black Generation ကို Medium မှာ ပြန်ထားဖို့ မမေ့ပါနဲ့ ...:103:)
  • edited October 2009 Registered Users
    4 Color ကို အနက်ချက်ဖြောက်ပြီး 3 Color အဖြစ် ပုံနှိပ်ထုတ်ဖို့ဆုံဖြတ်ပြီးသွားရင်တော့ ကိုဇာနည် ဖော်ပြထားတဲ့နည်းအတိုင်းလုပ်ပြီး နောက်ဆုံး Color Separation မှာ add line 150 ထည့်ပြီးထုတ်ရင် တော့ 4 Colour နီးပါးလောက်ကို ကောင်းမွန်ပါတယ်။
  • edited October 2009 Registered Users
    မိတ်ဆွေများထဲမှ ဒီဇိုင်းအပြီးသတ်ဆွဲပြီး နောက်ဆုံးအဆင့် Color Separation ပို့ကာ ဖလင်ခွဲတော့မယ် ဆိုရင်ဖြင့် ကျနော် ဖလင်ထုတ်နေကျဆိုင်က စျေးအသက်သာဆုံးလို့ထင်ပါတယ်။

    1 color 1 Inch Square ကို ၁၀ ကျပ်ပဲယူပါတယ်ဗျာ။ 4 color ဆို ၄၀ ပဲကျပါတယ်။

    ဆိုင်နာမည်က (စိန်နဂါး) လိပ်စာက ၃၂ လမ်းအပေါ်ဘလောက်မှာပါ။
  • edited October 2009 Registered Users
    photoshop မှာ ၄ ကာလာပုံကို ၃ ကာလာချိန်းချင်ပါတယ်၊
    နောက် အရောင်ကလည်း ၄ ကာလာကနေ ၃ ကာလာချိန်းလို့ ၁ ကာလာလျော့သွားပေမယ့် ၄ ကာလာအရောင်ထွက်အတိုင်းရှိချင်ပါတယ်၊
    ဘယ်လိုလုပ်ရမလဲဆိုရင် အောက်မှာနည်း၂ကြည့်လိုက်ပါ။

    1 သင့် ပုံကို RGB ကာလာ ပြောင်းလိုက်ပါ၊
    2 ကီးဘုတ်ကနေ ctrl+ shift + k ကိုနှိပ်ပေးပါ၊
    3 color setting ပေါ်လာပါမယ် ဒီထဲက working spaces က CMYK ထဲမှာ custom cmyk ရွေးပါ၊
    4 အလယ်လောက်မှာ black generation တွေ့ပါလိမ့်မယ် ဒီမှာ none ထားပေးပါ၊နောက် ok ပေးပါ၊
    5 နောက် သင့်ပုံကို cmyk ပြောင်းပေးပါ၊
    ( အခုဆိုရင် သင့်ပုံကို cmy ကာလာနဲ့ တွေ့ရပြီး k ကာလာမှာ ဘာပုံရိပ်မှမရှိဘူး၊ ဒါကို ၃ ကာလာလို့ခေါ်ပါတယ်၊ အခုကာလာ ၁ ခုလျော့ပြီး ၃ ကာလာနဲ့ ၄ကာလာအရောင်ထွက်အတိုင်းတွေ့နေရပါပြီ )

    ps ဒီ setting ကို အသုံးပြုပြီးရင် black generation ထဲမှာ medium ပြန်ထားပေးပါ

    I handmade ГџВҐ zarni

    ဒီ post အတွက် ကျေးဇူးတင်ပါတယ်။ တစ်ခုမေးချင်လို့ပါ။
    ကျွန်တော်ကျတော့ CMYK ပြောင်းလဲ RGB လို အရောင်ထွက်ချင်ပါတယ်။
    ဥပမာ - အပြာရင့်ရင့်ဆိုရင် RGB ကလှတယ် - CMYK ရဲ့ အပြာကိုမကြိုက်ဘူးဆိုရင်ပေါ့နော်။
    RGB ကအပြာအတိုင်း CMYK Mode မှာလဲ ရချင်တယ်ဆိုရင် လုပ်ရမယ့်နည်းလေး ပြောပေးပါလား။
    တကယ်မသိလို့ပါ .... vinyl ထုတ်တဲ့နေရာမှာသုံးချင်ပါတယ်။ :)
  • edited October 2009 Registered Users
    Ice_Cream wrote: »
    ဒီ post အတွက် ကျေးဇူးတင်ပါတယ်။ တစ်ခုမေးချင်လို့ပါ။
    ကျွန်တော်ကျတော့ CMYK ပြောင်းလဲ RGB လို အရောင်ထွက်ချင်ပါတယ်။
    ဥပမာ - အပြာရင့်ရင့်ဆိုရင် RGB ကလှတယ် - CMYK ရဲ့ အပြာကိုမကြိုက်ဘူးဆိုရင်ပေါ့နော်။
    RGB ကအပြာအတိုင်း CMYK Mode မှာလဲ ရချင်တယ်ဆိုရင် လုပ်ရမယ့်နည်းလေး ပြောပေးပါလား။
    တကယ်မသိလို့ပါ .... vinyl ထုတ်တဲ့နေရာမှာသုံးချင်ပါတယ်။ :)

    ကျနော် Color Separation လောကမှာ ကျင်လည်နေတာ ၁၀ နှစ်နီးပါးလောက်ရှိပါပြီ။ ဆရာကြီးတော့ မဟုတ်ပါ။ လေ့လာနေဆဲပါဘဲ။ ကျနော်သိသလောက်ဆိုရင်တော့ လုံး၀(လုံး၀) မရပါ။
  • Ice_Cream wrote: »
    ဒီ post အတွက် ကျေးဇူးတင်ပါတယ်။ တစ်ခုမေးချင်လို့ပါ။
    ကျွန်တော်ကျတော့ CMYK ပြောင်းလဲ RGB လို အရောင်ထွက်ချင်ပါတယ်။
    ဥပမာ - အပြာရင့်ရင့်ဆိုရင် RGB ကလှတယ် - CMYK ရဲ့ အပြာကိုမကြိုက်ဘူးဆိုရင်ပေါ့နော်။
    RGB ကအပြာအတိုင်း CMYK Mode မှာလဲ ရချင်တယ်ဆိုရင် လုပ်ရမယ့်နည်းလေး ပြောပေးပါလား။
    တကယ်မသိလို့ပါ .... vinyl ထုတ်တဲ့နေရာမှာသုံးချင်ပါတယ်။ :)

    အဲဒီလို အရောင်အတွက်ကတော့ ပုံနှိပ်စက်မှာ ချိန်လို့ရနိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော် အပ်တဲ့ ပုံတွေကို လိုအပ်တဲ့ကာလာ မရမခြင်း Offset မှာပဲ ချိန်ပါတယ်။ စိတ်ရှည်ရှည်ထားပြီး ချိန်ရင် လိုချင်တဲ့အရောင်ရပါတယ်။ Positive မှာဆိုရင်တော့ ပိုကောင်းတာပေါ့ ... ဒါပေမယ့် Negative မှာလည်း အဆင်ပြေနိုင်ပါတယ် ....
Sign In or Register to comment.