မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Android miscellaneous

edited January 2015 in Android Development

Android လုပ်နေရင်နဲ့မသိတာတွေရှိလို့မေးချင်လို့ပါ....

  1. အဲ့ Method ကိုဘာဖြစ်လို့ရေးတာလဲ....?
        protected void onPause (){
        super.onPause();
        finish ();
        }
  1. တချို့ကမတူတဲ့ Java File မှာ (Bundle ... )/ (super.onCreate...) အစားမှာ နာမည်ပြောင်းရေးကြတယ်။ ဥပမာ,
        @Override
            protected void onCreate(Bundle savedInstanceState) {
                // TODO Auto-generated method stub
                super.onCreate(savedInstanceState);
                setContentView(R.layout.splash);

        @Override
            protected void onCreate(Bundle changes) {
                // TODO Auto-generated method stub
                super.onCreate(changes);
                setContentView(R.layout.main);
  1. ညီသလား စစ်ရင် (.equals / ==) စစ်ပြီး contentEquals ကဘာကိုစစ်တာလဲ... ? ဥပမာ,
        dispaly.setText(check);
            if (check.contentEquals("left")) {
            dispaly.setGravity(Gravity.LEFT);
            }
  1. InterruptedException Exception ဆိုတာကဘာကိုပြောတာလဲ... ?

  2. သူတို့ရဲ့ခြားနားချက်... ?

    `px,dp,sp `
    
        android:id="@+id/"
        android:id="@id/"
    
        fill_parent
        martch_parent
    
        getApplicationContext()
        getBasecontext()
        getApplication()
        getParent()

မှတ်ချက်များ

  • edited January 2015 Administrators
    protected void onPause (){
    super.onPause();
    finish ();
    }
    

    Android App က Pause အခြေအနေ ရောက်သွားရင် ဘာလုပ်မလဲ ဆိုတာကို ရေးထားတာပါ။ finish() ဆိုတာကတော့ activity ကို ပိတ်လိုက်မယ်လို့ ဆိုပါတယ်။ pause အဆင့် ရောက်သွားတာနဲ့ activity က ထွက်သွားပါလိမ့်မယ်။

    protected void onCreate(Bundle savedInstanceState) ;
    protected void onCreate(Bundle a);
    protected void onCreate(Bundle b);
    protected void onCreate(Bundle c);
    

    အားလုံးက အတူတူပါပဲ။ variable name ပဲ ကွာသွားတာပါ။ variable name က ကြိုက်တာ ပေးနိုင်ပါတယ်။

    if (check.contentEquals("left")) {
    

    Java မှာ string ကို == သုံးလို့ မရပါဘူး။ .contentEquals သို့မဟုတ် .equals သုံးရပါတယ်။

    ** InterruptedException Exception**

    Thread ရဲ့ process လုပ်နေတုန်းမှာ ဆက်လုပ်လို့ မရပဲ ကြားဖြတ်ဝင်လာတဲ့ Thread တစ်ခု ရှိတာကြောင့် လက်ရှိ Thread က ဆက်လုပ်လို့ မရတဲ့ အခါမှာ ရောက်လာပါတယ်။

    px,dp,sp

    px က pixel
    dp က Density-independent pixels
    sp က scale-independent pixels

    sp ကိုတော့ font အတွက် အသုံးပြုပါတယ်။
    dp ကတော့ ကြိုက်တဲ့ နေရာမှာ အသုံးပြုနိုင်ပါတယ်။

    http://developer.android.com/guide/topics/resources/more-resources.html#Dimension မှာ ဖတ်နိုင်ပါတယ်။

    @+id and @id

    • မပါ ရင် viewWithTag နဲ့ ခေါ် လို့ မရပါဘူး။ ဥပမာ @id/myid လို့ ပေးထားရင် R.id.myid အနေနဲ့ ခေါ်လို့ မရပါဘူး။ R.id.myid အနေနဲ့ ခေါ်ချင်ရင် @+id/myid လို့ပေးမှ ရပါတယ်။

    fill_parent and match_parent

    API level 8 ကနေ စပြီး fill_parent ကို match_parent လို့ ပြောင်းသုံးပါတယ်။ အတူတူပါပဲ။

    fill_parent: The view should be as big as its parent (minus padding). This constant is deprecated starting from API Level 8 and is replaced by match_parent.

    ref: http://developer.android.com/reference/android/view/ViewGroup.LayoutParams.html

    နောက်ဆုံး မေးခွန်းကိုတော့ ကိုယ့်ဘာသာကိုယ် stackoverflow မှာ ဖတ်ကြည့်လိုက်ပါ။

Sign In or Register to comment.