မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

iphone နဲ့ ပတ်သက်ပြီးမေးကြည့်ချင်လို့ပါခင်ဗျ

ကျနော် Apple ၀က်ဆိုက်သွား ကြည့်မိတယ်ခင်ဗျ ။ ဈေးနှုန်းတွေက အရမ်းနည်းနေတယ် မြန်ငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်

( Iphone 6 Plus )

16GB $299
64GB $399
128GB $499

( Iphone 6 )

16GB $199
64GB $299
128GB $399

( Iphone 5s )

16GB $99
32GB $149

( Iphone 5c )

8GB Free

ဘာကွာလို့လည်းမသိဘူးနော်. ( iphone 5c ဆိုရင် Free တဲ့ )

iphone 5s ဆိုလည်း $99, 149$ အဲလောက်ပဲ ရှိတာလားခင်ဗျ အမေရိကန်မှာက

တကယ်လို့ အဲမှာသွား၀ယ်ရင်လဲ ကျနော်ကို အဲသူတို့ပြထားတဲ့အတိုင်း ဈေးနှုန်းနဲ့ပဲ ရောင်းတာလားဗျ

ဈေးနှုန်းက မြန်မာပြည်က ရောင်းတဲ့ ဈေးနှုန်းနဲ့ အရမ်း ကွာ နေလို့ ကျနော်ဘာမှမသိပါဘူး ဈေးနှုန်းကွာတဲ့အကြောင်းတော့ရှိမယ်ထင်လို့ပါ MZ မှ ညီအစ်ကို များ ကျနော် ပြောပြေပေးပါအုံး ကျနော် လည်း သိထားချင်လို့ပါ ။

Tagged:

မှတ်ချက်များ

  • Administrators

    Apple US Store က plan နဲ့ ဝယ်ရတာတွေပါ။ နောက်ပြီးတော့ lock တွေပါ။ Contract-free လည်း ဝယ်လို့ ရပါတယ်။ စျေးကွာတာကို တွေ့မှာပါ။

    မြန်မာနိုင်ငံမှာ phone Contract နဲ့ မရင်းနှီးသေးတော့ တန်တယ်ထင်ရပါတယ်။

    ဖုန်းဝယ်တဲ့ အခါမှာ အဲဒီ ဖုန်းလိုင်းကို ၂ နှစ် သုံးရမှာဖြစ်ပြီး အကြောင်းကြောင်းကြောင့် ဖျက်ခဲ့ရင် contract ဖျက်စျေးကို ပေးရပါတယ်။ ဖုန်းလိုင်းစျေးကို လစဉ် ပေးရပါတယ်။

    ဒါကြောင့် contract လုပ်ပြီးသွားရင် အဲဒီ ဖုန်းကို ၂ နှစ်လောက် သုံးကြတာများပါတယ်။

    ဥပမာ စင်္ကာပူက M1 plan နဲ့ ကျွန်တော် ရှင်းပြပါမယ်။ ဖုန်းလိုင်း အသစ် လျှောက်မယ်ဆိုရင် plan နဲ့ လျှောက်ရပါတယ်။ အဲဒီ အခါမှာ ဖုန်းစျေးက သက်သာပါတယ်။ ဒါမှမဟုတ် ၂ နှစ်ပြည့်သွားရင် paln ထပ်လျှောက်ရပါတယ်။ အဲဒီအခါမှာ ဖုန်းစျေးသက်ပါတယ်။ ဒါကြောင့် ၂ နှစ် ၁ ခါ ဖုန်းလဲဖြစ်ကြပါတယ်။

    https://www.m1.com.sg/micro/iphone/plans

    က plan အတိုင်းဆိုရင် ၁ လကို S$208 ပေးမယ်ဆိုရင် iPhone 6 16GB ကို အလကား ရပါမယ်။ S$ 208 က GST Tax ဖိုး မပါပါဘူး။ နောက်ပြီးတော့ caller ID ဖိုး မပါပါဘူး။ Caller ID က ၁ လကို S$5 ထပ်ပေးရပါတယ်။ ဒါကြောင့် S$213 ကျပါတယ်။ 7% Tax ပါ ထပ်ပေါင်းလိုက်ရင် ၁ လကို S$ 227.91 ကျပါတယ်။

    ပုံမှန် အများဆုံးယူကြတဲ့ စျေးကတော့ ၁ လ ကို S$41 ကျပါတယ်။ $46 + 7% Tax = S$49 လောက်ကျပါတယ်။ ၁ လကို မိနစ် ၂၀၀ အခမဲ့ ပြောနိုင်တယ်။ SMS အကြိမ် 1000 ပို့ လို့ရတယ်။ ၁ လကို internet 3GB ကို ဖုန်းနဲ့ သုံးလို့ရမယ်။ အဲဒါတွေထက် ကျော်ရင်တော့ ပိုပေးရကြေးက ပုံမှန် ထက်များပါတယ်။

    iPhone 6 + 64 GB ကိုတော့ S$805 နဲ့ ဝယ်လို့ရမယ်။ ပုံမှန် S$1,288 ထက်တော့ စျေးသက်သာပါတယ်။ တကယ်လို့ contract ၂ နှစ်မပြည့်ပဲနဲ့ contract ထပ်ချုပ်ရင် အရင် contract အဟောင်း ဖျက်စျေး ပေးပြီးမှ contract အသစ် ပြန်ချုပ်ရပါတယ်။ အဲဒီ အခါ မူရင်း ဖုန်း စျေးထက် များသွားတတ်ပါတယ်။

    US မှာ လည်း အဲဒီ အတိုင်းပါပဲ။ သွားဝယ်ရင်တော့ ရမယ်။ သို့ပေမယ့် ဖုန်း လစဉ်ကြေးတော့ ဆောင်နေရလိမ့်မယ်။ 16GB $299 ပဲ ပေးရမယ်။ $27.05 per month ပေးရမယ်။ ၂ နှစ် ပေးရမှာဆိုတော့ $649.2 ဖြစ်မယ်။ $299 + $649 = 948 ဖြစ်သွားပါပြီ။ မူရင်း contract free က 649 ပဲ ရှိပါတယ်။ US မှာ contract ဆိုရင် lock ပါ။ ဖုန်းဝယ်ပြီးရင် တခြား phone line နဲ့ သုံးလို့ မရပါဘူး။ AT&T နဲ့ ဝယ်ထားရင် Sprint ဖုန်းလိုင်းမှာ သုံးလို့ မရသလို မြန်မာနိုင်ငံမှာလည်း သုံးလို့ မရပါဘူး။ AT&T တစ်ခုတည်းနဲ့ ရပါတယ်။

    Singapore က ဖုန်းတွေကတော့ unlock ပါ။ Phone lock နဲ့ unlock က နိုင်ငံပေါ်မှာ မူတည်ပြီး ကွဲပါတယ်။

  • Registered Users

    ဟုတ်ကဲ့အစ်ကို အခုလို့ရှင်းပြပေးတဲ့အတွက်ကျေးဇူးပါပဲဗျ :)

Sign In or Register to comment.