မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

forum တခုစလုပ်ရန်

forum တခုစလုပ်မလို့ပါ ဘယ် software ကိုသုံးသင့်ပါလည်း။

မှတ်ချက်များ

  • Administrators

    PHP နဲ့ ဆိုရင်

    Vanilla

    MZ မှာ သုံးထားတာက Vanilla. Free and opensource ပါ။

    Phpbb

    နောက်တစ်ခုက phpbb , ဥပမာ အနေနဲ့ သူတို့ website မှာ ကြည့်လို့ရတယ်။ https://www.phpbb.com/community/viewforum.php?f=66&sid=ef76ea7a81afdfdd6aeb318ef3fbaa02

    Not Free

    ပိုက်ဆံ ပေးပြီး သုံးနိုင်တယ်ဆိုရင်

    vbulletin နဲ့ IPB ရှိတယ်။

    တခြား forum တွေ တော့ ရှိသေးတယ်။
    wordpress နဲ့ တွဲပြီး သုံးလို့ ရတဲ့ bbPress


    Ruby On Rails ကို သိတယ် deploy လုပ်တတ်တယ် ဆိုရင်

    discourse


    Node.js နဲ့ သုံးချင်တယ်ဆိုရင်

    nodebb

  • Registered Users

    ကျွန်တော်သုံးတဲ့ hosting မှာက bbpress ကို 1.2 ပဲရှိတယ် အဲဒါကို ဘယ်လို version မြှင့်ရမလည်း

  • Administrators

    Cpanel ကနေ သွင်းထားရင်တော့ ကိုယ်သုံးတဲ့ hosting ရဲ့ customer support ကို မေးပါ။

    တကယ်လို့ ကိုယ့်ဘာသာ ကိုယ် သွင်းတတ်တယ်ဆိုရင်တော့ http://bbpress.org/download/ မှာ download ချပြီး hosting ပေါ် upload တင်ပြီး တင်လို့ ရပါတယ်။

    တကယ်လို့ bbpress 1.2 ရှိပြီးသား ဆိုရင် export လုပ်ပြီး bbpress 2.x ကို တင်ပြီး ပြန် import လုပ်ဖို့ လိုပါလိမ့်မယ်။

    http://codex.bbpress.org/import-forums/

    bbpress ကို wordpress ကနေ တင်လို့ လည်း ရပါတယ်။ wordpress plugin မှာ bbpress ဆိုတာကို ရှာပြီး သွင်းလိုက် ရင်ရပါတယ်။

    cpanel မသုံးပဲ အစကနေ တင်မယ်ဆိုရင်တော့ bbpress ဖြစ်ဖြစ် vanilla ဖြစ်ဖြစ် ကြိုက်ရာ တင်လို့ရတယ်။

    http://vanillaforums.org/docs/installation မှာ vanilla တင်ပုံ ဖတ်လို့ရတယ်။

    https://www.phpbb.com/support/documentation/3.0/quickstart/ မှာ phpbb အတွက် ဖတ်လို့ရတယ်။

    http://codex.bbpress.org/getting-started-with-bbpress/ မှာ bbpress သွင်းနည်း ဖတ်လို့ရတယ်။

  • Registered Users

    ကျေးဇူးပါ ကို saturngod စမ်းကြည့်လိုက်ပါဦးမယ် အဆင်မပြေရင်ပြန်ပြောပါမယ်

Sign In or Register to comment.