မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

dtpicker

edited September 2014 in VB6

date နှစ်ခုခြားနားချက်ကို ရှာတဲ့အခါမှာ
result က ရက်ပေါင်းတွေပဲရတယ်ဗျ
ဥပမာ ရက်ပေါင်း (၁၀၀၀)ရတယ်ဆိုရင်
ရချင်တဲ့ result ပုံစံ က နှစ်၊လ၊ရက် ပုံစံရချင်ပါတယ်ဗျ
ကူညီပေးပါအုံးဗျ ^:)^

မှတ်ချက်များ

  • edited September 2014 Administrators

    နှစ် လ ရက် က တွက်ရင်တော့ ရတယ်။ ဒါပေမယ့် အဖြေအတိ ကျ ထွက်ဖို့ ခက်တယ်။

    ၁ ရက် ဟာ 0.0328549 လ နဲ့ ညီတယ်။
    တနည်းဆိုရင် ၁ လမှာ 30.4368 ရက် ရှိတယ်။

    ဒါကြောင့် အတိ အကျ တွက်လို့ မရဘူး။

    1000 ကို 30.4368 နဲ့ စားရင် 32 လ 26.0224 ရက် ရမယ်။

    32 လ ဆိုတော့ ၂ နှစ် နဲ့ ၈ လ။

    ဒါကြောင့် ရက် ၁၀၀၀ ဆိုတာက ၂ နှစ် ၈ လ ၂၆.၀၀၂၄ ရက် နဲ့ ညီတယ်။

    ကျွန်တော် javascript နဲ့ pseudo သဘောမျိုး ရေးထားပေးတယ်။ ကိုယ့်ဘာသာကိုယ် VB ပြောင်းလိုက်ပါ။

    var days = 1000;
    var month = Math.floor(days / 30.4368);
    var n_days = days - (30.4368 * month);
    console.log("DAY " + n_days);
    
    var year = Math.floor(month/12);
    var n_month = month - (12 * year);
    console.log("Month " + n_month);
    console.log("Year " + year);
    

    VB 6 မှာ floor ကို Math.Floor နဲ့ ခေါ်တယ်နဲ့တူတယ်။

  • Registered Users

    ကျေးဇူးတင်ပါတယ် ကိုစေတန်ရေ
    အဆင်ပြေသွားပါပြီဗျ
    math.floor ကကိန်းပြည့်ရချင်လို့သုံးရတာလားဗျ
    vb6 မှာတော့ Fix (days / 30.4368) သုံးလိုက်တာ
    အဆင်ပြေသွားတယ်ဗျ
    လေးစားလျှက် ^:)^

  • Administrators

    သင်္ချာ မှာ Floor နဲ့ Ceil ဆိုတာ ရှိတယ်။ UCSY က ဆိုရင် second year လောက်မှာ သင်တယ်နဲ့ တူတယ်။

    Floor ဆိုတာကတော့ 30.9 ဖြစ်နေရင်တော့ 30 ကိုပဲ ယူတယ်။
    Ceil ဆိုတာကတော့ 30.1 ဖြစ်နေရင်တော့ 31 လို့ ယူတယ်။

    Fix ကတော့ 30.5 ဖြစ်မှ 31 လို့ ယူတယ်။ 30.1 ဖြစ်နေရင် 30 ကို ယူတယ်။

    ကိန်းပြည့် ရချင်လို့ ယူတာ မဟုတ်ပါဘူး။ စားလဒ် ကိုပဲ ယူချင်တယ်။ ဒါကြောင့် Floor ကို သုံးတာပါ။

    ဥပမာ ၅ ကို ၂ နဲ့ စားရင်

    စားလဒ် က ၂ အကြွင်း ၁ ဆိုပြီးလိုချင်တယ်။

    Computer မှာက 5/2 = 2.5 ဆိုပြီး ထွက်လာမယ်။ စားလဒ် ကို လိုချင် လို့ Math.floor ပြန်သုံးထားတာပါ။

  • Registered Users

    ဟုတ်ကဲ့အစ်ကို
    ကျွန်တော် vb6 မှာဒီလိုစမ်းကြည့်ပါတယ်ဗျ
    txt1.txt=fix(3.66)
    txt2.txt=int(3.66)
    result က 3 ပဲရတယ်ဗျ ဘယ်ဟာကိုသုံးသင့်လဲဆိုတာပြောပေးပါအုံး
    vb6 မှာ math.floor ကတော့မတွေ့ဘူးဗျ math.abs/ath/cos/exp/log/randomize/rnd/round/sgn/sin/sqr/tan တွေပဲ
    တွေ့တယ်ဗျ အကုန်စမ်းကြည့်တော့ math.round ကတော့ (3.66) ဆိုရင် 4 ဖြစ်သွားတယ်ဗျ

    အစ်ကိုညွှန်းပေးတဲ့စာအုပ်ထဲမှာတော့ ဒီလိုလေးတွေ့ပါတယ်ဗျ
    ''Int and Fix functions''
    Returns the integer portion of a number.
    ''Syntax''
    Int(number)
    Fix(number)
    The required numberargument is a Double or any valid numeric expression. If numbercontains Null, Nullis
    returned.
    Both Intand Fixremove the fractional part of numberand return the resulting integer value.
    The difference between Intand Fixis that if numberis negative, Intreturns the first negative integer less than
    or equal to number,whereas Fixreturns the first negative integer greater than or equal to number.For example,
    Intconverts -8.4 to -9, and Fixconverts -8.4 to -8. ^:)^

  • edited September 2014 Administrators

    ကျွန်တော် ပြန်ကြည့်လိုက်မှ Floor ကို VB 6 မှာ က Fix ဖြစ်ပြီးတော့ VB.NET မှာ မှ Math.Floor ပါတာ။

  • Registered Users

    အချိန်ပေးပြီးပြန်စစ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်ကို ^:)^

Sign In or Register to comment.