မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Unallocated Hard Disk

မနေ့က Hard Disk သုံးနေရင်း Unmount ဖြစ်သွားပြီး ပြန်တပ်လိုက်တော့ Unallocated ဆိုပြီးဖြစ်သွားရော။ Hard Disk က mount ဖြစ်မလာပဲ Disk Utility ထဲက သွားကြည့်ရင် Hard Disk ကို မြင်နေရတယ်။ ဒါပေမယ့် Data တွေတော့ တစ်ခုမှ မတွေ့ဘူး။ အဲ့ဒါနဲ့ Windows, Linux, OSX သုံးခုလုံးမှာ စမ်းတာ သုံးခုလုံး တူတူပဲ။

အဲ့ဒါနဲ့ Windows မှာ Find and Mount ကိုသုံးလိုက်တော့ Mount ပြန်ရသွားတယ်။ ဒါပေမယ့် Software က read access ပဲရတဲ့အတွက် Hard Disk ထဲကို File အသစ်ထည့်တာတွေ လုပ်လို့မရဘူးပေါ့။ နောက်ပြီး Software ကိုပိတ်လိုက်ရင် Unmount ပြန်ပြန်လုပ်ပေးရတယ်။ Software မသုံးရင် Mount လုပ်လို့မရဘူး။

Data Backup အတွက်ကတော့ အဆင်ပြေသွားပေမယ့် သိချင်တာက Hard Disk က သုံးစားမရတော့ဘူးလားလို့ပါ။ သက်တမ်းကတော့ တော်တော်ကြာပြီ။ Acer 500GB USB 2.0 ကြီး :D

မှတ်ချက်များ

  • Administrators

    Windows မှာ chkdsk နဲ့ စစ်လိုက်ပါ။

    chkdsk /f E: 
    

    လုပ်ပြီး ပြန်စမ်းကြည့်ပါ။

    ကျွန်တော့် hard disk က mac မှာ mount မဖြစ်ဘူး။ disk မှာတော့ ပေါ်တယ်။ windows မှာ chkdsk လုပ်ပြီး ပြန်ကောင်းသွားတယ်။ အလိုလို mount ပြန်ဖြစ်သွားတယ်။

  • KK
    Moderators

    ကျွန်တော် ပထမဆုံး chksdk တောင်လုပ်လို့မရဘူး။ စမ်းကြည့်သေးတယ်။

    ဒါပေမယ့် အခုတော့ ပြန်ရသွားပြီ။ MiniTool Partition ဆိုတဲ့ Software ကိုသုံးလိုက်တာ ပြန်ရသွားတယ်။ အဲ့ဒီမှာက Write access ရတော့ ရရခြင်းပဲ chkdsk လုပ်ပြီး Error fixes တွေပါ လုပ်လိုက်တယ်။ အခုတော့ အရင်အတိုင်းပဲ ပြန် အိုကေသွားပြီ :D

    ပြဿနာက အရင် Harddisk ကြိုးလွတ်လွတ်နေတဲ့ ဒဏ်တွေက အခုမှ ပေါ်လာတာနေမယ်။ ပေကပ်ကပ်နဲ့ ကြိုးအစုတ်ကို မရမက သုံးခဲ့တဲ့ ရလဒ်ပေါ့ :\">

Sign In or Register to comment.